Channel Myanmar

Houdini (2014)

Houdini    

TV-14 2h 54min BiographyDrama

7.4
IMDB: 7.4/10 10889 votes

, ,

Won 1 Primetime Emmy. Another 1 win & 23 nominations.

USA | Canada

314347

Report error

Houdini (2014)_____IMDb – 7.4/10

 

“ဟူဒီးနီ”လို့ပြောလိုက်တာနဲ့ မျက်လှည့်ပညာရပ်နဲ့ မစိမ်းတဲ့သူတွေ တန်းသိကြမှာပါ။ ၂၀ ရာစုရဲ့ အကျော်ကြားဆုံးသော မျက်လှည့်ပညာရှင်ကြီးပဲ ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာ ဒေးဗစ်ကော်ပါဖီးဆိုတာနဲ့ လူတိုင်းတန်းသိသလိုမျိုး သူ့ခေတ်သူ့အခါကလည်း ဟူဒီးနီဆိုတာနဲ့ ဟိုးလေးတကျော်ကျော်ပါပဲ။
ကိုယ်ပိုင်မျက်လှည့်ပြကွက်တွေ တီထွင်ဖန်တီးပြီး အောင်မြင်မှုယူခဲ့တဲ့သူပါ။

သူနာမည်ကြီးရတဲ့အဓိကအကြောင်းရင်းကတော့ အချုပ်မှန်သမျှက လွတ်အောင်လုပ်ပြနိုင်တာကြောင့် ဖြစ်ပါတယ်။ Escape Man လို့ နာမည်ကြီးပါတယ်။ “The Handcuff King” လို့လည်း လူသိများပါတယ်။
လက်ထိပ်ခတ်မယ်၊ ကြိုးတုပ်မယ်၊ သေတ္တာထဲထည့်မယ်၊ လက်ထိပ်ခတ်ပြီး ရေထဲခုန်မယ်၊ သေတ္တာထဲထည့်ပြီး မြစ်ထဲပစ်ချမယ်၊ ဘယ်လိုမျိုးတွေနဲ့ပဲ သူ့ကို
တုတ်နှောင်ပြီးထားပေမယ့် သူကတော့ လွတ်အောင်လုပ်ပြနိုင်ပါတယ်။ လက်ထိပ်တွေက ကြိုတင်စီမံထားတဲ့ Fake တွေလို့ ထင်စရာရှိပါတယ်။ အဲဒါကြောင့် ရဲအဖွဲ့ပေါင်းစုံက သူ့ကိုစမ်းသပ်ပါတယ်။ ဘယ်လိုလုပ်ထားတဲ့ လက်ထိပ်နဲ့ပဲခတ်ခတ်၊ သူကတော့ လွတ်တာပါပဲ။ ဒီပြကွက်တွေက ဟူဒီးနီရဲ့ နာမည်ကျော်ပြကွက်တွေပဲ ဖြစ်ပါတယ်။ Now You See Me ထဲက ကောင်မလေး မှန်ရေကန်ထဲ ခုန်ချပြတာတွေဟာ ဟူဒီးနီ စခဲ့တာပါ။

“ကဲ…ကောင်မလေးရဲ့လက်တွေကို ဖြတ်ပြီးပြီ။ ဒီတစ်ခါ ခန္ဓာကိုယ်ကို အလယ်ကနေ နှစ်ခြမ်းပိုင်းပြပါမယ်။ ပိုင်းလိုက်ပါပြီ။ ပရိသတ်ထဲက တစ်ယောက်လောက် ကျွန်တော့်ကို ကူညီနိုင်မလားမသိဘူး။ ဟိတ်..ချာတိတ်၊ ကိုယ့်ကိုလာကူစမ်းပါလားကွာ။”

နောင်တစ်ချိန်မှာ ဟူဒီးနီလို့ နာမည်ကျော်ကြားလာမယ့် ချာတိတ်လေးဟာ မြေဝိုင်းမျက်လှည့်ပွဲလို့ခေါ်တဲ့ လမ်းဘေးက မျက်လှည့်ဝိုင်းတစ်ခုမှာ
မျက်လှည့်ဆရာကြီးရဲ့ အကူအညီတောင်းခြင်းကို ခံလိုက်ရပါတယ်။ သူလုပ်လိုက်ရတာကတော့ ဘာမှပြောပလောက်တာမဟုတ်ပါဘူး။ ဒါပေမယ့် အဲဒိအဖြစ်အပျက်အပြီးမှာ မျက်လှည့်ပိုးတွေက သူ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွားပါပြီ။ သူလည်း မျက်လှည့်ဆရာဖြစ်ချင်လာပါပြီ။

အဲဒိနောက် မျက်လှည့်ပညာတွေသင်ကြားရင်း အတန်အသင့်တတ်ကျွမ်းလာတဲ့အခါ မြေဝိုင်းမျက်လှည့်ပွဲတွေမှာ သူဖျော်ဖြေပါတယ်။ သူ့ရဲ့ချစ်စဖွယ်ရုပ်ရည်လေးနဲ့၊ ကလေးလေးတစ်ယောက်က မျက်လှည့်ပြနေတယ်ဆိုတော့ လူအများစိတ်ဝင်စားကြပြီး သူ့ကို အကြွေစေ့လေးတွေ ထည့်ပေးကြပါတယ်။ သူ မျက်လှည့်ပြရတဲ့ အဓိကအကြောင်းကတော့ စီးပွားရေးချိနဲ့နေတဲ့ သူ့မိသားစုအတွက် သူတတ်နိုင်တဲ့ဘက်က ကူညီချင်လို့ပါပဲ။ နောက်တစ်ချက်ကတော့ မျက်လှည့်ပညာရပ်ကို သူတကယ် စိတ်ဝင်စားလို့ပါ။ ဗီဇက အဲဒိက စပါတယ်ခင်ဗျာ။

“လူကြီးမင်းအပေါင်းတို့၊ ဟောဒီက မစ္စတာဟူဒီးနီမှ သူ့ကိုလက်ထိပ်ခတ်ပြီး သေတ္တာထဲထည့်ထားပေမယ့် လွတ်မြောက်အောင် လုပ်ပြပါလိမ့်မယ်ရှင်။”
“လုပ်ဇာတ်ကြီးတွေပါကွာ၊ သေတ္တာထဲက ထွက်ပြမနေပါနဲ့ဦး။ မင်းတကယ်လုပ်နိုင်တယ်ဆိုရင် လက်ထိပ်အစစ်ကနေပဲ လွတ်အောင်လုပ်ပြ။ ရော့…ဒီမှာ”
သူ့ကို ထိုပုဂ္ဂိုလ်ကိုယ်တိုင် လက်ထိပ်လာခတ်ပြီး မိနစ်ပိုင်းအတွင်းမှာပင် (လက်ထိပ်ကို လေထဲတွင်မြောက်ပြလျက်) “လူကြီးမင်းက ဒီလိုမျိုး လွတ်အောင်လုပ်ပြခိုင်းတာလားခင်ဗျာ”
ဟူဒီးနီဟာ အဲဒိဖြစ်ရပ်နောက်ပိုင်းမှာ တဟုန်ထိုးကျော်ကြားလာပါတယ်။ သာမန်မျက်လှည့်ပညာရှင်အဆင့်ကနေ နာမည်ကျော်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာပါတော့တယ်။
အဲဒိနောက်ပိုင်း သူထပ်မံတီထွင်ထားတဲ့ ပြကွက်အဆန်းတွေနဲ့ ဟူဒီးနီတစ်ယောက် အထွတ်အထိပ်ကို ရောက်လာတဲ့အခါ….။

နာမည်ကျော်မျက်လှည့်ဆရာကြီး ဟူဒီးနီအကြောင်းကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ Houdini TV Mini Series ပဲ ဖြစ်ပါတယ်။ Part 1 နဲ့ Part 2 ဆိုပြီး နှစ်ပိုင်းထွက်ပါတယ်။ ၂၀ ရာစုရဲ့ ထူးချွန်ပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ မျက်လှည့်ဆရာကြီး၊ မျက်လှည့်လောကရဲ့ ရှေ့ဆောင်လမ်းပြကြီးအကြောင်းဆိုတော့ အပိုင်တောင်ဝယ်သိမ်းထားသင့်ပါသေးတယ်။ ဒီဇာတ်ကားမှာ သူ့ရဲ့နာမည်ကျော်ပြကွက်တွေရဲ့ လျှို့ဝှက်ချက်တွေကိုပါ ဖော်ထုတ်ပြသထားပါတယ်။

တော်တော်များများ မျက်လှည့်ကြည့်ဖူးကြမှာပါ။ မျက်လှည့်ဆရာက ပြကွက်တွေပြသတဲ့အခါ ရင်သပ်ရှုမောဖြစ်ရတာ အမှန်ပါ။ ဒါပေမယ့် လျှို့ဝှက်ချက်ကို ဖော်ထုတ်ပြသတဲ့အခါကျတော့ တော်တော်များများက “သြော်…ဒါလေးများ”ဆိုပြီး ဖြစ်သွားကြပါတယ်။ သြော်…ဒါလေးများ ဆိုရင် အစကတည်းက ကိုယ့်ဘာသာကိုယ် လုပ်ပြကြပါလား။ သူများလုပ်ပြတော့မှ သြော်…ဒါလေးများ တဲ့။

ကိုလံဘတ်စ် ကြက်ဥထောင်ပြသလိုပေါ့။ “ဟေ့ကောင်၊ မင်းကြက်ဥထောင်တတ်လား” ဆိုပြီး ထောင်ခိုင်းတယ်။ ဘယ်လိုထောင်ထောင် မရဘူး။ ကိုလံဘတ်စ်က “ပေး၊ ငါထောင်ပြမယ်”ဆိုပြီး ကြက်ဥကို အားနဲ့ ဆောင့်ချလိုက်တော့ အောက်ခြေကွဲကြေပြီး ထောင်သွားပါတယ်။ အဲဒိတော့ ဟိုကောင်က “သြော်…ဒါလေးများ”တဲ့။ အဲဒါဆိုလည်း အစကတည်းက ကိုယ့်ဘာသာကိုယ် ထောင်ပြပါလား လဒရဲ့။

မျက်လှည့်ဆရာဆိုတာ “သြော်…ဒါလေးများ” တွေကိုပဲ လုပ်ပြတာပါ။ ဒါပေမယ့် ဘာမှမဆန်းဘူးလို့ သွားမပြောပါနဲ့။ မဝေဖန်ပါနဲ့။
သူ့လိုမျိုး ကိုယ်စဉ်းစားမိရဲ့လား၊ သူ့လိုမျိုး ကိုယ်တီထွင်နိုင်ရဲ့လားဆိုတာ အရင်တွေးကြည့်ပါ။ ကျွန်တော့်ရဲ့ မမ်ဘာတွေ ဒီဇာတ်ကားကြည့်ပြီး “သြော်…ဒါလေးများ” မဖြစ်ရင် ကျွန်တော်ကျေနပ်ပါပြီ။

“A magician is not really a magician. He is an actor pretending to be a magician.”
မျက်လှည့်ဆရာဆိုတာ မှော်အစွမ်းပေါက်နေတဲ့ ဝိဇ္ဇာတစ်ယောက်မဟုတ်ပါဘူး။ ဝိဇ္ဇာယောင်ဆောင်ထားတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။

ဒီဇာတ်ကားမှာ ဟူဒီးနီရဲ့ ဘဝဖြတ်သန်းမှုအဆင့်ဆင့်ကို တွေ့ကြရမှာပါ။ သူ့အမေကို သူဘယ်လောက်ချစ်တာတွေ၊ သူ့ဇနီးအပေါ် သူဘယ်လောက် တန်ဖိုးထားတာတွေ၊ မျက်လှည့်ဆရာတစ်ယောက်အနေနဲ့ နိုင်ငံအတွက် ဘယ်လိုအမှုထမ်းခဲ့သလဲဆိုတာတွေ၊ ပရလောကနဲ့ သူနဲ့အကြားက စိန်ခေါ်မှုတွေအကြောင်းကို ကြည့်ရှုကြရမှာပါ။
~A.K~

(ရုပ်ရှင်အညွှန်းကို Movie Locos မှကူးယူဖော်ပြပါသည်..)

 

 

File size…1.2 GB (Part 1+2)
Quality….DVDRip

Format…mp4
Hour….02:31:33
Subtitle….မြန်မာစာတန်းထိုး(Hardsub)

 

နမူနာကြည့်ရန်

 


ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies