Channel Myanmar

Jonathan Liebesman

Battle: Los Angeles (2011) 5.8
Battle: Los Angeles (2011)  စစ်ကားတွေထဲမှာမှ အမေရိကန်နဲ့ ဂြိုလ်သားတွေရဲ့စစ်ပွဲတွေဟာမဆန်းတော့ပါဘူး..ဒါကြောင့် ဒီကားကလည်း Independence Day တို့လိုပဲ ကမ္ဘာမြေပေါ်ကိုကျူူးကျော်နယ်ချဲ့ထွင်လာတဲ့ ဂြိုလ်သားတွေနဲ့အမေရိကန်စစ်တပ်တို့ရဲ့အပြင်းအထန်တိုက်ခိုက်တာတွေကိုဖော်ပြထားပါတယ်... စစ်တစ်ခုဖြစ်လာတဲ့အခါအများဆုံးထိခိုက်ရတာကတော့ပြည်သူတွေပဲဖြစ်ပါတယ်...နောက်ပြီးတော့ ဒီလူတွေကိုကာကွယ်ဖို့အတွက်သစ္စာဆိုထားတဲ့ စစ်သားတွေရဲ့ရင်းနှီးမှု့တွေကလည်းမသေးပါဘူး...ဒါပေမယ့် သူတို့ရင်ဆိုင်နေတဲ့အရာတွေက သာမာန်ထက်လွန်ကဲနေတဲ့သတ္တဝါတွေဖြစ်နေတဲ့အတွက်ကြောင့် အမေရိကန်လိုစစ်အင်အားကြီးခေတ်မီလက်နက်တွေတပ်ဆင်သုံးစွဲနေတဲ့ နိုင်ငံတောင်ဆုံးရှုံးမှု့တွေကြီးလှပါတယ်... အမည်မသိ ဘာအမျိုးအစားမှန်းလည်းမသိတဲ့ သတ္တဝါတွေကြောင့်ပြည်သူတွေကို ကယ်ဆယ်ထုတ်ဖို့သွားရန်အတွက်အမိန့်ပေးခြင်းခံရတဲ့ တပ်စုတစ်စု ကယ်ဆယ်ဖို့သွားရင်းကနေသူတို့ပါ ရန်သူတွေရဲ့ သတ်ကွင်းမှာ ဓားစားခံတွေလိုပိတ်မိနေကြပါတယ်...အချက်ပေါင်းများစု ပစ်သတ်လည်း မသေတဲ့ ဒီသတ္တဝါတွေကြောင့်ဒီတပ်စုလေးတစ်စုဟာ ဒီအန္တရာယ်တွေကြားထဲကနေ ပြည်သူတွေကိုအသက်ရှင်လျက်နဲ့ဘယ်လိုကယ်ဆယ်ထုတ်မလဲဆိုတာစိတ်ဝင်စားစရာပါပဲ...စတေးမှု့တွေမရှိပဲ စစ်ဆိုတာ ပြီးဆုံးသွားမှာမဟုတ်ပါဘူး...ဒီကားလေးထဲမှာလည်း စစ်တကယ်တမ်းဖြစ်လာရင် ဘယ်လိုဆုံးရှုံးမှု့တွေဖြစ်လာတယ်ဆိုတာကို ရိုက်ပြထားတာကြောင့်စစ်ကားကြိုက်သူများလက်လွတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ကားလို့ပြောပါရစေ... File size…2.86GB / 1.13GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1hr 56min Genre .....  Action , Sci-Fi , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

Battle: Los Angeles (2011)

2011
The Texas Chainsaw Massacre: The Beginning (2006) 5.9
The Texas Chainsaw Massacre: The Beginning (2006) The Texas Chainsaw Massacre : The Beginning (2006)အမေရိကန် တက္ကဆက်စ် ပြည်နယ်မှာ ၁၉၆၀ခုနှစ်တွေအတွင်း ချိန်းဆောနဲ့ လူတွေအစုပြုံလိုက် သတ်ဖြတ်ပြီး စားသောက်ခဲ့ကြတဲ့ မိသားစုတစ်စုရှိခဲ့ပါတယ်။အမေရိကန်ရဲ့ ခေါင်ခိုက်လှတဲ့ ပြည်နယ်ဖြစ်တဲ့ တက္ကဆက်စ်ဟာ ဒုတိယကမ္ဘာစစ်ပြီးကာလ‌မှာစီးပွားရေးကျဆင်းမှု၊ ငတ်မွတ်ခေါင်းပါးမှုတွေ ဆိုးဆိုးဝါးဝါး ခံနေရလို့ နေထိုင်သူအများစု ပြောင်းရွှေ့ကုန်ကြပါပြီ။ဒါပေမယ့် ဘယ်ကိုမှ မပြောင်းရွှေ့ပဲ တင်းခံနေခဲ့တဲ့ မိသားစုက‌တော့ တက္ကဆက်စ်ရဲ့ လူမနီးသူမနီး ကွင်းပြင်ကြီးမှာ စိုက်ပျိုးမွေးမြူရေးလုပ်ရင်း နေထိုင်ကြတဲ့ ဟီဝစ်မိသားစုပါ။ စစ်ဒဏ်၊ အစာရေစာ ငတ်မွတ်ခေါင်းပါးမှုဒဏ်တွေကို အလူးလဲ ခံစားခဲ့ကြရတဲ့ ဟီဝစ် မိသားစုဝင်တွေဟာ စိတ်ပိုင်းဆိုင်ရာ ဆိုးဆိုးဝါးဝါး ထိခိုက်‌ထားပြီး ပုံမှန် မဟုတ်ကြတော့ပါဘူး။တစ်နေ့မှာတော့ သူတို့ရဲ့ ညဏ်ရည်မဖွံ့ဖြိုးတဲ့ မွေးစားသား တွမ်မီက သူအလုပ်လုပ်တဲ့ သားသတ်ရုံက ပိုင်ရှင်ဖြစ်သူကို သတ်လိုက်ရာကစလို့ ၊ဟီဝစ်မိသားစုဟာ အမေရိကန်သမိုင်းမှာ အရက်စက်အကြမ်းကြုတ်ဆုံး ရာဇဝတ်မှု တွေထဲက ...
movie

The Texas Chainsaw Massacre: The Beginning (2006)

2006
Teenage Mutant Ninja Turtles (2014) 5.8
Teenage Mutant Ninja Turtles (2014) Teenage Mutant Ninja Turtles (2014)_____IMDb - 5.8/10 #ရုပ်ရှင်မိတ်ဆက်ပရိတ်သတ်ကြီး စောင့်မျှော်နေတဲ့ TMNT ဇာတ်ကား နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားက တစ်ချိန်တုန်းက နာမည်ကြီး ကာတွန်းဇာတ်လမ်းတွဲ နဲ့ ကာတွန်းစာအုပ် တွေထဲက Superheros ဖြစ်တဲ့ TMNT ကို ပြန်ရိုက်ထားတာဖြစ်ပါတယ်။ သူက အခုမှ ရုပ်ရှင်ထွက်တာတော့မဟုတ်ပါဘူး။ ၁၉၉၀ တုန်းက ဇာတ်ကား ၃ကားထွက်ထားဖူးသလို၊ ၂၀၀၇ မှာလည်း ကာတွန်းအနေနဲ့ထွက်ထားဖူးပါတယ်။ဇာတ်လမ်းမှာ April O'Neil (Megan Fox) က သတင်းထောက်တစ်ဦးဖြစ်ပြီး New York မြို့က Foot Clan ဆိုတဲ့ ဂိုဏ်းကို လိုက်လံသတင်းယူနေရာကနေ Turtles တွေနဲ့ အမှတ်မထင်ဆုံတွေ့ခဲ့ပါတယ်။ ဒီကနေ သူမ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက အဖြစ်အပျက်ကို သတိရသွားပြီး Turtles တွေရဲ့ Origin ...
movie

Teenage Mutant Ninja Turtles (2014)

2014