Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Carol DePasquale
5.7
Valentine’s Day (2010)
[Unicode]Valentine's Day270ADရောမမှာ ကလောက်ဒီးယပ်စ်ဆိုတဲ့ ဘုရင်အုပ်ချုပ်ခဲ့တဲ့အချိန်ကာလတစ်ခုရှိဖူးပါတယ်။ ကလောက်ဒီးယပ်စ်ဟာစစ်မက်ပြီး ရက်စက်တဲ့ ဘုရင်တစ်ပါးပါ။ သူ့လက်ထက်မှာ စစ်သားတွေကို စိတ်ပျံ့မလွင့်စေဖို့ လက်ထပ်ခြင်းကိုတားမြစ်ခဲ့ပါတယ်။ အဲ့ဒီတစ်ချိန်တည်းမှာပဲချစ်ခြင်းမေတ္တာကို ယုံကြည်တဲ့ စိန့် ဗယ်လ်လင်တိုင်းဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါးလည်းရှိခဲ့ပါတယ်။လူတိုင်းကိတိတ်တဆိတ်လက်ထပ်ပေးတဲ့ ဗယ်လင်တိုင်းကိုအကျဉ်းသွင်းလိုက်ပါတယ်။ အကျဉ်းသွင်းခံရတဲ့ ဗယ်လ်လင်တိုင်းဟာ Feb 14 မှာ နှုတ်ဆက်စာရေးပြီးသေဆုံးသွားခဲ့ပါတယ်။ဒီရုပ်ရှင်ကတော့ ဗယ်လ်လင်တိုင်းဒေးမှာအချစ်ကစွန့်ပစ်သွားတဲ့။ ဗယ်လ်လင်တိုင်းဒေးမှာအချစ်ကို တွေ့ရှိသွားတဲ့။ ဗယ်လ်လင်တိုင်းဒေးမှာ အချစ်ကို စွန့်ပစ်သွားတဲ့ လူတွေအကြောင်းပါ။ဒီရုပ်ရှင်က Fridayလိုမျိုး တစ်ရက်တည်းမှာဖြစ်နေတာတွေကို ရိုက်ပြသွားတဲ့ ရုပ်ရှင်မျိုးပါပဲ။ဒီရုပ်ရှင်ဟာ Ratingမကောင်းလှပေမယ့်Emotional ဖြစ်ပြီး Jessica Alba Anne Hathaway Emma Robertsတို့လိုမမတွေအပြင် Taylor Swift ၊Julia Robertတို့လို နာမည်ကျော်တွေပါ၀င်ထားတဲ့အတွက် ကြည့်ပျော်ပါတယ်။လူတစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့အဖြစ်သနစ်ကလေးတွေကို ဆက်စပ်ပြီးV Day Themeထဲမှာ အီမိုရှင်နယ်ဖြစ်စေတဲ့အခန်းများများသုံးထားတဲ့ ဒီရုပ်ရှင်မှာ ဇာတ်ကောင်တွေရဲ့ မိုးလင်းက မိုးချုပ်Vdayတစ်ရက်တာ ဘယ်လိုပြီးဆုံးသွားလဲ တရိပ်ရိပ်ခံစားရမှာပါ။လူရဲ့တစ်နေ့တာဟာပြဿနာတွေနဲ့စပြီး ပြဿနာတွေနဲ့ပဲဆုံးတတ်တဲ့ သဘာ၀တော့ရှိပါတယ်။ ကျွန်တော်တို့ရဲ့ V dayကရောဘယ်လိုများပြီးဆုံးသွားပါသလဲဆိုတာဒီရုပ်ရှင်အပြီးသတ်မှာ တစိမ့်စိမ့်ပြန်တွေးကြည့်ရင် အတော်တဿဖွယ်ကောင်းပါတယ်။စကားမစပ်ဗျာ ဒီရုပ်ရှင်ရဲ့ ရသအပြည့်အ၀ကို ဒီညမှာပဲရနိုင်မှာပါ။File size__( 1.1 GB) Quality__Blu-720p IMDb ...
movie
Valentine’s Day (2010)
8.0
The Pursuit of Happyness (2006)
အကယ်၍ သင်ဟာ Single Father တစ်ယောက်ဖြစ်ပြီး သင့်ကလေးအိပ်ဖို့အတွက် ကျောတစ်ခင်းစာတောင်မဖန်တီးပေးနိုင်တော့ဘူးဆိုရင်...သင့်ရင်သွေးကိုစွန့်လွှတ်လိုက်မှာပါလား? ? ?Chris Gardner ဆိုတဲ့ လူတစ်ယောက်ကတော့ မိမိရဲ့သားလေးလက်ကိုဆွဲပြီး ဘဝရဲ့အခက်ခဲဆုံးအချိန်တွေကိုဖြတ်ကျော်ပြီးလို့ အခုဆို Millionaire တစ်ယောက်တောင်ဖြစ်လို့နေပါပြီ။သင့်ဘဝကို သင်ခက်ခဲလှပြီလို့ထင်နေရင် တကယ့်ဖြစ်ရပ်မှန်ဘဝကိုအခြေခံပြီးရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးကို အချိန်ပေးပြီးကြည့်ကြည့်လိုက်ပါဒီကားလေးကြည့်ပြီး အရင်ဦးဆုံး ခံစားမိမှာကတော့ ဖခင်တစ်ယောက်ရဲ့မေတ္တာ ဘယ်လောက် နက်ရှိုင်းတယ်ဆိုတာပါပဲ...ဘဝရဲ့အဆိုးဆုံးအခြေအနေတစ်ခုမှာတောင် သားဖြစ်သူကို လက်လွှတ်မခံခဲ့တဲ့ ဖခင်တစ်ယောက်ရဲ့ မိဘမေတ္တာ...ကျွန်တော်တို့ တော်တော်များများ ငွေကိုသည်းကြီးမည်းကြီးရှာနေကြချိန်မှာ ပျော်ရွှင်မှုဆိုတာဘာလဲ ဘယ်လိုအရာက မိမိကိုပျော်ရွှင်စေတာလဲ မတွေးမိကြတာများပါတယ်...ဒီဇာတ်ကားလေးကနေ တော်ရုံသတိပြုမိဖို့ခဲယဉ်းတဲ့ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာရယ်... ပျော်ရွှင်မှုဆိုတာ ကြိုးစားသူတိုင်းအတွက် အလှမ်းမဝေးဘူးဆိုတာရယ်... ဘဝဆိုတာ "ဘုံလုံတစ်လှည့် ငါးပျံတစ်လှည့်" ဖြစ်တယ်ဆိုတာ စိတ်ကူးယဉ်သက်သက်မဟုတ်ပဲလက်တွေ့မှာပါ တကယ်ရှိတယ်ဆိုတာ တို့ကို...သာမန်အရောင်းသမား(Saleman) လေးဘဝကနေ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာသည်အထိ ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားခဲ့ရသူ Chris Gardner ရဲ့ဘဝကို inspired လုပ်ပြီး ရိုက်ကူးထားတဲ့ "The Pursuit of Happyness" ဆိုတဲ့ကားလေးမှာ ...
movie
The Pursuit of Happyness (2006)
2006
7.6
Seven Pounds(2008)
Seven Pounds(2008) IMDb......7.6 လူတစ်ယောက်ဟာ 911ကို အရေးပေါ်ဖုန်းခေါ်ဆိုရင်း သူ့ဆီကို လူနာတင်ကားလွှတ်ဖို့ပြောနေတယ်...သူ့မှာမျက်ရည်တွေလည်းရွှဲလို့. . တစ်ဆက်ထဲသူပြောတဲ့စကားတွေက လူတစ်ယောက်အခန်းထဲမှာ သေကြောင်းကြံစည်မှုလုပ်နေလို့ လူနာတင်ယာဉ်ချက်ချင်းလွှတ်ပေးဖို့ရယ် လိပ်စာရယ်ပေါ့... တစ်ဘက်က မေးတယ် သေကြောင်းကြံတာဘယ်သူလဲတဲ့ ...အဲ့ဒီမှာ ဖုန်းဆက်တဲ့သူက ဖြေတယ်.. ကျွန်တော်ကိုယ်တိုင်ပါပဲတဲ့.... အဲ့ဒီအခန်းပြီးတော့ ဖုန်းဆက်တဲ့သူဟာ လက်ဆွဲအိတ်တစ်လုံး ကားတစ်စီးနဲ့ လူတစ်ချို့ဆီကိုသွားတယ်..အလုပ်နဲ့ပတ်သက်တာပြောတယ်. .ဒါပေမယ့် သူ့မျက်လုံးတွေထဲမှာ ကြေကွဲဝမ်းနည်းမှုတွေ နောင်တတွေပြည့်နှက်နေတယ်. ..တစ်ခါတစ်ရံ ဖုန်းဆက်ပြီး တခြားသူကို အကြောင်းမဲ့ဆဲဆိုတယ်..အချိန်တော်တော်များများမှာတော့ တခြားသူတွေရဲ့လိုအပ်ချက်ကိုလိုက်ရှာပြီးဖြည့်ဆည်းပေးနေတယ်. ..ကြည့်ရတာ သူလုပ်ချင်တာရဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ကောင်းတာဖြစ်မလား ဆိုးတာဖြစ်မလား ဝေခွဲရခက်နေတဲ့ပုံပဲ... ဒီဇာတ်ကားက ပြောရရင် ဇာတ်ကားအလည်လောက်ထိ Will Smith ဘာလုပ်ချင်တာလဲ ...သူဘာဖြစ်နေတာလဲ လိုက်ဖမ်းနေရတယ်.. .နောက်ပြီးတော့ သူ့ရဲ့သရုပ်ဆောင်မှု...ဒီကားဟာ သူတစ်ယောက်ထဲသရုပ်ဆောင်နေသလားတောင်ထင်နေရတယ်... တခြားနာမည်ကြီးသရုပ်ဆောင်တွေပါပေမယ့် သူ့ရဲ့လွမ်းမိုးမှုကြောင့် မြှုတ်နေသလိုဖြစ်နေတယ်. ..ဒါကြောင့်လည်းသူဟာ အကောင်းဆုံးမင်းသားဆုရခဲ့တဲ့အပြင် BET Award for Best Actor ဆုကိုပါထပ်မံရရှိခဲ့ပါတယ်.. ..သူဟာသေကြောင်းဘာကြောင့်ကြံရတာလဲ...ပြီးတော့လူတွေကိုဘာလို့လိုက်တွေ့ပြီးကူညီပေးနေရတာလဲ ဆိုတာကို ခံစားကြည့်လိုက်ပါဦး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lyric Lynn Khant ဖြစ်ပါတယ်... File Size : (850 MB) and (349 MB) Quality : Blu-Ray 720p Format…mp4 Duration…02:03:00 Genre ...
movie
Seven Pounds(2008)
2008