Channel Myanmar

Content at random


Movies

SEE ALL
Burning Blue (2013) 6.2
Burning Blue (2013) ဒီဇာတ်လမ်းကတော့ တင်းကြပ်စွာတားမြစ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကြားထဲကပေါက်ဖွားလာတဲ့ နူးညံ့တဲ့ အချစ်တစ်ခု အကြောင်းပဲ ဖြစ်ပါတယ်တူညီတဲ့ရည်မှန်းချက်ကိုယ်စီနဲ့ ရေတပ်လေယာဉ်မှူးတွေအဖြစ်ဝေဟင်ကနေ အာကာသအထိအတူတူသွားဖို့ ဆန္ဒရှိကြတဲ့ ဒန် နဲ့ ဝေလ် တို့ သူငယ်ချင်း ၂ ဦး.၂ ယောက် တတွဲတွဲရှိနေခဲ့ကြပေမယ့်သူတို့ကြားထဲကို မထင်မှတ်တဲ့အဖြစ်အပျက်တစ်ခုကြောင့်မတ်တစ်ယောက် ဝင်ရောက်လာချိန်မှာတော့ ဒန် နဲ့ မတ်တို့ကြားကရင်းနှီးမှုတွေတစ်ဆင့်တက်ခဲ့ကြပါတယ်သူတို့ရေတပ်အတွင်း မတော်တဆဖြစ်ရပ် ၂ ခု အပြီးမှာတော့ရေတပ်မှုခင်းစစ်ဆေးရေး ကိုယ်စားဂျွန်ကိုခလီက အသွင်ယူဝင်ရောက် စုံစမ်းဖို့ ဖြစ်လာပါတော့တယ်ကိုခလီရဲ့ စစ်ဆေးရေးကတစ်ဆင့် ဒန် နဲ့ မတ်တို့ရဲ့ဆက်ဆံရေးကောလဟာလတွေဆီကိုဦးတည်လာစေခဲ့ပါတယ်မတ်အနေနဲ့လည်း သူ့မိန်းမကို ထားခဲ့ပြီးဒန်နဲ့အတူ ပေါင်းနေဖို့ ဆုံးဖြတ်ပြီးချိန် တတိယမတော်တဆဖြစ်ရပ် ဖြစ်လာချိန်မှာတော့ဒန့်အပေါ်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြင်းထန်လာခဲ့ပါတော့တယ်.ဒီအချိန်မှာ ဒန့်အနေနဲ့ တာဝန်နဲ့ဝတ္တရား.ဘဝရည်မှန်းချက်တွေကိုပဲ ရွေးချယ်မလား.ရူးမိုက်ခဲ့တဲ့ နယူးယောက်က ညတစ်ညမှာပေါက်ဖွားလာတဲ့ အချစ်ကိုဆက်လက်ဖယ်တွယ်ထားမလားဆိုတာဆုံးဖြတ်ဖို့ ဖြစ်လာပါတော့တယ်အပြစ်ကင်းတဲ့ချစ်ခြင်းတွေ ပိုင်ဆိုင်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ် File size…  2 GB /  743 MB Quality… WEB Dl ...
movie

Burning Blue (2013)

Altitude (2010)
Altitude (2010) ဇာတ်လမ်းက တစ်နေ့မှာ လူငယ်ငါးယောက်ပွဲတော်တစ်ခုကိုလေယာဥ်နဲ့သွားကြတယ်ပေါ့ဗျာ အဲ့မှာ လေယာဥ်ကထူးထူးဆန်းဆန်း အလုပ်မလုပ်တော့တာကနေ ဇာတ်လမ်းက စတာပဲလေယာဥ်ကိုမထိန်းချုပ်နိုင်တော့ အပျံတတ်ခါကလေယာဥ်မှုးလေးနဲ့ သူငယ်ချင်းလေးယောက်တိမ်တိုက်ကြီးတစ်ခုထဲကို အထိန်းအချုပ်မရှိဝင်ချသွားတာကနေတိမ်တိုက်ကြီးထဲမှာ ဘယ်လို သဘာဝလွန်ဖြစ်ရပ်ဆန်းကြုံရမလဲဘယ်လိုရုန်းကန်ကြရလဲ ဘယ်လိုပြဿနာတွေတက်ကြလဲလူတွေ သေဘေးနဲ့ကြုံရင် ဘယ်လိုပြုမူတတ်လဲဆိုတာကိုအပြည့်အဝပုံဖော်ထားတာကိုရှုစားရမှာပဲ ဖြစ်ပါတယ် File size…  1.57 GB /  703 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre .....  Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac
movie

Altitude (2010)

Little Lies(2022) 6.5
Little Lies(2022) Little Lies(2022)************** မုသားမပါ လင်္ကာမချောဆိုသလို ကြည်နူးသာယာတဲ့အချစ်ရေးတစ်ခုမှာလည်း အလိမ်အညာအသေးဖွဲ့လေးတွေက မပါမဖြစ်ပါရတယ်ဆိုတာ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ...။ ဇာတ်လမ်းလေးထဲမှာ စုံတွဲနှစ်တွဲပါပါတယ်...။ ပထမတစ်တွဲက ဘာဘရာနဲ့ ဂျူလီယန်ပါ...။ ဘာဘရာက အမြဲလိုလို bad boyတွေနဲ့ ကြုံနေရလို့ ခဏခဏ ပလေးခံရနေသူပါ...။ ဂျူလီယန်ကတော့ အမျိုးသမီးတွေကြားမှာဆို စန်းမပွင့်တဲ့ လူရိုးလေးဖြစ်ပြီး လက်တွဲဖော်ရှာဖွေနေသူလေးပါ...။ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းဖြစ်သူ လင်မယားအတွဲ အီဗာနဲ့ မာတီအာတို့ရဲ့မြားနတ်မောင်လုပ်ပေးမှုကြောင့် ချစ်သူရည်းစားဘဝကိုရောက်သွားပါတယ်...။ သို့ပေမယ့် ဂျူလီယန်ဟာ စကားနဲ့ အလုပ်နဲ့မညီ၊ အမူအရာတွေ အပျက်အပျက်အယွင်းယွင်းဖြစ်နေတာမို့လိမ်ထားညာထားတာများရှိနေမလားပေါ့....။ ဒါကို မသင်္ကာတဲ့ အီဗာနဲ့ မာတီအာတို့စုံတွဲက စုံစမ်းထောက်လှမ်းရင်း... ဘယ်သူက ဘယ်သူ့ကိုလိမ်ပြီး၊ ဘာတွေရှုပ်ကြလဲဆိုတာ ပေါ့ပေါ့ပါးပါးကြည့်ရမယ့်Spanish Comedy Drama movieလေးပဲဖြစ်ပါတယ်....။  File size… 1.8GB& 835MB Quality… WEB-DL1080p,720p Format…mp4 Duration….1h 32min Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder…. Themes Translated by  Phyo Pyae
movie

Little Lies(2022)

Neeyat (2023) 6.5
Neeyat (2023) Neeyat ( 2023 ) ===============IMDb 6.6/10 မင်းသမီးကြီး Vidya Balan ရဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်သစ် Neeyat ထွက်ရှိလို့လာပါပြီ။ လူသတ်မှုကို အဖြေရှာရတာတွေကြိုက်တဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့- အာရှစ်ကပူးရ်ဆိုတဲ့ အိန္ဒိယရဲ့ ဒိတ်ဒိတ်ကြဲ ဘီလျံနာကြီးတစ်ယောက်ဟာ စကော့တလန်မှာရှိတဲ့ ရဲတိုက်ကြီးတစ်ခုမှာ သူ့ရဲ့ရင်းနီးဆုံး မိတ်ဆွေ၊ ဆွေမျိုးတွေနဲ့ မွေးနေ့ပွဲကြီးတစ်ခု ကျင်းပရင်း ဧည့်သည် လူစုံတက်စုံရှိနေတဲ့အချိန်မှာပဲ ဘီလျံနာကြီးဟာ ထူးဆန်းစွာ အသတ်ခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ တိုက်တိုက်ဆိုင် သူ့ရဲ့ရဲတိုက်ကို တခြားအမှုတစ်ခု စစ်ဆေးဖို့ရောက်လာတဲ့ မီရာရောင်ဆိုတဲ့ စုံထောက်မလေးက ဘီလျံနာကြီးကို ဘယ်သူသဝာ်လိုက်တာလဲဆိုတာကို ဖော်ထုတ်ဖို့ ကြိုးစားရပါတော့တယ်။ဒီရုပ်ရှင်ဟာဆိုရင် နာမည်ကြီး စုံထောက်ရုပ်ရှင်တစ်ခုဖြစ်တဲ့ Knives Out ရုပ်ရှင်နဲ့ theme တွေ ဇာတ်လမ်းပုံစံတွေ ဆင်သယောင်ရှိပေမဲ့ ဒါရိုက်တာဖြစ်သူကတော့ သူ့ရဲ့ မူရင်းဇာတ်ညွှန်းပါလို့ အတိအလင်းကြေညာထားပါတယ်ဗျ။Knives Out နဲ့ ပုံစံဆင်ပေမဲ့ ဇာတ်လမ်းကွဲပြားတဲ့အပြင် Knives out ကြည့်နေရသလိုစိတ်လှုပ်ရှားမှုမျိုးပေးတာကြောင့် အိန္ဒိယရုပ်ရှင်ပရိသတ်တွေအပြင် သည်းထိတ်ရင်ဖိုရုပ်ရှင်ပရိသတ်တွေပါ အကြိုက်တွေ့မယ့် ရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်...။ ( ဒီရုပ်ရှင်ရဲ့ ...
movie

Neeyat (2023)

2023
4K HEVC
Trapped in the Cabin (2023)
Trapped in the Cabin (2023) ရုပ်ရှင်ကားနာမည်အတိုင်း ရေဘတ်ကာကိုးလင်းဆိုတဲ့ စာရေးဆရာမဟာ စိတ်အပန်းဖြေအနားယူဖို့ရာ သူ့အက်ဒီတာကြီး ငှါးပေးထားတဲ့ မြို့ပြင်ကလူရှင်းတိတ်ဆိတ်တဲ့ အပန်းဖြေအိမ်လေးမှာခေတ္တနေဖို့ဖြစ်လာပါတယ်၊ အခန်းရောက်တဲ့ချိန်မှာတော့ ပုံမှန်လိုပဲထင်နေရာက ရေဘတ်ကာကို CCTV စောင့်ကြည့်ကင်မရာရှုထောင့်တွေကနေပြနေတာကိုသတိထားမိမှာပါ၊ အဲလိုနဲ့ ရေဘတ်ကာလည်းအပြင်ထွက်လမ်းလျှောက်ရင်း နေသန်ဆိုတဲ့ယောကျာ်းတစ်ယောက်ကိုတွေ့တော့ နှစ်ယောက်သားဘာလိုလိုနဲ့ အတူတူညကျော်ပြီးမနက်ရောက်သွားကြပါတယ်။ ရေဘတ်ကာမနက်နိုးလာတော့ နေသန်မရှိတော့ပဲသူ့အခန်းမှာရှုပ်ပွပြီးဗရမ်းဗတာတွေဖြစ်နေတာတွေ့၊ သူ့လက်ပ်တော့ထဲလည်းဝင်မွှေသွားတာတွေတွေ့လိုက်ရတော့ ဒါနေသန့်လက်ချက်ပဲသေချာတယ်လို့ပြောလ်ို့ရပါတယ် ၊ ဒါပေမဲ့ဘာလို့နေသန်ကဒါတွေလုပ်သွားရတာလဲ၊ ဘာလိုချင်လို့ဒါတွေလုပ်ရတာလဲ ဆိုတာအဆုံးထိကြည့်မှဇာတ်ရည်လည်သွားမယ့်ကားမျိူးမို့ကြည့်ကြည့်ပါဦးလို့။ File size…(1.76 GB)/(740 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia 
movie

Trapped in the Cabin (2023)

Take Off 2 (2016) 7.0
Take Off 2 (2016) Take Off 2 (2016)**************** 2003 ခုနှစ် အာရှဂိမ်းမှာ ကိုးရီးယားက ပထမဆုံးအနေနဲ့ အမျိုးသမီးဟော်ကီကစားပွဲဝင်ပြိုင်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။အာရှဂိမ်းဝင်ပြိုင်ဖို့ ပထမဆုံးအမျိုးသမီးဟော်ကီအဖွဲ့ဖွဲ့ရမယ်ဆိုပြီး အစိုးရက နည်းပြနဲ့ကစားသမားတွေဖိတ်ခေါ်နေပါတယ်။ ဒါပေမဲ့ နည်းပြတစ်ယောက်ကမှ တာဝန်မယူချင်တဲ့အတွက် ညတိုင်းအရက်သောက်ပြီး ဘယ်သူကမှအလုပ်မခန့်တဲ့ ဟော်ကီနည်းပြဟောင်းတစ်ယောက်ကို ခန့်လိုက်ပါတယ်။ကစားသမားတွေအနေနဲ့က မြောက်ကိုးရီးယားကထွက်ပြေးလာတဲ့ ပြည်ပြေးအီဂျီဝန်၊ စကိတ်ပြိုင်ပွဲဝင်ရာကအသင်းသားကိုတွန်းထုတ်သလိုဖြစ်ခဲ့လို့ ပြိုင်ပွဲဝင်ခွင့်ပိတ်ခံထားရတဲ့ ဘတ်ချယ်ယောင်း၊ အလှအပအရမ်းကြိုက်တဲ့ဂင်ဂါယွန်း၊ အထက်တန်းကျောင်းသူရှင်းဆိုဟျွန်း၊ သက်လတ်ပိုင်းအရွယ်ဂိုယောင်းဂျာ၊ ကုမ္ပဏီတစ်ခုရဲ့အတွင်းရေးမှူး ဂျိုမီရန်တို့ပဲဖြစ်ပါတယ်။ဘာအထောက်အပံ့မှမရတဲ့သူတို့ဟာ ယောက်ျား‌လေးဟော်ကီအသင်းကစွန့်ပစ်ထားတဲ့အင်္ကျီတွေဝတ်ရပြီး လေ့ကျင့်စရာနေရာမရှိလို့ ရွာလေးတစ်ရွာရဲ့ကင်းမွန်အခြောက်လှမ်းတဲ့နေရာမှာ သွားလေ့ကျင့်ကြရပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ကတစ်ခုတည်းပါပဲ။ အာရှဂိမ်းမှာဆုတံဆိပ်တစ်ခုရနိုင်ဖို့ပါ။ ဒီလိုမျိုးကြိုးစားရာက အာရှဂိမ်းမှာ ဆုတံဆိပ်တကယ်ရယူနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ဒိတ်ဒိတ်ကြဲမင်းသမီးတွေသရုပ်ဆောင်ထားပြီး အသင်းအဖွဲ့စိတ်ဓါတ်နဲ့ အချင်းချင်းကူညီရိုင်းပင်းကြတာတွေ၊ ခဏခဏရန်ဖြစ်ကြတာတွေ၊ တစ်ယောက်ချင်းစီရဲ့ဘဝဇာတ်ကြောင်းတွေကို သရုပ်ဆောင်ချက်ကောင်းကောင်း၊ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ File size… 2.19GB & 981MB Quality… WEB-DL1080p,720p Format…mp4 Duration….2h 06min Genre ….. Sport, Drama Subtitle….Myanmar Subtitle (Hard ...
movie

Take Off 2 (2016)

Snoopy Presents: One-of-a-Kind Marcie (2023) 7.4
Snoopy Presents: One-of-a-Kind Marcie (2023) Snoopy Presents: One-of-a-Kind Marcie က August လ 18 ရက်နေ့ကမှထွက်ရှိထားတဲ့ 39 မိနစ်စာ short movie လေးဖြစ်ပြီး messenger မှာ လူတိုင်းချစ်တဲ့ခွေးကလေး Snoopy ရဲ့ comedy series ဖြစ်တဲ့ The Snoopy Show ရဲ့ Spin-off story ဖြစ်ပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ ဒီ movie ရဲ့ အဓိကဇာတ်လိုက်က မာစီလို့ခေါ်တဲ့ introvert ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ ဉာဏ်ကောင်းပြီး ပြဿနာဖြေရှင်းနိုင်မှုအားကောင်းတဲ့ မာစီဟာ လူတွေကိုကူညီချင်ပေမဲ့ လူကြောက်တတ်တဲ့သူ့ရဲ့ပင်ကိုစရိုက်ကြောင့် တခြားသူတွေကိုကူညီဖို့ သူ့ခရီးလမ်းဟာ ခရီးမတွင်ဘဲ‌ဖြစ်နေရပါတယ်။ ဒါကိုကိုင်တွယ်နိုင်ဖို့ မာစီတစ်ယောက်ဘယ်လိုကြိုးစားမလဲ၊ ဒီဇာတ်လမ်းရဲ့ main theme ဖြစ်တဲ့ ဂေါက်ရိုက်ချန်ပီယံရှစ်ပြိုင်ပွဲမှာ သူငယ်ချင်းပက်ထရစ်ရှာချန်ပီယံဖြစ်ဖို့ မာစီဘယ်လိုတွေကူညီသွားမလဲဆိုတာ တွေ့မြင်ရမှာပါ။ IMDB rating အနေနဲ့ 7.4 အထိရရှိထားပြီး ...
movie

Snoopy Presents: One-of-a-Kind Marcie (2023)

My Blood and Bones in a Flowing Galaxy (2020) 6.7
My Blood and Bones in a Flowing Galaxy (2020) My Blood & Bones in a Flowing Galaxy (2020)~ IMDb – 6.7/10, MyDramaList – 7.9/10 ~ဟီးရိုး လူစွမ်းကောင်းဖြစ်ချင်တဲ့စိတ်က လူတော်တော်များများမှာ အဓိပ္ပာယ်သတ်မှတ်ချက် တစ်မျိုးစီနဲ့ ဖြစ်တည်နေလေ့ရှိပါတယ်။ ဒီဇာတ်ကားမှာတော့ ကျောင်းသား ခိရိုဆုမိ ဟမဒ ဂျူနီယာကောင်မလေးအပေါ် ကာကွယ်ပေးချင်တဲ့အကြောင်းကို သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ သူရဲကောင်းဖြစ်လိုစိတ်နဲ့ ချိတ်ဆက်ထားပါတယ်။ခိရိုဆုမိရဲ့ အဖေဖြစ်သူက သူ့ကိုမွေးခါနီးနာရီပိုင်းအလိုမှာပဲ ရေထဲမျောပါပြီး သေဆုံးသွားပါတယ်။ အကြောင်းရင်းကလည်း ရေထဲထိုးကျနေတဲ့ကားထဲက လိုက်ပါစီးနင်းသူတွေကို ဆင်းကယ်ရင်း သူကိုယ်တိုင် နစ်သွားတာကြောင့်ပါ။ခိရိုဆုမိဟာ ငယ်စဉ်ကတည်းက သူ့အဖေရဲ့ လူစွမ်းကောင်းဆန်ပုံတွေ စိတ်ကောင်းရှိပုံတွေကို သူ့အမေဆီကနေ ကြားခဲ့ရပါတယ်။ ဒါကြောင့်မို့ သူလည်း သူ့အဖေလို ဟီးရိုးဖြစ်ရမယ်ဆိုပြီး ခံယူထားတဲ့၊ အမှန်တရားကို လိုလားတဲ့ ဆယ်ကျော်သက်လေးဖြစ်လာခဲ့ပါတယ်။တတိယနှစ်မှာတော့ ကျောင်းအစည်းအဝေးမှာ အနိုင်ကျင့်ခံနေရတဲ့ ဂျူနီယာလေး ခုရမိုတို ဟာရိကို ဝင်ပြီးကာကွယ်ပေးခဲ့ပါတယ်။ ...
movie

My Blood and Bones in a Flowing Galaxy (2020)

2020
Kolai (2023) 7.0
Kolai (2023) Kolai (2023)တစ်နေ့ရုံးတွင် စုံထောက်မလေး ဆန်ဒယာထံသို့ လူသတ်မှုတစ်ခုအကြောင်း သတင်းပေးပို့သဖြင့် သွားရောက်စုံစမ်းစစ်ဆေးရန်ထွက်လာခဲ့သည်သေဆုံးသူကောင်မလေးမှာ အောင်မြင်ကျော်ကြားလှပချောမောလှသော မော်ဒယ်မလေး လိုင်လာဖြစ်သည် သူကလေးမှာ သေဆုံးနေသည့်တိုင် ပစ်ရက်စရာမရှိ လှပကျော့ရှင်းနေသည့်အပြင် ပြုံးပြုံးလေးနှင့်ပင် သေဆုံးနေသည်ကိုတွေ့ရှိရလေသည်စုံထောက်မလေး ဆန်ဒယာအတွက် ပိုခေါင်းစားရသည်မှာ လိုင်လာသေဆုံးသောတိုက်ခန်းလေးမှာ အချိန်ပြည့် အစောင့်များရှိသည့်အပြင် စီစီတီဗီများတပ်ဆင်ထားသည့် အိမ်ရာတစ်ခုဖြစ်သည့်အပြင် သေဆုံးချိန် အလောင်းကိုတွေ့ချိန်၌ အခန်းတွင်းမှ သော့ခတ်ထားခြင်းပင်ဖြစ်သည်ဆန်ဒယာတစ်ယောက် ဉာဏ်မမှီတော့သဖြင့် သူ့ရဲ့အနားယူသွားသောဆရာ ဗီနာရိခ်ကို လှမ်းပင့်ရပါတော့သည် ဆရာဗီနာရိခ်က ခေသူမဟုတ် မပေါ်သည့်အမှုမရှိ မြေလျှိုးနေတဲ့ တရားခံရှိရင်တောင် သူ့လက်ကလွတ်ရိုးမရှိ ရ အောင်ဖော်ထုတ်ဖမ်းဆီးခဲ့သည် ဆားပုလင်းဗီနာရိခ်ပင်ဖြစ်လေသည်သပွတ်အူထက်ပင်ရှုပ်ထွေးလှသော အမှုကြီးကို ဆရာသမားက တစ်ရစ်ချင်းစီရှင်း ဘယ်လိုဖော်ထုတ်ပြမလဲ မော်ဒယ်မလေးကိုသတ်ခဲ့တာ အချစ်ကြောင့်လား ငွေကြေးကြောင့်လား ရန်ငြိုးတွေလား စသည်ဖြင့် အကွက်စေ့စေ့ကြည့်ရှုရမဲ့အပြင် ဆရာမင်းသိင်္ခရဲ့ စုံထောက်ဝတ္ထုတွေလို အစကအဆုံး မထတမ်းကြည့်ချင်လောက်အောင် စိတ်ဝင်စားဖို့ ကောင်းတာမို့ CM ပရိတ်သတ်ကြီးရှေ့မှောက် အရောက်ပို့ပေးလိုက်ပါတယ်ဒီဇာတ်ကားကို စုံထောက်ဗီနာရိခ်အဖြစ် ဦးဆောင်ပါဝင်ထားတာက သူတောင်းစားကားထဲက မင်းသားပဲဖြစ်ပြီး မင်းသမီးလေးကလည်း တက်သစ်စချစ်စဖွယ်ကောင်မလေးမို့ cast ပိုင်းမှာလည်း စိတ်မျက်စေရပါဘူးဗျာ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood ...
movie

Kolai (2023)

2023
4K HEVC
Thalainagaram (2023)
Thalainagaram (2023) Thalainagaram  (2023)ကြမ်းမှရမ်းမှကြိုက်တဲ့ဘော်ဒါတို့အတွက် လူမိုက်ကြီးသုံးယောက်ဗိုလ်လုပွဲချန်နိုင်းမြို့တစ်ခွင် ဩဇာညောင်းဆိပ်ကမ်းကုန်အဝင်အထွက်ကနေ တရားမဝင် ဒုစရိုက် ငွေဝင်လုပ်ငန်းအကုန် လက်ဝါးကြီးအုပ်ထားသူတွေ ရာဇဝတ်မှုတွေဆက်တိုက်ကျူးလွန်ကြပြီး ဘယ်သူနစ်နာသွားလဲဆိုတာတောင် ရဲတွေမလိုက်နိုင်တဲ့ထိ စွမ်းကြတဲ့ဇိုးကြီးသုံးယောက်ဟာ ချန်နိုင်းတစ်ခွင် ဩဇာညောင်းရုံတင်အားမရကြတော့သုံးယောက်စင်ပြိုင်လိုဖြစ်နေကြတာလည်းမကြိုက်တစ်ယောက်နဲ့တစ်ယောက်ဒေါက်ဖြုတ်ဖို့ အကွက်ချောင်းနေကြသူတွေတစ်ချိန်ကဂန်းစတားဖြစ်ခဲ့ဖူးတဲ့သူ ခုချိန်အားလုံးနဲ့ဝေးရာကို နေချင်သူကိုမှ သူတို့သုံးယောက်စစ်ပွဲထဲဆွဲထည့်မိချိန်မှာတော့..... (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ V ~ Cherry ~ Zwe ~ Yunni တို့ပဲဖြစ်ပါတယ်) File size…2.43GB / 1.01GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ V ~ Cherry ~ Zwe ~ Yunni
movie

Thalainagaram (2023)

2023
The Sum of All Fears (2002) 6.4
The Sum of All Fears (2002) The Sum of All Fears (2002)~ IMDb - 6.4/10, Rotten Tomatoes - 59% ~ဒီဇာတ်ကားက Jack Ryan ရုပ်ရှင်တွဲရဲ့ ၄ကား​မြောက်ရုပ်ရှင်ဖြစ်ပြီး Ben Affleck နုစဉ်အခါက ဇာတ်ကားလည်း ဖြစ်ပါတယ်။ သူ့အပြင် Morgan Freeman ကြီးလည်း ပါဝင်ပါ​သေးတယ်။ ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်အပြီး ယူအက်စ်နဲ့ ရုရှားရဲ့ စစ်​​​​အေး​ခေတ် လက်နက် အားပြိုင်မှုကို ​ကျောရိုးယူရိုက်ကူးထားတာပါ။~ ဇာတ်လမ်းအကျဉ်း ~အ​မေရိကန် ​ဘော်တီမိုးမှာ သမ္မတကိုယ်တိုင် တက်​ရောက်အား​ပေးတဲ့ ​ဘောလုံးပြိုင်ပွဲကို အဏုမြူဗုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ သမ္မတက အသက်ရှင်ခဲ့​ပေမဲ့ ဒီတိုက်ခိုက်မှု​ကြီးကြောင့် လူ​ပေါင်းများစွာ သေ​​​ကြေခဲ့တာပါ။ ဒီအကြမ်းဖက်မှုရဲ့ရှေ့မှာလည်း ရုရှားက​နေ ခွဲထွက်ထားတဲ့ ချေချင်းညာ​ဒေသအ​ရေး​ကြောင့် ရုရှားနဲ့ အ​နောက်နိုင်ငံ​တွေ၊ အထူးသဖြင့် အ​မေရိကန်တို့ကြားမှာ တင်းမာမှုရှိခဲ့တာ​ကြောင့် ဒီတိုက်ခိုက်မှုဟာ ရုရှား​​တွေရဲ့လက်ချက်လို့ယူဆပြီး ...
movie

The Sum of All Fears (2002)

2002
What Do We See When We Look at the Sky? (2021) 6.9
What Do We See When We Look at the Sky? (2021) ဒီတခါ CM Fan တွေကို မိတ်ဆက်ပေးမယ့် ဇာတ်ကားလေးတစ်ကားကတော့ ဂျာမန် Drama/Romance ဇာတ်ကားလေးပဲဖြစ်ပါတယ် ထူးခြားဆန်းပြားပြီး ဆန်းကြယ်မှုတွေနဲ့ပြည့်နေတဲ့ ဒီလောကကြီးထဲမှာ နားလည်ဖို့ခက်ခဲတဲ့ အချစ်ဆိုတဲ့အရာနဲ့ ပေါင်းဖက်မိလိုက်တဲ့အချိန် အံ့ဩစရာဖြစ်ရပ်တွေဖြစ်လာတော့တာပေါ့လီဆာ ဆိုတဲ့ ဆေးဆိုင်ကဝန်ထမ်းလေးနဲ့ ဂျီအိုဂီ ဆိုတဲ့ ဘောလုံးသမားလေးတို့နှစ်ယောက် အမှတ်မထင်တွေ့ဆုံမှုကနေ မထင်မှတ်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းကြားမှာ ဘယ်လိုတွေရုန်းကန်ပြီးမှ အချစ်စစ်တစ်ခုနဲ့ပြန်လည်ပေါင်းစည်းခဲ့တဲ့ အကြောင်းလေးပေါ့ ထူးခြားတာက တခြား Romance ကားတွေလိုမျိုးမဟုတ်ဘဲနဲ့နောက်ခံစကားပြောလေးတွေနဲ့ပတ်ဝန်းကျင်မှာလူသားတွေသွားလာရုန်းကန်နေကြတဲ့ Scene လေးတွေနဲ့ ရိုက်ကူးထားတော့အသွင်အမြင်သစ်လေးတစ်ခုအနေနဲ့  ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ် File size…(1.37 GB) Quality….Webrip  720p Format…mp4 Duration….02:30:00 Genre...Drama, Romance, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo
movie

What Do We See When We Look at the Sky? (2021)

Heart of Stone (2023) 5.0
Heart of Stone (2023) Heart of Stone (2023) =================နက်ဖလစ်ရဲ့ အက်ရှင်ရုပ်ရှင်အသစ်ပါ။ ဝမ်းဒါးဝူးမန်း မင်းသမီး Gal Gadot ခေါင်းဆောင်အဖြစ်ပါဝင်ထားပြီး Fifty Shades of Grey မင်းသား Jamie Dornan နဲ့ Raazi ရဲ့ အိန္ဒိယမင်းသမီး Alia Bhatt တို့လည်း ပါဝင်ထားပါ တယ်။ အက်ရှင်အသားပေး ဇာတ်လမ်းဖြစ်ပြီး Mission Impossible နဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ချာတာဆိုတဲ့အဖွဲ့အစည်းတစ်ခုဟာ ထောက်လှမ်းရေးဟောင်းတွေနဲ့ လျို့ဝှက် ဖွဲ့စည်းထားတာပါ။ သူတို့ဟာ ဘယ်နိုင်ငံလက်အောက်ခံမှာမဟုတ်ဘဲ ကမ္ဘာပေါ် က လူဆိုးတွေနဲ့ အကြမ်းဖက်တွေကို ကိုယ့်ဘာဘာ လိုက်ပြီး ရှင်းလင်းနေတဲ့ အဖွဲ့ပါ။ အဲဒီအဖွဲ့မှာ စပိတ်၊ ဟာ့ထ်၊ ထောင့်၊ ညှင်း ဆိုတဲ့ အဖွဲ့ခွဲလေးဖွဲ့ရှိပြီး ကင်းလေးကင်းက ခေါင်းဆောင်ထားပါတယ်။ အဲဒီထဲက ဟာ့ထ် အဖွဲ့ဝင် ဖြစ်တဲ့ ဟာ့ထ်-၉ ဟာ အမ်အိုင်-၆ အဖွဲ့ထဲကို အသွင်ယူပြီး စစ်ဆင်ရေးတစ်ခု ကြားဖြတ်ဖို့ ကြိုးစားပါတယ်။ ကြိုးစားရင်းနဲ့ မထင်ထားတဲ့ အန္တရာယ်တွေကြုံ လာပြီး ချာတာတစ်ဖွဲ့လုံးကို ...
movie

Heart of Stone (2023)

2023
4K HEVC
Filip (2023) 7.1
Filip (2023)  စစ်ကားတွေကို ကြိုက်နှစ်သက်တဲ့လူတွေအတွက် Filip ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးကတော့ နာဇီတွေနဲ့ဂျူးတွေစစ်ပွဲဖြစ်နေခဲ့တဲ့ 1943 ခုနှစ်လောက်ကအကြောင်းကိုရိုက်ကူးထားပြီးတော့ လီယိုပေါ့တိုင်မန်းရဲ့ကိုယ်ရေးအထ္ထုပ္ပတ္တိဝထ္တုFILIP ကိုအခြေခံထားတာပဲဖြစ်ပါတယ်။ဖီးလစ်ဆိုတဲ့စစ်ဖြစ်နေတဲ့ ပိုလန်ကနေထွက်ပြေးလွတ်မြောက်လာတဲ့ ဂျူးလူမျိုးတစ်ယောက်က တခြားလူတွေမသိအောင်ဂျာမန်မှာ ပြင်သစ်နိုင်ငံသားတစ်ယောက်အနေနဲ့နေထိုင်ပြီး တော့ပါ့ခ်ဆိုတဲ့ဟိုတယ်တစ်ခုရဲ့စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာ ဂျာမန်လူမျိုးတွေကတိုင်းတစ်ပါးသား လူမျိုးတွေနဲ့မပတ်သတ်ရဘူးကာမမဆက်ဆံရဘူးဆိုတဲ့ဥပဒေတစ်ခုရှိပါတယ်။ဖီးလစ်ကဂျာမန်မှာ အလုပ်လုပ်နေရပေမဲ့ ဂျူးလူမျိုးဖြစ်တဲ့အတွက် ဂျာမန်တွေကိုမုန်းနေပြီးတော့ အဲ့ဒီဥပဒေကိုအကြိမ်ကြိမ်ချိုးဖောက်ခဲ့တဲ့လူပဲဖြစ်ပါတယ်။ဒါပေမယ့်တစ်နေ့မှာတော့ ဂျာမန်သူလေးတစ်ယောက်ကိုတကယ်ချစ်မိသွားတဲ့အခါမှာ အတူတူထွက်ပြေးဖို့ကြိုးစားကြပါတော့တယ်။အဲ့လိုထွက်ပြေးဖို့ကြိုးစားနေတဲ့ အချိန်မှာပဲဖီးလစ်ရဲ့ဘဝမှာကြီးမားတဲ့အလှည့်အပြောင်းတွေကြုံတွေ့လာရမယ်ဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.71GB / 704MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 5m Genre ….. Drama , History , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Filip (2023)

Under the Tuscan Sun (2003) 6.7
Under the Tuscan Sun (2003)  ဘဝမှာအဆိုးဆုံးသော နေ့ရက်တွေကိုဖြတ်သန်းနေရပါသလား။အဆိုးဝါးဆုံးသောအရာတွေကို ကြုံတွေ့နေရပါသလား။ဆော်ပစ် ဘဲပစ်ခံရပြီးဘဝထဲကအရေးအပါဆုံးသောလူတွေကိုဆုံးရှုံးနေရပါသလား။အဲ့လိုတွေဖြစ်နေပေမဲ့လဲ စိတ်ဓာတ်လုံးဝမကျသွားပါနဲ့။ ဘဝမှာကိုယ့်အတွက်ကောင်းမွန်တဲ့အရာတွေက အံ့သြစရာအဖြစ်ကိုယ့်ဆီရောက်ရှိလာနိုင်သလိုကိုယ့်ရဲ့ဆုတောင်းတွေကလဲ တစ်ချိန်ချိန်မှာပြည့်ဝလာနိုင်လို့ပဲဖြစ်ပါတယ်။ဒီကားလေးထဲမှာလဲ အဲ့ဒီလိုမျိုးကံဆိုးမသွားရာ မိုးလိုက်လို့ရွာနေတဲ့ အရမ်းကံဆိုးပြီးတော့ ဘဝကြီးကိုအရှုံးပေးချင်နေတဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ သူကတော့စာရေးဆရာမဖရန်ဆက်ဖြစ်ပြီးတော့ သိပ်မကြာသေးခင်ကပဲ သူကိုယ်တိုင်ပြုစုပျိုးထောင်ပေးခဲ့တဲ့ သူ့ရဲ့ယောက်ျားဖြစ်သူ စာရေးဆရာပေါက်စကနာမည်ကြီးသွားတဲ့အခါမှာ ဖောက်ပြန်ပြီးတော့သူ့ကိုပစ်သွားတဲ့အပြင်လျော်ကြေးငွေပေးရင်ပေး မပေးရင်အိမ်ပေးဆိုလို့အိမ်ကိုပေးခဲ့ရသူပဲဖြစ်ပါတယ်။ဒီလိုနဲ့ဖရန်ဆက်တစ်ယောက်လဲကွာရှင်းပြီး နောက်ပိုင်း စိတ်ဓာတ်တွေကျနေတုန်းသူငယ်ချင်းတွေရဲ့ကောင်းမှုနဲ့ အီတလီကိုခရီးသွားဖြစ်ခဲ့ပါတော့တယ်။အဲ့ဒီမှာရောင်းရန်ဆိုတဲ့ အိမ်လေးတစ်လုံးကိုတွေ့ခဲ့ပြီး ဘာမှတွေးမနေတော့ပဲ တခြားနိုင်ငံကအိမ်တစ်လုံးကိုဝယ်ဖြစ်ခဲ့ပါတော့တယ်။ဒီလိုနဲ့အဲ့ဒီအိမ်လေးမှာနေထိုင်နေရင်းသူ့ရဲ့ဘဝကိုအသစ်ကနေပြန်စတင်ပါတော့တယ်။ဒါပေမယ့်လဲ လေပြေတွေမလာခင်တိုက်ခတ်နေတဲ့ မုန်တိုင်းတွေကိုဖရန်ဆက်တစ်ယောက်ထပ်ကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာတော့သူ့ဘဝရဲ့ဆုတောင်းတွေဘယ်လိုပြည့်ဝသွားမလဲ ပျော်စရာဘဝကိုရောဘယ်လိုကြုံတွေ့ရမလဲ ဆိုတာကို စိတ်ခွန်အားတက်စရာအနေနဲ့ ဒရာမာတွေအများကြီးချိုးပြီးရယ်လိုက်ငိုလိုက်နဲ့ ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်။  File size…3.90GB / 1.39GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 53m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Under the Tuscan Sun (2003)

Medusa Deluxe (2023) 6.2
Medusa Deluxe (2023)  IMD b 6.2 ရရှိထားတဲ့ ဟာသအရောလေးတွေနဲ့ဒရမ်မာဆန်ဆန်ဇာတ်ကားတစ်ကားဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကတော့..... ဆံပင်အလှပြုပြင်တဲ့ပြိုင်ပွဲတစ်ခုမှာပြိုင်ပွဲဝင်တစ်ယောက်အသတ်ခံလိုက်ရပြီး ရိုးရိုးလူသတ်မှုမျိုးမဟုတ်ဘဲဦးရေပြားကိုပါဆွဲခွာသွားတာမို့လူတွေအားလုံးကလည်းအထိတ်တလန့်ဖြစ်ကုန်ပါတော့တယ် ဆံသဆရာတွေရဲ့ထုံးစံအတိုင်းအတင်းအဖျင်းဆိုထိပ်ဆုံးကပါတတ်ကြတာမို့ဒီလိုရှုပ်ထွေးတဲ့အခြေအနေမှာဆိုပြောနေဖို့တောင်လိုမယ်မထင်ပါဘူး ဒီလိုနဲ့အတင်းအဖျင်းတွေပြောပြီးတစ်ယောက်နဲ့တစ်ယောက်အချွန်နဲ့မကြရင်းတကယ်တမ်းလူသတ်တရားခံကဘယ်သူလဲဆိုတာကိုမသိနိုင်လောက်အောင်ဖြစ်နေပါတော့တယ် တကယ်တော့ဆံသဆရာတွေရဲ့လောကဟာလည်းထင်ထားသလောက်မရိုးရှင်းပါဘူး ဒီလိုထူးဆန်းတဲ့လူသတ်မှုမျိုးကိုဘယ်သူကကျူးလွန်ခဲ့တာလဲ ကောလဟလတွေကြားကနေတကယ့်လူသတ်သမားအစစ်ကိုရောရှာတွေ့နိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာပါ File size…(2.5 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Comedy, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Medusa Deluxe (2023)

Sanctified (2022)
Sanctified (2022)  အချိန်ကာလအားဖြင့် ၁၈၉၀ကာလဖြစ်ပါတယ်။ ၀က်စ်တန်လို့‌အမည်ရတဲ့ တောပုန်းတစ်ယောက်ဟာ လူသူအရောက်အပေါက်နည်းတဲ့ ဆိုးသွမ်းတဲ့ကန္တာရအလယ်မှာ သေအံ့ဆဲဆဲဖြစ်နေချိန် လှည်းတစ်စီးနဲ့ မြောက်ဘက်ကိုခရီးသွားနေတဲ့ ခရစ်ယာန်သီလရှင်တစ်ဦးရဲ့ ကယ်တင်ခြင်းကို ခံလိုက်ရပါတယ်။ ၀က်စ်တန်နဲ့ အန်းမက် ညီအစ်ကိုနှစ်ယောက်ဟာ ငယ်စဉ်ကတည်းက တောပုန်းခေါင်းဆောင်ဖြစ်တဲ့ မစ္စတာရှောရဲ့ မွေးစားခြင်းကိုခံခဲ့ရတာပါ။ ၀က်စ်တန်ဟာ ထူးချွန်လှတဲ့ ရိန်းဂျားတစ်ယောက်ဖြစ်တဲ့အတွက် မစ္စတာရှောဟာ ၀က်စ်တန်ကို တစ်နေ့ သူ့ရဲ့အရိုက်အရာကိုဆက်ခံပြီး တောပုန်းအုပ်စုကို ဦးဆောင်စေချင်နေပါတယ်။ ၀က်စ်တန်ကတော့ စိတ်မ၀င်စားဘဲ မစ္စတာရှောရဲ့လောင်းရိပ်အောက်ကနေ ရုန်းထွက်ပြီး ကယ်လီဖိုးနီးယားမှာ အခြေချပြီး ဘ၀သစ်ကိုတည်ထောင်ချင်နေသူပါ။ ဒီလိုနဲ့ ၀က်စ်တန်ဟာ ညီဖြစ်သူအန်းမက်ကို သူနဲ့အတူ မစ္စတာရှောဆီကထွက်သွားဖို့ စည်းရုံးရာ မစ္စတာရှောကိုသစ္စာဖောက်ဖို့ကြိုးစားတဲ့ ၀က်စ်တန် ညီဖြစ်သူရဲ့ သစ္စာဖောက်ခြင်းကိုပြန်ခံလိုက်ရပါတယ်။တောပုန်းတွေရဲ့စည်းကမ်းအရ တောပုန်းတစ်ယောက်ဟာ သူ့ကိုပြုစုပျိုးထောင်ပေးခဲ့တဲ့ အသိုက်အ၀န်းဆီကထွက်သွားချင်ရင် အလကားထွက်သွားလို့မရပါဘူး။ သွေးနဲ့ပေးဆပ်ပြီးမှထွက်သွားခွင့်ရပါတယ်။ ဆိုလိုတာက ထွက်သွားချင်ရင် သေသွားမှထွက်သွားခွင့်ရမှာပါ။ မစ္စတာရှောတစ်ယောက် ၀က်စ်တန်ကို ကန္တာအလယ်က သစ်ပင်တစ်ပင်မှာ ကြိုးချည်ကာနှိပ်စက်ပြီး ဓားဒဏ်ရာနဲ့ သေလုမျောပါးဖြစ်အောင် ...
movie

Sanctified (2022)

[18+]Kinbaku Flower(2016)
[18+]Kinbaku Flower(2016) [18+]Kinbaku Flower(2016)************************** လိင်မှုကိစ္စတွေနဲ့ ပက်သက်ပြီး အနောက်တိုင်းက စာပေ၊ အနုပညာ၊ လေ့လာဆန်းစစ်မှု အစရှိတဲ့ကိစ္စတွေမှာ နာမည်ကြီးပါတယ်။ ဒါပေမယ့် အများသိကြတဲ့ ကာမသျှတ္တရကျမ်းခေါ် ချစ်မှုရေးရာကျမ်း အပါအဝင် လိင်မှုကိစ္စ၊ ချစ်မှုရေးရာ၊ ချစ်ဗျူဟာကျင်းတာတွေနဲ့ ပက်သက်ပြီးပန်းချီ၊ ပန်းပု၊ ကဗျာ၊ စာပေ စတဲ့အနုပညာရပ်တွေနဲ့ ဖော်ကျူးတာ၊ တိတိကျကျမှတ်တမ်းတင်ခဲ့တာတွေဟာ အရှေ့တိုင်းတိုင်းပြည် တွေက စတင်ခဲ့တာပါ။ဒါ့ကြောင့်လည်းလိင်မှုရေးရာ၊ ချစ်ဗျူဟာကျင်းတဲ့နည်းနာ၊ နိဿယတွေနဲ့ ပက် သက်လာရင်အနောက်နိုင်ငံတွေဟာ အရှေ့တိုင်းရဲ့ဓလေ့၊ ထုံးတမ်းစဉ်လာတွေကို လေ့လာနည်းယူကြရ ပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ အရှေ့တိုင်းနိုင်ငံတစ်ခုဖြစ်တဲ့ ဂျပန်တို့ရဲ့လိင်မှုကိစ္စ၊ ချစ်မှုရေးရာ များအနက် “ကင်မ်..ဘကု” (Kinbaku) ဆိုတဲ့ ကြိုးချည်ကြိုးတုပ်ပြီးလိင်ဆက်ဆံပုံရဲ့ သမိုင်းကြောင်း၊ နည်းစနစ်၊ ဓလေ့၊ အယူအဆတွေအကြောင်း ရိုက်ကူးထားပါတယ်။အမျိုးသမီးဝါဒီတွေကိုယ်တိုင် ကဲ့ရဲ ရှုံ့ချရ ခက်ခဲလောက်အောင် “ကင်မ်..ဘကု” ကြိုးချည်နည်းစနစ်ရဲ့ ခိုင်မာမှု၊ စနစ်ကျနမှုတွေအကြောင်း ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားပါတယ်။ ဂျပန် BDSM အကြောင်းကို အသေးစိတ်ခြယ်မှုန်းထားတဲ့အတွက်ဂေါင်းကြီးတို့သိချင်နေတဲ့ကိစ္စ ...
movie

[18+]Kinbaku Flower(2016)

Metamorphosis (2022)
Metamorphosis (2022)  ဒီဇာတ်ကားက ၂၀၂၂ ခုနှစ်​ကထွက်ရှိခဲ့တဲ့​ Horror/Drama အမျိုး​အစားဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ အိမ်​ထောင်​ရေးပြိုကွဲလုနီးနီးဖြစ်နေတဲ့​ ဇနီး​မောင်နှံ​နှစ်ယောက်​ဟာ​ အိမ်​ထောင်​ရေးကိုရှေ့ဆက်နိုင်ဖို့ နှစ်ဦးအကြားနားလည်မှုယူဖို့အတွက် လူသူ​မနီးတဲ့ကျွန်းတစ်ကျွန်းပေါ်မှာ​ အတူအပန်းဖြေဖို့ရောက်လာခဲ့ကြပါတယ်။ လူသူ​မရှိသလောက်နည်းတဲ့ ကျွန်းပေါ်မှာနေကြရင်းနဲ့ ခင်ပွန်း​ဖြစ်သူ​ရဲ့​စိတ်ကျန်းမာရေးက တစ်နေ့တခြား ဆိုးဝါးဖောက်ပြန်လာ​ပြီး​ လူသားကိုပါစားတဲ့အထိဖြစ်လာတဲ့အခြေအနေကို ဇနီး​ဖြစ်သူ​ အလစ်ဆာ​တစ်ယောက်​ရင်​ဆိုင်ရပါတော့တယ်။ ဒီကြားထဲ ကျွန်း​ပေါ်​မှာ​ မသင်္ကာစရာမုဆိုးနှစ်ယောက်လည်းရှိနေတဲ့အတွက် ဒီအခြေအနေတွေကနေ အလစ်ဆာတစ်ယောက်​ လွတ်မြောက်​နိုင်​ပါ့​မလား​ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.13 GB)/(504 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre...Drama, Horror, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim 
movie

Metamorphosis (2022)

Match Me If You Can (2023)
Match Me If You Can (2023) လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ Match Me If You Can ဆိုတဲ့ Romance/ Comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ IMDB rating 5.3 ရရှိထားပြီး ဇာတ်အိမ်ကလည်း တမူထူးခြားနေတာမို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမဲ့ကားလေးတစ်ကားပါပဲ။ ကစ်ပ်က ကွန်ပျူတာပရိုဂရမ်မာတစ်ယောက်ဖြစ်ပြီး တစ်ဘဝလုံးအချစ်နဲ့ဝေးရာမှာနေလာရတဲ့ စာဂျပိုးမလေးတစ်ယောက်ပါ။ သူ့အတွက်အဖော်ဆိုလို့ ရုံးကအူကြောင်ကြောင် သူငယ်ချင်းသုံးယောက်နဲ့ ဝင်ကစွပ်ကောင်လေးတစ်ကောင်ပဲ ရှိပါတယ်။ ရိုင်လေကတော့ I Promise လို့အမည်ရတဲ့ Online Dating ဝက်ဘ်ဆိုက်တစ်ခုကို ဦးစီးနေသူဖြစ်ပြီး သူ့ရဲ့ကုမ္ပဏီက လူငယ်တွေကြားမှာ ရေပန်းစားတဲ့ကုမ္ပဏီတစ်ခုပါ။ ဒီလိုနဲ့တစ်ရက်မှာတော့ မထင်မှတ်ဘဲ I Promise မှာ sign up လုပ်ပြီး ရည်းစားရှာဖို့ကြိုးစားခဲ့တဲ့ကစ်ပ်ဟာ ကုမ္ပဏီဘက်က ကစ်ပ်အတွက် ရည်းစားရှာမရနိုင်ကြောင်း ပြန်စာကိုရရှိပြီးနောက်မှာတော့ အကြီးအကျယ်ပေါက်ကွဲပြီး I Promise ကို စတင်တိုက်ခိုက်ပါတော့တယ်။ ရန်သူတွေအဖြစ်စတင်ခဲ့တဲ့ ကစ်ပ်နဲ့ရိုင်လေရဲ့ဇာတ်လမ်းလေးက ...
movie

Match Me If You Can (2023)

No content available

Sponsored

Genres

Archives