Channel Myanmar

David Lynch

Eraserhead (1977) 7.3
Eraserhead (1977) Eraserhead (1977)~ IMDb - 7.3/10, Rotten Tomatoes - 91% ~ဒေးဗစ်လင့်ချ်ကို ဒီဘက်ခေတ်ရဲ့ အရေးအပါဆုံး ရုပ်ရှင်ဒါရိုက်တာတွေထဲက တစ်ယောက်လို့ပြောကြတယ်။ ဒီပွဲဦးထွက်ကား Eraserhead ကစလို့ လင့်ချ်ရိုက်သမျှကားတိုင်းဟာ အနုပညာအရ အောင်မြင်ခဲ့တာတွေချည်းပါပဲ။ သူ မအောင်မြင်ခဲ့တဲ့ Dune ကိုတောင်မှပဲ လက်ရှိ Dune ထက် ပိုကြိုက်တဲ့လူတွေ ရှိပါသေးတယ်။ဒေးဗစ်လင့်ချ်ရဲ့ Eraserhead ဟာ သူ့အပြတွေအရတော့ Kafkaesque တော်တော်ဖြစ်တဲ့၊ ကာဖကာတော်တော်ဆန်တဲ့ ရုပ်ရှင်လို့ပြောရမှာပဲ။ ဆန်းတော့လည်း မဆန်းဘူး။ Eraserhead ရဲ့ Script ကိုရေးတဲ့နေရာမှာ လင့်ချ်ဟာ ဖရန့်ကာဖကာရဲ့ The Metamorphosis စာတွေရဲ့လွှမ်းမိုးမှုတော်တော်ကြီးခဲ့တယ်။ အရှိတရားနဲ့ စိတ်ကူးယဉ်ဆန်မှုကို ရောပြွမ်းထားပြီး ပရိသတ်ကို Visual ကိုပဲ အဓိကထားပြီး သူပြောချင်တဲ့ အကြောင်းအရာကိုပြောပြထားတယ်။သူ့ဇာတ်အိမ်ကိုတော့ နားမလည်နိုင်စရာကောင်းတဲ့ စိတ်ကူးယဉ်ဆန်တဲ့ အဖွင့်နဲ့ဖွင့်ထားပြီး အရှိတရားဆန်တဲ့ ...
movie

Eraserhead (1977)

1977
Blue Velvet (1986) 7.7
Blue Velvet (1986) Blue Velvet (1986)==================‘Blue Velvet’ ဆိုတာ တကယ်တော့ တစ်ခေတ်တစ်ခါကအရမ်းကိုနာမည်ကြီးခဲ့တဲ့ Bobby Vintonရဲ့ သီချင်းတစ်ပုဒ်ပါ။ဒါရိုက်တာအတွက် ဒီရုပ်ရှင်ရေးဖို့ စိတ်ကူးရချိန်တုန်းက ခံစားရတဲ့mood တစ်ခုဖြစ်တဲ့အပြင် ရုပ်ရှင်ထဲမှာပါ ဒီသီချင်းကို အဓိကနေရာက ထည့်သုံးထားတာမို့ ရုပ်ရှင်နာမည်ဖြစ်လာခဲ့တာပါ။Surrealism နဲ့ neo-noir film တို့ရဲ့ ဘိုးအေကြီး David Lynch ရဲ့လက်ရာတစ်ခုဖြစ်ပြီး ၁၉၈၆ ရဲ့ အကောင်းဆုံးရုပ်ရှင်လို့ ဝေဖန်ရေးဆရာတွေက သတ်မှတ်ခဲ့ကြပါတယ်။ လင့်ချ်ဘိုးတော်နဲ့ ပတ်သတ်ရင်အဝေးပြေးလမ်းမကြီးပေါ် အခြေခံထားတဲ့ ရုပ်ရှင်ကိုတောင်“Straight Story” လား “Lost Highway” လားဆိုတာမျိုး အရသာကသိသိသာသာကွဲမှာမို့ ဒီကားဟာတော့ ဒုတိယတစ်မျိုးထဲကလို့ကြိုပြောထားချင်ပါတယ်။ Mulholland Drive ကြိုက်တဲ့သူတွေအတွက်လည်း အံကိုက်ပါပဲ။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဖခင်ဖြစ်သူ ရုတ်တရက်လေဖြတ်သွားလို့ နယ်မြို့လေးကို ပြန်လာတဲ့ ကောလိပ်ကျောင်းသားလေးတစ်ယာက် နားရွက်ပြတ်တစ်ဖက်ကို ကောက်ရပြီးနောက်ပိုင်း သူ့ရဲ့ စူးစမ်းလိုစိတ်ကြောင့် လျှို့ဝှက်နက်နဲမှုတွေထဲ တစ်စတစ်စကျွံဝင်သွားရင်း သူမမြင်ယောင်ကြည့်ဖူးတဲ့ ...
movie

Blue Velvet (1986)

Mulholland Drive (2001) 8.0
Mulholland Drive (2001) “Mulholland Drive” (2001) ~~~ ~~~ ~~~ ~~~ ~~~ ~~~Hollywood က ငွေရောင်ပိတ်ကားတွေထက်မှာ အထင်ပေါ်ဆုံးသူဖြစ်ဖို့၊ အကျော်ကြားဆုံးနဲ့ အရည်အချင်းအရှိဆုံး မင်းသမီးအဖြစ် လူတွေဝိုင်းရံနေတဲ့ ကော်ဇောနီတွေပေါ်မှာ လျှောက်လှမ်းနိုင်ဖို့။ ဒါတွေက အိမ်နဲ့ဝေးရာ California က ရုပ်ရှင်ကမ္ဘာကို အရောက်လာခဲ့တဲ့ Betty Elms ရဲ့ စိတ်ကူးအိပ်မက်တွေပဲ။City of Angels လို့ သမုတ်ကြတဲ့ဒီမြို့တော်က သူ့အဒေါ်ရဲ့နေအိမ်ကို Betty ရောက်တဲ့အချိန်မှာ၊ သူမမျှော်လင့်ထားတဲ့ အံ့သြစရာတစ်ခုက အဆင်သင့်စောင့်ကြိုနေတယ်။ အဲဒါကတော့၊ အိမ်ထဲမှာ ကြိုရောက်နေတဲ့၊ အတိတ်မေ့နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံရတာပဲ။ သူ့ရဲ့အဒေါ်နဲ့လဲ ဆက်စပ်မှုမရှိ၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုလဲ မေးမရပေမယ့်၊ ရှင်းပြလို့မရနိုင်တဲ့ ခံစားချက်တစ်ခုကြောင့်၊ Rita လို့ သူ့ကိုယ်သူ နာမည်ပေးထားတဲ့ ဒီကောင်မလေး ဘယ်သူဆိုတာကို သိရအောင်ကူညီပေးဖို့ Betty ဆုံးဖြတ်လိုက်တယ်။သူစိတ်ဝင်စားနေတဲ့ ရုပ်ရှင်ဇာတ်ရုပ်တစ်ခုမှာ သရုပ်ဆောင်ရမယ့် ...
movie

Mulholland Drive (2001)

2001