Channel Myanmar

Vikramaditya Motwane

Bhavesh Joshi Superhero (2018) 7.7
Bhavesh Joshi Superhero (2018) ဒီကား​လေးက​တော့ rating 7.7ထိရရှိထားတဲ့ Bollywood Action, dramaဇာတ်​ကား​လေး ဖြစ်​ပါတယ်​ဇာတ်​ကားအစမှာ​တော့ Ra-oneကား​လေးအ​ကြောင်း စ​ပြောထားတာ​ပေါ့Ra-oneကား​လေး အားလုံးကြည့်​ဖူးကြတယ်​မလားမကြည့်​ဖူး​သေးရင်​ ဆက်​ဆက်​ကြည့်​လိုက်​ပါလို့ တိုက်​တွန်းပါရ​စေ​နော်​ဒီကားလေးကတော့နိုင်ငံရေးဆန်ပါတယ်တိုင်းပြည်ကြီးကလာဘ်စားမှုတွေပြည့်နေတဲ့သကာလပေါ့အစိုးရရုံးတွေမှာဘာသွားလုပ်လုပ်ငွေမပေးရင် ဘာမှမလုပ်ပေးဘဲရစ်နေတဲ့အချိန်အဲ့မှာ မင်းသားတို့၃ယောက်ကဒါတွေကိုစိတ်ကုန်ပြီး တိုင်းပြည်ကိုပြောင်းလဲမယ်ဆိုပြီး အစီစဉ်တွေဆွဲခဲ့တယ်ဒါပေမယ့်လည်း သူတို့အရာရာမှာ အားနည်းတာကြောင့်အစီစဉ်ဖြစ်မမြောက်ခဲ့ဘူးအဲ့တော့ရှေးရိုးစွဲတဲ့ပုံစံပဲလုပ်ရတာပေါ့  Robin hoodပုံစံလေ  ဝတ်စုံပြည့် မျက်နှာဖုံးနဲ့  ခပ်လန်းလန်းပစ္စည်းတွေသုံးမိုက်တယ်မလားအဲ့ထဲကရုံးတွေရစ်ချက်ဆိုပတ်စ်ပို့ထောက်ခံစာရဖို့ ၁လကျော်တယ်ပထမတစ်ခေါက်မင်းသားလာတယ်ကျွန်တော့်ကိုဒါလေးလုပ်ပေးပါတဲ့ မူရင်းဖိုင်လိုတယ် ဒီမှာပါမင်းရဲ့မွေးရပ်ကရုံးမှာ သွားလုပ်မှရမှာ အာ့နဲ့သွားလုပ်ရတယ်နောက်တစ်ခေါက်ပြန်လာတော့ ဆရာတောင်းထားတာရပြီဒါကိုလုပ်ဖို့ဆို မင်းအိမ်ကိုလိုက်စစ်ဆေးပြီး အတည်ပြုရမှာ  ပြုပြီးပြီလေဗျာ  မပြုရသေးပါဘူးအဲ့အရာရှိပြောတာတော့ မင်းအိမ်လာတော့သော့ခတ်ထားတယ်တဲ့  မခတ်ထားပါဘူးဗျကျွန်တော်နဲ့တွေ့ခဲ့ပါတယ်ရေတောင်ခပ်တိုက်လိုက်သေးတယ်ဟုတ်လား  ဘာရေလဲ ရေခဲရေ  အာ့ဆိုမင်းအိမ်မှာ ရေခဲသေတ္တာရှိတယ်ပေါ့  အဲ့လိုကိုရစ်တာဗျာနောက်ဘာတွေဆက်ဖြစ်မလဲသိချင်ရင်တော့ ဆက်ကြည့်လိုက်ပါတော့​နော်​ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Nandar Kyaw  ဖြစ်ပါတယ်) File Size : (1.2 GB) and (550 MB) Quality : WEB-DL 720p Running Time : 2h 34min Format : Mp4 Genre : Action, Drama Subtitle : Myanmar Subtitle ...
movie

Bhavesh Joshi Superhero (2018)

2018
Udaan(2010) 8.2
Udaan(2010) Udaan(2010)IMDb....8.2တစ်ချို့သောမိဘတွေဟာ သူတို့ရဲ့ချစ်ခြင်းမေတ္တာ၊သားသမီးအပေါ်ထားတဲ့ စေတနာ၊အကြင်နာတွေကို ကလေးအိပ်ပျော်သွားတဲ့အချိန်ရောက်မှ ခိုးနမ်းရင်း ပြကြတယ်...ဘာဖြစ်လို့ အဲ့ဒီလိုလုပ်ကြလဲမေးရင် သူတို့ရဲ့ပျော့ညံမှုကို သားသမီးတွေ မမြင်စေလိုတာရယ်တစ်ကြောင်း တစ်အားချစ်မှန်းသိရင်ကလေးကို ဆုံးမရခက်မှာစိုးရိမ်လို့ဆိုတဲ့စကားမျိုးဖြေကောင်းဖြေကြပါလိမ့်မယ်....မိဘတစ်ချို့ဟာ ကလေးစကားစပြောတတ်ပြီဟေ့ ဆိုတာနဲ့အများဆုံးဘာသင်လဲဆိုတော့ သားလေး သမီးလေး ကြီးလာရင်ဘာလုပ်မလဲဆိုတဲ့အမေးစကားကို ဆရာဝန်ကြီးလုပ်မယ်...အင်ဂျင်နီယာကြီးလုပ်မယ်ဆိုတဲ့အဖြေစကားပါပဲ....ဧည့်သည်တွေ ဆွေမျိုးတွေကြားထဲမှာ ဒီကလေးတွေရဲ့အဖြေဟာ ဂုဏ်ယူစရာဖြစ်ခဲ့သလိုအရွယ်ရောက်လာရင်လည်း ဒီလိုမျိုးတွေဖြစ်လာဖို့  ပြုစုပျိုးထောင်ပုံသွင်းကြတယ်...တစ်ချို့သောကလေးတွေအတွက် အဆင်ပြေပေမယ့် ၀ါသနာနဲ့နှလုံးသားရဲ့မြတ်နိုးရာလမ်းကြောင်းတစ်ခုကို ကိုယ်တိုင်ရှာဖွေတွေ့ရှိသွားတဲ့ကလေးတွေအတွက် အနာဂတ်ဟာ ဝေ၀ါးသွားတတ်တယ်....နားလည်ပေးနိုင်တဲ့မိဘမျိုးဆိုအဆင်ပြေပေမယ့် အတ္တအနည်းငယ်ကြီးတဲ့မိဘမျိုးရှိသူ ကလေးအတွက်တော့ လမ်းမှားတောင်ရောက်သွားနိုင်ပါတယ်....ဒီကားက အင်ဂျင်နီယာကြီးဖြစ်စေချင်တဲ့ မိဘနဲ့ စာရေးဆရာ ကဗျာဆရာဖြစ်ချင်တဲ့ သားတစ်ယောက်အကြောင်းရိုက်ပြထားတာပါ.....အိန္ဒိယရုပ်ရှင်တွေရဲ့အကောင်းဆုံး(၄၆)ကားစာရင်းထဲပါခဲ့သလို၊အကောင်းဆုံးရုပ်ရှင်ဆု၊အကောင်းဆုံးဇာတ်လမ်းဆု၊အကောင်းဆုံးဇာတ်ပို့ဆုနဲ့အခြေားဆုပေါင်းများစွာရရှိထားပါတယ်....ဒီကားမဒေါင်းခင်ကြိုပြောလိုတာက မင်းသမီးမပါသလို ခမ်းနားထည်ဝါတဲ့ အကတွေ သမီးရည်းစားအချစ်ခန်းတွေမပါဘူး....ပညာပေးကားတွေရိုက်တဲ့နေရာမှာ အိန္ဒိယကားတွေဟာ အဆန့်အတန်းရှိကြောင်းခင်ဗျားဟာဒီကားကြည့်ပြီးသတိထားမိသွားလိမ့်မယ်..အယ် အစကထဲက သတိထားမိပြီးသားဆိုရင်လည်း ခင်ဗျားတို့ကြိုက်တဲ့ အဆင့်အတန်းရှိပညာပေးကားစာရင်းမှာUdaan ဆိုတဲ့ကားကို စာရင်းထပ်သွင်းလိုက်မှာ ကျွန်တော်ရဲရဲကြီးအာမခံရဲတယ်....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Lyric Lynn Khant ဖြစ်ပါတယ်.....File Size…(900MB) and (400MB) Quality…BluRay 720p Format…mp4 Duration…02:14:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by  Lyric Lynn Khant
movie

Udaan(2010)

2010
Trapped(2017) 7.6
Trapped(2017)     ဒီကားလေးက IMDb 7.7​တောင်ရထားတဲ့ကားလေးဖြစ်ပါတယ်။ တစ်ခြားပုံမှန် အိန္ဒိယကားတွေကနေခွဲထွက်ရိုက်ကူးထားတဲ့ကားမျိုးလေးဖြစ်ပါတယ်။ ရှောယား ဆိုတဲ့ ကောင်လေးက ရုံးတစ်ရုံးမှာအလုပ်လုပ်နေတဲ့ နိုရီးဆိုတဲ့ ကောင်မလေးကို ကြိတ်ကြိုက်နေပါတယ်။ဒီလိုနဲ့ သူ့အချစ်ကို ဖွင့်ပြောတဲ့ အချိန်ကျမှာ နိုရီးကို မိဘတွေက သူတို့သဘောကျတဲ့ သူတွေနဲ့ လက်ထပ်ပေးတော့မယ်ဆိုတာ သိလိုက်ရပါတယ်။ဒါပေမဲ့ ရှောယားက သူ့ကို လက်ထပ်ဖို့ပဲ နိုရီးကိုပြောတာပေါ့။ အဲ့မှာနိုရီးကလည်းလက်ခံလိုက်တာပေါ့ ဒီတော့ သူတို့ လက်ထပ်ပြီးနေဖို့ အခန်းကို ရှောယားက ရှာရတော့တာပေါ့။အဲ့မှာပဲ အဆောင်ကိုတောင် သူငယ်ချင်းတွေနဲ့ စုနေရတဲ့ ရုံးဝန်ထမ်းလေးရှောယားတစ်ယောက် ဒုက္ခရောက်တော့တာပေါ့။ ဒီလိုနဲ့ ရှာရင်း နဲ့ ပွဲစားလူလိမ်တစ်ယောက်က လူနေခွင့်ပါမစ်တောင် မရသေးတဲ့ တိုက်ခန်းတစ်ခုကို ထိုးပေးပြီး ဂျင်းထဲ့တော့တာပေါ့။ ဒီလိုနဲ့ အခန်းတွေ ဘာတွေ သွားကြည့်ကျတဲ့ အခါမှာပဲ ရှောယားတစ်ယောက် အဲ့ အခန်းထဲမှာပဲ သော့ပိတ်မိနေပါတော့တယ်။ အစားအစာ မရှိ ရေမရှိ လျှပ်စစ်မီးတောင်မရှိတဲ့ အခန်းထဲကနေ ရှောယားတစ်ယောက် လွတ်မြောက်အောင် ဘယ်လို လုပ်မလဲ ... လွတ်ကော ...
movie

Trapped(2017)

2017