Channel Myanmar

Exeter (2015) မြန်မာစာတန်းထိုး

Uncategorized

IMDB: /10 votes

90211

Report error

သဲထိတ်ရင်ဖို သရဲကား ကောင်းကောင်းလေးတွေကြည့်ချင်နေတဲ့သူတွေအတွက် 2015 ခုနှစ်ထဲမှာ
ထွက်ရှိထားတဲ့ ဒီဇာတ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်..ကြောက်တတ်သူများနဲ့ နှလုံးရောဂါအခံ
ရှိသူများ..တစ်ယောက်တည်း ( သို့ ) လုံးဝမကြည့်သင့်ကြောင်းပါ..အညွှန်းကိုခံစားလိုက်ပါဦး
Exeter ဆိုတာကတော့ ကလေးငယ်တွေအတွက်ရည်ရွယ်ဖွင့်လှစ်ထားတဲ့ ကျောင်းတော်ကြီးတစ်ခုပေါ့။ အသေအချာပြောရရင်တော့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတဲ့ စိတ်ရောဂါသည်ဝေဒနာရှင် ကလေးတွေအတွက် အားကိုးစရာ သုခရိပ်မြုံပေါ့။ Exeter ကနေ ကလေးတွေကို ပြန်လည်ပြုစုပျိုးထောင်ပေးမယ်။ ပညာတွေ သင်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ပေါ့။ 
ဒါပေမယ့်…. 
၁၉၁၆ ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့ Exeter ကျောင်းတော်ကြီးဟာ လူနာရှင်ကလေးငယ် အရေအတွက် တစ်နေ့တစ်ခြားများများလာကာ ထိန်းချုပ်လို့မနိုင်တော့တဲ့ အနေအထားထိဖြစ်လာတယ်။ ကျောင်းဆိုတာကနေ စိတ္တဇဆေးရုံကြီးဖြစ်လာတယ်။ လူနာကလေးငယ်တွေကနေ လူကြီးစိတ္တဝေဒနာသည်တွေဖြစ်လာတယ်။ Exeter မှာပဲ သောင်တင်နေကြတယ်။ ဆေးကုသတဲ့ ကုထုံးပုံစံတွေကြမ်းလာတယ်။ ပျောက်ကင်းဖို့ဆိုတာထက် ဒီစိတ္တဇဝေဒနာသည်တွေကို ထိန်းချူပ်ဖို့က Exeter ရဲ့ဦးစားပေးဖြစ်လာတယ်။ လူအသေအပျောက် တွေများလာလွန်းလို့ ကျောင်းဝင်းထဲမှာပဲ မြေမြုပ်ရတယ်။ မီးသဂြိုလ်ရတယ်။
၁၉၇၀ နောက်ပိုင်းမှာတော့ ကလေးငယ်ဝေဒနာရှင်တွေအတွက်ရော လူကြီးဝေဒနာရှင်တွေအတွက်ပါ
အားကိုးအားထားစရာနေရာတစ်ခုမဟုတ်တဲ့ Exeter, သေမိန့်ကျခံနေရသူတွေအတွက်ဖြစ်တည်နေတဲ့
ခြောက်ခြားဖွယ်ဆေးရုံကြီး Exeter ကို လူ့အခွင့်အရေးဆောင်ရွက်သူအဖွဲ့အစည်းအချို့က ချိတ်ပိတ်ပစ်ခဲ့ပါတယ်။
ဒီလိုနဲ့ နှစ်တွေကြာလာတဲ့အခါမှာတော့….
Exeter ကျောင်းတော်ကြီးပြန်ဖွင့်ပါတော့မယ်။ ခရစ်ယာန်ဘုန်းတော်ကြီး Conway ရဲ့ ဦးဆောင်မှုနဲ့ အတူ အရင် Exeter လိုပဲ ကလေးသူငယ်ပြန်လည်ထူထောင်ရေးစခန်းဖွင့်မှာပါ။ ဟောင်းနွမ်းနေပြီ ဖြစ်တဲ့ Exeter ကျောင်းတော်တစ်ဖြစ်လဲ ဆေးရုံကြီးဟာ လူသူကင်းမဲ့နေတာကြာပြီမို့ ယိုယွင်းပျက်စီးနေတာတွေကို အတော်ပြန်လည်ပြုပြင်ယူရဦးမှာပါ။
Father Conway က သူ့ရဲ့ အားထားရတဲ့ ဘုရားကျောင်းကလုပ်အားပေးလူငယ်လေး Patrick ကို ဦးဆောင်စေပြီး Exeter ရဲ့ ပြန်လည်ပြုပြင်ရေးကို တာဝန်ပေးထားပါတယ်။ Party လုပ်ရတာကို အလွန်တရာခုံမင်လှတဲ့ Patrick ရဲ့သူငယ်ချင်းဖြစ်သူ Knowles ကတော့ ဟောင်းနွမ်းပျက်စီးနေတဲ့ Exeter ဆေးရုံကြီးဟာ Party ပွဲတစ်ခုအတွက် တစ်ညတာကို အနှောင့်အယှက်ကင်းကင်းကျင်းပလို့ရတဲ့နေရာလို့ ဆိုလာပါတယ်။ Father Conway ရဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေနဲ့ ပြန်လည်အသက်ဝင်လာတော့မယ့် Exeter ကို မူးယစ်ရီဝေမှုတွေနဲ့ ထုံမွမ်းနေမယ့် Party ပွဲမျိုးလာကျင်းပမှာ Patrick ကတော့ လက်သိပ်မခံချင်။
ဒါပေမယ့်လည်း Party နဲ့ပတ်သက်လာရင် သိပ်သွက်လွန်းတဲ့ Knowles ကတော့ အားလုံးစီစဉ်လိုက်ပါပြီ။
ဆူညံတဲ့တေးဂီတသံတွေ ကခုန်မြူးတူးနေကြတဲ့ လူငယ်တွေနဲ့အတူ Exeter ဟာ ပြန်လည် အသက်ဝင်လို့လာပါပြီ။ Exeter ရဲ့ ဟောင်းနွမ်းဆွေးမြေ့မှုတွေကို Party ရဲ့ ပျိုမြစ်ခြင်းတွေက လွှမ်းခြုံလိုက်နိုင်ပါပြီ။ ဒါပေမယ့် Exeter ရဲ့ အနက်ရှိုင်းဆုံး အတိတ်တစ်ခုကတော့ ပျော်ရွှင်မှုတွေကို နောက်ကွယ်ကနေ တိတ်တဆိတ်ဖျက်ဆီးဖို့ စောင့်ကြိုနေလေရဲ့။
အောင်မြင်စွာပြီးဆုံးသွားတဲ့ Party လေးနဲ့အတူ နောက်တစ်နေ့နံနက်မှာတော့ Patrick နဲ့အတူ သူ့ညီလေးဖြစ်သူ Rory, Knowles နဲ့အခြားသူငယ်ချင်း လေးယောက်ကတော့ ညတုန်းက သောင်းကျန်းထားတာတွေ ကို ပြန်လည်ရှင်းလင်းဖို့ကျန်ခဲ့ပါတယ်။ အင်တာနက်ဗီဒီယို တစ်ခုကို ကြည့်ပြီး ပရလောကနဲ့ဆက်သွယ်ဖို့ကို သူတို့တွေ စမ်းသပ်ချင်လာတယ်။ Rory ကလည်းစိတ်အားထက်သန် တယ်။ ဒီလိုနဲ့ပဲ Rory နဲ့သူတို့တွေစမ်းသပ်ကြတယ်။ သာမန်မဟုတ်တဲ့ တုန့်ပြန်မှုတစ်ခုနဲ့ အတူ Rory ကိုတစ်စုံတစ်ခုကပါ ပူးကပ်သွားတယ်။ Exeter ရဲ့ အနက်ရှိုင်းဆုံး အမှောင်ထုပေါ့။
လူမှန်းသူမှန်းမသိတော့တဲ့ Rory ကို ခုတင်တစ်လုံးမှာ ကြိုးနဲ့ချည်ထားရတယ်။
ပယောဂ၀င်နေပြီဖြစ်တဲ့ Rory ကို ချုပ်ထားရုံမှတစ်ပါး သူတို့လည်းဘာမှမလုပ်ပေးတတ်ပါ။ မတတ်သာတဲ့ အဆုံးမှာတော့ Father Conway ကိုဖုန်းဆက်ပြီး ပရိတ်ရေယူပြီးလာခဲ့ဖို့ အကူအညီ
တောင်းခံလိုက်ရပါတော့တယ်။
Father Conway မရောက်လာခင်အထိ Rory ကိုသူတို့ထိန်းချုပ်ထားနိုင်မှာလား…?
Father Conway ကရော Rory ကြုံတွေ့နေရတာကို ဖြေရှင်းပေးနိုင်ပါ့မလား….?
Rory ကိုပူးကပ်သွားတဲ့ အရာက ဘာလဲ….?
သူဘာကိုလိုချင်နေတာလဲ….?
Patrick တို့သူငယ်ချင်းတွေ ဘာတွေဆက်လက်ကြုံတွေ့ရဦးမှာလဲ…?
သူတို့တွေ Exeter ကနေအသက်ရှင်လျက်နဲ့ ပြန်ထွက်နိုင်ပါဦးမလား….?
Horror ပရိသတ်တွေအတွက် Evil Dead ဆန်ဆန် Exorcism ပါတာကို ခြောက်ခြားဖို့ကောင်းတဲ့ ဆေးရုံ Background နဲ့ ကြည့်ချင်တယ်ဆိုရင်တော့ ကြည့်သင့်တဲ့ကားလေး တစ်ကားပါ။ တစ်ခုရှိသေးတာက ဇာတ်သိမ်း။သာမန်မဟုတ်တဲ့ဇာတ်သိမ်းလေးက အားလုံးကို စိတ်ကျေနပ်မှုပေးဦးမယ်ထင်ပါတယ်။

( အညွှန်းရေးသူကတော့ CM Member Lwin Htet ဖြစ်ပါတယ် )

( ဘယ်မှာမှ မရနိုင်တဲ့ ဖိုင်ဆိုဒ် ကွာလတီတို့နဲ့အတူ Channel Myanmar Encoder Team မှ BlurayRip720p
ကို 380 MB နှင့်သာ အထူးတင်ဆက်ပေးလိုက်ပါသည် )

( Zip ဖြည်ဖို့လိုအပ်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည် )
PC တွင် VLC Player Latest Version ဖြင့်လည်းကောင်း..Phone တွင် MX Player ဖြင့်ကြည့်နိုင်ပါသည်

Filesize : 380 MB
Quality : Bluray-720pRip
Format :mkv
Uploaded Format : Rar File
Running Time : 1hr 31 min
Subtitle : Myanmar Subtitle ( Hardsub )
Encoded By LK

Download With Pcloud Link ( Tested And 100% Working )



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

No links available
No downloads available

Genres



Related movies