အဲလက်စ်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ငယ်ငယ်ကတည်း ကွန်ပျူတာကို ဆော့ကစားရင်းကြီးပြင်းခဲ့ရသူမို့
အင်တာနက် ကွန်ပျူတာတွေနဲ့ပတ်သတ်ပြီး အကျွမ်းတ၀င်ရှိနေပါတယ်။
သူရဲ့စိတ်ကူးကလည်း ဒီပညာတွေကို ပိုပြီးသင်ယူဖို့ ကောလိပ်တက်ချင်တာပါ။
မိဘတွေက မပြေလည်သူမို့ ကောလိပ်တက်ဖို့ ၁၄ နှစ်အရွယ်လောက်ကတည်းက
ခက်ခက်ခဲခဲ အင်တာနက်နေပြီးမှ ငွေရှာပြီး ကိုယ့်ကျောင်းစရိတ်ကိုယ်ရှာနေတဲ့ လူကောင်းလေးတစ်ယောက်ပါ။
ကောလိပ်တက်ခါနီးမှာပဲ သူ့အမေအလုပ်လုပ်နေတဲ့ဘဏ်က သူ့အမေကိုအလုပ်ထုတ်လိုက်ပါတယ်။
သူတို့အိမ်ဂရန်အပေါင်ကလည်း ဒီဘဏ်မှာဖြစ်တဲ့အတွက် အလုပ်မရှိတော့လို့
ချေးငွေလည်းမရနိုင်နဲ့ အိမ်ကိုပါ ဆုံးရှုံးရမယ့်အခြေအနေမို့ သူအနှစ်နှစ်အလလ
စုထားတဲ့ငွေလေးတွေကို ထုတ်ပေးလိုက်ပါတယ်။
သူ့ရဲ့ရင်ထဲမှာလည်း ဘဏ်တွေကို စိတ်နာပြီး နာကျည်းချက်ဝင်နေပါတယ်။
အဲဒီအချိန်မှာ “ Dark Web” ဆိုတဲ့အဖွဲ့အစည်းက အင်တာနက်ကဟက်ကာအဖွဲ့အစည်းတွေဖြစ်ပြီး
အင်တာနက်ကနေ ငွေကြေးတွေ လိမ်လည်ရယူနေတဲ့ နာမည်ကျော်ဟက်ကာကြီးအဖွဲ့ပါ။
ခေါင်းဆောင်ကတော့ Z ဆိုပြီး မျက်နှာဖုံးနဲ့ လူတစ်ယောက်ပါ ။
ဒီတော့ သူစုထားတဲ့ပိုက်ဆံတွေ မရှိတော့တဲ့ အဲလက်စ်ဟာ ဒီအဖွဲ့ထဲကို ၀င်ဖို့အကြံရသွားပါတယ်။
ဒီအဖွဲ့ထဲ ၀င်ဖို့ကတော့ မလွယ်ကူပါဘူး။
Online ကနေ ငွေကြေးလိမ်လည်မှုတစ်ခုလုပ်ပြနိုင်မှ လက်ခံတာပါ။
ဒီတော့ အဲလက်စ်လည်း ကြိုးစားပြီး Online ငွေကြေးလိမ်လည်မှုတစ်ခု လုပ်ပြနိုင်လို့
အောက်ဆုံးအဆင့်ကနေ ၀င်ခွင့်ရခဲ့တယ်။
ဒီအဖွဲ့ထဲ ၀င်ပြီး ကြိုးစားလုပ်ကိုင်ရင်းက ၄ ပါတ်အတွင်းမှာကို
သူ ၄နှစ်စုဆောင်းထားတာလောက်ကို ရှာနိုင်လာပါတယ်။
ကောလိပ်တက်ဖို့ မြို့ကိုပြောင်းလာတဲ့အချိန်မှာ “ Dark Web” အဖွဲ့က
နိုင်ငံတကာသတင်းမီဒီယာတွေကနေ ဘဏ်တွေကို ခြိမ်းခြောက်ပြီးတိုက်ခိုက်ပြမယ်လို့ ကြုံးဝါးလာခဲ့ပါတယ်။
ဒီအချိန်မှာ အဲလက်စ်က ဘဏ်တွေကိုလက်စားချေချင်နေတဲ့သူမို့
သူ ကောလိပ်မတက်တော့ပဲနဲ့ “ Dark Web” အဖွဲ့က အဖွဲ့ခေါင်းဆောင် Z နဲ့ တွေ့ဖို့
အင်တာနက်ကနေငွေကြေးလိမ်လည်မှုတွေကို တဆင့်ပြီးတဆင့်တိုးလုပ်လာပါတော့တယ်………
-အဲလက်တစ်ယောက် ဘယ်လိုများ တဆင့်ပြီး တဆင့် Online ငွေကြေးလိမ်လည်မှုတွေကို လုပ်သွားသလဲ
-သူ့ကို ဘယ်သူတွေက ကူညီပေးမှာလဲ
-“ Dark Web” အဖွဲ့ခေါင်းဆောင် Z ရဲ့ အသိမှတ်ပြုမိကို ရနိုင်မှာလား
– နိုင်ငံတကာ ဘဏ်တွေကိုရော လက်စားချေနိုင်အောင် စွမ်းဆောင်သွားနိုင်လား
-ဒီလောက်တောင် online ကနေ ငွေတွေလိမ်လည်နေတာ အဖမ်းခံရမှာလား မခံရဘူးလား
-နိင်ငံတကာရဲတပ်ဖွဲ့ နှင့် ဘဏ်တွေဖက်ကရောဘယ်လိုမျိုး တန်ပြန်တိုက်စစ်ဆင်သလဲဆိုတာကိုတော့
ဇာတ်လမ်းထဲမှာ ရှုစားကြည့်လိုက်ပါ…..
ဒီကားလေးတော့ ကွန်ပျူတာကိုနေ့တိုင်း ထိတွေ့နေတဲ့ ကျွန်တော်တို့ အကြိုက်ကားလေးပဲဖြစ်ပါတယ်…
Hacking အပိုင်းကိုစိတ်ဝင်စားနေတဲ့သူတွေနဲ့ လူငယ်တွေအတွက်
လက်မလွှတ်သင့်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်…
Quality…..BluRay 1080p
Duration…..01:35:00
Format…Mp4
File Size…(771 MB , 386 MB )
Encoder…..Moe Myint Lwin
Translator…..Htet Htet Tin Zar
Download with YoteShin Link
Download with Openload
Download with Openload (Small Size)
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။