Channel Myanmar

Ouija (2014)

HorrorMysteryThrill

IMDB: /10 votes

11973

Report error

mmbusticket

ကျွန်တော်တို့နိုင်ငံတိုင်း ဒေသတိုင်းမှာ သရဲခေါ်နည်းအမျိုးမျိုးရှိကြသလိုပဲ ဒါကတော့ အင်းဂိတ်သရဲခေါ်နည်းပေါ့ဗျာ.. A ကနေ Z, Yes , No , Good Bye ဆိုတာတွေ ရေးထားတဲ့ ဘုတ်ပြားလေးတစ်ခုမှာ အ၀ိုင်းပေါက်လေးပါတဲ့ ရွှေ့စရာသစ်သားပြားလေးတစ်ခုတင်ပြီး သရဲခေါ်ပြီး မေးချင်တာမေးရတဲ့ကစားနည်းမျိုးပေါ့..

ဒီကစားနည်းမှာ စည်းကမ်းချက်လေးတွေရှိတယ်..
၁. ဘယ်တော့မှ တစ်ယောက်တည်း မကစားရဘူး

၂. သချိုင်းမြေပေါ်မှာ မကစားရ

၃. ကစားပြီးသွားရင် အမြဲတမ်း နှုတ်ဆက်စကား ( Good Bye ) ပြောရမယ်ဗျ..
2014 မှာ ထွက်ရှိထားတဲ့ ဒီ Ouija ကားကတော့ IMDb 6.6/10 ရရှိထားပြီး သရဲကားတွေရဲ့ နာမည်ကြီးဒါရိုက်တာ Stiles White ရိုက်ကူးထားတာဖြစ်ပါတယ်.. ဟောလိဝုဒ်ရုံတင်စာရင်းရဲ့ နံပါတ်တစ်နေရာကို ရယူခဲ့တဲ့ ဇာတ်ကားလဲဖြစ်ပါတယ်..
ဇာတ်လမ်းအကျဉ်းကတော့ Debbie ဆိုတဲ့ကောင်မလေးဟာ Ouija Board ကို အိမ်ဟောင်းတစ်ခုမှာတွေ့တဲ့အခါ Laine ဆိုတဲ့ငယ်သူငယ်ချင်းလေးကို သတိရရင်း တစ်ယောက်တည်းအပျော်ဆော့လိုက်မိရာကနေ ထူးထူးဆန်းဆန်းတွေစတင်ဖြစ်ပါတော့တယ်… Debbie က ဘုတ်ပြားကို မီးရှို့ပစ်လိုက်ပေမယ့်လဲ အကောင်းအတိုင်းပြန်ရောက်လာပြီး မကောင်းဆိုးဝါးပူးကပ်ကာ Debbie သေသွားခဲ့ပါတယ်…
သူ့အသုဘအပြီး မိဘတွေမရှိတုန်း Debbie ရဲ့သူငယ်ချင်းတစ်စု အိမ်စောင့်ပေးရင်းနဲ့ Debbie နဲ့ဆက်သွယ်ကြည့်မယ်ဆိုပြီး Ouija board ကို သုံးခဲ့ပြန်ပါတယ်.. မီးတွေမှိတ်တုတ်မှိတ်တုတ်ဖြစ်ပြီး ထူးဆန်းတဲ့အသံတွေ ကြားလာရတဲ့အချိန်မှာတော့ လန့်ဖြန့်ပြီး ကစားနည်းကိုရပ်လိုက်ကြတယ်. ဒါပေမယ့် နောက်တစ်ရက်မှာပဲ သူတို့ရဲ့ ကားမှန်တွေ.. ကွန်ပျူတာစခရင်တွေ.. နံရံတွေပေါ်မှာ “Hi Friend” ဆိုတဲ့ စာသားပေါ်လာတယ် … Hi Friend ဆိုတာက Ouija Board ဆီကို သရဲ / ၀ိဥာဉ်ရောက်လာတဲ့အခါမှာ စတင်နှုတ်ဆက်လေ့ရှိတဲ့စကားပါ.. အဲဒါကြောင့် သူတို့ရဲ့သူငယ်ချင်းက သူတို့ဆီကိုဆက်သွယ်ဖို့ကြိုးစားနေတယ်အထင်နဲ့ သူငယ်ချင်းတစ်စု Ouija Board ကို ထပ်မံအသုံးပြုလိုက်မိတဲ့အခါမှာတော့………………….
ထင်မထားတဲ့လှည့်ကွက်တွေနဲ့ တော်တော်လေးကျောချမ်းစရာဇာတ်ကားဖြစ်တာကြောင့် ဘေကုန်ရကျိုးနပ်မှာသေချာပါတယ်.. အပြင်လောကမှာလဲ ယုံကြည်သူတွေရှိကြပြီး တချို့ဝိဥာဉ်နဲ့ဆက်သွယ်ပေးတဲ့လုပ်ငန်းတွေမှာလဲ တကယ်သုံးတာမို့ ဒီဇာတ်ကားဟာ အောင်မြင်မှုများစွာနဲ့ တော်တော်ကြီးအမြတ်အစွန်းရခဲ့တဲ့ ဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်.. စိတ်ဝင်စားသူများ Ouija Board Application တွေ Play Store တွေကနေ ဒေါင်းလုပ်ဆွဲကစားနိုင်ပြီး ကစားပြီးနောက်မှာ အမှန်တကယ်သေဆုံးသူတွေလဲ ရှိခဲ့တယ်လို့လဲ သတင်းကြီးတာမို့ စိတ်မခိုင်သူများ လုံးဝဆော့ကစားခြင်းမပြုပါရန် အကြံပေးချင်ပါတယ်…

ဇာတ်လမ်းအညွန်းကိုတော့ ညီသံလွင်ကရေးပေးခဲ့တာပါ

Download On Pcloud 720p 

Download On Pcloud 360p

No links available
No downloads available


Chat Box

Related movies

Like Us!