Channel Myanmar

Ki-duk Kim

Spring, Summer, Fall, Winter… and Spring (2003) 8.0
Spring, Summer, Fall, Winter… and Spring (2003) Spring, Summer, Fall, Winter... and Spring (2003)====================================IMDb Rating - 8.0/10#Unicodeဒီနေ့မှာ ဒီနှစ်မှာ ဒီဘ၀မှာ ကြုံရတဲ့ဒုက္ခဝေဒနာသံသရာလို့ ခင်ဗျားတို့ခေါ်ကြတဲ့ ထပ်ဖန်တလဲလဲဖြစ်ပျက်တဲ့ သဘောတရားအတိုင်း ဖြစ်ပျက်နေမယ်ဆိုရင် ဒီဒုက္ခတွေဟာ ရင်ဆိုင်နိုင်စရာရှိပါ့မလား။နွေကန္တာဦးကိုဖြတ်သန်းပြီးတဲ့အခါ ဂိမာနနွေဂိမာနနွေကိုကျော်လွန်သွားတဲ့အခါ ရွက်ကြွေဆောင်းဦး ဆောင်းဦးကိုကျော်လွန်သွားတဲ့အခါ ဟေမန္တဆောင်းပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း ဒွန်တွဲလို့ ဒီအရာတွေအားလုံးကို ကျော်လွန်ပြီးသွားတဲ့အခါ နွေကန္တာဦးဟာ ပြန်မွေးဖွားလာပြန်တယ်။အဆုံးမသတ်တတ်တဲ့ သဘောသဘာ၀ရှိပါတဲ့ ဒီသံသရာကြီးမှာ ကျွန်တော်တို့ ခြေလှမ်းတွေနဲ့ထပ်ကြပ်မကွာ အပြစ်၀န်တွေဟာ လေးလံလှစွာ ပါလာတယ်။နွေဦးပြ‌ီးတော့နွေ နွေပြီးတော့ဆောင်းဦ; ဆောင်းဦးပြီးတော့ဆောင်း ဆောင်းပြီးတော့နွေ အားလုံးဟာ ဒီအပြစ်၀န်တွေကို သယ်ကာပိုးကာနဲ့ ရှေ့ဆက်ကြရဦးမယ်။ကဗျာဟောင်းကလေးထဲကလိုဆိုရရင် မာယာတွေရစ်သိုင်းထားတဲ့ လောကဓံတရားရဲ့အောက်မှာ ဘယ်လူသားကမှတော့ ဒဏ်ရာနဲ့ မကင်းခဲ့ပါဘူး။ ကျွန်တော်တို့သယ်ပိုးထားရတဲ့ ဒဏ်ရာတွေကို လွှတ်ချဖို့ အဖြေက အချိန်ပါပဲ။ အချိန်ဟာ အရာအားလုံးရဲ့ အဖြေပါပဲ။ဒီအရာတွေ ဘယ်အချိန်မှာရပ်သွားမလဲ ဒီရင်ထဲမှာချည်နှောင်ထားတဲ့အပြစ်၀န်တွေကို ဘယ်လိုဖြေချရမလဲ ဆိုတဲ့အဖြေကတော့ ကိုယ်တိုင်ရဲ့ ရင်ထဲမှာပဲရှာရမယ်။အဖြေမရှာနိုင်‌သေးသမျှတော့ ...
movie

Spring, Summer, Fall, Winter… and Spring (2003)

2003
3 IRON (2004) 8.1
3 IRON (2004)   ဆိုက်ကို ဆန်ဆန် ကိုရီးယားဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ထူခြားတာက ဒီဇာတ်ကားထဲမှာ မင်းသားက စကားတစ်ခွန်းမှပြောမသွားတာပဲ (ဘာသာပြန်ရတာသက်သာတာပေါ့????????) သူက ဆိုင်ကယ်တစ်စီးနဲ့ ပန်းဖလက်တွေကို အိမ်တွေရဲ့ သော့ပေါက်တွေမှာလိုက်ကပ်တယ် ပြီးတော့ ညကြမှလာပြန်ကြည့် ပန်းဖလက် မကွာသေးတဲ့ အိမ်တွေဆို သော့တုနဲ့ဖွင့်ပြီး အိမ်ထဲကိုဝင် စားစရာရှိတာချက်ပြုတ်စား၊ ရေချိုး၊ ရုပ်ရှင်ကြည့်၊ ပျက်နေတဲ့ ပစ္စည်းတွေတွေ့ရင်ပြင်၊ အမြင်မတော်တာတွေကောက်သိမ်း၊ အဝတ်တွေလျော် သူအိမ်လိုပဲနေတယ် ပြီးရင် ဘာပစ္စည်းမှမယူပဲ ဒီအတိုင်းပြန်ထွက်သွားတယ် တစ်ရက်ကျတော့ လူမရှိဘူးထင်ပြီး သူဖောက်ဝင်ခဲ့တဲ့ အိမ်ထဲမှာ အတင်းအကျပ်လက်ထပ်ယူထားပြီး နှိပ်စက်ခံထားရတဲ့ မိန်းမတစ်ယောက်နဲ့သွားဆုံတယ် ပြီးတော့ အဲ့မိန်းကလေးကို နှိက်စက်နေတဲ့သူကို ဂေါက်သီးနဲ့ တည်ရိုက်ပြီးတော့ ထွက်လာတော့ အဲ့မိန်းမကလဲ လိုက်လာတယ် ဒီလိုနဲ့ သူတို့နှစ်ယောက် တစ်အိမ်ပြီးတစ်အိမ် လိုက်ဖောက်ပြီးနေနေရင်းနဲ့မှ ကြိုက်သွားကြတယ်ပေါ့ဗျ တစ်နေ့ကြတော့ သူတို့ ဖောက်ဝင်တဲ့ အိမ်ထဲမှာ သေဆုံးနေတဲ့ အဖိုးကြီးတစ်ယောက်ကို တွေ့တဲ့အခါ သူတို့ ဘာတွေဆက်လုပ်ကြမလဲ....? ဒီဇာတ်ကားကတော့ ကျော်ကိုယ်တိုင် ကြည့်ဖူးသမျှ ကိုရီးယားကားတွေထဲက အကြိုက်ဆုံးဇာတ်ကားပါ ဇာတ်အိမ်က နားထောင်ကြည့်ရင် ပျင်းစရာကြီးဆိုပေမယ့် ဇာတ်ကားပြီးတြ့အထိ ကောင်းကောင်းဆွဲဆောင်သွားနိုင်တဲ့ ကားပါ 2004 တုန်းကထွက်ထားတာဖြစ်ပြီး IMDb 8.1 အထိရထားတဲ့ ဇာတ်ကားလေးပါ ဇာတ်ကားဆန်းဆန်းလေးတွေ ကြည့်ချင်တဲ့လူတွေ အကြိုက်တွေ့ကြမှာပါ ...
movie

3 IRON (2004)

2004
(18+)  Isle (2000) 7.1
(18+) Isle (2000) အချစ်ဟာ လူကိုစိတ္တဇဖြစ်စေတယ်ဆိုရင်ယုံမလား ရေပေါ်'တဲ'တွေဆီအပန်းဖြေမို့လာတဲ့ကောင်လေးကို လှေမောင်းတဲ့ကောင်မလေးကချစ်မိခဲ့ပါတယ်... အရူးအမူးကိုချစ်မိသွားတာပါ...ဒါဆိုရင်ခဏကအချစ်ဟာလူကိုစိတ္တဇဖြစ်သွားစေလားဆိုတာလေးကသက်ရောက်လို့လာပါပြီး...... အဲဒီမှာကောင်လေးရဲ့ချစ်သူကရောက်လာပြီး... ကောင်လေးနဲ့သူ့ချစ်သူကောင်မလေးကိုချစ်နေကြတာကို ဝန်တိုနေတဲ့လှေသမားမိန်းမက ကောင်လေးရဲ့ချစ်သူကိုဖမ်းချုပ်ပြီးလှောင်ထားလိုက်ပါတယ်....ဒါကလည်းသူကောင်လေးကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့အတွက်ပါ....အချစ်ဆိုတာကလည်းလေထုထည်တစ်ခုလိုပါပဲ.. ဖမ်းယူကိုင်ဆုတ်လို့်မရပေမဲ့..သူမရှိရင်လည်း လူသားတွေမနေနိုင်ကြပြန်ဘူးလေ...ကြာလာတော့ အချစ်ကလူကိုစေလိုရာလုပ်နိုင်တဲ့ရုပ်သေးတစ်ခုလိုဖြစ်လာတယ်..ဒီဇတ်လမ်းကလည်းအဲ့လိုပါးပါးလေးပုတ်ပြထားတဲ့သဘောပါပဲ... ကဲဗျာ..ထုံးစံအတိုင်းညွန်းလွန်းပြန်ရင်လည်းဇတ်ရှိန်ပြတ်သွားမှာစိုးတဲ့အတွက်...အညွန်းကိုဒီလောက်နဲ့ရပ်နားပြီး...Imdb7.1ထိရရှိထားတဲ့ကားလေးကို ဘယ်လိုပုံဖော်ထားလဲဆိုတာခံစားကြပါစို့လား...ထွက်တဲ့ စာဖိုင်ထဲက အကောင်းဆုံးဖြစ်တာနဲ့ ရွေးပြန်ထားပေးပေမယ့် လိုအပ်ချက်များရှိပါက နားလည်ပေးကြပါFile Size : 770 MB Quality : Blu ray 720P Running Time : 1hr 30 minute Format : Mp4 Genre : Drama,Thriller Encoder : Joker.phs Download And watch With Pcloud Link Full HD Download And watch Pcloud Link Small File Size (ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ John La Yaungပဲ ဖြစ်ပါတယ်)@joker
movie

(18+) Isle (2000)

2000