Channel Myanmar

Martin McDonagh

Seven Psychopaths (2012) 7.2
Seven Psychopaths (2012) Seven Psychopaths (2012) ဆိုတဲ့ Comedy, Crimeဇာတ်ကားလေးကတော့ ရယ်ရသလို ကြည့်လို့လဲကောင်းပါတယ်။နက်နက်နဲနဲတွေးချင်ရင်လည်း ရပါသေးတယ်။ ဒီဇာတ်ကားကိုကျွန်တော့်ဉာဏ်လေးမတောက် တခေါက်နဲ့ ညွှန်းလိုက်ရင်ပေါ့သွားမှာ ဆိုးလို့ကောင်းတယ်၊ရယ်ရတယ် ဒီလောက်ပဲညွှန်းပါရစေ။ ဇာတ်လမ်းအကျဉ်းကတော့အရူး ၇ ယောက်အကြောင်းကို ဇာတ််လမ်းရေးမယ့် စာရေးဆရာအရက်သမားတစ်ယောက် ဇာတ်လမ်း စဉ်းစားရကြပ်နေပါတယ်။နောက်တော့ ခွေးကို ပြန်ပေးဆွဲနေတဲ့ သူ့သူငယ်ချင်းနှစ်ယောက်နဲ့ အတူဇာတ်ရှုပ်တစ်ခုထဲကို ဝင်မိကြပါတယ်။ အဲဒီမှာ သူ့ဇာတ်လမ်းအတွက်အရူးတွေကို ထပ်တွေ့လာပြီး သူ့သူငယ်ချင်းနှစ်ယောက်က သူ့ဇာတ်လမ်းကိုဘယ်လိုကူရေးပေးကြမလဲ ကြည့်ရမှာပါ။ Rating တွေကလည်း ကောင်းပါတယ်။IMDB 7.2 ရှိပြီး Rotten Tomatoes 82% ရရှိထားပါတယ်။Translated & Review By D3monEncoded By LK
movie

Seven Psychopaths (2012)

2012
In Bruges (2008) 7.9
In Bruges (2008) In Bruges (2008) IMDb - 7.9/10_____Rotten - 84%    ဒီကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာက   Martin McDonagh  ဖြစ်ပါတယ်...တစ်လောတုန်းက  အော်စကာ (၂)ဆုရခဲ့တဲ့ Three Billboards ကားကို ရိုက်ကူးခဲ့တာ အတော်များများသိပြီးသားဖြစ်ပါလိမ့်မယ် ...နောက်ပြီးတော့ ဒီကားရဲ့ ဟန်ပန်ဟာ Pulp fiction (1994) လို ကားမျိုးပါပဲ... Pulp fiction လောက် ဇာတ်ကောင်မများသလို သိပ်လည်းမရှုတ်ထွေးပါဘူး... သို့ပေမယ့် ဒီကားမဒေါင်းခင် ဒါရိုက်တာက  Martin McDonagh  ဆိုတာရယ်  Pulp fiction (1994) နဲ့ ဟန်ပန်အနည်းငယ်တူတာရယ်ဆိုတော့ တစ်ချို့သူတွေအတွက်တော့ အနည်းငယ်ဆင်ခြင်စေချင်ပါတယ်.... ကြေးစားလူမိုက်လောကကိုစဝင်တဲ့ ရေးဆိုတဲ့ လူတစ်ယောက်ရဲ့ ပထမဆုံးတာဝန်က  ခရစ်ယာန်ဘုန်းတော်ကြီးတစ်ယောက်ကိုသတ်ဖို့ပါပဲ... .သူ့အတွက်အခက်အခဲမရှိခဲ့ဘူး ..ပစ္စတိုနဲ့ အနီးပ် ပစ်လိုက်ရုံပဲ...သေချာသွားအောင်  ကျည်တောင့်တွေဆက်ပစ်သွင်းလိုက်တယ်... အဲ့ဒီမှာ ကျည်ဟာ  ခရစ်ယာန်ဘုန်းတော်ကြီးရဲ့ အသက်ကိုနှုတ်ယူရုံတင်မကဘူး ဘုန်းတော်ကြီးနောက်မှာရပ်နေတဲ့ ကလေးငယ်တစ်ယောက်ရဲ့ အသက်ကိုပါ နှုတ်ယူသွားတယ်...အပစ်ကင်းတဲ့ကလေးတစ်ယောက်အတွက် မနက်ဖြန်ဆိုတာ ချုပ်ငြိမ်းသွားတယ်... .ဒီဖြစ်ရပ်ကြောင့် လူသတ်ဖို့ခိုင်းတဲ့အလုပ်ရှင်ဟာ ရေးနဲ့ သူ့သူသယ်ချင်းဖြစ်သူ ကန် ကို ဘယ်ဂျီယံရဲ့ ဘရုချ်ဆိုတဲ့မြို့လေးတစ်မြို့ကိုတိမ်းရှောင်ခိုင်းလိုက်တယ်.. .. ဒီကားက ဇာတ်ကောင်(၃)ယောက်ဖြစ်တဲ့ ရေး၊ကန်နဲ့ ...
movie

In Bruges (2008)

2008
Three Billboards Outside Ebbing, Missouri (2017) 8.2
Three Billboards Outside Ebbing, Missouri (2017) Three Billboards Outside Ebbing, Missouri (2017)   IMDb - 8.2/10________Rotten - 90%   Won 2 Oscars. Another 130 wins & 226 nominationsလက်သည်မပေါ်တဲ့ လူသတ်မှု တွေက ကမ္ဘာအနှံ့မှာ ရှိနေရစ်ပြီးသားပဲ။လူပြတ်တဲ့လမ်းမတစ်နေရာမှာ ဒဏ်ရာဗလပွနဲ့ သေဆုံးနေတာတို့။ရေအိုင်ကလေးထဲက ပေါလောပေါ်လာမှ သေဆုံးမှန်းသိနေတာတို့။အချို့နေရာမှာတော့ နေရာကာလကို အခွင့်ကောင်းယူပြီး အမျိုးသမီးတွေကို မုဒိန်းကျင့်သတ်ဖြတ်တာမျိုးတွေပေါ့။ဗီဇအမျိုးမျိုးနဲ့ ဖြစ်တည်လာကြတဲ့ လူအဖွဲ့အစည်းအရ ဒီလို ဖြစ်ပျက်မှု တွေဟာ နေရာအနှံ့အပြားမှာ ရှိနေဦးမှာပဲ။ထိုအခါမှာ ကျန်ရစ်သူတွေက ဒေါသတွေဖြစ်နာကျင်ခဲ့ရ ။သတ်ဖြတ်သူအပေါ်ကို ဒေါသတရားတွေနဲ့ အမျက်သိုပြီး နာကျင်ကျန်ရစ်ခဲ့ရတယ်။တကယ်ပဲ သတ်ဖြတ်သူကို ဖမ်းမိသွားပြန်ရင်ရော မိမိတို့ကာယကံရှင်တွေအနေနဲ့ ကျေနပ်နိုင်မှာ သေချာပါရဲ့လား။ဒီအချက်တွေဟာ လူအဖွဲ့အစည်းထဲမှာ နေထိုင်ကြသူတွေအတွက် မဖြစ်ခဲ့ရင်တော့ အကောင်းသားပေါ့။ဖြစ်များဖြစ်ခဲ့ရင်တော့ ရှောင်လွှဲလို့မရတဲ့ ဘေးထွက်ဆိုးကျို းတွေပဲ။လူအဖွဲ့အစည်းထဲက ယိုပေါက်နေတဲ့ ကင်ဆာဆဲလ်တွေဖြစ်တယ်။အနည်းဆုံးဖြစ်အောင် အားလုံးက ပူးပေါင်းဆောင်ရွက်မှသာလျှင် ဖြစ်ပျက်မှု တွေ ...
movie

Three Billboards Outside Ebbing, Missouri (2017)

2017