Channel Myanmar

Attack On Titan 2 (2015)

Asian

IMDB: /10 votes

745107

Report error

ဒီဇာတ်​ကား က​တော့ ဂျပန်​ Anime နဲ့ manga ​လောက မှာ နာမည်​ကြီး ဇာတ်​လမ်​းတစ်​ခုဖြစ်​တဲ့ Attack on Titans ကို လူသရုပ်​​ဆောင်​ ​တွေနဲ့ ပြန်​လည်​ ရိုက်​ကူးထားတဲ့ ဒုတိယပိုင်​းဖြစ်​ပါတယ်​။ ကမ႓ာဖျက်​ လူသားစား titan​ကောင်​ကြီး​တွေ ဟာ လူသားမျိုးနွယ်​ ​တွေကို မျိုးသုဉ်​း​လောက်​သည်​ထိ ဒုက္ခ​ပေးနိုင်​စွမ်​း ရှိပြီး လူသား​တွေ ရဲ့ ​နောက်​ဆုံး ​မျှော်​လင်​့ချက်​က အဲရန်​ ဆိုတဲ့ လူငယ်​​လေးနဲ့ သူ့ သူငယ်​ချင်​း​တွေ ​ပေါ်ကို စုပြုံကျလာပါတယ်​။ Titan​တွေရဲ့ ရန်​ကို​ကြောက်​လို့ နံရံ​အမြင်​့ကြီး​တွေ ​နောက်​မှာ​နေ ​နေရတဲ့ လူသား​တွေ ထဲမှာ အဲရန်​ဆိုတဲ့ လူငယ်​က​တော့ အ​ကြောက်​အလန်​့ မရှိတဲ့ လူငယ်​တစ်​​ယောက်​။ သူ့သူငယ်​ချင်​း အာမင်​ က​တော့ လူ​ကြောက်​တစ်​​ယောက်​ဖြစ်​ပြီး အဲရန်​ ​ပြောသမျှ ယုံကြည်​လက်​ခံ တတ်​တဲ့ ​ကောင်​မ​လေး မီကာဆာ တို့နဲ့ titan ​တွေရဲ့ အားပြိုင်​ပုံ​တွေကို ခပ်​ကြမ်​းကြမ်​း​လေး ရိုက်​ပြထားပါတယ်​။

anime မှာ သိပ်​မသိသာ​ပေမယ်​့ လူသားဇာတ်​​ကောင်​​တွေနဲ့ ရိုက်​တဲ့အခါမှာ​တော့ ​သွေးထွက်​သံယို​ဇာတ်​ဝင်​ခန်​း​တွေက age restriction ​တွေ သတ်​မှတ်​ ရတဲ့ ထိ ဖြစ်​​စေခဲ့ပါတယ်​။ titan ​တွေရဲ့ အားပြိုင်​ပုံ​တွေ လူငယ်​​တွေ ရ​​ဲ့ ချစ်​တြိဂံ ဇာတ်လမ်​း​တွေ နဲ့ အတူ ဇာတ်​အိမ်​တည်​ထားပါတယ်​။ မူရင်​း Manga က ဇာတ်​​ကောင်​​တွေနဲ့ လူသားဇာတ်​​ကောင်​​တွေ ကြား ကွဲလွဲမှု​တွေ ရှိပြီး ​ဝေဖန်​မှုတချို့ ​တော့ ရရှိထားပါတယ်​။ ဒါကလည်​း နာမည်​ကြီး ဇာတ်​လမ်​း ​တွေကို ပြန်​ရိုက်​ခဲ့အခါမှာ ပရိသတ်​​တွေရဲ့ High expectation ​​ကြောင်​့ ဖြစ်​တတ်​တဲ့အရာတစ်​ခု ဖြစ်​ပြီး anime နဲ့ မနှိုင်​းယှဉ်​ဘူးဆိုရင်​ ​ရုပ်​ရှင်​သက်​သက်​ ရဲ့ အရသာမျိုးကို အ​ကောင်​းဆုံး ခံစားရမှာပါ။ ဒီကားအတွက် ဇာတ်ကားအကြည်က ဂျပန်အသံနဲ့ မထွက်လာတာမို့ ထိုင်းသံနဲ့ပဲ တင်ဆက်ပေးလိုက်ပါတယ်

File Size         : 750 MB
Quality           : HD Rip 720P
Running Time : 1hr 27 minute
Format           : Mp4
Genre             : Action, Drama, Adventure
Encoder         : Joker.phs

(ဇာတ်ကားအညွန်းရေးသူကတော့ ကောင်းမြတ်သူပဲ ဖြစ်ပါတယ်)



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies