Channel Myanmar

Derailed (2005)

Derailed    

R 108 min CrimeDrama

6.6
IMDB: 6.6/10 65,657 votes

,

, , , , , , , , ,

N/A

USA, UK

138809

Report error

 

ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းကတော့

“Derailed”ဆိုတဲ့ဇာတ်လမ်းဖြစ်ပါတယ်… ရုပ်ရှင်ချစ်ပရိတ်သတ််တွေကြား အခုတလောရေပန်းစားနေတဲ့

“Deception”နဲ့ ဆင်တူတယ်ဆိုတဲ့ဇာတ်လမ်းပါ… တူလားဆိုတော့ အနည်းငယ်ဆင်ပါတယ်..

အိုင်ဒီယာလေးတွေဆင်ပါတယ်… ဒါပေမဲ့ twist လုပ်သွားတဲ့နေရာတွေ လွဲသွားပါတယ်…

နှစ်ကားလုံးက ကိုယ်ထင်ထားသလိုဖြစ်လာတဲ့ ဇာတ်ကွက်မျိုးမဟုတ်ပါဘူး…

ကောင်းလားဆိုတော့ နှစ်ကားလုံးကောင်းပါတယ်… နိုင်ငံတကာမှာတောင် ဒီလို

Plot တူပေမယ့် Twist လုပ်သွားတာမတူတဲ့ ကားတွေ အများကြီးရှိတာမို့ ဒါကိုတော့ အပြစ်တခု အနေနဲ့

ပေါက်ပန်းလေးဆယ် လျှောက်ပြောပြီး ဇွတ်တူပါတယ် ဆိုပြီးတော့ အတန်ရှည်ယူနေတဲ့ သူတွေ အတွက်တော့

တော်တော်လေး ရှက်ဖို့ကောင်းပါတယ်  ဒီဇာတ်ကားထဲမှာတော့

Starring အနေနဲ့ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Clive Owen နဲ့

Jennifer Aniston တို့သရုပ်ဆောင်ထားပါတယ်..

အညွှန်းလေးဖတ်ရှုကြပါဦး…ငွေကြေးအကျိုးဆောင် ချားစ်ရှိုင်းဟာ

ငွေရေးကြေးရေးလောကမှာကျင်လည်ခဲ့တာ ၁၀ နှစ်ရှိပါပြီ။

ဝင်ငွေလဲအတန်အသင့်ကောင်းတဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်ပါတယ်။

သူ့မှာ ဒီယာနာလို့အမည်ရတဲ့ဇနီးနဲ့ အေမီဆိုတဲ့သမီးချောလေးတစ်ယောက်ရှိပါတယ်။

သာယာတဲ့မိသားစုတစ်ခုကိုပိုင်ဆိုင်ထားသူပါ။ ကံမကောင်းတဲ့အရာတစ်ခုတော့ရှိပါတယ်။

ဒါကတော့သူတို့သမီးလေး အေမီဟာ အဆိုးဆုံးဆီးချိုရောဂါကိုခံစားနေရတဲ့ဝေဒနာရှင်တစ်ယောက်ပါ။

သမီးလေးရဲ့ရောဂါအပြီးပျောက်ဖို့လင်မယားနှစ်ယောက်ဟာ ငွေတွေစုခဲ့ပါတယ်။

ခုနစ်နှစ်ကြာပြီးနောက်မှာတော့ ဒေါ်လာ တစ်သိန်းအသားတင်စုမိခဲ့ပါတယ်။

တစ်နေ့မှာတော့ ချားစ်ဟာ ရထားချိန်နောက်ကျပြီး နောက်ရထားစောင့်စီးခဲ့ရပါတယ်။

ရထားပေါ်မှာ လူစင်ဒါဆိုတဲ့ စွဲမက်ဖွယ် ညို့ငင်အားပြင်းတဲ့မျက်ဝန်းပိုင်ဆိုင်ထားတဲ့

လူစင်ဒါဆိုတဲ့အမျိုးသမီးနဲ့ရင်းနှီးခဲ့ပါတယ်။ ရင်းနှီးခဲ့ပုံက ချားစ်တစ်ယောက်

ရထားလက်မှတ်မပါလာလို့ လူစင်ဒါက စိုက်ပေးလိုက်တာပါ။

သူတို့နှစ်ယောက်ဟာ မိသားစုဘဝတွေကိုအပြန်အလှန်ရင်ဖွင့်ပြီး ရင်းနှီးခဲ့ပါတယ်။

လူစင်ဒါမှာက သမီးလေးတစ်ယောက်ရှိပါတယ်။ ချားစ်ဟာ သမီးရောဂါကိစ္စ

အလုပ်ကိစ္စတွေနဲ့ ခေါင်းရှုပ်ပြီး ထွက်ပေါက်ရှာခဲ့ပါတယ်။ ဒီထွက်ပေါက်ကတော့

ရင်ဖွင့်ဖော်လူစင်ဒါနဲ့တွေ့တာပါ။ လူစင်ဒါရဲ့အလှမှာ ချားစ်တစ်ယောက်ယစ်မူးခဲ့ပါတယ်။

ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ ဟိုတယ်တစ်ခုမှာ အတူနေဖို့ ဇာတ်လမ်းအစပျိုးပါတော့တယ်။

ဒီအချိန်မှာပဲ….လူတစ်ယောက်ဝင်လာပြီး သူတို့ရဲ့ချစ်ခန်းကိုဖျက်ဆီးပစ်ခဲ့ပါတယ်။

ချားစ်ဆီက ရှိသမျှပိုက်ဆံအကုန်ယူပြီး လူစင်ဒါကိုအကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့ပါတယ်။

ချားစ်နဲ့လူစင်ဒါဟာ သူတို့ဖောက်ပြန်တဲ့ကိစ္စပေါ်လာမှာကြောက်ပြီး ရဲမတိုင်ခဲ့ကြပါဘူး..

ဓားပြတိုက်တဲ့လူရဲ့နာမည်က လာရော့ချ်ပါ။ ချားစ်ဟာ အလုခံရပြီးနောက်ပိုင်းမှာတော့

သူ့အကြွေးဝယ်ကတ်ကိုပိတ်ပစ်ခဲ့ပါတယ်။ တစ်နေ့….လာရော့ချ်သူ့ကိုဆက်သွယ်ပြန်ပါတယ်။

ဒီတစ်ခါသူ့ဗျူဟာက ချားစ်အိမ်ကို ဝင်ပြီး အကျပ်ကိုင်တာပါပဲ။ သမီးလေးရယ်

ဇနီးရယ်ရှိတဲ့ချားစ်တစ်ယောက် သူဖောက်ပြန်တဲ့ကိစ္စဘူးပေါ်ပေါ်မှာလဲ

ကြောက်ရပြန်တော့ တောင်းတဲ့ပိုက်ဆံပမာဏအတိုင်းပေးရပါတော့တယ်။

လာရော့ချ်ဒုက္ခပေးတဲ့ခရီးလမ်းကမပြီးသေးပါဘူး… ဒီတစ်ခါသူခြိမ်းခြောက်တာက

လူစင်ဒါနဲ့ပါ။ ဒေါ်လာတစ်သိန်းမပေးရင် လူစင်ဒါကိုသတ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။

ကိုယ့်အပြစ်နဲ့ကိုယ်ချားစ်တစ်ယောက် ရှိသမျှငွေတွေလဲအကုန်ပြောင်နေပါပြီ။

သူကြံရာမရတဲ့အဆုံး သူ့သမီးလေးအတွက် စုဆောင်းထားတဲ့ ငွေတွေအကုန်လုံးကိုထုတ်သုံးခဲ့ရပါတယ်။

ချားစ်ဒီအမှုအတွက် ရှေ့နေခေါ်ခဲ့ပါတယ်။ လူစင်ဒါနဲ့တိုင်ပင်ဖို့

လူစင်ဒါအလုပ်ရှိရာကိုသွားတဲ့အချိန်မှာတော့ လူစင်ဒါအလုပ်ထွက်သွားတယ်တဲ့…

သူ့အိမ်ကိုလိုက်သွားတော့လဲ သူ့အိမ်ကို အိမ်ရှင်ကငှားဖို့ပြင်နေပါတယ်။

လူစင်ဒါတစ်ယောက် ရုတ်တရက်ပျောက်သွားပါတယ်… ချားစ်လဲ မသင်္ကာတာနဲ့

လူစင်ဒါရထားစီးတတ်တဲ့အချိန်ကို ဘူတာရုံအမှီသွားခဲ့ပါတယ်…

သူရထားပေါ်မှာ ရင်းနှီးခဲ့တဲ့ လူစင်ဒါက အခုတော့….

ကဲဘာဆက်ဖြစ်မလဲဆိုတာတော့ ပရိတ်သတ်ကပဲ ဆက်ကြည့်လိုက်ပါလို့ ပြောပါရစေ…

ဥပါယ်တံမျဉ်ကြည့်ပြီးတဲ့ ပရိတ်သတ်တွေကလဲ ဒီဇာတ်လမ်းနဲ့

ဘယ်လိုကွဲသွားလဲဆိုတာ ယှဉ်ပြီးကြည့်ကြပါဦး

 

Qty – 720p Bluray

Duration – 1hr 48min

Gern -Drama / Crime / Thrill

Translator – May Thu Soe

Review – May Thu Soe

Encoder – Kyaw Ye Aung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Derailed (2005)
Derailed (2005)
Derailed (2005)
Derailed (2005)
Derailed (2005)
Derailed (2005)
Derailed (2005)
Derailed (2005)


No downloads available

Genres



Related movies