Channel Myanmar

Scott Walker

The Frozen Ground (2013) 6.4
The Frozen Ground (2013)    နီကိုလတ်ကေ့ဂ်ျပါဝင် သရုပ်ဆောင်ထားတဲ့ ဖြစ်ရပ်မှန် စိတ္တဇ လူသတ်သမားကား လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဆာဂျင်ဟော့ခ်(နီကိုလတ်ကေ့ဂ်ျ) ဟာအလက်စကာ မှာနေထိုင်တဲ့ ရဲတပ်သားတစ်ဦးဖြစ်ပါတယ်။တစ်ရက်မှာ စင်ဒီပေါလ်ဆန်ဆိုတဲ့ မိန်းကလေး တစ်ယောက်ကို သူ့အခန်းထဲမှာ လက်ထိပ်ခတ်နှိပ်စက်ထားတာကိုတွေ့ကျရပါတယ်။စင်ဒီက သူ့ကို ဒီလိုနှိပ်စက်ပြီး အဓမ္မပြုကျင့်သွားသူဟာ ရောဘတ် ဟန်ဆန် ဖြစ်တယ်လို့ ပြောခဲ့ပါတယ် ဒါပေမဲ့ ရောဘတ်ဟာ အများလေးစားရတဲ့ သားမယားနဲ့ နေတဲ့ သူဖြစ်တာကြောင့် ရဲတွေက အယုံအကြည် မရှိခဲ့ပါဘူး စင်ဒီလဲ အရင်လို လမ်းပေါ်မှာ တေလေ နေပါတော့တယ်။ အဲ့နောက်မှာ အဲ့နောက်မှာဆာဂျင် ဟော့ခ်ဟာ မိန်းကလေး ခုနှစ်ယောက် အသတ်ခံရတဲ့ အမှု့ကို ကိုင်တွယ်ပါတော့တယ်။စင်ဒီရဲ့အမှု့ကို လည်း စုံထောက်တစ်ယောက်က ဆာဂျင်ဟော့ခ်ဆီကို ပို့ပေးလိုက်ပါတယ်။ဒီလိုနဲ့ ရောဘတ် ဟန်ဆန်ဟာ ဒီအမှု့တွေရဲ့ တရားခံဆိုတာ ဆာဂျင်ဟော့ခ်က ယုံကြည်သွားခဲ့ပါတယ်။ဒါပေမဲ့ သက်သေအထောက်အထားတွေလက်ဆုပ်လက်ကိုင် ပြစရာ မရှိသေးပါဘူး။သက်သေ အထောက်အထားတွရဖို့ ဆာဂျင်ဟော့ခ်က စင်ဒီ့ဆီက အကူအညီကို ရယူမှဖြစ်မှာပါ။ဒါပေမဲ့ အရင်ဆုံးစင်ဒီ့ဆီက ယုံကြည်မှု့ကို ရဖို့လိုပါတယ်။ဆာဂျင်ဟော့ခ်. တစ်ယောက် စင်ဒီ့ဆီက ယုံကြည်မှု့ရအောင်ဘယ်လို ...
movie

The Frozen Ground (2013)

2013