ဒီနေ့ ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ ၂၀၁၇ ကထွက်ရှိထားတဲ့ Kung fu traveler ဆိုတဲ့ တရုတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်
ဇာတ်လမ်းလေးကတော့ အေဒီ ၂၁၀၀ ကျော်မှာ ကမ္ဘာကြီးဟာ ဂြိုလ်သားတွေရဲ့ကျူးကျော်ခြင်းကိုခံနေရပါတယ်
လူသားမျိုးနွယ်အကုန် ပူးပေါင်းကာကွယ်ပေမယ့်လည်း လူသားတွေသုံးတဲ့လက်နက်ဟာ ဂြိုလ်သားတွေအပေါ်ထိရောက်မှုမရှိတာကြောင့် အရေးနိမ့်နေကြရပါတယ်
တစ်နေ့မှာတော့ ဒါရိုက်တာချန်းဆိုသူဟာ ကွန်ဖူးတိုက်ကွက်နဲ့ ဂြိုလ်သားတစ်ကောင်ကို အနိုင်ယူလိုက်နိုင်ပါတယ်
ဒါပေမယ့် အဲ့ဒီခေတ်အခါမှာ ကွန်ဖူးပညာဟာတိမ်ကောနေပြီဖြစ်တာကြောင့် အကျပ်ရိုက်နေစဉ်မှာပဲ စူဇိရင်ပေးတဲ့အကြံနဲ့ စက်ရုပ်တစ်ရုပ်ကို အတိတ်ခေတ်ကိုအချိန်ခရီးသွားခိုင်းပြီး ကွန်ဖူးအကျော်အမော်ကြီးဆီက ကွန်ဖူးပညာကိုသင်ခိုင်းဖို့ဆုံးဖြတ်ချက်ချလိုက်ကြပါတယ်
အဲ့စက်ရုပ်ရယ် သူ့ technician စူဇိရင်ရယ် နှစ်ယောက်သား သူ့ခေတ်သူ့အခါက နယ်ချဲ့တွေကိုတိုက်ထုတ်နေရတဲ့ ကင်မင်းဆက်ခေတ်ကို ရောက်သွားပြီး ကွန်ဖူးဘုရင်လို့တင်စားကြတဲ့ ဆရာကြီးဇူးနဲ့ စိတ်ထားကောင်းတဲ့ သူ့သမီးလေး ရှောင်းဟွာတို့နဲ့ဆုံပြီးတဲ့နောက် ဆရာကြီးကတပည့်လက်မခံကြောင်းခါးခါးသီးသီးငြင်းလွှတ်လိုက်တဲ့အခါ…
စက်ရုပ်တစ် တဖြစ်လဲ အဂျဲ တစ်ယောက် ကွန်ဖူးပညာတွေကို အနာဂတ်ဆီပို့ပေးပြီး ကမ္ဘာကြီးကိုကယ်တင်နိုင်မှာလား…
စိတ်ခံစားချက်မရှိတဲ့စက်ရုပ်တစ်ရုပ် ခံစားတတ်လာတဲ့အခါ….
အနာဂတ်ကိုပြန်လာလို့မရမှန်းသိသိရက်နဲ့ လိုက်ပါသွားခဲ့တဲ့ စူဇိရင်ရဲ့ နှလုံးသားကကော ဘယ်သူ့ဆီမှာကျန်ခဲ့သလဲဆိုတာကတော့ ဆက်လက်ရှုစားရမှာဖြစ်ပါတယ်
IMDB rating 7.3/10 အထိ ရရှိထားပြီးတော့ ဇာတ်လိုက်အနေနဲ့ Man of Taichi အပြင် The Matrix မှာလည်းပါဝင်ခဲ့ဖူးတဲ့ နာမည်ကြီးမင်းသား Tiger Hu Chan ပါဝင်သရုပ်ဆောင်ထားပါတယ်
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ မေမြတ်သူပါ)
File Size : (800 MB) and (294 MB)
Quality : WEB-DL 720p
Running Time : 1hr 38min
Format : Mp4
Genre : Action, Sci-Fi, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p AMZN WEB-DL DDP5.1 x264-NTG
Translated by May Myat Thu
Encoded by Thanhtike Zaw
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။