Channel Myanmar

Hachiko Monogatari (1987)

DramaFamily

IMDB: /10 votes

256938

Report error

ဟချိကိုရဲ့ဒိုင်ယာရီ

ကျွန်တော်မွေးရပ်မြေကအကိတဆိုတဲ့ဂျပန်နိုင်ငံကဒေ
သတစ်ခုကပါပဲကျွန်တော့်ကိုမွေးစားဖို့ဆိုပြီးတိုကျိုကလူ
တွေဆီပို့လိုက်ကြတယ်ဗျရထားစီးရတယ်ကျွန်တော်ကို
လှောင်အိမ်ထဲမှာအစာရယ်ရေရယ်ထည့်ပြီး၂ရက်
လောက်ကြာတဲ့ခရီးကိုသူတို့တွေထည့်လိုက်ကြတာပေါ့
ဗျာပင်ပန်းသလားမမေးပါနဲ့ဗျာရာသီဥတုကလည်းအေး
ရထားကလည်းဆောင့်လိုက်တာကျွန်တော်သတိတောင်
မေ့သွားခဲ့တယ်ဘယ်အချိန်တိုကျိုရောက်လာလဲဆိုတာ
တောင်ကျွန်တော်မသိတော့ပါဘူးအို့အို့နဲ့ကျွန်တော့်ကို
ခေါ်သံကြားမှကျွန်တော်နိးလာခဲ့တယ်ဆာလည်းအတော်ဆာနေပြီကိုးဗျကျွန်တော့်ရှေ့မှာနွားနို့ပန်ကန်က
သောက်ချင်စရာကြီးဗျအာ့နဲ့မစဉ်းစားတော့ပါဘူးဆာဆာနဲ့လွေးလိုက်တာပေါ့ကျွန်တော့်ကိုပြုံးကြည့်နေတဲ့
– [ ] နှုတ်ခမ်းမွေးစစနဲ့လူကြီးတစ်ယောက်သူ့အပြုံးကအေးချမ်းလိုက်တာကျွန်တော်မြင်မြင်ချင်းသိလိုက်ပြီသူကကျွန်တော့်ရဲ့သခင်ပါပဲသူကကျွန်တော့်ကိုဖတ်ထား
လိုက်တယ်ကျွန်တော့်ရင်ထဲနွေးထွေးသွားတယ်ကျွန်
တော့်ရဲ့အဖေလိုပဲခံစားရတယ်ဗျကျွန်တော့်ကိုမွေးထား
တဲ့လူကစိုက်ပျိုးရေးအင်ဂျင်နီယာတစ်ယောက်ပဲဗျသူ့နာ
မည်ကအုအဲနိုတဲ့မြို့မှာတော့သူ့ကိုမသိသူမရှိပါဘူးလေ
အဲဒီနောက်သူဟာကျွန်တော့်ရဲသခင်ဖြစ်လာတော့တာ
ပေါ့သူကကျွန်တော့်ကိုအတော်ချစ်ဆိုပဲဗျကျွန်တော့်ကို
သူ့သားအရင်းလိုပဲဘယ်သွားသွားခေါ်တယ်ကျွန်တော့်
အမွေးတွေထဲမှာကပ်နေတဲ့သန်းတွေကိုလည်းသူရှာပေးတယ်ရေလည်းတူတူချိုးကြတယ်ကျွန်တော်အရမ်းပျော်
တာပေါ့သူဟာကျွန်တော့်ဘဝအတွက်အရေးပါဆုံးလူ
တစ်ယောက်ပါပဲသူရုံးသွားရင်ဘူတာထိကျွန်တော်သူ့ကို
လိုက်ပို့တယ်ရုံးဆင်းရင်ကျွန်တော်သူ့ကိုဘူတာမှာသွား
ကြိုတယ်ကျွန်တော့်နာမည်ဟချိကိုဆိုတာလည်းသူပဲ
ပေးခဲ့တာပါတစ်နေ့သောညနေမှာတော့သူ့ကိုကျွန်တော်
စောင့်နေပေမဲ့သူပြန်မလာခဲ့ပါဘူးလူတွေပြောကြတာ
တော့မတော်တဆသူသေဆုံးသွားတယ်တဲ့သေတယ်
ဆိုတာဘာလဲခင်ဗျားတို့ကောသိလားကျွန်တော်က
တော့ဘယ်သိမှာလဲဗျာကျွန်တော်ယုံတယ်သူတစ်နေ့နေ့
ဒီဘူတာလေးကနေပဲပြန်လာမှာသူကျွန်တော့်ကိုအရမ်းချစ်တာကျွန်တော်သိတယ်လေသူ့ဇနီးကျွန်တော့်သခင်မ
ကတော့ကျွန်တော့်ကိုသူနဲ့အတူနေဖို့လာခေါ်ပါတယ်ဒါ
ပေမဲ့ကျွန်တော့်မသွားပါဘူးကျွန်တော့်မှာတာဝန်ရှိသေးတယ်ကျွန်တော့်သခင်ပြန်အလာကိုစောင့်ရမယ်လေနှစ်
တွေကြာပြီဗျကျွန်တော်စောင့်နေတာဒါပေမဲ့သခင်က
တော့ပြန်မလာသေးပါဘူးကျွန်တော်ဇွဲမလျော့ပါဘူးကြုံ
ရာစားသောက်နေထိုင်ရင်းသခင့်ကိုစောင့်နေတုန်းပါပဲ
ဒီနေ့တော့နှင်းတွေအရမ်းကျနေတယ်ကျွန်တော်အရမ်းချမ်းနေခဲ့ပါပြီကျွန်တော့်မျက်လုံးတွေဝါးလာနေပြီဟော
ဟိုမှာကျွန်တော့်သခင်ကိုမြင်နေရပြီသူကျွန်တော့်ဆီကို
နောက်ဆုံးတော့ပြန်လာခဲ့ပါပြီကျွန်တော်အရမ်းပျော်
တယ်ဗျာဝမ်းသာလိုက်တာဟုတ်ကဲ့ကျွန်တော်ဟာဟချိကိုဆိုတဲ့ခွေးတစ်ကောင်ပါ

ဂျပန်လူမျိုးတွေဘာလို့ခွေးအရမ်းချစ်ရတာလဲကျွန်တော်
အံ့သြမိဖူးပါတယ်ဒါပေမဲ့ဒီဖြစ်ရပ်မှန်ကားလေးကိုကြည့်
လိုက်တော့ကျွန်တော်နားလည်သွားခဲ့တယ်အတော်
လည်းစိတ်မကောင်းဖြစ်မိတယ်ခွေးလေးနေရာကနေခံစားပြီးကျွန်တော်အညွန်းရေးပေးထားပါတယ်သေချာ
တယ်ဒီကားလေးကchannelmyanmar ပရိတ်သတ်
တွေကိုအလုံးစုံဆွဲဆောင်သွားနိုင်မယ်လို့ယုံကြည်ရင်း
ဘာသာပြန်ရကြိုးနပ်အောင်ကြည့်လိုက်ကြပါဦးလို့

ဘာသာပြန် နဲ့ အညွန်းကိုတော့ ဟချီကိုနေရာမှခံစာပြီး ကိုစိုးထွေးက ရေးသားခဲ့တာပါ )

DOWBLOAD LARGE FILE

 

DOWNLOAD SMALL FILE



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No links available
No downloads available

Genres



Related movies