Channel Myanmar

Content at random


Movies

SEE ALL
Melchior the Apothecary: The Executioner’s Daughter (2022) 6.9
Melchior the Apothecary: The Executioner’s Daughter (2022)  Historical film တွေကို ကြိုက်တတ်တဲ့သူတွေအတွက် Melchior trilogy ထဲက တတိယမြောက်ဇာတ်ကားဖြစ်တဲ့ Melchior the Apothecary: The Executioner's Daughter နဲ့ မိတ်ဆက်ပေးချင်ပါတယ်။အက်စတိုနီယာနိုင်ငံ တာလင်းမြို့က ဆေးဆရာတစ်ယောက်က ရှုပ်ထွေးဆန်းကြယ်တဲ့ရာဇဝတ်မှုတွေကို လိုက်လံဖြေရှင်းတဲ့ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မယ်လ်ခီအောရဲ့ဇနီးဖြစ်သူ ကက်သလင်းဟာ တောစပ်မှာလူတစ်ယောက် ဓားပြတိုက်‌ခံရတာကို မြင်တွေ့ခဲ့တဲ့အတွက် အာဏာပိုင်တွေကိုအကြောင်းကြားပြီး တိုက်ခိုက်ခံရသူလူငယ်ကို သွားရောက်ကယ်တင်လာခဲ့ပါတယ်။ ဒါပေမဲ့ဒီလူငယ်က တိုက်ခိုက်ခံရမှုကြောင့် မှတ်ဉာဏ်ပျောက်ဆုံးသွားခဲ့ပြီး သူဘယ်သူဆိုတာနဲ့ တာလင်းကိုဘယ်လိုရောက်လာလဲဆိုတာကို မမှတ်မိတော့ပါဘူး။ တစ်ချိန်တည်းမှာပဲ တာလင်းမြို့ရဲ့ညဘက်တွေမှာ ထူးခြားတာတွေဖြစ်လာတာကို မယ်လ်ခီအောက သတိထားမိခဲ့ပါတယ်။ တစ်ဖက်မှာလည်း တာလင်းမြို့ကဆေးဆရာတစ်ယောက်ဟာ စုန်းတွေနဲ့ဆက်သွယ်ပြီး ဆန်းကြယ်တဲ့ရာဇဝတ်မှုတွေကို ဖြေရှင်းနေတယ်ဆိုတဲ့တိုင်ကြားချက်ကြောင့် ပုပ်ရဟန်းကြီးရဲ့သံတမန်အဖြစ် စုန်း၊ ဒိဋ္ဌိတွေကိုနှိမ်နင်းသူ ဘုန်းတော်ကြီးဖရက်ဒရစ်ခ်ဟာ တာလင်းမြို့ကို ရောက်ရှိလာခဲ့ပါတယ်။အမှုက ရိုးရှင်းတယ်ထင်ရပေမဲ့ ထင်တာထက်ရှုပ်ထွေးနေခဲ့ပြီး လူတွေဆက်တိုက်သေဆုံးလာတဲ့အခါမှာတော့ မယ်လ်ခီအောအနေနဲ့ ဒီအမှုကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ IMDB ...
movie

Melchior the Apothecary: The Executioner’s Daughter (2022)

Office Race (2023) 5.2
Office Race (2023)  ပက်ကယ်စတီကတော့ ကိုယ့်ကိုကိုယ် ဘာစိတ်ဝင်စားလို့စားမှန်းမသိ ဘာဝါသနာပါလို့ပါမှန်းမသိ အလုပ်မှာရော အိမ်မှာပါ ရေလိုက်ငါးလိုက် သက်သာသလိုနေရင်း ဘဝတက်လမ်းမမြင်တဲ့လူတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ရဲ့ဘော့စ်ဖြစ်သူက သူ့ကို ကျော်ပြီး သူ့လက်အောက်က ဝန်ထမ်းဖြစ်တဲ့ စပင်ဆာကို ရာထူးတိုးပေးလိုက်ပါတော့တယ်။ ဒီအချိန်မှာ ပက်နဲ့ စပင်ဆာနဲ့ အဆင်မပြေဖြစ်ပြီး ကုမ္မဏီတစ်ခုနဲ့ စာချုပ်မချုပ်နိုင်ရင် အလုပ်ပြုတ်မယ့်ကိန်းမြင်နေရတဲ့ပက်က အဲကုမ္မဏီရဲ့ ကိုယ်စားလှယ်ကို အပီချုပ်ဖို့ကြိုးစားရပါတော့တယ်၊ အဲဒီကိုယ်စားလှယ်က မာရသွန်ပြိုင်ပွဲတစ်ခုမှာ ဝင်ပြိုင်မှာ ဖြစ်တဲ့အတွက် သူလည်း စာချုပ်ချုပ်နိုင်လို့ချုပ်နိုင်ငြား မာရသွန်ပြိုင်ပွဲမှာ စာရင်းပေးသွင်းထားကြောင်း ဖောရှောရိုက်ပါတော့တယ်။ အဲကနေ စကားကျွံပြီး စပင်ဆာနဲ့လည်း အဆင်မပြေဖြစ်ပြီး ပြိုင်ပွဲမှာ ဘယ်သူနိုင်အောင်ပြေးမလဲဆိုတာကို စပင်ဆာနဲ့ ဒေါ်လာတစ်သိန်းကြေး အလောင်းအစားလုပ်ပါတော့တယ်။ ပက်အနေနဲ့ရော စာချုပ်ချုပ်နိုင်ပါ့မလား၊ သူလုပ်ထားတဲ့အလောင်းအစားမှာရော နိုင်ပါ့မလား၊ သူ့ရဲ့ရေလိုက်ငါးလိုက် စိတ်ဝင်စားစရာမရှိတဲ့ဘဝကြီးကိုရော အပြောင်းအလဲရှိလာပါ့မလားဆိုတာကို စိတ်ဝင်တစား တပျော်တပါး ရယ်မောပြီး ကြည့်ရှုရမှာပါ။File size…(1.7 GB)/(962 MB) Quality….Webrip 1080p ...
movie

Office Race (2023)

To The North (2022) 6.4
To The North (2022) To the North (2022)~ IMDb rating - 6.4/10 ~1996 တုန်းက ထိုင်၀မ်နဲ့ ဖိလစ်ပိုင်သင်္ဘောသားတွေကြုံတွေ့ရတဲ့ ဖြစ်ရပ်မှန်ပေါ်အခြေခံထားပြီး ကြင်နာမှု ကိုယ်ကျင့်တရား အကြပ်အတည်းနဲ့ ဘုရားသခင်အပေါ် ကိုးကွယ်ယုံကြည်မှုတွေကို မြင်သာအောင် ပုံဖော်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပါ။ရိုမေးနီးယန်းလူမျိုး ကောင်လေး၂ယောက်က မိသားစုအတွက် အလုပ်လုပ်ဖို့ နယူးယောက်ကို သွားဖို့ရာ ကုန်တင်သင်္ဘောတစ်စီးထဲ ခိုးလိုက်လာပါတယ်။ ဒီသင်္ဘောပေါ်မှာ ထိုင်၀မ်အရာရှိတွေနဲ့ ဖိလစ်ပိုင်လူမျိုးသင်္ဘောသားတွေပါလာပြီး ကနေဒါကို ထွက်ခွာလာတာပါ။ဒူမီထရူနဲ့သူ့သူငယ်ချင်း ခိုးလိုက်လာပြီး သူ့သူငယ်ချင်းအရင်ထွက်လာတဲ့အချိန် ထိုင်၀မ်တွေက မိသွားပြီး ရေထဲပစ်ချလိုက်ပါတယ်။ ဘာသာရေးယုံကြည်သူ ဖိလစ်ပိုင်လူမျိုး ဘိုဆွန်က ကျန်ခဲ့တဲ့ ဒူမီထရူကို ဘုရားသခင်အလိုတော်အရ မသိအောင် ဖွက်ပေးထားပြီး အစာရေစာကျွေးခဲ့ပါတယ်။ ဘိုဆွန့်သူငယ်ချင်းတွေ သိသွားပြီး တားဖို့ကြိုးစားပေမဲ့ ဘိုဆွန်က ဘုရားသခင်ရဲ့ ဒေသနာတော်တွေအ‌ပေါ် သက်ဝင်ယုံကြည်စိတ်နဲ့ ကယ်ပေးဖို့လုပ်ခဲ့ပါတယ်။ ထိုင်၀မ်တွေ သိသွားပြီး အဖွဲ့သားအားလုံးအတွက် သူစိမ်းရဲ့အသက်နဲ့ လဲလှယ်ဖို့လုပ်တဲ့အခါ...ဘိုဆွန်ရဲ့ ယုံကြည်ကိုးကွယ်မှုအတိုင်း ...
movie

To The North (2022)

2022
Apaches (2023) 5.4
Apaches (2023) Apaches (2023)"Apache" ဆိုတဲ့ စကားလုံးကတော့ ဇူနီဘာသာစကားမှာ ရန်သူ ဒါမှမဟုတ် လူမိုက်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ဇာတ်ကားရဲ့ နာမည်အတိုင်း ပြင်သစ်လူမိုက်တွေအကြောင်းကို ဇာတ်အိမ်တည်ပြီးတော့ သရုပ်ဖော် ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ အဲလစ်၊ ပေါလ်နဲ့ ထရစ်ကီဆိုတဲ့ မိဘမဲ့ကလေးသုံးယောက်ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး တစ်ကမ္ဘာလုံးငတ်မွတ်ခေါင်းပါးပြီး ပြန်လည်ထူထောင်နေကြရတဲ့အချိန်ပေါ့။ အဲလစ်တို့ကလည်း ဒီလိုအခြေအနေတွေမှာ လစ်ရင်လစ်သလို သူများပစ္စည်းတွေကိုလိုက်သုတ်တဲ့ သူခိုးလေးတစ်ဖွဲ့ဖြစ်ပါတယ်။ သူတို့နောက်ကွယ်မှာတော့ အပါချီလို့ခေါ်တဲ့ နယ်ခံဂိုဏ်းတစ်ခုရှိပါတယ်။ သူတို့က အဲလစ်တို့သုံး​ယောက်ကို ခြိမ်းခြောက်ပြီး ပစ္စည်းတွေလိုက်ခိုးခိုင်းတာပေါ့။ တစ်နေ့မှာတော့ အဲလစ်ရဲ့အစ်ကို ပေါလ်က သူဌေးမကြီးတစ်ယောက်ဆီကနေ သူ့ညီမ ပစ္စည်းကို ဂိုဏ်းဆီသွားမပေးဘဲ မလှိမ့်တပတ်လုပ်ပြီး တခြားပွဲစားဆီမှာသွားရောင်းစားပြီးတော့ အဲဒီကာလက ရွှေသီးသီးနေတဲ့ အမေရိကားကို ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ အဲလစ်တို့သုံးယောက်ကို ဂိုဏ်းကမိသွားပြီး ပေါလ်ကအသတ်ခံရ၊ အဲလစ်လည်း ထောင်ထဲမှာတိုက်ပိတ်ခံလိုက်ရပါတယ်။အဲလစ်ဟာ ထောင်ထဲနေခဲ့ရတဲ့တစ်လျှောက်လုံး သူ့အစ်ကိုကို့လက်စားချေဖို့ ငြိုးတေးထားခဲ့ပါတယ်။ ၁၅ နှစ်အကြာ အဲလစ်တစ်ယောက် ...
movie

Apaches (2023)

2023
The Lump in my Heart(2022) 7.2
The Lump in my Heart(2022) The Lump in my Heart(2022)***************************ဒီကားကတော့ Alice In Boaderland ထဲမှာ Asahi Kujo အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောMizuki Yoshida က ဆယ်ကျော်သက်ကောင်မလေးအဖြစ် သရုပ်ဆောင်ထားတဲ့ဒရမ်မာကားတစ်ကားပဲဖြစ်ပါတယ်။ ချီနားဆုရဲ့အသက်လေးနှစ်တည်းက ဖခင်ဖြစ်သူဆုံးပါးသွားခဲ့ပြီး သူဟာမိခင်ဖြစ်သူနဲ့အမေတစ်ခုသမီးတစ်ခုနေထိုင်ရင်း စာရေးဆရာမဖြစ်ဖို့ ကြိုးစားနေတဲ့ဆယ်ကျော်သက်ကောင်မလေးပဲဖြစ်ပါတယ်။အမေဖြစ်သူကလည်း ဒီသမီးအတွက်ပဲသူ့ရဲ့ဘဝကိုမြှုပ်နှံခဲ့ရင်း သမီးဖြစ်သူကိုအမြဲတမ်းကလေးတစ်ယောက်လိုမြင်နေခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့်တစ်နေ့မှာတော့ချီနားဆုမှာရင်သားကင်ဆာဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိလိုက်တဲ့အခါမှာတော့ဘဝအလှည့်အပြောင်းတွေဆက်တိုက်ကြုံတွေလာရပါတော့တယ်...File Size :(1.2GB) and (680MB) Quality : WEB-DL1080p,720p Format…mp4 Duration…01:32:00 Genre : Sport Subtitle : Myanmar Subtitle (Hard Sub) Translated by ‌Aung Paing Phyoe Encoded by Phyo Pyae
movie

The Lump in my Heart(2022)

The Book and the Sword ( 2023 ) 5.9
The Book and the Sword ( 2023 ) ဒီတစ်ခေါက်တော့ CM ရဲ့ ပရိသတ်တွေအတွက် သိုင်းကွက်လှလှလေးတွေနဲ့ ကွန်ဖူးသိုင်းကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ဟုန်ဟွားအဖွဲ့ရဲ့ဌာနချုပ်ဟာ ညတွင်းချင်းဖျက်ဆီးခံခဲ့ရပြီး ဂိုဏ်းချုပ် ၄ ဝိန်ထိုက်လိုင်ဟာ ဖမ်းဆီးခံခဲ့ရပါတယ်။ ဓားသိုင်းပညာသင်ယူပြီး ပြန်လာတဲ့ ချန်ကျားလော့ဟာ ဟန်ကျိုးမှာ ကြေးစားလူသတ်သမားအများအပြားရဲ့ လုပ်ကြံခြင်းကို ခံရပြီး ပိုင်ဟွားကယ်မှအလှမယ် ယွိရူယိရဲ့ ကယ်တင်ခြင်းကို ခံခဲ့ရပါတယ်။ယွိရူယိထံမှ ချန်ကျားလော့ဟာ ဟုန်ဟွားအဖွဲ့ရဲ့ ဂိုဏ်းချုပ်အသစ်ဖြစ်သွားပြီး အရင်ခေတ်ဖူဝမ်ရဲ့ရတနာလျှို့ဝှက်ချက်ကိုသိထားကြောင်း ကောလာဟလထွက်နေတဲ့အကြောင်းကို သိခဲ့ရပါတယ်။ ချန်ကျားလော့ဟာလည်း ထိုကောလာဟလကို အသုံးချပြီး ရတနာရဲ့လျှို့ဝှက်ချက်နဲ့ ရုပ်ပြောင်းရုပ်လွှဲကျွမ်းကျင်တဲ့ ယွိရူယိနဲ့ အပေးအယူလုပ်ခဲ့ပါတယ်။သူတို့ဟာ စားရေးချန်ဆီမှ ဝိန်ထိုက်လိုင်ကို ဟန်ကျိုးရှိလျှို့ဝှက်ထောင်ထဲမှာ ဖမ်းထားကြောင်း သိခဲ့ရပါတယ်။ လျှို့ဝှက်ထောင်အပြင်မှာ ချန်ကျားလော့နဲ့ ယွိရူယိတို့ဟာ ဟုန်ဟွားအဖွဲ့မှ ကျောက်ပန့်ရှန်း၊ လော့ပင်း၊ လီဟန့်ဝိန်တို့နှင့် တွေ့ဆုံခဲ့ပါတယ်။ သူတို့ ၅ ယောက်ပူးပေါင်းပြီး ဝိန်ထိုက်လိုင်ကို ကယ်တင်ချိန်မှာ ပုန်းလျှိုးတိုက်ခိုက်ခြင်း ခံခဲ့ရပါတယ်။ဂိုဏ်းချုပ်ကြီး သေဆုံးသွားပြီးနောက် ယိုယွင်းပျက်ဆီးနေတဲ့ ဟုန်ဟွားအဖွဲ့ကြီးကို ချန်ကျားလော့တစ်ယောက် ဘယ်လိုပြန်ပေါင်းစည်းမလဲ...... ဟုန်ဟွားအဖွဲ့ထဲက သစ္စာဖောက်သူတွေကရော ဘယ်သူတွေ ဖြစ်နေမလဲ...... ဖူဝမ်ရဲ့ရတနာကိုရော ချန်ကျားလော့တို့တတွေ ရှာတွေ့နိုင်ပါ့မလား...... ဆိုတာကို CM ရဲ့ဘာသာပြန်လေးနဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , ...
movie

The Book and the Sword ( 2023 )

10 Days of a Good Man (2023) 6.5
10 Days of a Good Man (2023)  ဇာတ်ကားနာမည်ကတော့ မြန်မာလိုဘာသာပြန်ရရင် "လူကောင်းတစ်ယောက်ရဲ့ဆယ်ရက်တာ" တဲ့။ လူကောင်းဆိုတာ ဘယ်လိုလူမျိုးတွေသတ်မှတ်ကြတာလဲ။အကြမ်းဖျင်းသတ်မှတ်ရရင် သူများကို ဒုက္ခမပေး၊အန္တရာယ်မပေး၊ သစ္စာရှိပြီးယုံကြည်ရတဲ့လူမျိုးတွေပေါ့။ဒီဇာတ်ကားထဲက ဆာဒစ် ဟာလည်း အဲ့လိုလူစားမျိုးပဲ။"ကောင်းလွန်းရင် လူပါးဝခံရတတ်တယ်" ဆိုတဲ့စကားအတိုင်းပဲ ဆာဒစ်လည်းအဲ့ဒဏ်ကိုကောင်းကောင်းခံခဲ့ရတယ်။ ဘယ်လောက်ထိလဲဆိုရင် သူ့ဘဝကြီးပြောင်းပြန်လှန်သွားတဲ့အထိပဲ။ ဒီလိုနဲ့ ရှေ့နေအလုပ်ကနေပါ နားလိုက်ရပြီးအလွတ်တမ်းစုံထောက်သဘောမျိုးပဲ လုပ်ကိုင်နေတော့တယ်။ တစ်ရက်ကျသူ့ရဲ့ ရှေ့နေမိတ်ဆွေတစ်ယောက်က သူ့ကလေးထိန်းရဲ့ သားပျောက်သွားလို့စုံစမ်းပေးပါဆိုပြီး အလုပ်အပ်လာခဲ့တယ်။ ဒီလိုနဲ့ လူကောင်းတစ်‌ယောက်ရဲ့ဆယ်ရက်တာ အစပြုခဲ့တာပေါ့။တစ်ဖက်မှာလည်း ထူးဆန်းတဲ့လူနှစ်ယောက်က လူတွေသတ်ပြီး လက်စဖျောက်ပစ်နေတဲ့ကိစ္စကလည်းဖြစ်နေသေးတယ်။ ဒါတွေနဲ့ ပျောက်ဆုံးနေတဲ့ ကောင်လေးကရောဘယ်လိုအဆက်အစပ်ရှိတာလဲ။ ဒီကောင်လေးကဘာလို့ပျောက်ဆုံးသွားတာလဲ။အဲ့ကောင်လေးကရော ဘယ်လိုလူမျိုးလဲ။ ဒီလိုမေးခွန်းတွေအပြင်ကိုမှ လူတွေရဲ့အရှုံးပေးသူကိုမှ အနိုင်လိုချင်တတ်တဲ့ စိတ်ထားတွေ၊ ကိုယ်ချစ်ရတဲ့သူက သစ္စာဖောက်တဲ့အခါ နှစ်ခါပြန်သေခဲ့ရတာမျိုးတွေ၊ ကိုယ်ကျိုးပဲကြည့်ပြီး ဘယ်သူဘာဖြစ်ဖြစ်ဆိုတဲ့ စိတ်ထားမျိုးတွေ၊ ဒီလိုတွေ့နေမြင်နေကျ လူ့သဘောလူ့သဘာဝတွေကိုလည်းဒီဇာတ်ကားထဲမှာတွေ့ရမှာဖြစ်ပါတယ်။ဒီဇာတ်ကားက တူရကီ film တစ်ခုဖြစ်ပြီးCrime/ mystery အမျိုးအစားမျိုးဖြစ်တာကြောင့် လူပျောက်ရှာပုံတော်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဆယ်ရက်တာအတွင်း လူကောင်းတစ်ယောက် ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကြည့်ရှုခံစားလိုက်ကြပါဦး။  File size…1.58 GB/ ...
movie

10 Days of a Good Man (2023)

10 Days of a Bad Man (2023) 6.1
10 Days of a Bad Man (2023)  ဒီ "10 Days of a Bad Man" ဆိုတဲ့ Turkish Netflix ဇာတ်ကားထဲမှာဆာဒစ်ခေါ် အာဒေးလ်ဆိုသူ လူတစ်ယောက်ရဲ့ ဆယ်ရက်တာခရီးကြမ်းတစ်ခုကိုDrama Thriller ဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ဆာဒစ်ဆိုတဲ့သူတစ်ယောက် ကားအက်စီးဒန့်ဖြစ်ပြီး သေကံမရောက်သက်မပျောက်ခဲ့ပေမယ့် အဲ့ကားကလူဆိုးဂိုဏ်းတစ်ခုရဲ့ကားဖြစ်နေတော့ပြန်လျော်ဖို့ကလည်းပိုက်ဆံမရှိ။ ဒီတော့သူတို့ခိုင်းတဲ့အတိုင်း အလုပ်တစ်ခုလုပ်ပေးရယ်ဆိုပြီး သဘောတူခဲ့ရတယ်။ အဲ့လိုလုပ်ပေးရင်းနဲ့ တစ်ခြားဘက်မှာလည်း လူသတ်မှုတစ်ခုအတွက် သူ့ကိုလိုက်ပေးဖို့ အသိမိတ်ဆွေတစ်ယောက်က ပြောလို့လက်ခံပေးလိုက်ရတယ်။ တစ်ဖက်ကသူ့ကိုခိုင်းထားတဲ့အလုပ်ရဲ့နောက်ကွယ်မှာ ဘယ်လိုလှည့်ကွက်တွေရှိပြီးတော့ သပွတ်အူလိုရှုပ်နေတဲ့အမှုကို ဆယ်ရက်အတွင်း ဘယ်လိုပြီးပြတ်အောင် လုပ်ဆောင်သွားမလဲဆိုတာကိုတော့စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားကြပါလို့ ပြောကြားရင်း....  File size…1.06 GB/ 768MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….2h 3m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZZA
movie

10 Days of a Bad Man (2023)

Father & Soldier (2022) 5.9
Father & Soldier (2022) Father & Soldier (2022)~ IMDb - 5.9/10, Rotten Tomatoes - 86% ~ဒီရုပ်ရှင်နာမည်က ပြင်သစ်လိုဆိုရင် "Tirailleurs" လို့ခေါ်ပါတယ်။ အဓိပ္ပာယ်အရဆိုရင် အဲဒီခေတ်က ရှေ့တန်းမှာသုံးတဲ့ အာဖရိကတပ်သားတွေကို ရည်ညွှန်းတာပေါ့။ သူတို့တာဝန်က ရှေ့တန်းမှာကင်းစောင့်ရတယ်၊ ပစ်စရာရှိရင်ရှေ့ဆုံးကပစ်ရတယ်၊ ကျဆုံးစရာရှိရင်လည်း ဒုတိယမဟုတ်ခဲ့ကြဘူး။ အကြမ်းသုံးစစ်သည်တွေလို့ ယူဆလို့ရပါတယ်။ပထမကမ္ဘာစစ်ကာလတုန်းက ပြင်သစ်ဟာ သူတို့ရဲ့အာဖရိကန်ကိုလိုနီနိုင်ငံတွေဆီကနေ အဲဒီလိုအကြမ်းခံစစ်သားတွေကို ခေါ်သုံးခဲ့ပါတယ်။ အကြမ်းနည်းတဖုံ အနုနည်းတဖုံပေါ့။ အကြမ်းနည်းဆိုရင် အာဖရိကန်ရွာတွေကို ဝင်စီးတယ်။ လူငယ်တွေကို ပေါ်တာဆွဲတယ်။ တပ်ထဲထည့်တယ်။အနုနည်းဆိုရင် မင်းတို့ဒီတိုက်ပွဲအပြီးမှာ ပြင်သစ်နိုင်ငံသားဖြစ်ပြီး အဆင့်အတန်းမြင့်မြင့်နေရမယ်လို့ဆွယ်တယ်။ ရည်ရွယ်ချက်က တစ်ခုတည်းပါပဲ။ ပြင်သစ်အလံတော်အောက်မှာ စတေးကြဖို့။ဒီရုပ်ရှင်ကတော့ အဲဒီလို အမေ့လျော့ခံအာဖရိကန်စစ်သားတွေကို အမှတ်ရသောအားဖြင့်ရိုက်ကူးထားတဲ့ War, Drama ကားကောင်းလေးပါ။ရုပ်ရှင်အကျဉ်းကတော့...ဆီနီဂေါက ရွာတစ်ခုမှာ ဘာကရီတို့မိသားစုလေးနေတယ်။ ပြင်သစ်တွေ ပေါ်တာစဆွဲပြီလို့ သတင်းတွေကြားတော့ ရွာက အဖေတွေက သူတို့သားတွေကို ...
movie

Father & Soldier (2022)

2022
Exorcism ( 2023 ) 5.9
Exorcism ( 2023 ) မြို့လေးတစ်မြို့ရဲ့သူဌေးအိမ်ဖြစ်တဲ့ ချန်အိမ်တော်မှာ သခင်ကြီးချန်ရဲ့စတုတ္ထမြောက်ဇနီးလေးက မတော်တဆဆုံးသွားခဲ့ပါတယ်။ အသုဘနေ့မှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေဖြစ်ခဲ့ပြီးနောက် ချန်အိမ်တော်ကြီးက သရဲခြောက်ပါတယ်တဲ့......အစိမ်းသေသေတဲ့သခင်မ(၄)ကခြောက်လှန့်နေပါတယ်ဆိုပြီး ကောလဟာလတွေပြန့်လာပါတယ်။ ဒီလိုနဲ့ ပယောဂဆရာကြီးဝမ်က ချန်အိမ်ကိုအပနှင်ဖို့ရောက်လာခဲ့ပါတယ်။ ချန်အိမ်တော်ကလူတွေဟာ တစ်ယောက်တစ်မျိုးမူမမှန်တာကိုတွေ့ရပြီ ခြောက်ခြားစရာဖြစ်ရပ်တွေနဲ့ကြုံလာရပါတယ်။ ဆရာကြီးဝမ်ဟာ ချန်အိမ်ကြီးမှာအပနှင်ဖို့ကြိုးစားရင်းနဲ့ ချန်မိသားစုရဲ့လျှို့ဝှက်ချက်တွေကိုသိလာတဲ့အခါ...... ဘယ်လိုတွေဆက်ဖြစ်ကြမလဲ.... Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller  Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Exorcism ( 2023 )

Elevator Game (2023)
Elevator Game (2023)  ကြောက်စရာသရဲဂိမ်းတွေကို ဆော့ပြပြီး ကြည့်ရှုသူတွေအားပေးထောက်ခံမှုကိုအတော်ထားရတဲ့ အထက်တန်းကျောင်းပြီးခါစသူငယ်ချင်းငါးယောက်ဟာသူတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဒီရှိုးကို အသက်မွေးဝမ်းအကြောင်းတစ်ခုအနေနဲ့လုပ်ဖို့ရည်ရွယ်ထားကြတယ်။ ငါးယောက်ထဲမှာ ကယ်ဗင်က စပွန်ဆာရအောင်ရှာဖွေရပြီးခရစ်၊မက်တီနဲ့ ကလိုဝီတို့ကတော့ လူတွေစိတ်ဝင်စားလာအောင် သရဲဂိမ်းတွေကိုဆော့ပြရတယ်။ နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ အစ်ဇီကတော့ တည်းဖြတ်ရေးပိုင်းကိုတာဝန်ယူရတယ်။တစ်နေ့ သူတို့ကုမ္ပဏီကိုအထက်တန်းကျောင်းတက်လက်စ ကျောင်းသားတစ်ယောက်ကvolunteer အနေနဲ့ကူညီပေးဖို့ရောက်လာတယ်။တစ်ဖွဲ့လုံးက အပိုင်းသစ်ရိုက်ကူးဖို့အတွက်အကြံကုန်နေကြတဲ့အတွက် လူသစ်လေး Elevator Game ကိုကစားလို့ရကြောင်းပြောလာတယ်။ အရင်က ခရစ်က ဒီဂိမ်းအကြောင်းကိုပြောခဲ့ပေမယ့် ကြည့်ရှုသူတွေပျင်းမှာစိုးလို့ မလုပ်ချင်ကြောင်းပြောပြတယ်။ ဒါပေမဲ့ ရှေ့အပိုင်းမှာ စပွန်ဆာ productကို သေချာရိုက်မပြခဲ့တဲ့အတွက် စပွန်ဆာ ကုမ္ပဏီကတင်းပြီးတော့ တစ်ပတ်အတွင်းအပိုင်းသစ်လုပ်ခိုင်းတယ်။ မလုပ်နိုင်ရင် ငွေကြေးမထောက်ပံ့တော့ဘူးဆိုပြီး ပြောလာတဲ့အတွက် လူသစ်လေးရဲ့အကြံအတိုင်းလုပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ Elevator Game ဟာအွန်လိုင်းပေါ်မှာနာမည်ကြီး ဆော့တဲ့သူတွေဟာ ဂိမ်းဆော့နေရင်းနဲ့ပျောက်သွားကြောင်းကလိုဝီတို့အဖွဲ့သိလိုက်ကြတယ်။ သရဲကားတို့ထုံစံအတိုင်း Elevator Game ရဲ့သံမဏိစည်းမျဉ်းကို ကလိုဝီတို့အဖွဲ့ချိုးဖောက်လိုက်တဲ့အခါမှာတော့........ File size…1.05 GB / 624 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h ...
movie

Elevator Game (2023)

Holiday Harmony (2022) 6.2
Holiday Harmony (2022)  ဂေးထရာဗာဆိုတဲ့ သီချင်းတွေသီဆိုရတာ ဝါသနာပါတဲ့ကောင်မလေးတစ်ယောက်ဟာ တစ်နေ့တော့ နာမည်ကြီးရေဒီယိုစတေရှင်တစ်ခုဖြစ်တဲ့ iHeart Radio မှာ ခရစ်စမတ်အထူးအစီအစဉ် ဖွင့်ပွဲမှာသီဆိုယှဉ်ပြိုင်ဖို့ အခွင့်အရေးရလာခဲ့တယ်..ပြည်နယ်တွေကျော်ဖြတ် ကားမောင်းလာရင်း ဟာမိုနီစပရင်းကိုရောက်တဲ့အခါမှာမျှော်လင့်မထားတာတွေဖြစ်ပျက်ပြီးနောက် သူမရဲ့ ဘတ်ဂျက်အနေအထားနဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကလေးတွေကို ဂီတသင်ပေးဖို့အကြောင်းဖန်လာပါတော့တယ် ပွဲမှာယှဉ်ပြိုင်ဖို့အတွက် သီချင်းတွေရေးရင်း ဒီနေရာလေးမှာပဲအချစ်ဆိုတာကို ရှာတွေ့မှာလား သူမဘဝရဲ့ ဦးတည်ရည်မှန်းချက်တွေ ပြည့်ဝလာနိုင်မလားဆိုတာ ...ဒီဇာတ်ကားလေးမှာ လူတစ်ယောက်အတွက် နွေးထွေးမှုရှိတဲ့အိမ်ဆိုတာဘာအဓိပ္ပါယ်လဲဆိုတာကို မြင်သာအောင် ရိုက်ကူးတင်ဆင်ထားတာကိုတွေ့ရမှာပါခရစ်စမတ်ရာသီက မကြာခင်လာတော့မှာဆိုတော့ ကြည့်သင့်တဲ့ ခရစ်စမတ်အငွေ့အသက်ပါတဲ့ ဇာတ်ကားကောင်းလေးတစ်ကားလို့ပဲ ပြောချင်ပါတယ်။ File size…1.43 GB / 683MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Comedy , Drama , Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by AOI
movie

Holiday Harmony (2022)

[21+]After All, I Love My Wife!  MIDV-231
[21+]After All, I Love My Wife! MIDV-231  လင်မယားနှစ်ယောက် အလုပ်တွေဖိကြိုးစားရင်း တယောက်ကို တစ်ယောက် ထိတွေ့ဖို့ စိတ်မပါဖြစ်နေတာ ဆယ်နှစ် တင်းတင်းပြည့်ခဲ့ပြီNao Jinguuji တစ်ယောက် မထင်မှတ်တဲ့ လက်ဆောင်တခုရလိုက်တယ် သူမတို့ရဲ့ မင်္ဂလာသက်တမ်းဆယ်နှစ်ပြည့်ကို ဈေးကြီးတဲ့ ဟိုတယ်တစ်ခုမှာ ကျင်းပလိုက်ကြတယ် အဲဒီမှာ ရင်ခုန်သံတွေကို ပြန်တူးဆွကြတယ်သူတို့ရဲ့ တိမ်မြုပ်နေတဲ့ ချစ်ခြင်းတွေကို ပြန်လည်ဆန်းသစ်တဲ့အနေနဲ့ ရိုက်ကူးထားတာဖြစ်ပြီး မခို့တရို့ရှက်နေတာလေးတွေက အသည်းယားဖို့ကောင်းပြီး DS Fans တွေအကြိုက်မလို့ တင်ဆက်လိုက်ပါတယ် File size…3.17GB / 1.78GB Quality…Decencored 1080p / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder… X Cross Translated by  Ki Mu Chi
movie

[21+]After All, I Love My Wife! MIDV-231

Duma (2005) 7.2
Duma (2005)  ဒီဇာတ်ကားက တိရစ္ဆာန်​လေး​တွေကို ချစ်မြတ်နိုးသူ​တွေ အ​တော်သ​ဘောကျမယ့် ဇာတ်ကား​လေးပါ။ ဒါ​ပေမဲ့ ခါတိုင်းလို ​ခွေး​လေး၊​ကြောင်​လေး​တွေရဲ့ ဇတ်လမ်းမျိုးမဟုတ်ဘဲ အိမ်​မွေးတိရစ္ဆာန်​လိုဖြစ်​နေတဲ့ ချီတာကျားသစ်​လေးတစ်​ကောင်အ​ကြောင်းပါ။ IMDb7.2နဲ့ RT 95% ရထားပါတယ်။ ဇန်ဆိုတဲ့​ကောင်​လေးရဲ့ အိမ်မှာ ​လသား​လေး အရွယ်ကတည်းက​​ရောက်ရှိ​နေတဲ့ ဒူးမားဆိုတဲ့ကျားသစ်​လေးကို တစ်အိမ်လုံးဝိုင်းပြီးချစ်ခင်ကြသလို သူကိုယ်တိုင်လည်း အိမ်​မွေးတိ​လေးတစ်​ကောင်လိုမျိုး အရမ်းယဉ်ပါးတဲ့ ​ကောင်​လေးတစ်​ကောင် ဖြစ်​နေတာပါ။ဒါ​ပေမဲ့ ဇန်ရဲ့ဖခင်ဖြစ်သူ ဆုံးပါးပြီး​နောက် သူတို့​မိသားစုရဲ့အိမ်မှမြို့​ပေါ်​ကို ပြောင်း​​ရွှေ့​နေထိုင်ရချိန်မှာ​​တော့ ဘယ်​လိုပဲ လူယဉ်တဲ့တိ​လေးဖြစ်​နေပါ​စေ၊ ကျားသစ်က ကျားသစ်၊ ​သားရဲက သားရဲပဲဖြစ်လို့ ခေါ်ထားဖို့အဆင်မ​ပြေတဲ့ အ​ခြေအ​နေဖြစ်လာပါတယ်။ဒါ​ကြောင့်ပဲ ဇန်က သူကိုယ်တိုင် ဒူးမား​လေးကို ​စ​တွေ့ခဲ့တဲ့​တောထဲပြန်ပို့​ပေးဖို့ ဆုံးဖြတ်လိုက်ပါ​တော့တယ်။ ဒီဇာတ်ကား​​လေးထဲမှာဇန်နဲ့ ကျားသစ်​လေး ဒူးမားတို့ရဲ့ သံ​ယောဇဉ်​​တွေ၊ သူတို့ကြုံရမယ့်အခက်အခဲ​ပေါင်းများစွာနဲ့ စွန့်စားမှု​တွေကို ကြည့်ရှုခံစားရမှာပါ။ချစ်ဖို့​ကောင်းတဲ့ တိကား​လေးဖြစ်လို့ မိသားစုနဲ့အတူတူကြည့်ရှုဖို့အဆင်​ပြေမယ့် ဇာတ်ကား​လေးပဲ ဖြစ်ပါတယ်။ File size…2.85 GB / 1.24 GB Quality…WEB-DL 1080p 5.1 ...
movie

Duma (2005)

Haan Maine Bhi Pyaar Kiya (2002)
Haan Maine Bhi Pyaar Kiya (2002) အိန္ဒိယရဲ့ နာမည်ကျော်မင်းသားကြီးတွေဖြစ်တဲ့ အာရှေးကူးမား ,အာဘီရှန်ဘချန်းတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Haan Maine Bhi Pyaar Kiya ဆိုတဲ့ အိန္ဒိယကားကောင်းလေးကို CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါပြီ။ရှိဗ် နဲ့ ပူဂျာ တို့က မမျှော်လင့်ပဲနဲ့ဖူးစာဆုံခဲ့ကြပြီး လက်ထပ်ဖြစ်ခဲ့ကြပါတယ်။ လက်ထပ်ပြီးတဲ့နောက်မှာ ရှိဗ်ဘက်က ပူဂျာခွင့်မလွှတ်နိုင်တဲ့ပြဿနာတွေကိုပဲ လုပ်ခဲ့မိတာကြောင့် လင်မယားကွာရှင်းခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ ပူဂျာက ရက်ဂျ်ဆိုတဲ့နိုင်ငံကျော်မင်းသားဆီမှာ အလုပ်လုပ်ဖြစ်တဲ့အခါမှာ ရက်ဂျ်ဘက်ကနေစပြီးပူဂျာကိုသဘောကျလာတာကစလို့ နှစ်ဦးသဘောတူလက်ထပ်ဖို့ထိဖြစ်လာခဲ့ပါတယ်။ဒီအချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင် ရှိဗ်ကပူဂျာ့ဘဝထဲပြန်လည်ဝင်ရောက်လာတဲ့အခါမှာ သူတို့၃ဦးရဲ့၃ပွင့်ဆိုင်အချစ်ဇာတ်လမ်းကဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ အချစ်၊အလွမ်း၊ဟာသနှောထားပြီး ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ File size…2.54GB/ 1.16GB Quality…1080p WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Citrus
movie

Haan Maine Bhi Pyaar Kiya (2002)

2002
[18+]Next Door Lady(2018)
[18+]Next Door Lady(2018) [18+]Next Door Lady(2018)**************************ကွီးယားအလှအပအကိတ်လေးများအထူးပါဝင်တာမို့ဒေါင်းကြည့်ရကျိုးနပ်စေမှာပါ... အလုပ်လက်မဲ့ဖြစ်နေတဲ့ ဂယူနမ်ကို ရည်းစားဖြစ်သူ မီရန်းကအလုပ်မြန်မြန်ရအောင် ကြိုးစားဖို ဖိအားပေးနေပါတယ် စိတ်ဖိစီးမှုတွေများလာလို စိတ်ပြေလက်ပျောက်ဖြစ်အောင်ပန်းခြံမှာ သွားထိုင်နေတုန်း ဟယ်ဂျောင်းဆိုတဲ့ မိန်းကလေးနဲ့ တွေ့ပြီး ဘဝတူချင်း ရင်းနှီးသွားခဲ့ပါတယ် တစ်ရက်မှာ နတ်ဆရာဆီမှာ ဗေဒင်သွားမေးတော့ အခုလို ကံဆိုးမှုတွေဖြစ်နေတာကသရဲမတစ်ကောင်က သူ့နားကို ကပ်နေလိုဆိုတာ သိလိုက်ရပါတယ် ဒီတော့ ဂယူနမ်အနေနဲ့ သူ့နားမှာ ရှိနေတဲ့ မိန်းကလေးနှစ်ယောက်ထဲကဘယ်သူက သရဲမဖြစ်မလဲ သရဲမကို ဘယ်လိုနှိမ်နင်းသွားမလဲ     File size… 1GB& 488MB Quality… WEB-DL1080p,720p Format…mp4 Duration….1hr 33min Genre ….. Adult , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….DS Translated by SD
movie

[18+]Next Door Lady(2018)

Schächten (2022) 6.0
Schächten (2022) ဒီရုပ်ရှင်က ဂျာမန် နာဇီတွေနဲ့ ဂျူးလူမျိုး Victimsတွေ အကြောင်းရိုက်ထားတာတွေထဲက တစ်ခုဖြစ်ပေမယ့် နာဇီခေတ်မှာ ဇာတ်အိမ်တည်ထားတာ မဟုတ်ပါဘူး။ Holocaustအပြီး နှစ်၂၀နီးပါးကြာတဲ့အချိန် ၁၉၆၂မှာ တည်ထားပါတယ်။ဇာတ်လမ်းကတော့ Victor Dessaur ဆိုတဲ့သူက သူ့မိသားစုကို သတ်ခဲ့တဲ့ နာဇီစစ်ခေါင်းဆောင် Kurt Goglဆိုသူကို အမှုပြန်ဖွင့်ပြီး တရားစွဲအပြစ်ပေးစီရင်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် သိတဲ့အတိုင်းပဲ မတရားမှုက လုံးဝမပျောက်ပြယ်သွားဘဲနဲ့ ဂျူးတွေအပေါ် ဖိနှိပ်မှု ခွဲခြားဆက်ဆံမှုတွေက ဆက်ပြီး ရှိနေသေးတဲ့ ကာလလည်းဖြစ်ပါတယ်။ရုပ်ရှင်က ဂျူးလူမျိုးတွေရဲ့ နစ်နာခဲ့ပုံတွေမကဘဲ နာဇီစစ်ခေါင်းဆောင် ဟစ်တလာကြောင့် နာဇီဝါဒ ရိုက်သွင်းခံခဲ့ရတဲ့ ဂျာမန်လူမျိုးတွေအပေါ်မှာပါ ဘယ်လိုသက်ရောက်စေခဲ့သလဲ ရိုက်ပြထားပါတယ်။ရုပ်ရှင်ရဲ့နာမည်ဖြစ်တဲ့ Schachten ဆိုတာက ဂျူးရိုးရာ သားသတ်တဲ့နေရာသုံးတဲ့ ဓားဖြစ်ပါတယ်။ ဒီဓားနဲ့ မိမိ မိသားစုဝင်တွေဖြစ်တဲ့ အဖိုး၊ အဖွား၊ အမေနဲ့ ညီမကို မျက်စိရှေ့အသတ်ခံလိုက်ရတဲ့ Victorက တကယ်ပဲ ကျူးလွန်ခဲ့သူကို ပြန်ပြီးဒဏ်ခတ်နိုင်မှာလား ...
movie

Schächten (2022)

[18+] Graphic Desires (2022) 4.4
[18+] Graphic Desires (2022) [18+] Graphic Desires (2022) ======================ဇာတ်လမ်းအညွှန်းမစခင် ၁၈ယောက်စုပြီးကြည့်ရမဲ့ကားဖြစ်ကြောင်း ကြိုတင် အသိပေးပါတယ်ခင်ဗျာ။ ဇာတ်လမ်းကတော့ ဒီလိုဗျ။ ရုံးမှာ တစ်နေကုန်ထိုင်အလုပ်လုပ်ရတာကိုမကြိုက်ဘဲ အိမ်မှာပဲ WFH လုပ်ချင်တဲ့ အိမ်တွင်းပုန်း IT သမား ဖရန်ကလင်ဟာ ကောင်မလေး လည်းရှိ၊ အချစ်ဆုံးဘော်ဒါကြီးလည်းရှိ၊ အလုပ်လည်းရှိဆိုတော့ သူ့ဘဝကြီးက အိုကေစိုပြေတယ်လို့ပြောလို့ရပါတယ်။တစ်နေ့ကျ သူငယ်ချင်းလမ်းညွှန်ကောင်းမှုနဲ့ သူ့ရည်းစား ခရီးသွားခိုက်မှာ Dating app တစ်ခုကနေ အတ္တလန်တာဆိုတဲ့ စော်လေးတစ်ပွေနဲ့ သွားဒိတ်ပါတယ်။ အစ ကတော့ သူ့ကောင်မလေးအပေါ်သစ္စာမဖောက်ဘူးဆိုပြီး တကယ်တမ်းကျ ဒိတ်ရုံ မကလို့ တွေ့တဲ့ညမှာပဲ ရေနံတူးမိကြတဲ့အပြင် ရေနံတူးမှတ်တမ်းဗီဒီယိုပါ ရိုက်ထား လိုက်သေးတယ်တဲ့ဗျာ။ နောက်နေ့လည်းရောက်ရော အတ္တလန်တာက အကောင့် ဘာညာအကုန်ဖျက်ပြီး ပျောက်ချင်းမလှပျောက်သွားလေတယ်။ သကောင့်သားခမျာ တစ်ညပဲတွေ့ဖူးတဲ့ ကောင်မလေးကို အရမ်းတွေစွဲလမ်းသွားပြီး တစ်ခုခုများဖြစ်သ လားဆိုတဲ့စိတ်နဲ့ ရေတဆုံးမြေတဆုံးလိုက်ရှာပါလေရော။သူ့ဘော်ဒါကြီးပါလိုက်စုံစမ်းပေးပြီးတဲ့နောက် သိလိုက်ရတာက အဲဒီအတ္တလန်တာ ဆိုတဲ့ကောင်မလေးဟာ ဘယ်တုန်းကမှ မရှိဖူးတဲ့လူတစ်ယောက်ဆိုတာပါပဲ။ သူ့ဘော် ဒါက တကယ်မရှိကြောင်းရှင်းပြလိုက်၊ သူကလည်း ဒါဆို ဒီဗီယိုကဘာလဲဆိုပြီး သက် သေပြလိုက်နဲ့ ဇာတ်ကားတစ်ခုလုံးက အတ္တလန်တာရှာပုံတော်ဖွင့်ခန်းကြီးပါပေါ့။ နောက်ဆုံးမှာတော့ အတ္တလန်တာဆိုတာ တကယ်ရှိလား မရှိဘူးလား၊ မရှိရင် ...
movie

[18+] Graphic Desires (2022)

2022
[18+] Undryable Daughter-in-Law (2020)
[18+] Undryable Daughter-in-Law (2020) အခု ဇာတ်လမ်းကတော့ အိမ်တွင်းအရှုပ်တော်ပုံ လူတွေရဲ့ သွေးသားဆန္ဒရှုပ်ထွေးပုံကို ကြည့်ရမှာပါ...အိမ်ထောင်တခုရယ်လို့ဖြစ်လာရင် စီးပွားရေးကလဲ အရေးကြီးသလို နှစ်ဦးနှစ်ဖက် အပြုစုအယုယလေးတွေကလဲ အရေးပါတာကို အားလုံးသိကြမှာပါ... ခုဇာတ်လမ်းမှာလဲ အပြုစုအယုယတွေလိုအပ်နေတဲ့ အိမ်ရှင်မလေးဘဝကို သနားစဖွယ်မြင်တွေ့ရမှာပါ...အပြုအစုအယုကိုလိုချင်တဲ့သူ့ဆန္ဒကို ယောကျာ်းဖြစ်သူကလဲဂရုမစိုက်ဖောက်ပြန်နေတဲ့အခါ အနေနီးပြီး သူ့အပေါ်ကြင်နာတဲ့ အနီးဆုံးယောကျာ်းတစ်ဦးကို သံယောဇဉ်ဖြစ်မိသွားချိန်မှာတော့..... File size…700MB Quality…720p WEBRIP Format…mp4 Duration…1h 12min Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by FOX
movie

[18+] Undryable Daughter-in-Law (2020)

2020
Aneethi (2023) 7.1
Aneethi (2023) Aneethi (2023)IMDb - 7.4/10 The Times Of India - 3.5/5"မိုးလင်းကနေ မိုးချုပ်ထိ မနားတမ်းအလုပ်လုပ်တယ်... အလုပ်က နားလိုက်တာနဲ့ ဒီလောက်ကျယ်တဲ့မြို့ကြီးမှာ ငါ့အတွက်နေရာဆိုတာမရှိဘူး.." တစ်နေကုန် အစားအသောက်ပို့ရင်း တစ်ပုံစံထဲ ငြီးငွေ့စရာနေ့တွေထဲ တွေ့သမျှလူတိုင်းကို သတ်ပစ်ချင်စိတ်နဲ့ အိပ်မရညတွေဖြတ်သန်းရင်း စိတ်ရောဂါကို အံတုနေရတဲ့ ဇာတ်လိုက်ကျော်မင်းသား..။တစ်နေ့ ညနက်မှပို့တဲ့ Deli way ထဲက အသံချိုချို လက်လှလှလေးနဲ့ ကြွေကျသွားတဲ့ နှလုံးသားကြောင့် | နေ့တိုင်း ဒီအိမ်ကြီးဆီ ချစ်ရသူလေးအတွက် မုန့်ပို့ဖို့ အကြောင်းတွေရှာပြီး နည်းလမ်းရှာအနားကို ပြေးကပ်ရပါပြီ။ စိတ်ရောဂါဆိုတာ ပန်းလေးလိုပါပဲ ဂရုထားပုံပေါ်မူတည်ပြီး ကြွေရင်ကြွေ ၊ မကြွေရင် ဝေ ။ဒီလိုအခြေအနေမှာမှ လူသတ်ချင်နေတဲ့မင်းသားတစ်ယောက် အချစ်မှာမျောပါသွားတဲ့အခါ အရောင်မဲ့ကမ္ဘာကြီး သက်တံ့တွေထွန်းလာတော့တာပေါ့။ ဒီလိုနဲ့ ချစ်တတ်လာတဲ့မင်းသားဟာ တစ်နေ့တာမှာ အပြုံးတွေဝေ အသက်ရှင်လာသလိုခံစားရလာရကနေ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေကြောင့် တရားခွင်ရင်ဆိုင်ရမယ့်အခြေအနေတွေ ဖြစ်လာတဲ့အခါ..။ဒီ့အပြင် ချစ်ရသူကိုယ်တိုင်ကပါ သူ့ကို ချနင်းပြီး အသုံးချသွားတဲ့အခါ..။ ...
movie

Aneethi (2023)

2023
No content available

Genres

Archives