Channel Myanmar

John Woo

[18+] Silent Night (2023) 5.8
[18+] Silent Night (2023) Silent Night (2023) ==============မင်းသားက ဇာတ်လမ်းစတာနဲ့ လည်ပင်းသေနတ်မှန်ပြီး အသံမထွက်နိုင်။ သူ့ကလေးကို သတ်သွားတဲ့ လူဆိုးတွေကို လိုက်သတ်။ စကားပြောချိန်တောင်မရဘဲ လူဆိုးတွေသေ။ Good။ တစ်ကားလုံး စကားအခွန်း ၁၀၀ မပြည့်ပါဘူး။R rated သွေးသံရဲရဲနဲ့ အက်ရှင်အကြမ်းစားအမျိုးအစားပါ။ ဒါရိုက်တာကတော့ Red Cliff ရဲ့ ဆရာကြီး John Woo ပါပဲ။ မင်းသားကတော့ Suicide Squad ထဲက Joel Kinnaman ပါပဲ။ (သွေးသံရဲရဲအခန်းတွေပါဝင်တာမို့ ကလေးသူငယ်များ နဲ့အတူ ကြည့်ရှုဖို့ မသင့်တော်ပါ။)(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(7.52 GB) / (2.34 GB) / (816 MB) Quality............WEB-DL 4K / 1080p / 720p Duration.........1Hr 44Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Thriller Translator.......Mr.Anderson Encoder..........SWM / Ka Naung
movie

[18+] Silent Night (2023)

2023
4K HEVC
Mission: Impossible II (2000) 6.1
Mission: Impossible II (2000) Mission: Impossible II (2000) ======================= IMDb Rating 6.1/10မင်းသား Tom Cruise ရဲ့ Mission Impossible ဇာတ်ကားတွေထဲကမှ နံပါတ် ၂ ဇာတ်ကားပါ... ဇာတ်လမ်းအကျဉ်းကတော့....ဒေါက်တာ ဗလာဒီမာဟိုနိုဗစ်ဟာ အဖျက်စွမ်းအားအင်မတန်ကြီးမားတဲ့ ကိုက်မယ်ရာ လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကို မှားယွင်းတီထွင်မိပါတယ်။သူ့ကိုယ်သူအမှားလုပ်မိမှန်းသိလို့ ဖြေဆေးကိုပါ ပြန်ပြီး တီထွင်ပါတယ်။ပြီးတော့ ဒီဗိုင်းရပ်ကို မသမာသူတွေလိုချင်တယ်ဆိုတာကိုသိလို့ ဖြေဆေး ရော ဗိုင်းရပ်စ်ပိုးကိုယူပြီး အဝေးကိုထွက်သွားဖို့ကြိုးစားရမှာ သူ့ရဲ့အယုံကြည်ရဆုံးသူဖြစ်တဲ့ IMF အေးဂျင့် အီသန်ဟန့် ကိုအကူအညီတောင်းပါတယ်။ ဖြစ်ချင်တော့ အီသန်ဟန့်ဟာအဲ့အချိန်မှာ အားလပ်ရက်ယူနေတာဖြစ်ပြီး၊ IMF အဖွဲ့အစည်းက ဘယ်လိုမှရှာမရတာမို့ အီသန်ဟန့်ရဲ့မျက်နှာ ဖုံးကိုတခြားသူမှာတက်ပြီးလူစားထိုးလွှတ်လိုက်ပါတယ်။အဲ့လူက လောဘတက်ပြီးသစ္စာဖောက် သွားတဲ့အခါမှာ အီသန်ဟန့်တစ်ယောက် ဗိုင်းရပ်ကိုဘယ်လိုပြန်ပြီးယူမလဲ စတဲ့စွန့်စားခန်းတွေနဲ့အတူ အက်ရှင်ကားအကောင်းစားတွေကြိုက်နှစ်သက်သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=mission+impossible   ကြည့်ပါ။ File size…(8.9 GB)/(1.5 GB)/(999 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:03:35 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM, Nyeinsaeya Aung Translated ...
movie

Mission: Impossible II (2000)

2000
4K HEVC
Bullet in the Head (1990) 7.6

Bullet in the Head (1990)

1990
Hard Boiled (1992) 7.8
Hard Boiled (1992) Hard Boiled (1992)IMDb - 7.8, Rotten Tomatoes - 94%John Woo ရဲ့ ပစ္စတိုအော်ပရာတစ်ပုဒ်ကို ကြည့်ချင်တယ်ဆိုပါစို့။ Hard Boiled ဟာ ခင်ဗျားချန်ထားခဲ့လို့မရတဲ့ကားပဲ။ ဂျွန်ဝူးရဲ့ အကောင်းဆုံးတွေအကြောင်းပြောရင် Hard Boiled ကို ကျုပ်တို့တွေ ဖယ်ထားလို့မရဘူး။ ဒီရုပ်ရှင်အပြီးမှာ သူဟာ ခင်ဗျားတို့ ကြိုက်လှပါရဲ့ပြောကြတဲ့ Windtalkers တို့ Face / Off တို့ကို ဟောလိဝုဒ်ထွက်ရိုက်နိုင်တဲ့အထိ ခြေဆန့်နိုင်ခဲ့တယ်။ Mission:Impossible 2 ကိုလည်း သူပဲရိုက်ခဲ့တာပဲ။ဂျွန်ဝူးရဲ့ လက်စွဲတော်ချောင်ယွန်ဖတ်နဲ့အတူ ရှမ်းကြီးအဖေ တိုနီလျောင်ချူဝေကိုလည်း ဒီကားထဲမှာ ခင်ဗျားတို့တွေ့ရလိမ့်မယ်။ ဝါတော့နည်းနည်းနုသေးတာပေါ့။ ချောင်ယွန်ဖတ်ကြီးကတော့ သူ့စတိုင်အတိုင်း သွားကြားထိုးတံကြီးတခဲခဲနဲ့ သေနတ်တွေပစ်ပြနေတာပါပဲ။ ရှားရှားပါးပါးချောင်ယွန်ဖတ် ရဲနေရာက သရုပ်ဆောင်တဲ့ကားဆိုလည်း မမှားဘူး။ Hard Boiled ကိုတော့ ကျွန်တော့်အနေနဲ့ပြောရရင် မာတင်စကောဆေးစိကြီး ကူးချလိုက်ရတဲ့ ...
movie

Hard Boiled (1992)

1992
A Better Tomorrow II (1987) 7.3
A Better Tomorrow II (1987) A Better Tomorrow II (1987)IMDb Rating - 7.3 Directed By John Wooဂျွန်ဝူးရဲ့ ဂန်းကားတွေမှာ ကျွန်တော်အကြိုက်ဆုံး အချက်ကိုပြောရရင် သူ့ထဲက ‌ဇာတ်ကောင်တွေ, အထူးသဖြင့် ချောင်ယွန်ဖတ်ရဲ့ ဇာတ်ကောင်တွေဟာ မိတ်ကောင်းဆွေကောင်း အရမ်းဆန်ပြီး သူတို့မိတ်ဆွေတွေအတွက် အသက်ကိုတောင် မမှုတဲ့လူတွေ ဖြစ်နေတာကိုပါပဲ။ ကျွန်တော်တို့ရော အဲဒီလောက် မိတ်ဆွေကောင်းပီသနိုင်ပါ့မလား,အဲဒီလို မိတ်ဆွေမျိုးရော ရနိုင်ပါ့မလား,မသေချာပေမဲ့ သူတို့တွေရဲ့ မိတ်ဆွေကောင်းပီသမှုကတော့ ကျွန်တော်တို့ရင်ထဲကို အနည်းနဲ့အများတော့ ထိလောက်မှာပါပဲ။ချောင်ယွန်ဖတ်ဟာ လက်တွေ့ဘ၀မှာလည်း ကိုယ်ကျိုးမကြည့်တဲ့ လူကောင်းတစ်ယောက်ပါ။လက်ရှိထိ နာမည်အကြီးဆုံး သက်တမ်းအရင့်ဆုံး မင်းသားကြီးပေမဲ့ ဟောင်ကောင်ရဲ့လမ်းမတွေ မုန့်ဆိုင်တွေမှာ ရိုးရိုးကုတ်ကုတ်ပုံစံနဲ့ပဲ တွေ့ရတတ်တယ်။ သူသေပြီးရင် သူ့စည်းစိမ်တွေအားလုံးကို ပရဟိတအဖွဲ့တွေကို ပေးပစ်ဖို့ပါ အစီအစဉ်ချထားတဲ့သူပါ။ သူရှာထားသမျှတွေကို သူ့ကိုယ်ကျိုးအတွက် သုံးတာ အင်မတန်နည်းတယ်လို့လည်း ငယ်ငယ်က သတင်းစာမှာ ဖတ်ခဲ့ဖူးတယ်။ ဒီလိုသဘောထားကြီးတဲ့ ချောင်ယွန်ဖတ်ဟာ ရုပ်ရှင်ထဲက ...
movie

A Better Tomorrow II (1987)

1987
A Better Tomorrow (1986) 7.5
A Better Tomorrow (1986) A Better Tomorrow (1986)~ IMDb - 7.5/10, RT - 93%, Meta - 78% ~ကျွန်တော်တို့ ငယ်ငယ်ကတော့ ဂျက်လီတို့ ဂျက်ကီချမ်းတို့ ချောင်ယွန်ဖတ်တို့ကားတွေ ခေတ်စားခဲ့တာပေါ့။ ဘူမသိ ကိုးမသိ ငယ်ဘ၀ကတော့ ချောင်ယွန်ဖတ်ကို ဆရာကျမှန်း မသိခဲ့သေးပေမဲ့ ဆေးလိပ်မီးကို ဒေါ်လာတစ်ရာတန်နဲ့ ဟန်ပါပါညှိပြသွားတဲ့ ချောင်ယွန်ဖတ်ရဲ့ဟန်ကိုတော့ ကျွန်တော်တို့တွေ အတော်ညိခဲ့ကြတယ်။Redcliff 1 2, face/off , Hard boiled, The Killer, Bullet in the Head တို့ကို ရိုက်ခဲ့တဲ့ နာမည်ကျော် အက်ရှင်ဒါရိုက်တာဖြစ်တဲ့ ဂျွန်ဝူးကိုတော့ မသိတဲ့လူ မရှိလောက်ပါဘူး။ ဂျွန်ဝူးဟာ ကိုယ်ပိုင် Themeရှိတဲ့ ဒါရိုက်တာပါ။ သူ့Theme ကိုတော့ Heroic Bloodshed Theme လို့ခေါ်ပါတယ်။ ဒီကားဟာ သူ့Themeရဲ့ ကနဦးကားပါပဲ။ ဒါကြောင့်လည်း သမိုင်းကြီးပါတယ်။(မာဗယ်မှာ မန်ဒရင်းလုပ်မယ့် ...
movie

A Better Tomorrow (1986)

1986
The Killer (1989) 7.8
The Killer (1989) The Killer (1989)ဟောင်ကောင်ရုပ်ရှင်ရဲ့ ရွှေခေတ်... ဂျွန်ဝူးရဲ့ရွှေခေတ်.... ချောင်ယွန်ဖတ်ရဲ့ရွှေခေတ်က အက်ရှင်ကားတစ်ကားပေါ့။ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို ချောင်ယွန်ဖတ်ရဲ့ အကောင်းဆုံးကားလို့ သတ်မှတ်ကြတယ်။ဟောင်ကောင်အက်ရှင်တွေရဲ့ ဘုရင်ဟောင်းဂျွန်ဝူးရဲ့ Ratingအကောင်းဆုံးကားဆိုလည်း မမှားဘူး။ အဖွင့်မှာတင်ပါလာတဲ့ နောက်ခံသီချင်းလေးကလည်း တော်တော့်ကို ကောင်းတာပါပဲ။ပုံစံကခပ်အေးအေး အကြည့်က ခပ်စူးစူးနဲ့ တစ်ချက်ပစ်ရင် လူတစ်ယောက်ထိကိုထိတဲ့ နာမည်ကျော်ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ စင်တင်စားသောက်ဆိုင်တစ်ခုမှာ ပစ်မှတ်ကို သွားသတ်ရင်း အဆိုတော်မလေးရဲ့ မျက်လုံးကို ကျည်နဲ့ ရှပ်ထိသွားပြီး ကောင်မလေးရဲ့ မျက်လုံးဟာ ကန်းတော့မယ့်လုဆဲဆဲ ဖြစ်သွားခဲ့တယ်။ လူသတ်သမားပေမဲ့ ကိုယ်ပိုင်စည်းမျဉ်းနဲ့ သိက္ခာရှိရှိနေတဲ့ ချောင်ယွန်ဖတ်ရဲ့ ကျည်ဟာ ဘယ်တော့မှ အပြစ်မရှိသူရဲ့ အရေပြားပေါ် မဖိတ်စဉ်ဖူးဘူး။ ဖိတ်စဉ်မိခဲ့ရင်လည်း သူ့တာဝန် သူယူတတ်တဲ့သူဆိုတော့ အနားယူဖို့စီစဉ်ထားပေမဲ့ ကောင်မလေးရဲ့ မျက်လုံးကို ပြန်ကုပေးဖို့ နောက်ဆုံးအလုပ်တစ်ခုကို လက်ခံလိုက်တယ်။ ကံဆိုးချင်တော့ နောက်ဆုံးအလုပ်မှာ သူ့ကိုခိုင်းတဲ့သူတွေက သူ့ကိုပြန်နှုတ်ပိတ်သတ်ဖို့ကြံရာက ရဲတွေရော ရာဇဝတ်ဂိုဏ်းတွေကပါ သူ့နောက်ကိုလိုက်ကြတော့တာပါပဲ။ဇာတ်အိမ်က သူ့ခေတ်က ထူးပေမဲ့ နောက်ပိုင်း ဒီပုံစံတွေ တွေ့ဖန်မြင်ရများလို့ မဆန်းတော့တဲ့ ဇာတ်အိမ်ပါပဲ။ သို့ပေမဲ့ လတ်ဆတ်တုန်းက အပြုံးချိုချိုနဲ့ ချောင်ယွန်ဖတ်နဲ့ လိုက်ဖက်လွန်းနေတဲ့ သိက္ခာရှိတဲ့ ကြေးစားလူသတ်သမားဇာတ်ကောင်က ဒီဇာတ်လမ်းကို ဘယ်တော့မှမဟောင်းမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားအောင် အရောင်တင်ပေးခဲ့တယ်။ သဘောကျစရာကောင်းတာက နောက်ပိုင်းကားတွေထဲက ဇာတ်လိုက်တွေလို လူလွန်မသားတွေ ဖြစ်မနေဘူး။ ကြမ်းတယ် ကျည်တစ်ချက်တစ်ကောင်သေတယ်။ သို့ပေမဲ့ ဒဏ်ရာလည်း အသေရတယ်.. ...
movie

The Killer (1989)

1989
Broken Arrow ( 1996 ) 6.0
Broken Arrow ( 1996 ) 1996 ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb 6 ရရှိထားတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်Old But Gold လေးတွေကို ပြန်လည်ခံစားကြည့်ပါဦး..မကြည့်ရသေးရင်အသစ်ပါပဲအမေရိကန်လေတပ်အရာရှိနှစ်ဦးဖြစ်တဲ့ ဗိုလ်ကြီး ဒစ်ကင်နဲ့ကပ္ပတိန်ဟေးလ်တို့ဟာ နျူကလီးယားဗုံး ၂လုံးကိုလျှို့ဝှက်သယ်ဆောင်ရန်တာဝန်ပေးအပ်ခံခဲ့ရတယ် ပို့နေတဲ့လမ်းမှာ ဗိုလ်ကြီး ဒစ်ကင်ကနျူကလီးယားလက်နက်တွေကို ခိုးယူဖို့ကြိုးစားပြီးကပ္ပတိန်ဟေးလ်ကို သတ်ဖို့လုပ်ခဲ့ပါတယ် ကံကောင်းချင်တော့ဟေးလ်မှာ အသက်မသေပဲ ပန်းခြံစောင့်အရာရှိမလေးတယ်ရီနဲ့တွေ့ဆုံခဲ့ပြီး တယ်ရီအကူအညီနဲ့ ဒစ်ကင်ခိုးယူသွားသောနျူကလီးယားလက်နက်ကို ပြန်လည်ရယူရန်ကြိုးစားပါတော့တယ်။ဉာဏ်ကောင်းတဲ့ဒစ်ကင်က နျူလက်နက်ကို ဘယ်လိုတွေသယ်ယူရန်ကြိုးစားမလဲ၊ ဟေးလ်ကရော နျူလက်နက်ကိုပြန်ယူဖို့ကြိုးစားရာမှာ ဘာအန္တရာယ်တွေ ရင်ဆိုင်ရမလဲနျူလက်နက်ကို ပြန်ယူနိုင်ပါ့မလားဆိုတာကိုအက်ရှင်ကားစိတ်ဝင်စားတဲ့ ပရိတ်သတ်တွေအတွက်ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ် Quality : Bluray 1080p ( HEVC )Format : mp4During : 108 minSubtitle : Myanmar Subtitle ( Hardsub )Translator : Ei PyaeEncoder : LK
movie

Broken Arrow ( 1996 )

1996
Face/Off ( 1997 ) 7.3
Face/Off ( 1997 ) အက်ရှင်၊ thriller လို့ပြောတာနဲ့ ဘယ်ခေတ်ကိုရောက်ရောက်ရိုးမသွားမယ့် ရုပ်ရှင်တစ်ကား တင်ပေးလိုက်ပါတယ်။IMDb 7.3 ရရှိထားတဲ့ဇာတ်ကားဖြစ်ပါတယ်ကြည့်ဖူးသူတွေကတော့ မေ့မှာမဟုတ်ပါဘူး။ နီကိုးလတ်ကေ့ နဲ့ဂျွန်ထရာဗိုတာတို့ အပြိင်ကျဲခဲ့တဲ့ကားပါ။ ဇာတ်လမ်း၊ သရုပ်ဆောင်၊ရိုက်ချက် အားလုံးကောင်းပါတယ်။ သားဖြစ်သူကို သတ်သွားတဲ့အကြမ်းဖက်သမားကို တစ်ဘဝလုံး နှစ်မြှပ်ပြီး လိုက်ဖမ်းနေခဲ့တဲ့အက်ဖ်ဘီအိုင်အေးဂျင့် ရှောင်ဟာ နောက်ဆုံးတော့အကြမ်းဖက်သမား ကတ်စတာကို မိသွားပါတယ်။ မိသွားချိန်မှာကတ်စတာ ထောင်ခဲ့တဲ့ ဗုံးနေရာကို သိဖို့အတွက် ကတ်စတာရဲ့မျက်နှာကိုခွာယူပြီး ခွဲစိတ်ပြုပြင်ပြီး ကတ်စတာ အဖြစ်ဟန်ဆောင်စုံစမ်းနေရပါတယ်။ဒီအချိန်မှာပဲ ကတ်စတာက ရှောင်ရဲ့ မျက်နှာကို ယူပြီးအက်ဖ်ဘီအိုင်အေးဂျင့်အဖြစ် ပြန်လိုက်ဒုက္ခပေးတဲ့အခါမှာ….. Quality : Bluray 1080p (5.1ch ) HEVC & Bluray 720pDuring : 2h 18 minFormat : mkv ( 1080p ) , mp4 ( 720p )Subtitle ...
movie

Face/Off ( 1997 )

1997
Red Cliff II (2009) 7.6
Red Cliff II (2009) Red Cliff  II (2009)_________IMDb -7.6/10  ပထမကား မှာ အောင်မြင်မှုရရှိခဲ့ပြီး နောက် ဒုတိယ ကားကို၂၀၀၉ ခုနှစ်မှာပဲ ထပ်မံထွက်ရှိလာခဲ့ပါတယ် ဇာတ်လမ်းကတော့ပထမကား ကိုပဲ ဆက်လက်ရိုက်ကူးထားပြီး ပထမကားကိုသာ ကြည့်ပြီးမှ ဒီကားကိုဆက်ကြည့်မှသာ ဇာတ်ရည်လည်မှာပဲဖြစ်ပါတယ်ဒီကားကတော့ IMDb rating 7.6 ထိရရှိထားပြီးသိုင်းကား ရှေးရာဇဝင်စစ်ကားကိုကြိုက်နှစ်သက်သူတွေ အနေနဲ့ကတော့ လက်မလွှတ်သင့်တဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ချောင်ချောက်ရဲ့ ကုန်းတပ်စစ်ဦးကို အနိုင်တိုက်ပြီးနောက်မှာ အင်အားသောင်းချီတဲ့ ရေတပ်ကြီးကို ကျိုးယွီနဲ့ ခုံးမင်တို့ ဘယ်လို ဆက်ရင်ဆိုင်ကြမလဲဆိုတာ......   File size…(2.3 GB) and (1.3 MB) Quality….Blu-Ray 1080p & 720p Format…mp4 Duration….02:22:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias  
movie

Red Cliff II (2009)

2009
Red Cliff (2008) 7.4
Red Cliff (2008) Red Cliff - 2008 IMDb (7.4/10).........Rotten Tomatoes (91%)  ဒီဇာတ်ကား ၂ ကားကို လွီပုနဲ့သောင်းချန်၊ သစ္စာဂုဏ်ရည် ကြည့်ဖူးတဲ့သူတွေ၊ P2 ဂိမ်းမာတွေတော့ ရင်းနှီးနေပြီးသားဖြစ်မှာပါ။  Romance of the three kingdoms ဂိမ်းတွေလည်း ထွက်ထားပါတယ်။ အရင်နှစ်တွေကတော့ ဒီသမိုင်းကာလ စဆုံးကို စီးရီးထွက်ပါတယ် အပိုင်း ၆၀ လောက်တော့ ရှိမှာပေါ့။တရုတ်ပြည်ရဲ့ မင်းသုံးပါး အပြိုင်ခေတ်သမိုင်းထဲက အကျော်ကြားဆုံးကမ်းပါးနီတိုက်ပွဲကို ကောက်နှုတ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ကာလကတော့ လွီပုနဲ့တုံကြို့တို့အသက်ခံရပြီးနောက်ပိုင်း။ လျိုပေ့ နဲ့ စွန်းကွန် တို့ မင်း ၂ ပါးအဖြစ် အင်အားအနည်းငယ်ရလာချိန်မှာ အမတ်ချုပ်ကြီး ချောင်ချောင်ဟာ လျိုပေ့ကို  လိုက်ဖိတိုက်နေတဲ့ကာလပါ။ လျို့ပေ့မှာတော့ ကွမ်းရီ၊ကျန်းဖေး၊ကျောက်ယွန် တို့ သူရဲကောင်း ၃ ယောက်နဲ့ ဒီဇာတ်ကားရဲ့ အဓိကနေရာမှာပါတဲ့ ပညာရှိအမတ်ခုံးမင်(ကျူးကော့်လျန်) တို့ ပါဝင်နေပါပြီ။ စွန်းမျိုးနွယ်တွေမှာတော့ ...
movie

Red Cliff (2008)

2008
Reign of Assassins (2010) 6.9
Reign of Assassins (2010) ရုပ်ရှင်ဝါသနာရှင်အချင်းချင်း ကျွန်တော့်ကို ဘယ်သိုင်းကားအကြိုက်ဆုံးလဲလို့ မေးရင် အမြဲတမ်း စပြောမိတာက အခုတင်ပေးထားတဲ့ Reign of Assassins ပါပဲ။အခုနောက်ပိုင်း ထွက်နေတဲ့ အထူးကွန်ပြူတာဖန်တီးမှုလှိုင်လှိုင်နဲ့ ကနွဲ့ကလျ သိုင်းသမားကားတွေနဲ့ တခြားစီပါပဲ။ ဇာတ်လမ်း ဒိုင်ယာလော့ တိုက်ခိုက်ခန်းတွ အားလုံးပြည့်စုံပါတယ်။အချိန်တိုအတွင်းမှာ ထူးခြားတဲ့ ဇာတ်ကောင်တွေနဲ့ မတူညီတဲ့ သိုင်းတွေကို လှလှပပ ရိုက်ပြသွားတာပါ။ ကျွန်တော်ကိုယ်တိုင် အနည်းဆုံး ၅ ခေါက်လောက်တော့ ပြန်ကြည့်မိပါသေးတယ်။ဇာတ်လမ်းအကျဉ်း ပြောပြပါ့မယ်။သိုင်းလောကမှာ သတင်းတစ်ခုရှိပါတယ်။ ဗောဓိဆရာတော်ရဲ့ ရုပ်အလောင်းကို ရရင် သိုင်းလောကတစ်ခုလုံးကို အုပ်စိုးနိုင်မယ် ရောဂါအားလုံးလည်း ပျောက်ကင်းနိုင်မယ်ပေါ့။ အဲဒီအလောင်းကိုရဖို့ အားလုံးတိုက်ခိုက်နေကြချိန်မှာ အလွန်အစွမ်းထက်တဲ့ လျို့ဝှက် လူသတ်သမားအဖွဲ့ ကျောက်မည်းဂိုဏ်းပါ ပါဝင်လာပါတယ်။အဲဒီဂိုဏ်းရဲ့ နာမည်ကြီး လူသတ်သမား မိုးဖွဲ(မစ်ချဲယို) ဟာ အလောင်းတစ်ဝက်ကို ရသွားပြီး အကြောင်းတစ်ခုနဲ့ ဇာတ်မြှပ်သွားပါတယ်၊ ...
movie


2010
ManHunt (2017) 5.3
ManHunt (2017) ဒီတစ်ခါတော့အတော်ကြမ်းပြီးအတော်မိုက်တဲ့တရုတ် ကိုရီးယား ဂျပန် ၃နိုင်ငံဖက်စပ်ဂျပန်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်တရုတ်မင်းသားကိုတော့ operation mekong ထဲမှာပရိတ်သတ်တွေမြင်တွေ့ပြီး ဖြစ်မှာပါကြမ်းကြမ်းရမ်းရမ်းနဲ့သဘာဝကျကျသရုပ် ဆောင်တတ်တာသူရဲ့အားသာချက်တစ်ခုပါပဲဇတ်လမ်းကတော့ဂျပန်နိုင်ငံအိုဆာကာမြို့မှာဇတ်အိမ်တည်ထားပါတယ်တရုတ်လူမျိူးဒူချူးဟာနိုင်ငံခြားကနေရှေ့နေဘွဲ့ရခဲ့ပြီးဂျပန်နိုင်ငံဆေးဝါးကုမ္ပဏီတစ်ခုမှာအလုပ်လုပ် ကိုင်နေတဲ့အပြည်ပြည်ဆိုင်ရာရှေ့နေတစ်ဦးပါတစ်နေ့ တော့မမျော်လင့်ပဲရှေ့နေဒူချူးတစ်ယောက်မိန်းကလေးတစ်ယောက်ကိုသူကိုယ်တိုင်မသတ်ပဲချောက်ချခံလိုက်ရတဲ့အခါရဲတွေလက်ထဲကနေသူကိုယ်တိုင်မကျူး လွန်ခဲ့တဲ့အပြစ်အတွက်ထွက်ပြေးသောအခါဘာတွေ ဆက်ဖြစ်မလဲရှေ့နေဒူချူးကိုဘယ်သူကချောက်ချခဲ့တာလဲရှေ့နေဒူချူးကိုလက်ရဖမ်းဆီးဖို့ကြိုးစားနေတဲ့ဂျပန်စုံထောက်သူကကောဒူချူးကိုဖမ်းမိမှာလားတစ်ဖန်ရှေ့နေဒူချူးကိုသေစေချင်နေတဲ့လူတစ်စုသူတို့ကကောဒူချူးကိုဘာလို့သေစေချင်နေရတာလဲစသဖြင့်ဇတ်ကားတစ်ကားလုံးအက်ရှင်စွန့်စားခန်းတွေနဲ့ပရိတ်သတ်တွေကိုဆွဲဆောင်သွားမှာပါဒီကားကိုကျွန်တော်အမြင်အရဆိုရင်rating ကိုဒီထက်အများကြီးပေးသင့်တဲ့ဇတ်ကားပါကျွန်တော်ကိုယ်တိုင်ကြိုက်နှစ်သက်မိပြီးပရိတ်သတ်တွေလည်းအလွန်နှစ်သက်မယ်လို့အာမခံလိုက်ရပါတယ်ဒါနဲ့စကားမစပ်ကိုးရီးယားမင်းသမီးတွေဂျပန်မင်းသမီးတွေရယ်တရုတ်မင်းသမီးအလန်းလေးတွေပါပါဝင်ပါတယ်လို့ပြောကြားရင်းဒေါင်းလော့သာရဲရဲကြီးဆွဲလိုက်ကြပါ Qty - 720p BlurayDuration - 1hr 48minGern- Action / ThrillTranslator - John HtweEncoder - Kyaw Ye Aung
movie

ManHunt (2017)

2017