Channel Myanmar
Bluray 1080P Happy Feet
Report error

Report error

mmbusticket

Happy Feet ကို 90Kids တွေ မှတ်မိအုံးမှာပါ

သီချင်းမဆိုတက်ပေမယ့် အက ကျွမ်းကျင်တဲ့

ပင်ဂွင်း ငှက်ကလေး ရဲ့ စွန့်စားခန်း ခရီးစဉ်တစ်ခုကိုပေါ့

ဒီ Animation ရုပ်ရှင်ဟာ လူတော်တော်များများကို

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ ပတ်သက်ပြီး

အသိပညာတွေ ပေးပါတယ်

ကျနော် ကိုယ်တိုင် ဒီဇတ်ကားရဲ့

နောက်ဆုံးတစ်နေရာမှာ ရင်ထဲ ဆို့နင့်ပြီး

မျက်ရည်ကျလောက်အောင် ၀မ်းသာမိဖူးတယ်

(ငယ်ငယ်တုန်းကပါ) 😀

ဇတ်လမ်းလေး အစ မှာတော့ ပင်ဂွင်းတွေ ဟာ ဖူးစာဖက် ရရှိဖို့

သီချင်းအဆိုကောင်းရပါတယ် ပင်ဂွင်းမ ကို ပိုးပန်းဖို့

ပင်ဂွင်းအထီးတွေက သီချင်းဆိုပြရတယ် မကြိုက်ရင်

ပင်ဂွင်းမ ချေတာ ခံရမှာ ဖြစ်ပြီး

အသံ ပါဝါ ကောင်းကောင်း နဲ့ ခံစားချက် ကောင်းကောင်းနဲ့

ညို့ငင်စွာ သီချင်းဆိုတက်တဲ့ ဘဲကြီး (ပင်ဂွင်းအထီး) တွေကတော့

စော်ကြည်ဘဲ တွေပါပဲ….

 

(ယခုနေရာတွင် ကြေငြာထည့်သွင်းလိုပါက 09782222335 သို့ ဆက်သွယ်နိုင်ပါသည်)

 

 

ဒီလိုနဲ့ နာမည်ကျော် အဆိုကောင်း အသံကောင်းတဲ့

ပင်ဂွင်း အထီး နဲ့ အမ ညားပါလေရော

သူတို့ဆီမှာ အစာရေစာ ရှားပါးလွန်းတော့

ဥထားတဲ့ ဥတွေကို အထီးတွေက ၀ပ်ပေးရပြီး

အစ်မတွေကတော့ ရာသီတစ်ခုမှာ

လနဲ့ချီပြီး အစာရှာထွက်ရပါတယ်

အဲ့ဒီမှာပဲ ဥ ကလေး တစ်လုံး ဟာ

လွဲချော်စွာ နဲ့ မွေးဖွားလာခဲ့ပြီး

ထို ပင်ဂွင်းလေး နာမည်ကတော့

မန်ဘယ် ဖြစ်ပါတယ်

မန်ဘယ် လေးဟာ မွေးကတည်းက

ဘရိတ်ဒန့် တွေ ဆွဲပြီး က နေလို့

ပင်ဂွင်းခေါင်းဆောင် (သမ္မတပေါ့ဗျာ) က

သန္ဓေမအောင်တဲ့ ကောင်လို့ သက်မှတ်ပြီး

အစဉ်အလာ ကို ချိုးဖျက်လို့ ပင်ဂွင်းအုပ်တွေထဲကနေ

မောင်းထုတ် ပယ်ထားလိုက်ပါတော့တယ်…

ဒီနောက်ပိုင်းမှာတော့ မန်ဘယ် တစ်ယောက်

ခပ်ပြောင်ပြောင် ခပ်နောက်နောက်

ပင်ဂွင်းအပု မျိုးနွယ်တွေနဲ့ ပေါင်းပြီး

ဂန္ဓ၀င်တွင်မယ့် ကိစ္စကြီး တစ်ခုကို

စတင်အကောင်အထည်ဖော်ပါလေတော့သည်….

ဒီ Happy Feet ရုပ်ရှင်ကားကို

သီချင်းတွေက အစ မြူးမြူးကြွကြွလေး

ဖြစ်ပြီး မူရင်း အရသာ မပျက်အောင်

ဘာသာပြန်ပေးထားသူကတော့

CM Translator မေသဇင်စိုး ပဲ ဖြစ်ပါတယ်

ကျွန်တော် Thit San Khant မှ

Encode ၍ တင်ဆက်ပေးထားပါတယ်…

Happy Feet
Happy Feet
Happy Feet
Happy Feet
Happy Feet
Happy Feet
Happy Feet
Happy Feet


No downloads available


Chat Box

Related movies

Like Us!