Channel Myanmar

Allan Ungar

Bandit (2022) 6.2
Bandit (2022) Bandit (2022)1970 ကျော်က ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံထားတဲ့ Crime, Thriller ကားလေးပါ။နည်းပညာမတိုးတက်ခင်ကာလ စီးပွားရေးကြပ်တည်းနေတဲ့ အမေရိကန်နိုင်ငံမှာ Robert ဆိုသူတစ်ယောက်က ပြစ်မှုတစ်ခုနဲ့ မီရှီဂန် အကျဉ်းထောင်မှာ ထောင်ဒဏ် တစ်နှစ်ခွဲ ကျခံခဲ့ရပါတယ်။ Robert ဟာ အကျဉ်းထောင်ကနေ ဖောက်ထွက်လွတ်မြောက်လာပြီးနောက် ကနေဒါနိုင်ငံကို ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ဒီလိုနဲ့ ကနေဒါကိုရောက်တဲ့အခါ သတိထားမိတာက ကနေဒါမှာရှိတဲ့ ဘဏ်တွေက US မှာလို လုံခြုံရေးတွေမတင်းကြပ်ဘူးဆိုတာပဲ။ ဒါနဲ့ပဲ သူက ဘဏ်ဓားပြတိုက်တာကို စလုပ်ခဲ့ပြီး ဘဏ်ပေါင်း 59 ခုကို ဓားပြတိုက်ခဲ့ကာ နောက်ပိုင်းမှာတော့ လက်ဝတ်ရတနာအရောင်းဆိုင်တွေကိုပါ ဓားပြတိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ရင် အလိုအရှိဆုံး ရာဇဝတ်ကောင်အဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။Robert တစ်ယောက် ဘဏ်တွေ လက်ဝတ်ရတနာအရောင်းဆိုင်တွေကို ဘယ်လိုဓားပြတိုက်လဲ? ဓားပြမတိုက်ခင် သူဘာတွေ ပြင်ဆင်လဲ? ကနေဒါ ပြည့်သူ့ ရဲတပ်ဖွဲ့ရဲ့ ပိုက်စိပ်တိုက်ရှာဖွေ ဖမ်းဆီးခံရတဲ့အခါ လွတ်မြောက်အောင် ဘယ်လိုတွေကြိုးစားမလဲ? ...
movie

Bandit (2022)

2022
Gridlocked(2015) 5.9
Gridlocked(2015) Gridlocked (2015 ) ဇာတ်လမ်းဟာဆိုရင်5.9/10 rating သာရှိပေမယ့်ကြည့်ကောင်းတဲ့ အက်ရှင်အမျိုးအစားထဲမှာပါပါတယ်... ရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့ မင်းသား ဘရောက်ဒီဝေါ်ကာဟာတခြားသရုပ်ဆောင်တွေနဲ့ တော်တော်ကွဲပြားနေတဲ့ စရိုက်ပေါင်းများစွာရှိပါတယ်.. အထူးသဖြင့် မောက်မာပြီး ကြမ်းကြမ်းတမ်းတမ်းရှိတဲ့စရိုက်ပေါ့ဒီလိုစရိုက်မျိုးရှိတဲ့မင်းသားအဖို့  အမှုတွေခဏ ခဏရင်ဆိုင်ရ ဒဏ်တွေခဏ ခဏ ပေးခံရတယ်...ဒီလိုခပ်ဆိုးဆိုးသရုပ်ဆောင်မင်းသားတစ်ယောက်ကို စောင့်ကြည့်ဖို့အတွက ်အထူးတပ်ဖွဲ့ခေါင်းဆောင် ဟန်းဒရစ်လက်ထဲအပ်ခဲ့ပါတယ်.... ရဲလက်အပ်ပြီး စောင့်ကြည့်ဖို့ကို သဘောတူခဲ့တဲ့မင်းသားဟာ ရဲလေ့ကျင့်ရေးသင်တန်းကို သွားခဲ့ပါတယ်...သူတို့ရောက်သွားတဲ့အချိန်မှာ သွေးပျက်လောက်စရာဖြစ်ရပ်နဲ့ကြုံလိုက်ရတယ်..အဲ့ဒါက လေ့ကျင့်ရေးကျောင်းကြီးကို အကြမ်းဖက်တိုက်ခိုက်တာပါပဲ...အထူးတပ်ဖွဲ့ခေါင်းဆောင် ဟန်းဒရစ်တစ်ယောက် အကြမ်းဖက်အဖွဲ့ကိုဘယ်လိုဦးဆောင်ရင်ဆိုင်မလဲ..ရဲသင်တန်းကျောင်းကိုမှ ဘာဖြစ်လို့လာတိုက်ခိုက်တာလဲ.....အမိုက်စားဖိုက်တင်ခန်းတွေ၊ဖောက်ခွဲမှုတွေ၊ဇာတ်အိမ်ကောင်းကောငး်လေးမှကြည့်ချင်တဲ့သူတွေအတွက်ကြည့်သင့်ပါတယ်လိုပြောပါရစေ..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Band of brothers စီးရီးမှာ ဘာသာပြန်ရင်းနာမည်ရခဲ့သူ ကိုမြန်မာကြီး(ခေါ်) ကိုအောင်အောင်ဦးပဲဖြစ်ပါတယ်....File Size : (8000 MB) and (313 MB) Quality : Blu-Ray 720p Format…mp4 Duration…01:50:00 Genre :  Action Subtitle : Myanmar Subtitle (Hard Sub) Translated by Aung Aung Oo Encoded by Phyo Pyae
movie

Gridlocked(2015)

2015