Channel Myanmar

The Boy Next Door (2015)

The Boy Next Door    

R 1h 31min DramaThriller

4.7
IMDB: 4.7/10 37,361 votes

, ,

, , , , , , , , ,

1 win & 6 nominations.

USA

493988

Report error

The Boy Next Door (2015)_____IMDb – 4.7/10

 

မင်းသမီးချော ဂျန်နီဖာလိုပက်စ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့

Channelmyanmar ပရိတ်သတ်တွေကို မိတ်ဆက်ပေးချင်ပါတယ်..Review လေးကိုကြည့်ရအောင်

ဒီ Movie Version က censored ဗားရှင်းဖြစ်တဲ့အတွက် 18+ ဇာတ်ဝင်ခန်းများမပါဝင်ပါဘူး
Uncensored ဗားရှင်းကလည်း စာတန်းဖိုင်အခက်အခဲ ဖြစ်တဲ့အတွက် တင်ပေးဖို့သိပ်အဆင်မပြေပါ

ဒါကြောင့် ဒီ Movie က ဖြတ်ထုတ်ထားတဲ့ သီးသန့်ဇာတ်ဝင်ခန်းတစ်ခန်းကိုလည်း

အပိုလင့် နဲ့တွဲထည့်ပေးလိုက်ပါတယ်..ကြည့်ရတာအရသာပျက်သွားမှာဆိုးလို့ပါ 😛

ကလဲရ် က အထက်တန်းကျောင်းမှ ဂန္ဒ္ဒဝင်စာပေဘာသာရပ်ကိုသင်ကြားတဲ့ဆရာမတစ်ယောက်ဖြစ်ပြီး
ယောက်ကျာၤးနဲ့ကွဲနေတဲ့အတွက်လက်ရှိမှာ အထက်တန်းကျောင်းသားဖြစ်တဲ့ သားဖြစ်သူ

ကယ်ဗင်နဲ့အတူတူနေနေပါတယ်..သူမရဲ့သူငယ်ချင်းဖြစ်သူ ကျောင်းမှဒုကျောင်းအုပ်လည်းဖြစ်တဲ့

ဗစ်ကီက ဖောက်ပြန်ခဲ့တဲ့ ယောက်ကျာၤးနဲ့ကွဲရှင်းစေချင်ပေမယ့်ကလဲရ်တို့ ကာယကံရှင်နှစ်ယောက်

ကတော့အိမ်ထောင်ရေးကိုပြန်လည်တည်ဆောက်ဖို့ကြိုးစားနေကြပါတယ်..အဲ့ဒီ့နောက်ကလဲရ်တို့
မိသားစုထဲကို နိုဝါ ဆိုတဲ့ကောင်လေးတစ်ယောက်စတင်ဝင်ရောက်လာပါတော့တယ်

နိုဝါက ဘေးအိမ်ကိုလာလည်တဲ့အသက်20အရွယ်မိဘမဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး

ကလဲရ်ကိုလည်းကူညီတဲ့အတွက်..သူတို့သားအမိနဲ့အတော်လေးရင်းနှီးသွားပါတယ်..
တစ်ရက်တော့..ကယ်လ်ဗင်နဲ့ သူ့အဖေတို့ကျောင်းပိတ်ရက်တစ်ရက်မှာအပျော်တမ်းငါးဖမ်းထွက်
သွားကြပါတယ်..ချက်ချင်းပြန်ပေါင်းထုတ်ဖို့တွေဝေနေတဲ့အတွက် မလိုက်ပဲကျန်ခဲ့တဲ့ ကလဲရ်ကို
ဗစ်ကီကသူတို့ချိန်းတွေ့တဲ့နေရာကိုအတင်းလာခိုင်းပြီး ဗစ်ကီ့သူငယ်ချင်းဖြစ်တဲ့သူတစ်ယောက်
နဲ့မိတ်ဆက်ပေးပါတယ်..အဲ့လိုတွေ့ဆုံပွဲမှာ မိတ်ဆက်ပေးတဲ့သူနဲ့ကလဲရ်တို့ ကတောက်ကဆဖြစ်ပြီး
စိတ်တိုတိုနဲ့အိမ်ပြန်လာတဲ့ကလဲရ်က ဘေးအိမ်က နိုဝါ ကို ဖုန်းဆက်ပြီးခေါ်မိပါတယ်

နိုဝါ ရောက်လာတဲ့အခါ ညစာအတူတူစားရင်း တစ်ယောက်တည်းစိတ်အားငယ်နေတဲ့အချိန်

နိုဝါရဲ့ မြူဆွယ်တဲ့စကားတွေအပေါ်သာယာမိသွားကာ အတူတူအိပ်မိသွားပါတော့တယ်

နောက်နေ့မနက်မှာတော့ ကလဲရ်က အသိဉာဏ်ခဏကင်းလွတ်သွားတုန်း ဖြစ်ပျက်ခဲ့တဲ့

သူမရဲ့အမှားအတွက်တောင်းပန်ကြောင်းနဲ့ အဲ့ဒီ့အဖြစ်အပျက်ကိုမေ့ပစ်ဖို့ပြောတဲ့အခါ
နိုဝါ က ဒေါသထွက်ကာနံရံကိုလက်သီးနဲ့ထိုးလိုက်ပါတယ်..အဲ့ဒီ့ကစလို့ နိုဝါရဲ့ နဂါးမျက်စောင်း
လည်းအသက်ဝင်လာပါတော့တယ်

ကလဲရ်ရဲ့အီးမေးလ်ကိုခိုးယူကာ..သူမစာသင်တဲ့အတန်းကိုအတန်းတက်ခွင့်ရအောင်ကျောင်းအုပ်ထံ
အကြောင်းကြားစာအတုပို့ပါတယ်.ပြီးတော့ သူတို့နှစ်ယောက်အတူတူချစ်တင်းနှောနေတဲ့ပုံတွေကို
မနက်ကျောင်းမဖွင့်ခင် ကလဲရ်ရဲ့စာသင်ခန်းထဲမှာသွားကပ်ထားပါတယ်..ကလဲရ်ကချော့တမျိုး
ခြောက်တမျိုးနဲ့ပြောပေမယ့် နောက်မဆုတ်တဲ့အပြင်ပိုဆိုးလာပါတယ်

ကလဲရ်က သူ့ယောက်ကျားဖြစ်သူနဲ့အဆင်မပြေအောင်..သားဖြစ်သူ ကယ်ဗင်ကိုသွေးထိုးပေးပါတယ်
သွေးထိုးစကားကိုနားယောင်တဲ့ ကယ်လ်ဗင်က သူ့အဖေကျောင်းလာကြိုတုန်း မကျေနပ်တဲ့စိတ်နဲ့
ပြိုင်ကားကိုအရှိန်မြင့်မောင်းရာ ဘရိတ်အုပ်မရပဲကံကောင်းလို့သာသားအဖနှစ်ယောက်လုံးအသက်

မသေတာပဲဖြစ်ပါတယ်..ဒီလိုနဲ့ တဖြေးဖြေးဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ဆက်လက်
စောင့်ကြည့်ခံစားကြပါ 🙂

 

(အညွှန်းကို mmmovieguide မှ ကူးယူတင်ပြပါသည် )

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Boy Next Door (2015)


No downloads available

Genres



Related movies