Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kerry Lyn McKissick
7.7
A Few Good Men (1992)
A Few Good Men(1992) IMDb.....7.7,,,,,Rotten.....82% Rules of Engagementဆိုတဲ့ စစ်ကား ကိုတော့ တော်တော်များများကြည့်ဖူးကြမယ်ထင်တယ်...အဲ့လိုကားမျိုးကို သဘောကျတဲ့ဆိုရင်တော့ ဒီကားကိုကြည့်သင့်တယ်.....ဒီကားက နယ်ခြားစောင့်စစ်တပ်မှာ စစ်သည်တစ်ယောက်သေဆုံးတဲ့အကြောင်းကို အဓိကဇာတ်အိမ်တည်ပြီးရိုက်ကူး ထားတယ်....စစ်သည်အချင်းချင်းအပြစ်ပေးရာကနေ မတော်တဆသေဆုံးသွားတယ်.... ဒီအမှုကို ကိုင်တွယ်ဖို့ စစ်တရားရုံးရှေ့နေအဖြစ် Tom Cruise ကိုတာဝန်ပေးခြင်းခံရတယ်...ဒီကားက ကျွန်တော်ကြည့်ခဲ့တဲ့ စစ်ကားထဲမှာ အကောင်းဆုံးစာရင်းဝင်လို့တောင်ပြောလို့ရတယ်..အယ် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စစ်ဆင်ရေးဆင်နွှဲနေတဲ့ကားတော့မဟုတ်ဘူး....သို့ပေမယ့် စကားလုံးတွေနဲ့ စွမ်းအားကတော့ လက်နက်ကြီးထက်ပြင်းထန်ပုံရတယ်... ဇာတ်လမ်းက စစချင်းကိုဆွဲဆောင်မှုရှိတယ်....ကျွန်တော်ပြောရင် Spoiler ဖြစ်သွားမှာစိုးလို့ ခံစားကြည့်လိုက်ပါဦး....ဒီကားရဲ့ ဒိုင်ယာလော့တွေကို အတတ်နိုင်ဆုံး အလှပဆုံး မြန်မာမှုပြုပေးတဲ့ ဘာသာပြန်ကတော့ Ko Ye Pye Sone ပါ.... IMDbရော Rotten ရော အမြင့်ဆုံးမှာရှိနေသလို သရုပ်ဆောင်တွေကလည်း. Tom Cruise, Jack Nicholson, Demi Mooreတို့ဖြစ်လို့ ဒေါင်းကြည့်သင့် မသင့် ဆုံးဖြတ်ကြပေတော့..... ------------------------------------------------ File Size :(2.1GB) (748MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…02:18:00 Genre : Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye ...
movie
A Few Good Men (1992)
1992
7.7
Flipped(2010)
Flipped(2010)IMDb....7.7လူ့တို့ရဲ့ သဘောဟာ ဆန်းကျယ်တယ်ထင်ပါရဲ့..ချိုဆိမ့်တဲ့အရသာကို ကြိုက်ကြသလို ဖန်ငန်စပ်အရာသာကိုလည်းကြိုက်ကြတာပဲ.. ဒီလိုပဲ အချစ်၊အလှ ၊အလွမ်းဆိုတဲ့ သိမ်မွေ့နူးညံတဲ့ ခံစားမှုစည်းစိမ်ကိုနှစ်သက်ကြသလို ကြမ်းတမ်းထိတ်လန့်စရာ စည်းစိမ်ကိုလည်း နှစ်သက်ကြတာပါပဲ...မည်သို့ပင်ဆိုစေအချစ်၊အလှ ၊အလွမ်းဖွဲ့ဇာတ်ကားလေးတွေခံစားချင်တဲ့သူတွေအတွက် ဒီကားလေးတင်ပေးလိုက်ပါတယ်...၂တန်းကလေးအရွယ် ဘရိုက်စ်ဆိုတဲ့ကောင်လေးတို့မိသားစုက ဂျူလီဆိုတဲ့ကောင်မလေးရှိတဲ့ အိမ်နားကိုပြောင်းလာတယ်... ကောင်မလေးကတော့ပထမဆုံးတွေ့တွေ့ချင်းကောင်လေးရဲ့ တောက်ပတဲ့မျက်လုံးတွေနဲ့အကြည့်ချင်းဆုံမိပြီး သဘောကျသွားတယ်.. ဖြစ်ချင်တော့ကောင်လေးက သူ့ကိုတစ်စက်ကလေးမှသဘောမကျ စိတ်ပျက်စရာကောင်မလေးအမြင်ကပ်စရာလေးလို့ပဲမြင်နေတာပါပဲ...ဒီကားက ကောင်မလေးရဲ့ အမြင်ရယ် ကောင်လေးရဲ့အမြင်ရယ်ကို အချိုးကျပြသသွားတယ်...ဆယ်ကျော်သက်ရွယ် ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ရဲ့အချစ်နဲ့ပတ်သက်ပြီးတွေ့ကြုံခံစားသိမြင်ပုံလေးတွေကို လှလှပပလေးရိုက်ပြသွားတာပါ ...တစ်ချို့သောသူတွေအတွက် ပျော်ရွှင်ဖွယ်ရာ စိတ်ကူးယဉ်ကမ္ဘာထဲကိုရောက်နေသလိုတောင်ခံစားရနိုင်တယ်...အယ် တစ်ချို့သောသူတွေအတွက် ငယ်ဘဝ ငယ်ချစ်ဦးကို ပြန်လွမ်းဆွတ်တမ်းတပြီးအလွမ်းပြေစရာတစ်ခုခုဖန်တီးသွားလောက်တယ်...ဥပမာ ငယ်ငယ်ကချစ်ဖူးခဲ့တဲ့သူအတွက်ရည်စူးရေးစပ်ထားဖူးတဲ့ကဗျာစာအုပ်အဟောင်းလေးတွေကိုတောင်ပြန်ဖတ်သွားတာမျိုးပေါ့...အယ် ဆယ်ကျော်သက်လူငယ်တွေအတွက်တော့ ဆင်ခြင်စရာလေးတွေအတုယူစရာလေးတွေရသွားမှာပေါ့ဗျာ....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ JtheKoalaဖြစ်ပါတယ်...File Size : (2.1GB) and (730MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:30:00 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by JtheKoala Encoded by Phyo Pyae
movie
Flipped(2010)
2010
7.3
American Sniper (2014)
American Sniper ( 2014 )IMDb Rating (7.3) / Rotten Tomatoes (72%)အမေရိကန်သမိုင်းတစ်လျှောက် Most Deadliest Sniper အဖြစ်သတ်မှတ်ခံထားရတဲ့ SEAL စနိုက်ပါသမား Chris Kyle အကြောင်းရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။Chris Kyle ရဲ့ ကိုယ်တိုင်ရေး အထ္ထုပတ္တိ "American Sniper: The Autobiography of The Most Lethal Sniper in US Military History" စာအုပ်ကိုအခြေခံပြီး မင်းသားကြီး Clint Eastwood က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး Bradly Cooper က အဓိကသရုပ်ဆောင် Chris Kyle အဖြစ်ပါဝင်ထားပါတယ်။ဒီရုပ်ရှင်မှာ စစ်ပွဲကြားကအခြေအနေတွေအပြင် အိမ်မှာကျန်ခဲ့တဲ့ စစ်သားမိသားစုတွေရဲ့ ဘဝကိုလည်း ပေါ်လွင်အောင်ထည့်သွင်းရိုက်ကူးထားပါတယ်။Chris Kyle ဟာ အစကတော့ ...
movie
American Sniper (2014)
2014
4K HEVC
7.0
Thor (2011) MCU
Thor (2011)IMDb Rating (7.0)လွန်ခဲ့သည့် နှစ်ပေါင်းများစွာက စကြဝဠာတွင် အဖွဲ့အစည်း ၃ ခုတည်ရှိသည်။ Giant Frost, Asgard နှင့် လူသား မျိုးနွယ်များဖြစ်သည်။ Giant Frost က လူသားမျိုးနွယ်စု နေထိုင်သည့် ကမ္ဘာမြေကြီးကို ကျူးကျော် တိုက်ခိုက်သည်။ သို့သော် Asgard က အနှီ ကျုးကျော်မှုကို လက်မခံပဲ Giant Frost များကို ပြန်လည်တိုက်ခိုက်သည်။ နောက်ဆုံးတွင် Asgard လူမျိုးနွယ်စုက အနိုင်ရရှိပြီး Giant Frost မှ အရေးကြီးဆုံး လက်နက်ကို သိမ်းပိုက်ပြီး ငြိမ်းချမ်းစွာ နေထိုင်သည့် သဘောတူညီချက် ကိုပြုလုပ်သည်။Asgard ဘုရင် တွင် သားတော် ၂ ပါး Thor နှင့် Loki ရှိသည်။ Thor သည် စစ်မှုရေးရာတွင် ကျွမ်းကျင်သော်လည်း ...
movie
Thor (2011) MCU
2011
4K HEVCHDR
6.6
Pirates of the Caribbean: On Stranger Tides(2011)
Pirates of the Caribbean: On Stranger Tides(2011) ဂျက်နဲ့ လူမှားပြီး ဂစ်ဘ်ကို ကြိုးပေးမယ့်အရေးမှာ ဝင်ကယ်ပေးလိုက်ရပြီးတဲ့နောက် တစ်ကိုယ်တည်းကောင်းစားနေတဲ့ ဘာဘိုဆာဆီ ရောက်သွားကြပြန်တယ်။ ဒါပေမယ့် ဂစ်ဘ်ပဲကျန်ခဲ့ပြီး ဂျက်ကတော့ သူ အချစ်ဟောင်း အန်ဂျလီကာကောင်းမှုနဲ့ မုတ်ဆိတ်နက်ဆီရောက်သွားတဲ့နောက် စပိန်တွေက တပန်းသာနေတဲ့ ထာဝရသက်ရှည်ရေပန်းကို ရှာနိုင်ဖို့ စိုင်းပြင်းရပြန်တယ်... File Size : (5.06GB)(3.63GB) and (1.24GB) Quality : Blu-Ray 4K HEVC,1080p 5.1CH,720P Format…mp4 Duration…02:23:00 Genre : Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae
movie
Pirates of the Caribbean: On Stranger Tides(2011)
2011
4K HEVC
7.4
The Bucket List (2007)
ဒီကားဟာ ဘာသာပြန်သူအရမ်းကြိုက်တဲ့ ဇာတ်ကားပါ ဒီဇာတ်ကားကနေ ဘဝအတွက် အတွေးတစ်ခုခုရမယ်ဆိုတာ အသေအချာပါပဲ ကင်ဆာရောဂါသည်တွေဖြစ်တဲ့ ဘီလီယံနာ အက်တ်ဝေါ့ကိုးလ် နဲ့ စက်ပြင်ဆရာ ကတ်တာချိန်ဘာတို့ဟာ ဆေးရုံခန်းတစ်ခန်းထဲ တူတူမနေရခင်အထိ လုံးဝသူစိမ်းနှစ်ယောက်ပါပဲ သူတို့ဟာ သူတို့ကိုယ်သူတို့ရှာတွေ့ဖို့နဲ့သူတို့မသေခင် လုပ်ချင်တာတွေ လုပ်သွားဖို့ ဆန္ဒကြောင့် ဆရာဝန်တွေတားတာတောင်မမှုပဲ ဆေးရုံက ထွက်သွားပြီး ဘယ်လိုတွေ စွန့်စားကြလဲ ဘဝအဓိပ္ပာယ်နဲ့သူတို့ကို သူတို့ရှာတွေ့သွားကြမှာလားဆိုတာကို ဇာတ်လမ်းမှာ ကြည့်ကြည့်လိုက်ပါ (ဘာသာပြန်သူကတော့ အဉ္ဇလီ သန်းထိုက် ပါ) ------------------------------------------------------------ ဒီကားဟာ ဘာသာပြန်သူအရမ်းကြိုက်တဲ့ ဇာတ်ကားပါ ဒီဇာတ်ကားကနေ ဘ၀အတွက် အတွေးတစ်ခုခုရမယ်ဆိုတာ အသေအချာပါပဲ ကင်ဆာရောဂါသည်တွေဖြစ်တဲ့ ဘီလီယံနာ အက်တ်ဝေါ့ကိုးလ် နဲ့ စက်ပြင်ဆရာ ကတ်တာချိန်ဘာတို့ဟာ ဆေးရုံခန်းတစ်ခန်းထဲ တူတူမနေရခင်အထိ လုံးဝသူစိမ်းနှစ်ယောက်ပါပဲ သူတို့ဟာ သူတို့ကိုယ်သူတို့ရှာတွေ့ဖို့နဲ့သူတို့မသေခင် လုပ်ချင်တာတွေ လုပ်သွားဖို့ ဆန္ဒကြောင့် ဆရာဝန်တွေတားတာတောင်မမှုပဲ ဆေးရုံက ထွက်သွားပြီး ဘယ်လိုတွေ စွန့်စားကြလဲ ဘ၀အဓိပ္ပာယ်နဲ့သူတို့ကို သူတို့ရှာတွေ့သွားကြမှာလားဆိုတာကို ဇာတ်လမ်းမှာ ကြည့်ကြည့်လိုက်ပါ (ဘာသာပြန်သူကတော့ အဉ္ဇလီ သန်းထိုက် ပါ) File Size : (700 MB) Quality : 720pBluray Running Time : 1hr ...
movie
The Bucket List (2007)
2007
7.8
Misery (1990)
စာရေးဆရာကြီး Stephen Kingရဲ့ Miseryဝတ္ထုကိုပြန်ရိုက်ထားတဒီရုပ်ရှင်ဟာ Horrorရုပ်ရှင်တွေထဲမှာတော့ပြောစမှတ်တွင်ခဲ့တဲ့ရုပ်ရှင်ပါ။ဒီဇာတ်ကားထဲက စိတ္တဇအမျိုးသမီးကြီးနေရာကသရုပ်ဆောင်တဲ့မင်းသမီးကြီး Kathy Batesလဲ ဒီဇာတ်ကားနဲ့ပဲ အော်စကာဆု၊ရွှေကမ္ဘာလုံးဆုတွေ ရခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်း >>>>စာရေးဆရာ ပေါလ်ရှယ်ဒန်က မစ္စရီဆိုတဲ့အမျိုးသမီးဇာတ်ကောင်အကြောင်း အသားပေးရေးထားတဲ့လုံးချင်းဝတ္ထုတွဲတွေနဲ့ လူကြိုက်များအောင်မြင်တဲ့စာရေးဆရာကြီးတစ်ယောက်ပေါ့။ဒါပေမယ့် ကြာလာတော့ မစ္စရီအကြောင်းရေးရတာငြီးငွေ့လာလို့ ပေါလ်ရှယ်ဒန်က သူ့ရဲ့နောက်ဆုံးထွက်မစ္စရီဝတ္ထုမှာ မစ္စရီဇာတ်ကောင်ကို သတ်ပစ်လိုက်တယ်။ပြီးတော့သူ့ရဲ့ ဝတ္ထုအသစ်ကို လူသူမနီးတဲ့ဟိုတယ်လေးမှာသွားရေးနေတုန်း သူ့သမီးလေးမွေးနေ့အတွက်နယူးယောက်ကိုပြန်အလာမှာ နှင်းမုန်တိုင်းမိပြီးကားမှောက်သွားခဲ့တယ်။ခြေတွေလက်တွေနံရိုးတွေကျိုးပြီး နှင်းမုန်တိုင်းထဲမှာသတိလစ်ပြီးသေစစဖြစ်နေတဲ့ သူ့ကို အန်နီဝစ်ဆိုတဲ့မိန်းမကြီးကကယ်ဆယ်ပေးခဲ့ပါတယ်။သတိရလာတော့ သူ့ကိုကယ်ခဲ့တဲ့အန်နီဝစ်ကသူနာပြုဟောင်းတစ်ယောက်ဖြစ်တဲ့အပြင်သူ့ရဲ့မစ္စရီဝတ္ထုတွေကိုအရူးအမူးစွဲလမ်းအားပေးတဲ့အကြီးစားပရိတ်သတ်တစ်ယောက် ဖြစ်နေတာကြောင့်စိတ်သက်သာရာရခဲ့ပေမယ့်လဲ....စာရေးဆရာဟာ တဖြေးဖြေးနဲ့ဆိုသလိုအန်နီဝစ်ရဲ့ပုံမှန်မဟုတ်တဲ့အပြုအမူတွေကိုသတိထားမိလာပါတယ်။ဒါ့အပြင် အန်နီဝစ်ဟာ မစ္စရီဇာတ်ကောင်ကိုပုံမှန်ထက်ပိုပြီးချစ်ခင်စွဲလမ်းနေတာကိုလဲသတိထားမိလာပြီး...နောက်ဆုံးထွက်မစ္စရီစာအုပ်မှာမစ္စရီသေသွားတာကို အန်နီဝစ်တစ်ယောက်သိသွားချိန်မှာ...ဒီဇာတ်ကားဟာ သွေးသံရဲရဲအခန်းတွေကြမ်းတမ်းတဲ့အသုံးအနှုံးတွေ ပါဝင်တာကြောင့်R ratedသတ်မှတ်ထားပါတယ်။Horrorရုပ်ရှင်တွေ မကြိုက်ရင်တောင်ဒီကားက Horror,Drama,psycho thrillerအချိုးကျကျပေါင်းစပ်ထားပြီး Kathy Batesရဲ့လက်ဖျားခါလောက်တဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့်ကြည့်ကိုကြည့်သင့်ပါတယ်။ယုတ္တိမရှိ ပေါပေါပဲပဲ jump scareတွေတစ်ကွက်မှမပါပဲကြည့်ရတဲ့သူကို ရင်တလှပ်လှပ်ဖြစ်စေမှာပါ။ဒါကြောင့် Horrorရုပ်ရှင်တွေကိုမြတ်နိူးသူတွေအဖို့Miseryဟာလုံးဝစိတ်ပျက်စေရမှာမဟုတ်ကြောင်း ကတိပေးလိုက်ရပါတယ်ဒီရုပ်ရှင်ကားကို Kaung Khant Win က ဘာသာပြန်ပေးထားပြီးအညွှန်းကိုလဲကိုယ်တိုင်ရေးပေးထားပါတယ်
movie
Misery (1990)
1990
6.7
Gangster Squad
Gangster Squad (2013)_____IMDb - 6.7/10 ဒုတိယကမ္ဘာစစ်ပြီးတော့ အမေရီကန်ဟာ ကိုရီးယားပြည်တွင်းစစ်ကို ဝင်ပါတယ် ၊ နောက်ကျူးဘားအရေးကြောင့် ရုရှားနဲ့ စစ်ဖြစ်မလိုလိုအထိ ဖြစ်ခဲ့တယ် ။ ပြည်ပအရေးတွေ ဝင်ရောက်စွက်ဖက်တာများလာတယ် ပြီးတော့ ကမ္ဘာစစ်ဒဏ်ကိုလည်း တော်တော်ထိထားတော့ မိမိ ပြည်တွင်းအုပ်ချုပ်ရေးဘက်ကို ကောင်းကောင်းမလှည့်ကြည့်နိုင်တော့ဘူး ။ အဲသလိုတွေ ပြည်တွင်း အုပ်ချုပ်ရေးဘက် ပေါ့လျော့ခဲ့လို့ အမေရီကန်ပြည်သူတွေဟာ လူဆိုးဂိုဏ်းတွေရဲ့ ဒုက္ခပေးခြင်းကို တော်တော်ခံခဲ့ရတယ် ။ ဂျွန်ဒီလင်ဂျာလို ပြည့်သူရန်သူ နံပါတ်-၁ လို့ ကြေငြာရတဲ့အထိ လူဆိုးတွေ ပေါ်ထွက်လာတယ် ။ ဒီရုပ်ရှင်က ၁၉၄၉ ခုနှစ် အမေရီကန်ရဲဌာနတွေ ၊ တရားရေးဌာနတွေ အကျင့်ပျက်ခြစားပြီး မကောင်းမှုပြုရာတွေကို အခြေခံပြီး ရိုက်ကူးထားတယ် ။ လော့အိန်ဂျလိစ်မြို့မှာ လောင်းကစားရုံ ၊ ပြည့်တန်ဆာအိမ် ၊ မူးယစ်ဆေးအရောင်းအဝယ်စသဖြင့် မကောင်းမှုမှန်သမျှအကုန်လုံး ထိန်းချုပ် လုပ်ကိုင်နေတဲ့ ဂိုဏ်းစတား တစ်ယောက်ရှိတယ် ။ သူက အရင်တုန်းက ...
movie
Gangster Squad
2013
5.7
Poseidon (2006)
Poseidon (2006)______IMDb - 5.7/10ခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Poseidon ဆိုတဲ့ဇာတ်ကားလေးပါ ။ MS Poseidon ဆိုတဲ့ အပျော်စီးသင်္ဘောဟာ အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်သန်းနေခဲ့ပါတယ် ။ ဒီသင်္ဘောပေါ်မှာ အရင်က နယူးရော့ခ်မြို့အုပ်ဟောင်းဖြစ်ခဲ့တဲ့ ရောဘတ်ရယ် ၊ သူ့သမီးဂျနီဖာရယ် ဂျနီဖာရဲ့ကောင်လေးခရစ်ရှန်ရယ် လိုက်ပါလာခဲ့ကြပါတယ် ။ သင်္ဘောပေါ်မှာ နှစ်သစ်ကူးပွဲတော်ကျင်းပနေချိန်မှာ ပင်လယ်ပြင်တစ်နေရာကို ဗဟိုပြုပြီး ငလျင်လှုပ်ရာကနေ ကြီးမားလှတဲ့ ဆူနာမီ လှိုင်းလုံးကြီးကြောင့် သင်္ဘောဟာ တိမ်းမှောက်ခဲ့ရပါတယ် ။ အားလုံးနီးပါးသေဆုံးပြီး အသက်ရှင်ကျန်ရစ်သူ ခြောက်ယောက်ရှိခဲ့ပါတယ် ။ သူတို့ဟာ သူတို့အသက်ဆက်ရှင်နိုင်ဖို့ ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ ကြိုးစားကြပါတယ် ။ သူတို့တွေ နောက်ဆုံးမှာ အသက်ဆက်ရှင်ကြမလား ၊ ကယ်ဆယ်မယ့်သူတွေနဲ့ရော တွေ့ရပါ့မလားဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးပါလို့ ညွှန်းပေးချင်ပါတယ် ။ ဒီရုပ်ရှင်မှာ လူသားဆန်မှု ၊ တစ်ကိုယ်ကောင်းဆန်မှုတွေကို တွေ့ရပြီး အသက်နဲ့ မေတ္တာတရား တကယ်တမ်း ယှဉ်ပြိုင်လာတဲ့အခါမှာတော့ .......... (ဘာသာပြန်သူကတော့ ကိုစည်သူထက်ပါ)File Size : (701 MB) Quality : Bluray ...
movie
Poseidon (2006)
2006