Channel Myanmar

Report error

CM ပရိတ်သတ်တွေအတွက် မင်းသမီးချောလေး Elle Fanning အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ “Mary Shelly” ဆိုတဲ့ ဇာတ်လမ်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်…

Elle Fanning ကတော့ “Maleficent” ဇာတ်လမ်းမှာ Angelina Jolie နဲ့အတူ Aurora မင်းသမီးလေးနေရာက သရုပ်ဆောင်ခဲ့သူပါ…

အညွှန်းလေးကို ဖတ်ကြည့်ပါဦး…

အညွှန်း- Mary Shelly ဆိုတဲ့ နာမည်ကိုတော့ ရင်းနှီးတဲ့လူတွေ နည်းကြမှာပါ…

ဒါပေမဲ့ Frankenstein ဆိုရင်တော့ သည်းထိတ်ရင်ဖို ဇာတ်လမ်းကြိုက်သူတိုင်း ရင်းနှီးကြမှာပါ…

Frankenstein ဆိုတာကတော့ လူကောင်ကြီးကြီး ချုပ်ရိုးတွေနဲ့ရုပ်ဆိုးဆိုး သတ္တဝါကြီးဖြစ်ပါတယ်…

Victor Frankenstein ဆိုတဲ့ သိပ္ပံပညာရှင် တီထွင်ခဲ့တဲ့ သတ္တဝါကြီးပါ…

ဒီ Frankenstein ဝတ္တုကို Mary Shelly ဆိုတဲ့ စာရေးဆရာမ ရေးသားခဲ့တာဖြစ်ပါတယ်…

ဒီဇာတ်လမ်းဖြစ်လာပုံကလဲ Mary ရဲ့ ကိုယ်တွေ့ဘဝကို အခြေခံထားတာပါ…

Victor Frankenstein တီထွင်ခဲ့တဲ့ သတ္တဝါကြီးက လူတွေရဲ့ အပယ်ခံ အစွန့်ပစ်ခံ ဘဝမျိုးရောက်ခဲ့ရပါတယ်…

Mary ရဲ့ ဘဝကလဲ အစွန့်ပစ်ခံ ဘဝရောက်ခဲ့ပါတယ်…

ဒီအစွန့်ပစ်ခံ ဘဝရဲ့ အဓိက တရားခံကတော့ အချစ်ကြောင့်ပါပဲ…

လူတွေဟာ အချစ်အတွက်နဲ့ စွန့်စားရဲကြတယ်.. အရာအားလုံး စွန့်လွှတ်ကြတယ်…

Mary ဟာ Percy Shelly ဆိုတဲ့ နာမည်ကျော်ကဗျာဆရာ နဲ့ မေတ္တာမျှခဲ့ပါတယ်..

ကံဆိုးတာက Percy ဟာ အိမ်ထောင်ရှိအမျိုးသားပါ…

Mary ရဲ့ ဖခင်ကလဲ Percy နဲ့ထပ်တွေ့ရင် သားအဖသံယောဇဉ်အပြတ်ဆိုပြီး ပြောပါတယ်…

Mary ဟာ ဖခင်ရဲ့ စကားကို နားမဝင်ခဲ့ဘဲ ချစ်သူ Percy နောက်လိုက်ခဲ့ပါတယ်…

အဲ့အချိန်ကစပြီး သူဟာ ဖခင်ရဲ့ အစွန့်ပစ်ခံဘဝရောက်ခဲ့ပါတယ်…

ချစ်သူဖြစ်သူ Percy ရဲ့ ယုံကြည်ချက်က လွတ်လွတ်လပ်လပ်ချစ်ခွင့်ရှိတယ်တဲ့…

Mary ရဲ့ယုံကြည်ချက်ကတော့ တစ်ယောက်တည်းကို ပဲ လွတ်လွတ်လပ်လပ်ချစ်တာပါ …

သူတို့နှစ်ယောက်ရဲ့အယူအဆတွေ ကွဲပြားခဲ့ပါတယ်…

ဒီလိုနဲ့ မယ်ရီဟာ သူလိုချင်ခဲ့တဲ့ ပုံပြင်တွေထဲက Happily Ever after ဘဝနဲ့ လွဲခဲ့ပါတယ်…

တစ်နေ့ Maryရယ် Percy ရယ် Mary ညီမ Claire တို့ဟာ ကဗျာဆရာ Lord Byron ရဲ့ အိမ်ရှိရာ ဂျီနီဗာ ကို အလည်သွားကြပါတယ်…

ထိုအိမ်မှာ Lord Byron ရဲ့ သမားတော် Polidori လဲနေထိုင်ခဲ့ပါတယ်…

တစ်နေ့တော့ Byron ဟာ Mary, Percy, Polidori, Claire တို့နဲ့ စိန်ခေါ်မှု တစ်ခုလုပ်ခဲ့ပါတယ်…

ဒီစိန်ခေါ်မှုက ကြောက်စရာအကောင်းဆုံး သရဲပုံပြင်ရေးနိင်သူက အနိုင်ရမယ်ဆိုတဲ့ စိန်ခေါ်မှုပါ…

Mary ဟာ ဒီစိန်ခေါ်မှုအပြီး ညတစ်ည မှာတော့ အိပ်မက်တစ်ခုမက်ခဲ့ပါတယ်…

ဒီအိပ်မက်ကို အခြေခံပြီး Frankenstein ဆိုတဲ့ ဝတ္ထုဖြစ်တည်လာခဲ့တာဖြစ်ပါတယ်..

ဇာတ်လမ်းအပြီးမှာတော့ တကယ့်ဟိုးအရင်က ရှိခဲ့တဲ့ Mary Shelly, Percy Shelly, Claire စတဲ့အကျော်အမော်တွေအကြောင်းကို အကျဉ်းချုံးဖော်ပြထားပါတယ်…

CM ပရိတ်သတ်တွေလဲ ဒီဇာတ်လမ်းအပြီးမှာ ဇာတ်လမ်းထဲက မူလဇာတ်ကောင်တွေရဲ့ အကြောင်းကို Wiki ထဲမှာ ရှာကြည့်မှာ အသေအချာပါပဲ…

မိုးအေးအေးလေးနဲ့ Frankenstein ဘယ်လိုဖြစ်ပေါ်လာလဲဆိုတဲ့ အကြောင်း သိရအောင် “Mary Shelly” ဆိုတဲ့ ဇာတ်လမ်းလေးကို အားပေးကြပါဦးနော်

(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Haruko ဖြစ်ပါတယ်)

File Size : (900 MB) and (310 MB)
Quality : WEB-DL 720p
Running Time : 2hr 00min
Format : Mp4
Genre : Biography, Drama, Romance
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p WEB-DL DD5 1 H264-CMRG
Translated by May Haruko
Encoded by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

Mary Shelley (2017)
Mary Shelley (2017)


No downloads available

Genres



Related movies