Channel Myanmar

Yimou Zhang

The Story of Qiu Ju (1992) 7.6
The Story of Qiu Ju (1992) The Story of Qiu Ju (1992)~ IMDb - 7.6/10, Rotten Tomatoes - 87% ~ဒီဇာတ်လမ်းက တော်တော်ရိုးရိုးရှင်းရှင်းပဲ။ ရိုးရှင်းလွန်းလို့ အနိမ့်အမြင့်တောင် ပါလှတယ်မဟုတ်ဘူး။ ဇာတ်အိမ်တည်ရာ ခုနှစ်ကလည်း ၁၉၉၂မှာပဲ တည်ထားတယ်။ ဇာတ်ကရှင်းရှင်းလေး။ ရွာသူကြီး ခေါ် ရွာခေါင်းဆောင်က ရွာကလူတစ်ယောက်ကို ထိုးကြိတ်ပြီး ဂွကြားကို ကန်ထည့်လိုက်တယ်။ အဲဒီလူရဲ့မိန်းမက မကျေမနပ်ဖြစ်ပြီး ရွာသူကြီးကို ပြန်တောင်းပန်ခိုင်းတယ်။ ရွာသူကြီးကလည်း မာနကြီးတဲ့လူဆိုတော့ မတောင်းပန်ဘူး။ အဲဒီမှာ အရာရှိတစ်ယောက်က ဝင်ရှင်းပေးတယ်။ ငွေတော့ရလိုက်တယ်။ တောင်းပန်စကားမရဘူး။ ဒီတော့ ဟိုမိန်းမက မကျေနပ်ဘူး။ ခရိုင်အဆင့် မြို့နယ်အဆင့် ရုံးတွေထိ တက်တိုင်တယ်။ ဒါပေမဲ့ အဖြေက အမြဲအတူတူပဲ။ နောက်ဆုံးကျ တရားခွင်အထိ တက်ပစ်တယ်။ ပြောရရင် အစိုးရအရာရှိတစ်ယောက်နဲ့ အရပ်သားမိန်းမတစ်ယောက် ပြည်မရဲ့ တရားဥပဒေအောက် ...
movie

The Story of Qiu Ju (1992)

1992
Shanghai Triad (1995) 7.1
Shanghai Triad (1995) Shanghai Triad (1995)~ IMDb - 7.1/10, RT - 90%, MyDramaList - 7.2/10 ~ပွဲဦးထွက်ကားဖြစ်တဲ့ Red Sorghum (1988) ကနေစပြီး သိပ်အတွဲညီလာတဲ့ ကျန်းရိမူနဲ့ ဂေါင်လီတို့ အတွဲအစပ်ဟာ ရိုက်သမျှကားတိုင်း တွဲရိုက်လာတာ ၁၉၉၀ရဲ့ Shanghai Triad မှာမှ နားသွားပါတယ်။ ဒီကြားထဲ ကျန်းကျိရီနဲ့ ၃ကားလောက်တွဲရိုက်ခဲ့သလို တခြားသရုပ်ဆောင်တွေနဲ့လည်း ရိုက်ဖြစ်ခဲ့တယ်။ Hero တို့ House of Flying Daggers တို့လို ဂေါင်လီနဲ့သူ တွဲရိုက်ခဲ့တဲ့တုန်းကရှိခဲ့တဲ့ သူ့မူလဟန်ကနေ နည်းနည်းကွဲထွက်တဲ့ဟန်နဲ့လည်းမြင်လာရသလို ကျွန်တော့်အတွက် သူ့မာစတာပိစ်အဖြစ်ဆုံးကားဖြစ်တဲ့ Hero ကိုလည်း ဟောင်ကောင်ရဲ့ Top Star တွေ သုံးပြီး ရိုက်ဖြစ်ခဲ့တယ်။ နောက်ပိုင်းတော့ ၁၆နှစ်အကြာ ၂၀၀၆မှာ ဂေါင်လီနဲ့ပြန်တွဲပြီး ချောင်ယွန်ဖတ်ကိုပါထည့်သုံးပြီး Curse ...
movie

Shanghai Triad (1995)

1995
Red Sorghum (1988) 7.3
Red Sorghum (1988) Red Sorghum (1988)~ IMDb - 7.3/10, Rotten Tomatoes - 85% ~ကျန်းရိမူရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်တဲ့ ဒီရုပ်ရှင်ဟာ တရုတ်စာရေးဆရာ Mo Yan ရဲ့ Red Sorghum ဝတ္တုထဲပါတဲ့ ဝတ္တုလတ်ငါးပုဒ်ထဲက ပထမ၂ပုဒ်ဖြစ်တဲ့ "Red Sorghum" နဲ့ "Sorghum Wine" ကို ပေါင်းပြီး ရိုက်ထားတယ်။ ဒီငါးပုဒ်လုံးက ဆက်တော့ဆက်နေပေမဲ့ တကယ်တမ်း စာရေးဆရာက မဂ္ဂဇင်းမှာ တစ်ပုဒ်ချင်းစီ ခွဲရေးခဲ့တဲ့ ဝတ္တုလတ်တွေဆိုတော့ ဝတ္တုလတ်၂ပုဒ်လို့ပြောရင်တော့ ပိုမှန်လိမ့်မယ်။ Red Sorghum ဟာ ကျန်းရိမူရဲ့ ပွဲဦးထွက်လက်ရာပေမဲ့ စီနီမာတိုဂရပ်ဖီကတော့ တော်တော်လေး ကြမ်းနေတာတော့ အံ့အားသင့်ဖို့ကောင်းတယ်‌ ပြောရမလိုလို မဆန်းသလိုလိုပါပဲ။ ဘာလို့ဆို ကျန်းရိမူဟာ ဒီကားမရိုက်ခင် စီနီမာတိုဂရပ်ဖာအနေနဲ့ ရုပ်ရှင်လောကမှာ အသက်မွေးဖူးတဲ့လူမို့ပါပဲ။ ဒါပေမဲ့ ဆန်းတာက ဒီကားဟာ ...
movie

Red Sorghum (1988)

1988
Ju Dou (1990) 7.6
Ju Dou (1990) Ju Dou (1990)~ IMDb - 7.6/10, Rotten Tomatoes - 100% ~ကျန်းရိမူဆိုတာနဲ့ သူ့ကနဦးကားတော်တော်များများကြည့်ဖူးတဲ့လူဆို အနီရဲရဲအရောင်တွေကိုပဲ ပြေးမြင်ကြမှာပါပဲ။ တရုတ်ကားတစ်ကားကြည့်လို့ စီနီမာတိုဂရပ်ဖီက Composition လည်း သာမန်မြင်နေကျတွေထက် ကျကျနနဖြစ်နေ၊ အရောင်အသုံးတွေကလည်း စုတ်ချက်ပြင်းပြင်းဆွဲထားသလိုတွေဖြစ်နေရင် သူ့ပဲပြေးမြင်မိကြမှာပဲ။ ကနဦးကားတွေမှာဆိုရင်တော့ ရဲရဲနီနီတွေပေါ့။ Red Sorghum, Ju Dou, To Live, Raise the Red Lantern တို့လိုကားတွေပေါ့။ နောက်ပိုင်းကားတွေမှာတော့ Shadow တို့၊ House of Flying Daggers တို့၊ Curse of the Golden Flower တို့၊ Hero တို့လို အသားပေးအရောင်ပြောင်းသွားတဲ့ကားတွေများပေမဲ့ အဲဒီအရောင်တွေမှာလည်း သူပြချင်တဲ့အရောင်ကိုပဲ တစ်စိုက်တစ်မတ်သုံးသွားတတ်တဲ့ သူ့ဟန်ကို မြင်နေရသေးတာပါပဲ။ ဆိုတော့ ကျန်းရိမူဆိုတာနဲ့ ...
movie

Ju Dou (1990)

1990
Snipers (2022) 6.8
Snipers (2022)  စစ်ပွဲတစ်ပွဲဆင်နွဲတဲ့အခါ သမိုင်းတွင်တဲ့ စစ်ပွဲများစွာရဲ့ စစ်သူရဲကောင်းတွေလည်းရှိသလို ဒီလိုစစ်ပွဲကြီးတွေအတွက် အထောက်အကူဖြစ်ဖို့ လူမသိသူမသိဆင်နွှဲခဲ့ရတဲ့ စစ်ပွဲလေးတွေထဲမှာ အသက်စွန့်တိုက်ပွဲဝင်ခဲ့ရတဲ့ သူရဲကောင်းရဲဘော်ပေါင်းများစွာလဲရှိပါတယ်အခု ဒီဇာတ်ကားလေးကတော့ စစ်ပွဲကြီးတစ်ခုက နိုင်ငံ့သူရဲကောင်းတွေကိုရိုက်ကူးပုံဖော်ထားတာမဟုတ်ဘဲ သမိုင်းမှာလည်းမပါ ဘယ်သူမှမသိတဲ့ချိုင့်ဝှမ်းလေးတစ်ခုမှာ ဖြစ်ခဲ့တဲ့ စစ်ပွဲလေးတစ်ခုက ရဲရင့်တဲ့ ရဲဘော်တွေရဲ့စိတ်ဓာတ်အားမာန်ကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ ၁၉၅၂ခု နှစ်ကို အခြေတည်ရိုက်ကူးထားတာပါလျှိုဝမ်ဝူဟာ တိုးတက်မှုနောက်ကျပြီး ပစ္စည်းကိရိယာအစုံအလင်မရှိတဲ့ တရုတ်လုပ်အားပေးစစ်တပ်မှာ အရမ်းတော်တဲ့ တပ်ကြပ်တစ်ယောက်ဖြစ်ပြီး အဖွဲ့ ၅တပ်ဖွဲ့ကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်တစ်နေ့မှာ သူတို့တပ်ရဲ့ သတင်းပေးလျန်လျန်ဆိုတဲ့ရဲဘော် ချုံခိုတိုက်ခံရပြီး အထက်က လျန်လျန်ကို သေသေရှင်ရှင် ပြန်ခေါ်ခဲ့ဖို့ တပ်ကြပ်လျှိုခေါင်းဆောင်တဲ့ အဖွဲ့ ၅ကို တာဝန်ပေးလိုက်ပါတယ် တစ်ဖက်မှာလည်း လျန်လျန်ကို ဓားစာခံထားပြီး လျှိုဝမ်ဝူကို ဖမ်းဖို့အမေရိကန်အထူးတပ်ဖွဲ့က အသင့်စောင့်နေချိန်မှာတော့...လက်နက်ခဲယမ်း ကိရိယာအစုံအလင်ရှိပြီး ကျွမ်းကျင်သူတွေကြီးပဲ ဖွဲ့စည်းထားတဲ့ အမေရိကန်တပ်ဖွဲ့ကို လျှိုဝမ်ဝူတို့တပ်ဖွဲ့ ၅ဘယ်လိုရင်ဆိုင်ကြမလဲနိုင်ငံ့အကျိုးကိုပဲရှေ့တန်းတင် သူတို့အသက်တွေကိုရင်း သူမတူတဲ့မျိုးချစ်စိတ်တွေနဲ့ သူတို့ရဲ့တာဝန်ကို ဘယ်လိုပြီးမြောက်အောင်ထမ်းဆောင်မှာလဲဆိုတာ ရဲသွေးရဲမာန်အပြည့်နဲ့ ဒီကားလေးမှာ စိတ်ဝင်စားဖွယ်ဆက်ကြည့်ကြရမှာပါနော် ...
movie

Snipers (2022)

Hero (2002) 7.9
Hero (2002) Hero (2002) IMDb - 7.9/10_____Rotten - 95%  Hero (2002) ………………… Hero (သူရဲကောင်း) ဆိုတာ ဘယ်လိုလူမျိုးတွေကို ရည်ညွှန်းပါသလဲ? တဦးတယောက်ကနေ ပြိုင်ဘက်အများကြီးကို အလဲထိုးအနိုင်ယူသူတွေကို ခေါ်ပါသလား? ကိုယ်ကျိုးကို မငဲ့ဘဲ အများအတွက် စွန့်လွှတ်စွန့်စားသူများကို ဆိုလိုပါသလား? Hero (2002 film) ကို ကြည့်ပြီးရင်တော့ အဖြေတခုခု ထွက်လာနိုင်ပါတယ်။ Hero ရုပ်ရှင်ကို စပြီးကြည့်ဖူးစက ယုတ္တိမတန်တဲ့ သာမန်တရုတ်သိုင်းကားတကားလို့ပဲ ထင်ခဲ့မိပါတယ်။ နောက်ကြောင်းက ခဏခဏပြန်ပြ၊ ဒီကြားထဲစိတ်ကူးထဲမှာပါ သိုင်းကွက်တွေထုတ်နဲ့ … အလေးအနက်မကြည့်မိခဲ့ပါဘူး။ နောက်ပိုင်းမှာ အော်စကာ ဆန်ကာတင်စာရင်းမှာ နိုင်ငံခြားဇာတ်ကားအနေနဲ့ ပါလာတော့မှ စိတ်ဝင်စားသွားလို့ သေချာပြန်ကြည့်ဖြစ်ပါတယ်။ စွမ်းအားလွန်သိုင်းကွက်တွေကို ဖယ်ပြီးကြည့်မယ်ဆိုရင် အနှစ်သာရရှိတဲ့ ဇာတ်ကားလို့မြင်မိပါတယ်။ဒီဇာတ်လမ်းမှာ ချင်မင်းဆက်ကို တည်ထောင်တဲ့ Qin Shi Huang ရဲ့ ဆင့်ခေါ်မှုနဲ့ အမည်မရှိဓားသမား (သုည)ဟာ နန်းတွင်းကို ဝင်ရောက်ခစားခဲ့ပါတယ်။ နန်းတွင်းကို ဝင်ရောက်ပြီး ဘုရင်ကြီးနဲ့ စကားပြောခွင့်ရဖို့အတွက် သုညဟာ ဘုရင်ကြီးရဲ့ အသက်အန္တရာယ်တွေကို ခြိမ်းခြောက်နေတဲ့ လူစွမ်းကောင်းသုံးယောက် (Long Sky, Flying Snow, Broken Sword) ကို နှိမ်နှင်းခဲ့ရတယ်လို့ ဆိုပါတယ်။ *Spoiler ...
movie

Hero (2002)

2002
Curse of the Golden Flower (2006) 7.0
Curse of the Golden Flower (2006) IMDb (7/10)Rotten Tomatoes (66%)StorylineAD 928 ခုနစ် တရုတ်ပြည် မှာပါ။ ပြည့်ရှင်ဘုရင်ကြီးက သိုင်းပညာနဲ့ နိုင်ငံရေးတွေမှာ တတ်ကျွမ်းသလောက် ရက်စက်ကြမ်းကြုတ်တဲ့သူလည်းဖြစ်တယ်။ သူ့မိဖုရားကြီးကို မချစ်လို့ သူသောက်နေကြ ဆေးရည်ထဲမှာ ကြာကြာသောက်ရင် ရူးသွားစေတဲ့ ပစ္စည်းတွေထည့်တိုက်ပြီး တဖြည်းဖြည်း အဆိပ်ခတ်လုပ်ကြံတယ်။ ဒါကို မိဖုရားကြီးနဲ့ စစ်တပ်ရဲ့ အကြီးအကဲတစ်ယောက်ဖြစ်တဲ့ ဒုတိယသားတော်တို့ သိသွားတဲ့အခါမှာတော့ အမေကို ရက်ရက်စက်စက် သတ်ဖို့ကြိုးစားနေတဲ့ အဖေကို ပန်းပွဲတော်ကျင်းပတဲ့အချိန်မှာ ရှင်းလင်းပြီး တိုင်းပြည်အာဏာလုဖို့ ဖြစ်လာပါတယ်။ အဲအပြင် တော်ဝင်မိသားစုတစ်ခုလုံးမှာလည်း တခြား အရှုပ်တော်ပုံတွေနဲ့ ရှုပ်ရှက်ခတ်ပြီး ထိန်းမရသိမ်းမရဖြစ်လာပါတော့တယ်။ … Review ဒီကားကို ကျော်အရင်ဆုံးကြည့်ဖူးတော့ ခုတ်တဲ့ထစ်တဲ့ အခန်းကလွဲလို့ ဘာကိုမှသဘောမကျခဲ့ပါဘူး။ ရုပ်ရှင်မကြည့်တတ်သေးတဲ့ အရွယ်ကိုး။ နောက်မှ စကားပြောခန်းတွေကိုလည်း စိတ်ဝင်စားပြီး ရုပ်ရှင်ကြည့်တတ်သလိုဖြစ်လာတော့မှ ပြန်ကြည့်မိတော့ အင်မတန်ကို လက်ရာမြောက်တဲ့ကားတစ်ကားဖြစ်နေပါတယ်။ ရုပ်ရှင်တစ်ကားလုံးရဲ့ 70% လောက်က နန်းတွင်းအဆောင်တွေထဲမှာတင် စကားပြောနေကြလို့ သာမန်အပျင်းပြေကြည့်မဲ့သူတွေအတွက်တော့ ...
movie

Curse of the Golden Flower (2006)

2006