Channel Myanmar

Christophe Gans

Crying Freeman (1995) 6.5
Crying Freeman (1995) Crying Free Man 1995 ==================ဒီတစ်ခါမှာတော့ ဂျပန် ကာတွန်း manga ဇာတ်လမ်းတွေကို ပြန်ရိုက်ထားတဲ့ ဇာတ်ကားတွေထဲက အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဇာတ်ကားဟာ fantasy film award အတွက် ဆန်ကာတင်ဝင်ခဲ့သလို ဘတ်ဂျက်နည်းနည်းနဲ့ အကောင်းဆုံးလက်စွမ်းပြ ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တရုတ်လျို့ဝှက်အဖွဲ့အစည်းတစ်ခုက လူသတ်ပြီးရင်မျက်ရည်ကျတတ်တဲ့ လူသတ်သမားတစ်ယောက်ကို တစဖက်ရန်သူဂိုဏ်းက လက်တုံ့ပြန်ဖို့ကြိုးစားတဲ့ ဇာတ်လမ်းပါ။ ဇာတ်ကားက B အဆင့် ဇာတ်ကားတစ်ကားဖြစ်ပေမယ့် တိုက်ခိုက်ခန်းတွေကို လှလှပပ ရိုက်ပြထားတာကြောင့် အတော်လေးကြည့်လို့ကောင်းပါတယ်။တိုက်ခိုက်ခန်းတွေမှာ အနှေးပြကွက်တွေကို အထူးဂရုစိုက်ပြီး အသေးစိတ်ပြုလုပ်ထားပါတယ်။ မင်းသား Mark Dacascos ရဲ့ ကိုယ်ခံပညာပိုင်နိုင်ကျွမ်းကျင်မှုကို လည်း မြင်တွေ့ရမှာပါ။ Christophe Gans ရဲ့ လက်ရာကောင်းတစ်ခုဖြစ်ပြီး Mark Dacascos(ပါရာနာဝေးမင်းသား) က Freeman အဖြစ်သရုပ်ဆောင်ထားပါတယ်။ လိင်အသားပေးဇာတ်ဝင်ခန်းတချို့ပါဝင်တာကြောင့် မိသားစုအတူကြည့်ဖို့ မသင့်တော်ပေမယ့် ၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့ အကောင်းဆုံး အက်ရှင်ကားတွေထဲက တစ်ခုအဖြစ် ...
movie

Crying Freeman (1995)

1995
Silent Hill ( 2006 ) 6.6
Silent Hill ( 2006 ) Silent Hill ဆိုတဲ့ နာမည်က Oldie Gamer တွေနဲ့ သိပ်မစိမ်းမှာသေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ Silent Hill(2006) Horror ဇာတ်ကားလေးကKonami ရဲ့ ၁၉၉၉ ကထုတ်ထားတဲ့ Silent Hill ဆိုတဲ့ ဗီဒီယိုဂိမ်းကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်လို့ပါပဲ။ ဗီဒီယိုဂိမ်းကို ဇာတ်ကားအနေနဲ့ပြန်ဖန်တီးထားလို့ စကားပြောတွေမကောင်းဘူး၊ ဇာတ်အိမ်ပရမ်းပတာဖြစ်တယ်၊ ပြသချိန်ကြာလွန်းတယ်လို့ ဝေဖန်မှုတွေဖြစ်ခဲ့ပါသေးတယ်။ဘယ်လိုပဲဝေဖန်ဝေဖန် ကြည့်လို့ကောင်းတယ််ဆိုတဲ့ မှတ်ချက်ကိုတော့ ပေးသွားကြတာချည်းပါပဲ။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်ကတော့ ဒီဇာတ်ကားကို တော်တော်လေးကောင်းတယ်လို့ထင်ပါတယ်။ Horror ဆိုတာထက် Mystery, Thriller ဖြစ်တယ်လို့ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Da Silver လင်မယားကကောင်မလေးတစ်ယောက်ကို မွေးစားထားပါတယ်။ သူတို့ရဲ့ မွေးစားသမီးလေးကို သမီးအရင်းလေးလိုပဲချစ်ကြပါတယ်။ ကောင်မလေးက အိပ်ရင်းလမ်းလျှောက်ပြီးတော့ဆိတ်ငြိမ်တောင်ကုန်းဆိုတဲ့နေရာက သူ့ကို ဆွဲခေါ်နေသလိုဖြစ်ရပ်တွေကို ကြုံလာရပါတယ်။ အဲဒီအချိန်မှာ အမေလုပ်သူက သမီးဖြစ်သူ နေကောင်းလာဖို့အတွက် ဆိတ်ငြိမ်တောင်ကုန်းကိုခေါ်သွားပါတော့တယ်။ သူတို့အဲဒီကိုရောက်တဲ့အချိန်မှာ ...
movie

Silent Hill ( 2006 )

2006
Beauty And The Beast (2014) 6.4
Beauty And The Beast (2014) ၂ဝ၁၄ခုနှစ်မှာထွက်ရှိခဲ့တဲ့ ပြင်သစ်-ဂျာမာန် အချစ်စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။သား၃ယောက် သမီး၃ယောက်ရှိတဲ့ချမ်းသာကြွယ်ဝတဲ့ မုဆိုးဖိုကုန်သည်ကြီးတစ်ယောက်ဟာသူ့ရဲ့သင်္ဘောတွေပင်လယ်ထဲမှာနစ်မြုပ်ခဲ့ပြီး ကျေးရွာလေးတစ်ရွာကိုပြောင်းရွှေ့ခဲ့ရပါတယ်။ နစ်မြုပ်သွားခဲ့တဲ့သင်္ဘောတစ်စင်း ပြန်ရှာတွေ့ခဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီးမြို့မှာရှိတဲ့ သင်္ဘောရုံးဆီ သူသွားပြီး အပြန်လမ်းမှာ လျှို့ဝှက်တဲ့ ရဲတိုက်တစ်ခုကို မမျှော်လင့်ဘဲတွေ့ရှိခဲ့ရပါတယ်။ရဲတိုက်ထဲက အဖိုးတန်ပစ္စည်းတွေကို ယူပြီး အငယ်ဆုံးသမီးလေးမှာလိုက်တဲ့နှင်းဆီပန်းလေးကို ခူးလိုက်ချိန်မှာပဲ ရဲတိုက်ကြီးရဲ့အရှင်သခင် လူ့တိရိစ္ဆာန်ဟာ အဘိုးကြီးကိုမာန်ဖီကာ သူ့ဆီပြန်လာခဲ့ဖို့ပြောကာ ပြန်လွှတ်လိုက်ပါတယ်။ အငယ်ဆုံးသမီးလေးက အဖေဖြစ်သူကိုယ်စား အဲဒီရဲတိုက်ကြီးဆီပြန်သွားခဲ့ပြီးတိရိစ္ဆာန်ကြီးနဲ့ မိန်းကလေးတို့ဘာတွေဖြစ်လာမှာလဲ၊ဒီတိရိစ္ဆာန်ကြီးရဲ့ နောက်ကြောင်းဇာတ်လမ်းက ဘယ်လိုတွေဖြစ်ခဲ့တာလဲဆိုတာဒီ Beauty and the Beast ဇာတ်လမ်းမှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။Quality…..BluRay 720p Duration…..01:53:00 Format…Mp4 File Size…(811 MB ) Encoder…..Moe Myint Lwin Translator….Htet Htet Tin Zar
movie

Beauty And The Beast (2014)

2014