Channel Myanmar

Tom and Jerry Special Collection

AnimationSpecial Package

IMDB: /10 votes

598741

Report error

ကဲ ပုံ​လေး​တွေကို မြင်​လိုက်​တာ နဲ့ ခပ်​များများ​တော့ ​ပြော ဖို့ လိုဦးမလားဗျ။ လူတစ်​​ယောက်​ကို မင်း ​ကြောင်​နဲ့ကြွက်​ ကား ကြိုက်​ လား လို့ ​မေးကြည့်​။ မကြိုက်​ဘူး ​ပြောရင်​ ​သေချာတယ်​ လိမ်​ တာပဲ။ တခြား ကာတွန်း ကား​တွေ နဲ့ မတူ ဘဲ ဘယ်​အချိန်​ ကြည့်​ကြည့်​ ဘာပြီးရင်​ ဘာဖြစ်​မယ်​ အလွတ်​ ရ​နေတာ​တောင်​မှ ထပ်​ကာထပ်​ကာ ကြည့်​ မရိုးဘူးဗျ။ လက်ဖက်သုတ်လို​ပေါ့။ ​ခဏခဏစား​နေရလည်း မရိုးနိုင်​တာမျိုး။ ​ကြောင်​နဲ့ကြွက်​ ကြည့်​ပြီးရင်​ စိတ်​လက်​ ​ပေါ့ပါးသွားတတ်​တာ ထုံးစံဗျ။ ကာတွန်း ဆွဲ ခဲ့တဲ့ လူ​တွေ ဂါထာ​တွေနဲ့ မန်းမှုတ်​ပြီး ဆွဲ ထားသ​လားမှတ်​ရတယ်​။ ဘယ်​​တော့မှ မမုန်းဘူးဗျ။ ​နောက်​တစ်​ခု ရယ်​ရတာက တခြားကား​တွေ violence and gore တို့ ၁၃နှစ်​​အောက်​ မကြည့်​ရတို့ သာ ​ပြော​နေတာ။ ဒီ​လောက်​ ဓားနဲ့ခုတ်​ ​သေနတ်​ နဲ့ပစ်​​နေတဲ့ ​ကြောင်​နဲ့ကြွက်​ကို ကျ​တော့ က​လေး​တွေပါ ကြည့်​လို့ရတယ်​တဲ့ဗျာ။ က​လေးဘဝ ကြမ်းကြမ်းတမ်းတမ်းဂိမ်း​တွေ ​ဆော့ ရင်​ ရုပ်​ရှင်​​တွေကြည့်​ရင်​ ကြီးလာရင်​ ကြမ်းတမ်းလာတတ်​တယ်​တဲ့။ ပညာရှင်​​တွေက ​ပြောတယ်​။ ​ကြောင်​နဲ့ကြွက်​ ကို ကျ​တော့ ဆရာသမား​တွေက မျက်​လုံးတစ်​ဖက်​ မှိတ်​ပြီး မမြင်​ချင်​​ယောင်​​ဆောင်​​နေတယ်​ဗျ၊။ ဟဲဟဲ စတာပါ ခင်​ဗျားတို့ တစ်​​နေ့တာ စိတ်​​ရောကိုယ်​ပါ ပင်​ပန်းလို့ မနက်​ဖြန်​ အတွက်​ ခွန်​အား​တွေ လို​နေသလား။ ​ကြောင်​နဲ့ကြွက်​ ကြည့်​လိုက်​ဗျ။ စူပါ လီမွန်​တီး ထက်​ လန်းသွား​စေရမယ်​။ က​လေးကလားနဲ့ကွာ ကြီး​ကောင်​ ကြီးမား နဲ့ ​ကြောင်​နဲ့ကြွက်​ ကြည့်​​နေရလား လို့ ခင်​ဗျားကို လာ​ပြောရင်​ ​သေချာတယ်​ သူတို့မကြည့်​ရလို့ မနာလို​နေတာလို့သာ မှတ်​လိုက်​ကြဗျ။

 (အညွန်းရေးသူကတော့ ကောင်းမြတ်သူ ဖြစ်ပါတယ်)


ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies