Exit print mode Print Data A+ A- Undo all

Euphoria (2018)

It's Never Too Late
Euphoria (2018)Euphoria (2018)

Synopsis:

ဒီ Euphoria ဆိုတဲ့ Adventure, Drama ဇာတ်ကားကို 2017 Toronto International Film Festival မှာပြသခဲ့ပေမယ့် 2018ခုနှစ်မှ Digital Release အဖြစ်ထုတ်ဝေခဲ့တာပါ။

ဒီဇာတ်ကားကို ရိုက်ကူးတဲ့သူကတော့ အမျိုးသမီးဒါရိုက်တာ Lisa Langseth ဖြစ်ပြီး နာမည်ကျော်မင်းသမီးနှစ်ဦးက ခေါင်းဆောင်ပြီး ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

ပထမတစ်ယောက်ကတော့ The Danish Girl, Ex Machina နဲ့ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Tomb Raider ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးချော Alicia Vikander ဖြစ်ပြီး နောက်တစ်ယောက်ကတော့ Miss Peregrine’s Home for Peculiar Children, Casino Royale, 300: Rise of an Empire တို့နဲ့အတူ ပရိသတ်တော်တော်များများအကြိုက်တွေ့ခဲ့တဲ့မင်းသမီးကြီး Eva Green ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း
==========

Emilie နဲ့ Ines တို့ဟာ ညီအစ်မအရင်းတွေဖြစ်ပေမယ့် စိတ်ဓာတ်တွေကတော့ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့သူတွေပါ။

အစ်မဖြစ်သူ Emilie ဟာ စိတ်ခံစားလွယ်သူ ၀မ်းနည်းလွယ်သူဖြစ်ပြီးတော့ ညီမဖြစ်သူ Ines ကတော့ စိတ်ဓာတ်ခိုင်မာပြီး အရာရာကိုခပ်ပြတ်ပြတ်ရှိသူပဲဖြစ်ပါတယ်။

သူတို့ညီအစ်မနှစ်ဦးဟာ ကွဲကွာနေတာကြာပြီဖြစ်ပြီး တစ်ရက်မှာ Emilie က Ines ကို သူနဲ့ခရီးတစ်ခုအတူတူသွားဖို့ ပြောပါတယ်။

ပုံမှန်ဆို အဆက်အသွယ်တောင် မလုပ်တဲ့ Ines ဟာ မကြာသေးခင်ကမှ လုပ်ငန်းအဆင်မပြေဖြစ်ပြီး စိတ်ညစ်လျက်ရှိတာကြောင့် ဒီတစ်ခါမှာတော့ခရီးအတူသွားဖို့ သဘောတူပြီး အစ်မရှိရာကို လာခဲ့ပါတယ်။

ဒီလိုနဲ့သူတို့နှစ်ယောက် အတူစုံပြီး ခရီးကိုစတင်ထွက်ကြပါပြီ။

ဒီခရီးနဲ့ပတ်သတ်ပြီး ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာကို Ines ကတော့ လုံးဝမသိခဲ့ပါဘူး။

ဒီလို ဘုမသိဘမသိနဲ့ ခေါ်သွားတဲ့နောက်လိုက်လာခဲ့တဲ့ Ines တစ်ယောက် ခရီးဆုံးအရောက်မှာအစ်မဖြစ်သူ Emilie ရဲ့ ရည်ရွယ်ချက်အမှန်ကို သိသွားတဲ့အခါမှာတော့………။

ဒီဇာတ်ကားဟာ IMDb Rating 6 ရရှိထားပြီးတော့ ဇာတ်ကားတစ်ကားလုံးကို Dialouge အရမ်းဖောဖောသီသီကြီးမသုံးဘဲ
အပြနဲ့ပဲပုံဖော်ရိုက်ကူးထားပါတယ်။

လူသားတွေရဲ့အကျင့်စရိုက်ကို သရုပ်ဖော်ထားတာကလည်း တကယ်ပဲကောင်းမွန်ပါတယ်။

သင်ဟာ ၀ုန်းဒိုင်းကြဲဇာတ်ကားတွေကို ငြီးငွေ့နေသူ၊ အေးအေးဆေးဆေးဇာတ်ကားလေးတွေမှကြည့်ချင်တဲ့သူ၊ တွေးစရာပါတဲ့ဇာတ်ကားကိုမှ ကြိုက်နှစ်သက်သူ ဆိုရင်တော့ ဒီဇာတ်ကားကို လက်လွှတ်မခံသင့်ပါဘူး။

 

(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ)

 

File Size : (750 MB) 
Quality : WEB-DL 720p
Running Time : 1hr 44min
Format : Mp4
Genre : Adventure, Drama
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.WEB-DL.XviD.AC3-FGT
Translated by Myo Thant Kyaw
Encoded by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Euphoria
Director
Lisa Langseth
Stars
Adrian Lester, Alicia Vikander, Andreas Dubois, Charles Dance, Charlotte Rampling, Eva Green, Mark Stanley
Release Date
02 Feb 2018
Rated
N/A
Runtime
104 min
Awards
2 nominations.
Country
Sweden, Germany
Popularity
7.052032
Status
Released
ID IMDb.com
tt5698320
IMDB Rating
6.7
IMDB votes
334
ID Themoviedb.org
407440
TMDb Rating
7.7
TMDb votes
11