Channel Myanmar
Blu-Ray 720p Isle of Dogs (2018)
Report error

Report error

mmbusticket

ဒီဇာတ်လမ်းလေးအကြောင်းကို စမပြောခင် Animation ရဲ့ Graphic ပုံစံဟာ မြင်တွေ့နေကြပုံစံမျိုးမဟုတ်ပါဘူးလို့ စကားဦးခံထားပါရစေ

ဘာလို့လဲဆိုတော့ ဘာသာပြန်ဖို့စကြည့်တဲ့အချိန်မှာ မိမိကိုယ်တိုင်လည်း ဘယ်လိုကြီးလဲဆိုပြီး အတွေးဝင်မိလို့ဖြစ်ပါတယ်

ဒါပေမယ့် ဒီကားဟာ IMDB 8 တောင်ရရှိထားပြီး အသံသရုပ်ဆောင်တွေကလည်း ထိပ်ထိပ်ကြဲတွေဖြစ်တဲ့ Scarlett Johnson တို့ Breaking Bad ကမင်းသားကြီး Bryan Cranston တို့ Bill Murray တို့ပါဝင်သရုပ်ဆောင်ထားကြဖြစ်လို့ ပေါ့သေးသေးတော့မဟုတ်ပါဘူး

ကဲ ဇာတ်လမ်းအကြောင်း ဆက်လိုက်ကြရအောင်

လွန်ခဲ့တဲ့ ရာစုနှစ်ဆယ်စုစာတုန်းက ခွေးတွေဟာ လူတွေရဲ့ အမိန့်ကို နာခံတတ်ကြတဲ့ အိမ်မွေးတိရစ္ဆာန်တွေမဟုတ်ကြပါဘူး

အဲ့အချိန်မှာ ခွေးမုန်းတီးရေးဝါဒီကိုဘာယားရှီမျိုးနွယ်တွေဟာ ခွေးတို့ကို စစ်အင်အားအလုံးအရင်းနဲ့ဝင်တိုက်ပါတော့တယ်

အဲ့အချိန်မှာ ခွေးတွေဘက်က ရပ်တည်ပေးတဲ့ သူရဲကောင်းကလေးတစ်ဦး ပေါ်ပေါက်လာတာတော့တယ်

ခွေးတွေကတော့ လူတွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေဖြစ်လာပါတယ်

နောက်နှစ် နှစ်ဆယ်ကြာလာတဲ့အခါ ခွေးတုပ်ကွေးရောဂါပြန့်ပွားမှုဟာ ပြင်းထန်တဲ့အဆင့်ကို ရောက်ရှိနေပါတယ်

အဲ့အချိန်မှာ ခွေးမုန်းတီးတဲ့ ကိုဘာယားရှီအာဏာပိုင်တွေဟာ ရောဂါပိုးကူးစက်ခံထားရတဲ့ ခွေးတွေကို အမှိုက်ကျွန်းကို ပို့ပစ်ပါတော့တယ်

ကိုဘာယားရှီရဲ့တူဖြစ်သူ အာတာရီရဲ့ ခွေးလေး စပေါ့ကိုပါ ပို့ပစ်လိုက်တဲ့အတွက် အာတာရီဟာ လေယာဉ်တစ်စီးကိုခိုးပြီး အမှိုက်ကျွန်းကို သွားပါတော့တယ်

အမှိုက်ကျွန်းမှာ လမ်းဘေးခွေးချိဖ်တို့တစ်အုပ်နဲ့တွေ့ပြီး စပေါ့စ်ရှာဖွေရေးကြီးစတင်ပါတော့တယ်

လမ်းခရီးတစ်လျှောက် ဘာတွေဆက်ဖြစ်မလဲ စပေါ့စ်ကိုပြန်တွေ့ပါမလား

ခွေးတွေကို အမြစ်ဖြတ်သုတ်သင်ချင်နေတဲ့ အာဏာပိုင်တွေကိုရော တားဆီးနိုင်ပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်

သခင်ဆိုတာကို အယုံအကြည်မရှိတဲ့ ချိပ်တစ်ကောင် အာတာရီကို ဘယ်လိုသံဃောဇဉ်တွယ်သွားမလဲ

Man and his best friend လို့တင်စားရတဲ့ လူနဲ့ခွေးကြားက မေတ္တာတရားကို ခံစားကြည့်ရှုရမှာမလို့ ခွေးချစ်သူတွေအတွက် ကြည့်လို့ကောင်းမယ့်ကားလေးတစ်ကားပါပဲလို့ ပြောကြားလိုက်ပါရစေ

 

(ဘာသာပြန်သူကတော့ မေမြတ်သူပါ)

 

File Size : (800 MB) and (350 MB)
Quality : Blu-Ray 720p
Running Time : 1hr 41min
Format : Mp4
Genre : Animation, Adventure, Comedy
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.BluRay.x264-DRONES
Translated by May Myat Thu
Encoded by Thanhtike Zaw

Isle of Dogs (2018)
Isle of Dogs (2018)
Isle of Dogs (2018)
Isle of Dogs (2018)
Isle of Dogs (2018)
Isle of Dogs (2018)


No downloads available


Chat Box

Related movies

Like Us!