Channel Myanmar

Blu-Ray 720p

In the Mood for Love (2000) 8.1
In the Mood for Love (2000) Romance/Drama Genre မှာ တကယ်တမ်း ရင်ထဲစွဲစွဲလမ်းလမ်းဖြစ်ပြီးအမြဲတမ်း သတိတရဖြစ်နေစေတဲ့ရုပ်ရှင်က တော်တော်လေးရှားတယ်လို့ ပြောလို့ရပါတယ်။ ဇာတ်သိမ်းမှာ ချစ်တာနဲ့ ကွဲတာနှစ်မျိုးပဲ နှစ်ပင်လိမ်ပြီး ဇာတ်အိမ်တွေ အက်ကြောင်းထပ်နေတဲ့ခေတ်ကာလမှာ Lost in Translation, Eternal Sunshine of the Spotless Mind, In the Mood for Loveလို ဇာတ်ကားမျိုးတွေဟာ သာမန်အချစ်ဇာတ်လမ်းတစ်ခုဆိုတာထက် အများကြီးပိုမိုပြသသွားနိုင်ခဲ့ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမယ့်ရုပ်ရှင်ကတော့ ဟောင်ကောင်ဒါရိုက်တာ ၀မ်ကာဝေရဲ့ အကောင်းဆုံးလက်ရာလို့တင်စားခေါ်ဝေါ်ကြတဲ့ In the Mood for Love ဆိုတဲ့ဇာတ်ကားပါ။ ၀မ်ကာဝေဟာ အရှေ့တိုင်းရုပ်ရှင်လောကရဲ့ဆရာတစ်ဆူဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ရုပ်ရှင်တွေဟာ မှတ်တိုင်များစွာ စိုက်ထူနိုင်ခဲ့ပါတယ်၊ အဲ့ဒီဇာတ်ကားတွေထဲမှာIn the Mood for Love ကတော့ သူရိုက်ကူးခဲ့တဲ့ တခြားရုပ်ရှင်ဇာတ်ကားတွေနဲ့ မတူပဲ သီးခြားပုံစံတစ်မျိုးအဖြစ်ကွဲထွက်နေခဲ့ပါတယ်။ In the Mood for Love ရဲ့ဇာတ်အိမ်က အရမ်းကိုရိုးရှင်းလွန်းပြီး ဇာတ်လမ်းစကြည့်တာနဲ့ ဘာဆက်ဖြစ်မယ်ဆိုတာခပ်ရေးရေးလေး ...
8.1
IMDB: 8.1/10 95,422 votes
movie

In the Mood for Love (2000)

2000
Blu-Ray 720p
The 12th Man (2017) 7.6
The 12th Man (2017) ဒုတိယကမ္ဘာစစ်ကာလဟစ်တလာရဲ့ ဘုန်းတန်ခိုး နေလိုလလို ထွန်းတောက်နေချိန်အရှေ့ဥရောပတစ်ခွင်မှာ နာဇီစစ်သရဲတွေ ကြီးစိုးနေချိန်နော်ဝေသားတွေဟာ သူတို့ရဲ့ အဖမြေအတွက် ပြန်လည်တိုက်ခိုက်ရမယ့်အချိန်... 12th Man (2017) သူတို့ နာဇီတွေကို တိုက်ဖို့ ကြိုးစားခဲ့တယ်။ အရာအားလုံးကို စွန့်လွှတ်ပြီးတော့ ဒီသွေးစုပ်မြေကိုလာခဲ့ပြီး အဖမြေအတွက် လွတ်လပ်ဖို့ လမ်းစကို ရှာခဲ့တယ်။ ဒါပေမယ့် သူတစ်ယောက်တည်းပဲ လွတ်ခဲ့ပြီး သွေးသောက်ညီအကို ၁၁ယောက်ကို နာဇီစစ်သရဲတွေရဲ့ လက်ထဲ ထားခဲ့ရတယ်။ ပြောသွားပါရဲ့ "ပေးဆပ်ရတာတွေ အလကားမဖြစ်စေနဲ့" တဲ့ သူ လွတ်မှ ရမယ်။ ဒီနယ်မြေထဲက ရုန်းထွက်ပြီး အနီးက ကြားနေ၀ါဒကို ကျင့်သုံးတဲ့ ဆွီဒင်ကို သွားရမယ်။ သူ့ရဲ့ မှတ်ဥာဏ်တွေထဲမှာ ရှိနေတဲ့ ရန်သူ့လျှို့ဝှက်သတင်းတွေကို ဗြိတိန်ဌာနကို သွားပေးနိုင်ရမယ်။ သူ သေလို့မရဘူး။ သေရင်တောင် ကိုယ်တိုင် သတ်လို့ပဲ သေစေရမယ်...။ IMDB 7.5/10, RT 83%,... ဖြစ်ရပ်မှန်ပေါ် အခြေခံထားတဲ့ ဇာတ်ကားဖြစ်တဲ့အပြင် ရုရှားဇာတ်ကားဖြစ်တဲ့အတွက်ကြောင့် သူတို့ ဘယ်လိုကျဆုံးခဲ့ရလဲဆိုတာ မကွယ်ဝှက်တန်း ကြည့်ရှုရမှာပါ...။ အထူးသဖြင့် နောက်ဆုံးပိုင်းမှာ လူသားတွေရဲ့ စိတ်ဓာတ် ဘယ်လောက်မာလဲဆိုတာ ...
7.6
IMDB: 7.6/10 2,383 votes
movie

The 12th Man (2017)

2017
Blu-Ray 720p
Escape Plan 2: Hades (2018) 5.1
Escape Plan 2: Hades (2018) ဒီတစ်ခါမှာတော့ စတားလုံးလို့ အများသိကြတဲ့ မင်းသားကြီးSylvester Stallone ရဲ့ 2018 ခုနှစ်ထွက် အက်ရှင်ဇာတ်ကြမ်းကားကို ထွက်ထွက်ချင်းပဲ တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားဟာ ဒိတ်ဒိတ်ကြဲအက်ရှင်မင်းသားကြီးဖြစ်တဲ့ စတားလုံးနဲ့အာနိုးတို့နှစ်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ 2013 ခုနှစ်ထွက် Escape Plan ရဲ့နောက်ဆက်တွဲဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသားကြီးအာနိုးပါဝင်မှာမဟုတ်တော့ဘဲ Guardian of the Glaxy မှာ Drax အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သူ WWE အကျော်အမော် Dave Bautista က စတားလုံးနဲ့အတူ အတွဲညီညီပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် နာမည်ကျော် အမေရိကန် Rapper ကြီး "50 cent" လည်းပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ========== Ray Breslin ဟာ ထောင်ကိုဖောက်ထွင်းပြီးအရေးကြီးတဲ့လူတွေကို ကယ်တင်ဖို့အတွက် အထူးလေ့ကျင့်ထားတဲ့ အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦးပါ။ တစ်ရက်မှာသူ့ရဲ့ယုံကြည်ရသူတစ်ဦးဖြစ်တဲ့ Shu Ren ဆိုသူဟာ Hades လို့ခေါ်တဲ့ ကမ္ဘာ့အတင်းကျပ်ဆုံးထောင်ထဲမှာ ပျောက်ဆုံးသွားတာကြောင့် သူ့ရဲ့အဖွဲ့ကိုပြန်ဖွဲ့စည်းပြီး ကယ်ဆယ်ဖို့ကြိုးစားပါတော့တယ်.....။ မင်းသားကြီးစတားလုံးရဲ့ဇာတ်ကားဖြစ်တာကြောင့် ဇာတ်လမ်းဇာတ်ကွက်မကောင်းခဲ့ရင်တောင် ကြည့်ရတဲ့ ဖိုက်တင်ချခန်းတွေနဲ့ အချိန်ပေးရတာထိုက်တန်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်မှာပါ။   (ဘာသာပြန်သူကတော့ ...
5.1
IMDB: 5.1/10 136 votes
movie

Escape Plan 2: Hades (2018)

2018
Blu-Ray 720p
Loveless (2017) 7.7
Loveless (2017) IMDB Rating 7.7 နဲ့ Rotten Tomato 93% အထိရရှိထားတဲ့ ရုရှားအိမ်ထောင်ရေးဇာတ်ကားတစ်ကားပါ။ Heavy Drama ဇာတ်ကားတစ်ကားဖြစ်လို့ ပေါ့ပေါ့ပါးပါးဇာတ်ကားတွေပဲကြည့်ချင်တဲ့သူများလက်ရှောင်သွားနိုင်ပါတယ်။ ဒါပေမယ့် ဇာတ်လမ်းလေးဟာ အချစ်မပါတဲ့အိမ်ထောင်ရေးကိုဖော်ကျူးပြထားပြီး အိမ်ထောင်ရေးအဆင်မပြေခြင်းဟာ အခြားသူတွေကို အဓိကအားဖြင့်ကလေးတွေအပေါ်မှာထိခိုက်တတ်ကြောင်းကို ရှင်းရှင်းလင်းလင်းမြင်သာအောင်ပြပေးထားတဲ့အတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်းကိုတော့ ထောက်ခံပေးနိုင်ပါတယ်။ ဇာတ်လမ်းကတော့ ယိုယွင်းစပြုနေတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားကြတဲ့ လင်မယားနှစ်ယောက်ဟာ ကိုယ်စီကိုယ်စီလက်တွဲဖော်အသစ်တွေရှိနေကြပြီးဖြစ်ပေမယ့် နှစ်ယောက်လုံးရဲ့ချစ်ခြင်းကိုမှမခံခဲ့ရတဲ့ ကလေးကိုတော့ ဘယ်သူကမှမလိုချင်ခဲ့ကြပါဘူး။ အဲဒီကိစ္စနဲ့သူတို့အငြင်းပွားတဲ့အချိန်မှာ ၁၂နှစ်သားလေးဖြစ်တဲ့ Alexei ကကြားသွားခဲ့ပြီးတော့ အိမ်ကထွက်သွားခဲ့ပါတယ်။ သူတို့တွေကလေးကိုပြန်ရှာတွေ့နိုင်မလား၊ ပြန်ရှာမတွေ့ခင်ရောဘာတွေဖြစ်ကြမလဲ ပြန်ရှာတွေ့ခဲ့ရင်ရော ဘာတွေဖြစ်ကြမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပါ။ အိမ်ဆိုတာကမနွေးထွေးပဲ နွေးထွေးတာထက်ပိုလွန်းရင် မလွှတ်မြောက်နိုင်တဲ့ ကမ္ဘာပေါ်ကငရဲပါပဲ...   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ)   File Size : (900 MB) and (380 MB) Quality : Blu-Ray 720p Running Time : 2hr 7min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DEPTH Translated ...
7.7
IMDB: 7.7/10 16,754 votes
movie

Loveless (2017)

2017
Blu-Ray 720p
Midnight Sun (2018) 6.3
Midnight Sun (2018) ၁၇ နှစ်အရွယ် Katie Price ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ ငယ်ငယ်တည်းက ထူးဆန်းတဲ့ရောဂါတစ်ခုကို ခံစားနေရတယ်… အဲ့ဒီရောဂါက အသားအရည်ပေါ် နေရောင်ခြည်လုံးဝကျလို့မရတဲ့ရောဂါပေါ့… အဲ့ဒါကြောင့် သူဟာ အထူးစီမံထားတဲ့ ပြတင်းပေါက်မှန်တွေနောက်မှာပဲ နေပြီး သူ့ဘဝကိုဖြတ်သန်းနေတဲ့မိန်းကလေး… အပြင်ထွက်လို့မရတဲ့အတွက်..ကျောင်းတက်ဖို့လည်းမဖြစ်နိုင်တော့… သူ့ရဲ့အဖေကပဲ အိမ်မှာ စာသင်ပေးရတယ်လေ… သူ့အဖေကလည်း မိတဆိုး သမီးလေးကိုလုံးဝအရှုံးမပေးတဲ့လူမျိုး… ဖြစ်လာသမျှကိုလက်ခံပြီး အကောင်းဆုံးဖြစ်အောင် သူ့ကိုထားခဲ့တာလေ.… သူ့မှာ ရှားရှားပါးပါး မော်ဂန်လို့ခေါ်တဲ့ BFF မလေးတစ်ယောက်ရှိတယ်… နောက်တစ်ယောက်ကတော့ မူလတန်းကတည်းက သူ့အိမ်ရှေ့မှာ စကိတ်စီးရင်းဖြတ်သွားဖြတ်လာမြင်နေရတဲ့ ချာလီဆိုတဲ့ကောင်လေး… ဒီကောင်လေးကို သူကကျိတ်ပြီးသဘောကျနေတာ…ချာလီက သူရှိလို့ရှိမှန်းတောင်မသိဘူး…ဘယ်သိမလဲ …ရောဂါကြောင့်အိမ်တွင်းအောင်းနေရတဲ့ ပတ်ဝန်းကျင်နဲ့အဆက်အသွယ်ပြတ်နေတဲ့ သနားစရာကောင်မလေးလေ… ဒါပေမယ့် တစ်နေ့တော့ ချာလီနဲ့မထင်မှတ်တဲ့ပုံစံနဲ့ဆုံတွေ့ပြီး ဘာတွေဆက်ဖြစ်ကြမလဲ….၊ ၂၀၁၈ မတ်လထွက် လတ်လတ်ဆတ်ဆတ် ရိုမန်တစ်ဒရာမာကားတစ်ကားဖြစ်ပြီး လူငယ်ကားဆိုပေမယ့် လူကြီးတွေလည်း အကြိုက်တွေ့စေမယ်လို့ထင်ပါတယ်… နောက်တစ်ခုက ကြည့်မယ်ဆိုရင် တစ်ရှူးလေးဆောင်ထားဖို့ ပြောပါရစေ…အခြားမဟုတ်ပါဘူး မျက်ရည်သုတ်ဖို့ပါ… ရယ်ရလို့လား ငိုရလို့လားဆိုတာတော့ ပိတ်ကားပေါ်ဆက်လက် ရှူစားကြပါခင်ဗျာ… Ratings တွေကတော့ IMDb – 6.3/10 Google Users – 93%   (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ...
6.3
IMDB: 6.3/10 2,102 votes
movie

Midnight Sun (2018)

2018
Blu-Ray 720p
Pacific Rim: Uprising (2018) 6.0
Pacific Rim: Uprising (2018) Pacific Rim ရဲ့ ဒုတိယမြောက်ကားလေး ၅နှစ်ကြာတဲ့အခါ ပရိသတ်ရှေ့ ရောက်လာပါပြီ။ IMDb Ratinf 6/10 ရထားပြီးတော့ ဘတ်ဂျပ် $ ၁၇၀millionကျော် အကုန်အကျခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ Pacifim Rim တုန်းက ကိုင်ဂျူးလို့ခေါ်တဲ့ ဂြိုလ်သားတွေရဲ့ ကျူးကျော်မှုကိုတိုက်ခိုက်မှုကို ယေဂါလို့ခေါ်တဲ့ ဧရာမစက်ရုပ်ကြီးတွေနဲ့ တန်ပြန်တိုက်ခိုက် လို့အောင်မြင်ခဲ့ပြီး ကမ္ဘာနှစ်ခုဆက်သွယ်ထားတဲ့ တွင်းပေါက်ကြီးကို ဖျက်ဆီးပစ်နိုင်ခဲ့တာ ၁၀ နှစ်ကျော်ကာလကို ရောက်ရှိနေပါပြီ။ ဒါပေမယ့် ယေဂါတွေရဲ့ အားနည်းချက်ကတော့ စက်ရုပ်ရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ သူ့ကိုမောင်းနှင်တဲ့ ပိုင်းလော့ဒ်နှစ်ယောက်ရဲ့ သဟဇာတဖြစ်မှု ပိုင်းလော့ဒ်တွေရဲ့ ကျွမ်းကျင်မှုအပေါ်မူတည်နေသလို ကျူးကျော်လာတဲ့ကိုင်ဂျူးဆီကို သွားတိုက်တဲ့အခါမှာ စက်ရုပ်အကြီးကြီးမို့ သယ်ယူပို့ဆောင်ရေးမှာ ကြံ့ကြာနေတဲ့အချက်ပါပဲ။ ဒါကြောင့် ပိုင်းလော့ဒ်ကောင်းတွေရအောင် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးရပါတယ်။ ဒါကြောင့် လူသားတွေအနေနဲ့ ဒါတွေကို ဖြေရှင်းနိုင်ဖို့နည်းလမ်းတွေ ကြံစည်လာပါတယ်။ ဒီမှာ တရုတ်နိုင်ငံ ...
6.0
IMDB: 6.0/10 13,591 votes
movie

Pacific Rim: Uprising (2018)

2018
Blu-Ray 720p
The Mercy (2018) 6.1
The Mercy (2018) The Mercy ဟာ 1968 ခုနှစ်ဝန်းကျင်မှာ ကျုင်းပခဲ့တဲ့ Sunday Times Golden Globe Race လို့ခေါ်တဲ့ လှေမာရသွန်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အပျော်တမ်းရွက်လှေသမား Donald Crowhurst ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ Biography, Drama ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုရိုက်ကူးသူကတော့ ဒါရိုက်တာ James Marsh ဖြစ်ပြီး၊ ဇာတ်ဆောင်ဖြစ်သူ Donald Crowhurst နေရာမှာ The King's Speech ဇာတ်ကားနဲ့ အော်စကာဆုကိုရရှိခဲ့တဲ့သူဖြစ်ပြီး The Kingsman ဇာတ်ကားနှစ်ကားလုံးမှာ Harry Hart အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Colin Firth ပါ။ ပြိုင်ပွဲဝင်ပြိုင်မယ့် ပြိုင်ပွဲဝင်တစ်ယောက်ရဲ့ ဘ၀ဇာတ်ကြောင်းရိုက်ကူးထားတာဖြစ်တဲ့အတွက်ကြောင့် စီကာပတ်ကုံးညွှန်းဆိုနေစရာမလိုတော့ဘူးလို့ထင်ပါတယ်။ ဇာတ်ဆောင်ရဲ့ မဆုတ်မနစ်ကြိုးပမ်းမှုတွေကို အသားပေးရိုက်ကူးထားတာကြောင့် ဘ၀ကိုရုန်းကန်ဖို့အတွက် အားယုတ်လျော့နေတဲ့သူတွေ၊ ဘ၀ကိုလက်မြောက်အရှုံးပေးချင်တဲ့သူတွေအတွက်တော့ ဒီဇာတ်ကားမှပေးစွမ်းတဲ့ရသက ခွန်အားဖြစ်စေမှာ ဖြစ်တာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။   (ဘာသာပြန်သူကတော့ Brilliant Star  ပါ)   File Size ...
6.1
IMDB: 6.1/10 629 votes
movie

The Mercy (2018)

2018
Blu-Ray 720p
Sherlock Gnomes(2018) 4.7
Sherlock Gnomes(2018) Sherlock Gnomes(2018)အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ ကာတွန်းကားလေးဖြစ်မယ်ထင်ပါတယ် ... 2011 တုန်းက ထွက်ရှိခဲ့တဲ့ Gnomeo & Juliet ဇာတ်လမ်းရဲ့အဆက်ပါ ... ယခုဇာတ်လမ်းလေးထဲမှာတော့ ကျွန်တော်တို့ရဲ့အချစ်တော်တွေဖြစ်ကြတဲ့ ဥယျာဉ်စောင့်နုမ်းလေးတွေဟာလန်ဒန်ကိုပြောင်းရွေ့ခဲ့ကြပါတယ် ..ဒီအချိန်မှာပဲ လန်ဒန်မှာထူးဆန်းတဲ့အမှုတစ်ခုဖြစ်ပွားခဲ့တယ်... အဲ့ဒါကတော့ ဥယျာဉ်စောင့်နုမ်းတွေ ထူးဆန်းစွာပျောက်ဆုံးသွားခြင်းပါ ... လန်ဒန်ရဲ့အကျော်ကြားဆုံးစုံထောက်ကြီးရှားလော့ခ်နုမ်းစ်နဲ့ သူ့မိတ်ဆွေဒေါက်တာဝက်ဆန်ဟာ နုမ်းတွေပျောက်ဆုံးမှုကို စုံစမ်းရင်း နိုမီယို ဂျူးလိယက်တို့နဲ့ဆုံတွေ့ခဲ့ကြပါတယ်... လျို့ဝှက်မှုတွေနဲ့ပြည့်နှက်နေတဲ့ နုမ်းတွေရဲ့ပျောက်ဆုံးမှုကို သူတို့လေးယောက်ဘယ်လိုဖြေရှင်းကြမလဲ ... ဘယ်လိုထူးဆန်းမှုတွေနဲ့တွေ့ကြုံရမလဲဆိုတာကို ဆက်လက်ရှူ့စားရမှာပဲဖြစ်ပါတယ် ... ဒါ့အပြင်ရှားလော့ခ်နုမ်းစ်ဇာတ်ကောင်ရဲ့ အသံသရုပ်ဆောင်ကလည်း မင်းသားကြီး Johnny Depp ဆိုတော့ အထူးပြောနေစရာမလိုတော့ပါဘူး အချိန်ပေးရကျိုးနပ်မဲ့ ကာတွန်းကားကောင်းတစ်ကားပါပဲလို့ ပြောချင်ပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lyric Lynn Khant ဖြစ်ပါတယ်....   File Size : (852 MB) and (264 MB) Quality : Blu-Ray 720p Format…mp4 Duration…01:26:00 Genre :  Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Lyric Lynn Khant Encoded by Phyo ...
4.7
IMDB: 4.7/10 1,906 votes
movie

Sherlock Gnomes(2018)

2018
Blu-Ray 720p
Monster Hunt 2 (2018) 5.3
Monster Hunt 2 (2018) ၂၀၁၅ တုန်းက ထွက်ရှိခဲ့ တဲ့ Monster Hunt ဇာတ်ကားရဲ့ အဆက်အဖြစ် ထွက်ရှိလာတာ ဖြစ်ပြီး ချစ်စရာမိစ္ဆာကောင်လေး ဝူဘရဲ့ စွန့်စားခန်းဇာတ်လမ်းကို ဆက်လက်ရှုစားရမှာ ဖြစ်ပါ တယ်။ အရင်ဇာတ်လမ်းရဲ့ အဆုံး သတ်မှာ မိစ္ဆာကောင်လေး ဝူဘ ဟာ သူ့ဘဝခရီးရှေ့ဆက်ဖို့ သူ့ရဲ့ လူသား မိဘနှစ်ပါးဖြစ်တဲ့ ထျန်၊ လန်တို့နဲ့ လမ်းခွဲခဲ့ပါတယ်။ မိစ္ဆာ လောကမှာလည်း မိစ္ဆာဘုရင်ကြီး သေဆုံးအပြီးမှာ သူ့နေရာဆက်ခံ ဖို့ အချင်းချင်း သတ်ကြဖြတ်ကြနဲ့ လောကမငြိမ်းချမ်းခဲ့ပါဘူး။ တကယ်တော့ ဝူဘလေးဟာ သူ့မိဘတွေနဲ့ လမ်းခွဲခဲ့ပေမယ့် အရင်တုန်းက အတူရှိနေချိန်တွေ ကို တစ်ချိန်လုံး သတိရနေခဲ့တာ ပါ။ အဲဒါနဲ့ နောက်ဆုံးမှာတော့ ထိုင်သတိရနေမယ့်အစား ပြန် လိုက်ရှာဖို့ ဆုံးဖြတ်ခဲ့ပြီး စွန့်စား ခန်းခရီးနှင်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ ဝူဘဟာ နွေ၊ မိုး ဆောင်းရာသီတွေ ဖြတ်သန်းခရီး နှင်ခဲ့ရင်း ...
5.3
IMDB: 5.3/10 314 votes
movie

Monster Hunt 2 (2018)

2018
Blu-Ray 720p
A Wrinkle in Time(2018) 4.2
A Wrinkle in Time(2018) ဒီတစ်ခေါက်တော့ အသစ်စက်စက်ကားလေးတစ်ကားကိုတင်ဆက်ပေးပါမယ်။ Califonia on Location Award (2017)နဲ့ Muse Creative Award (2018)ဆုနှစ်ဆုတောင်ရရှိထားတဲ့ A Wrinkle In Time (2018)ကားလေးပါ။ ဒီ A Wrinkle in Time ဆိုတဲ့ကားလေးကိုနာမည်ကျော် Walt Disney Studioကနေရိုက်ကူးထားတာဖြစ်ပါတယ်။ Walt Disneyရဲ့ ထုံးစံအတိုင်း သီချင်းကောင်းကောင်း ဇာတ်အိမ်ဆန်းဆန်းနဲ့မို့ မငြီးမငွေ့ကြည့်ရှုရမယ့်ကားတစ်ကားလို့ပြောရမှာပါ Oprah Winfrey,Reese Witherspoon,Chris Pineစတဲ့ နာမည်ကျော်အနုပညာရှင်တွေပါဝင်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးရဲ့ အကျဉ်းချုပ်လေးကိုလဲ အနည်းအကျဉ်းတင်ပြပေးလိုပါသေးတယ်။ ဖခင်ဖြစ်သူရုတ်တရက်ပျောက်ဆုံးသွားပေမယ့် တစ်နေ့ပြန်လာမယ်လ်ု့မျှော်လင့်နေတဲ့ မက် နဲ့ ချားလ်ဝေါလေ့စ်ဆိုတဲ့ မောင်နှစ်မနှစ်ယောက်... တစ်ညမှာတော့ ထူးဆန်းစွာ နတ်သမီးသုံးပါးနဲ့တွေ့ဆုံမိပါတော့တယ်။ နတ်သမီးလဲ ဖြစ်သလို အာကာသစစ်သည်တော်တွေဖြစ်ကြတဲ့ဒီအမျိုးသမီးသုံးယောက်ရဲ့ ပြောကြားချက်အရ သူတို့ရဲ့ အဖေဖြစ်သူဟာ မသေဆုံးသေးပဲ တစ်နေရာရာမှာပိတ်မိနေတာကို သိရှိလာရပါတယ်။ ဒီကလေးတွေ သူ့အဖေဖြစ်သူကိုဘယ်လိုကယ်တင်မလဲ... ဘယ်လိုအခက်အခဲတွေကရော ရှေ့ မှာစောင့်ကြိုနေမလဲ... ဖခင်ဖြစ်သူကိုရော ကယ်တင်နိုင်ပါ့မလား ဆိုတာရင်တစ်ထိတ်ထိတ်ကြည့်ရှုခံစားရမယ့်ကားလေးပါ။ သဲထိတ်ရင်ဖို ကားကောင်းလေးတွေစိတ်ဝင်စားတဲ့ Channel Myanmarပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။   Qty - ...
4.2
IMDB: 4.2/10 12,715 votes
movie

A Wrinkle in Time(2018)

2018
Blu-Ray 720p
I Can Only Imagine (2018) 7.6
I Can Only Imagine (2018) IMDb rating 7.6 အထိရရှိထားတဲ့ 2018ခုနှစ်ထွက် Christian Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ Mercy Me တီးဝိုင်းအဖွဲ့ရဲ့ Best Selling Christian Song ဖြစ်တဲ့ I Can Only Imagine ကိုရိုက်ကူးထားတာဖြစ်ပြီးအဆိုပါသီချင်းဟာ အမေရိကန်နိုင်ငံတွင်နံပါတ် ၁ ချိတ်ခဲ့တဲ့သီချင်းလည်းဖြစ်ပါတယ်။ ဒီသီချင်းကိုသူ့ရဲ့အဖေနဲ့ဆက်ဆံရေးအကြောင်းရေးဖွဲ့ထားခဲ့တဲ့အဆိုပါတီးဝိုင်းအဖွဲ့ရဲ့ Lead Singerလည်းဖြစ်တဲ့ Bart Millard အဖြစ် Michel Finely ကသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို ဒေါ်လာ၇သန်းဖြင့်ရိုက်ကူးထားခဲ့ပြီး ၈၄သန်းအထိပြန်လည်ရရှိခဲ့တာကြောင့် အောင်မြင်တဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုတွင် တတိယအအောင်မြင်ဆုံးသောMusic Biopic အဖြစ်မှတ်တမ်းဝင်ခဲ့ပါသေးတယ်။ ဝေဖန်ရေးဆရာတစ်ချို့ကတော့ ဒီဇာတ်ကားလေးကို အခြား Faith-Based ဇာတ်ကားတွေနဲ့ယှဉ်ရင် ပိုပြီးစိတ်လွှမ်းမိုးနိုင်တဲ့ တိုးတက်မှုဖြစ်စေတဲ့ကားလေးဖြစ်တယ်လို့ဆိုထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ငယ်စဉ်ဘ၀ မိဘတွေအဆင်မပြေမှုတွေကြောင့် မြေစာပင်ဖြစ်ခဲ့ရတဲ့ Bart Millard တစ်ယောက် မိခင်အိမ်ကနေထွက်သွားပြီးတဲ့နောက် ဖခင်နဲ့ပဲနေရတဲ့အခါ ဖခင်စိတ်တိုင်းကျဖြစ်စေချင်တာတွေကိုပဲ သဘောကျဖြစ်အောင်လုပ်ပေးခဲ့ပေမယ့် ကံကြမ္မာကသူ့ကိုလမ်းမှန်ပို့ခဲ့တယ်ဆိုရမလားပဲခြေကျိုးခဲ့ပြီး ဘောလုံးအသင်းကနေ Music Club ကိုရောက်သွားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက သီချင်းတွေကိုခုံမင်မြတ်နိုးလာပြီး စိတ်ဥာဏ်ကွန့်မြူးတတ်တဲ့ Bart ...
7.6
IMDB: 7.6/10 4,475 votes
movie

I Can Only Imagine (2018)

2018
Blu-Ray 720p
Black Water (2018) 5.2
Black Water (2018) မင်းသားကြီးဗန်ဒိန်းနဲ့ ရုရှားအာနိုးလို့လူသိများကြတဲ့ Dolph Lundgrenတို့ပါဝင်ထားတဲ့အက်ရှင်ကားသစ်လေးပါ ဗန်ဒိန်းက စီအိုင်အေအေးဂျင့်စကော့ဝီလ်လာအဖြစ်၊ ရုရှားအာနိုးက ဂျာမန်သူလျိုအဖြစ်သရုပ်ဆောင်ထားပါတယ် စကော့ဝီလ်လာ စီအိုင်အေကအထူးလေ့ကျင့်ပေးထားတဲ့အေးဂျင့်အရေးကြီးဟာ့ဒ်ဒရိုက်ဖ်တစ်ခုအတွက် လျို့ဝှက်တာဝန်ထမ်းဆောင်နေရသူ ဒါပေမယ့် သစ္စာဖောက်လို့အထင်မြင်မှားခံရပြီး ရေငုပ်သဘောင်္ထဲမှာ အကျဉ်းချခံလိုက်ရတယ် အကျဉ်းထောင်မှာပဲ မာကို(ရုရှားအာနိုး)နဲ့တွေ့ဆုံပြီး ဘယ်လိုများ လွတ်မြောက်အောင်လုပ်ဆောင်ကြမလဲ သူ့ကိုသစ္စာဖောက်သွားသူကိုရောဖော်ထုတ်နိုင်မလား သက်စွန့်ဆံဖျားထိန်းသိမ်းနေရတဲ့ဟာ့ဒ်ဒရိုက်ဖ်ကရော ဘာကြောင့်များအရေးကြီးနေရတာလဲ ဇာတ်လမ်းကတော့ ရိုးရှင်းပေမယ့် အက်ရှင်ကားကြိုက်သူတွေ ဗန်ဒိန်း Fanတွေအတွက်တော့ အကြိုက်တွေ့နိုင်ပါတယ် ********တစ်ခုမေတ္တာရပ်ခံချင်တာကတော့ ဒီကားရဲ့ မူရင်းEng subtitle မှာကတည်းက တစ်ကားလုံးနီးပါးလွဲနေတာကြောင့်အသံနားထောင်ပြီးဘာသာပြန်ရတာများနေပါတယ်။ တတ်နိုင်သမျှအကောင်းဆုံး အနီးစပ်ဆုံးဘာသာပြန်ပေးထားပါတယ်။ အဲ့ဒါကြောင့် မှားယွင်းမှုများရှိခဲ့ပါက ခွင့်လွှတ်သည်းခံကြည့်ရှုပေးကြပါလို့ တောင်းဆိုချင်ပါတယ် ခင်ဗျ*******   (ဘာသာပြန်ပေးထားသူက ကိုဟိန်းမင်းထွန်းပါ)   File Size : (850 MB) and (360 MB) Quality : Blu-Ray 720p and 360p Running Time : 1hr 45min Format : Mp4 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264.DTS-FGT Translated by ...
5.2
IMDB: 5.2/10 161 votes
movie

Black Water (2018)

2018
Blu-Ray 720p
Tomb Raider (2018) 6.8
Tomb Raider (2018) လာရာခရော့ဖ်ဟာ ဖခင် ရစ်ချက် ပျောက်ဆုံးသွားပြီးတာ တောင်မှ ဘဝကို ပူပင်ကြောင့်ကြ မဲ့ နေနေတာပါ။ တစ်ရက်မှာတော့ ယာဉ်တိုက်မှုတစ်ခုကြောင့် အ ဖမ်းခံရပြီး သူ့အဖေရဲ့ စီးပွား ဖက် အန်နာမစ်လာက လာရာကို အာမခံနဲ့ လာထုတ်ခဲ့ပါတယ်။ ရစ်ချက်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ဟာ လာရာအမွေဆက်ခံမလုပ် ကိုင်ဘူးဆိုရင် ရောင်းပစ်ရမယ့် အနေအထားဖြစ်နေပြီလို့ သတိ ပေးခဲ့တာကြောင့် လာရာတစ် ယောက် သူ့အဖေရဲ့ရုံးခန်းဆီ သွားခဲ့ပါတယ်။ အဲဒီမှာ သူ့အဖေထားခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုကို ရှာတွေ့ခဲ့ပြီး ဒဏ္ဍာရီဘုရင်မ ဟီမီကိုနဲ့ပတ် သက်ပြီး သုတေသနလုပ်ထားတာ တွေကို ပြောပြထားကာ အန္တ ရာယ်များလွန်းတဲ့အတွက် ဆက် မလုပ်ဖို့နဲ့ ဖျက်ဆီးပစ်ဖို့ မှာခဲ့ပေ မယ့် လာရာကတော့ ရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒါနဲ့ လာရာဟာ ဟောင် ကောင်ကို ခရီးထွက်ခဲ့ပြီး ဟီမီကို ဘုရင်မ အုတ်ဂူရှိနိုင်မယ့် ကျွန်း ...
6.8
IMDB: 6.8/10 47,410 votes
movie

Tomb Raider (2018)

2018
Blu-Ray 720p
Red Sparrow (2018) 6.8
Red Sparrow (2018) Red Sparrow (2018) မြန်မာပြည်မှာ ရုံတင်ခဲ့တုန်းက ဆင်ဆာဖြတ်တဲ့အခန်းတွေများလို့ နာမည်ကြီးခဲ့တဲ့ ရုံတင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ခေါင်းဆောင်မင်းသမီးဖြစ်သူ Jennifer Lawrence ဟာ အရင်တုန်းက Nude Scenes တွေပါတဲ့ကားတွေဆို လုံးဝလက်မခံခဲ့ပဲ ဒီကားကိုတော့ သူကိုယ်တိုင် ဇာတ်ညွန်းကိုကြိုက်နှစ်သက်လို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ဒီရုပ်ရှင်ကို Nudity အသားပေးရုပ်ရှင်ကားတစ်ကားလို့ မမြင်စေချင်ပါဘူး။ ဒီရုပ်ရှင်ရဲ့ နောက်ကွယ်မှာ အဲ့လိုမျိုး ကိုယ်ခန္ဓာကိုရင်းပြီး သူလျှိုလုပ်နေရတဲ့သူတွေ တကယ်ရှိတယ်ဆိုတာ သိလာအောင် ရိုက်ပြထားတဲ့ကားတစ်ကားဖြစ်တာကို သိစေချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဒိုမီနီကာဆိုတဲ့ ကောင်မလေးဟာ ရုရှားကျက်သရေဆောင် ဘဲလေးကချေသည်တစ်ယောက်ဖြစ်ပြီး သူ့မိခင်နဲ့အတူ ကဇာတ်ရုံက ထောက်ပံ့ပေးထားတဲ့တိုက်ခန်းမှာ အတူနေထိုင်ကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဖျော်ဖြေပွဲမှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ဒိုမီနီကာရဲ့ ကချေသည်ဘ၀ ပျက်စီးသွားခဲ့ပါတယ်။ မိခင်ကြီးကလဲ နာမကျန်းဖြစ်လာသလို ကဇာတ်ရုံကလဲ ကချေသည်နောက်တစ်ယောက် လူစားထိုးလိုက်တဲ့အခါ ဒိုမီနီကာတစ်ယောက် ရွေးချယ်စရာမရှိတော့ပဲ ...
6.8
IMDB: 6.8/10 34,976 votes
movie

Red Sparrow (2018)

2018
Blu-Ray 720p
Love, Simon (2018) 8.1
Love, Simon (2018) ဒီတစ်ခါ CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ "Love Simon" ဆိုတဲ့ Romantic ဇာတ်လမ်းလေးဖြစ်ပါတယ်... အညွှန်း- ကျွန်တော့်နာမည်က ဆိုင်မွန်(Simon)ပါ... ကျွန်တော်က ခရိဝုလို့ခေါ်တဲ့ကျောင်းမှာ တက်နေတဲ့ အထက်တန်းကျောင်းသားတစ်ယောက်မှာ... ကျွန်တော်တို့ မိသားစုလေးယောက်ရှိပါတယ်... ကျွန်တော်ချစ်ရတဲ့ညီမလေးအပါအဝင်ပေါ့... ကျွန်တော့်မှာ သူငယ်ချင်းကောင်းတွေလဲရှိပါတယ်... သူတို့ကတော့ လီယာ အဘီ နဲ့ နစ် တို့ပါ...ကျွန်တော်တို့ လေးယောက်အမြဲ ကျောင်းတူတူသွားပါတယ်... ကျွန်တော့်ဘဝက ပျော်စရာမိသားစု သူငယ်ချင်းကောင်းတွေနဲ့ ပြည့်စုံပါတယ်.... ဒါပေမဲ့ ကျွန်တော့်မှာ ထိပ်တန်းလျို့ဝှက်ချက်တစ်ခုရှိတယ်... တစ်နေ့ ကျွန်တော် လီယာနဲ့ စကားပြောဖြစ်တယ်... သူက ခရိဝုကျောင်းက ကျောင်းသားတွေအကြောင်း တင်တဲ့ ခရိဝုလျို့ဝှက်ချက် ဘလော့အကြောင်း ပြောတာပါ... အဲ့ ဘလော့မှာ ဘလူးဆိုတဲ့သူက သူ့လျိုဝှက်ချက်ကို ဝေမျှခဲ့တာပါ... သူ့ပို့စ်ကို ကျွန်တော်ဖတ်ပြီးတဲ့နောက်မှာတော့ သူ့လျို့ဝှက်ချက်နဲ့ ကျွန်တော့်လျို့ဝှက်ချက်တူနေခဲ့ပါတယ်... အဲ့တော့ ကျွန်တော် သူနဲ့ သိခွင့်ရဖို့ ချဉ်းကပ်ခဲ့ပါတယ်... ဂျက်ဆိုတဲ့ နာမည်နဲ့ပေါ့.... လျို့ဝှက်ချက်ချင်း တူနေတော့ ကျွန်တော်တို့ နှစ်ယောက်ရင်းနှီးခဲ့ပါတယ်..ကျွန်တော်လဲ သူ့ကို ...
8.1
IMDB: 8.1/10 20,818 votes
movie

Love, Simon (2018)

2018
Blu-Ray 720p
Special 26 (2013) 8.0
Special 26 (2013) အားလပ်ချိန်မှာ ပေါ့ပေါ့ပါးပါးလေးနဲ့ Bollywood ဇာတ်ကားကောင်းကို ကြည့်ရှုခံစားချင်ရင်တော့ IMDB 8/10 အထိရရှိထားတဲ့ ဒီဇာတ်ကားလေးကို မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားမှာတော့ အဂျေး နဲ့ အပေါင်းအပါတွေရဲ့ လိမ်လည်မှုပညာ တွေကို အဓိက တင်ဆက်ထားပြီး လူလိမ်နဲ့ ရဲကြား အားပြိုင်မှုကို ဖော်ပြထားပါတယ်။ ဒီနေရာမှာ အဂျေးနဲ့ အပေါင်းအပါတွေဟာ ခေသူတွေမဟုတ်ပါဘူး။ ၀န်ကြီးချုပ်ကိုတောင် လိမ်လည်နိုင်စွမ်းရှိခဲ့သူတွေပါ။ သူတို့တွေ ဘယ်သူတွေကို ဘယ်လို လိမ်ခဲ့ကြမှာလဲ။ ရဲတွေလက်ကနေ ဘယ်လောက် ဖောက်ထွက်နိုင်မလဲ / အလွန်တော်တဲ့ စုံထောက်တွေကရော ဖမ်းဆီးနိုင်မလား ဆိုတာ ရင်ခုန်ခံစားရမှာပါ။ အဂျေး အဖြစ် မင်းသားကြီး အရှေးကူးမားက ပါဝင်သရုပ်ဆောင်ထားပြီး Bollywood ဇာတ်ကားကောင်းတို့၏ ထုံးစံအတိုင်း ပဉ္စလက်ဆန်ဆန် လှည့်ကွက်တွေနဲ့ ဆွဲဆောင်သွားစေမှာ ဖြစ်လို့ ကြည့်ရှုအားပေး ခံစားကြည့်ကြစို့လားခင်ဗျာ။   File Size         : 1 GB Quality           : Blu ray 720P Running Time : 2hr ...
8.0
IMDB: 8.0/10 41,121 votes
movie

Special 26 (2013)

2013
Blu-Ray 720p
Gringo (2018) 6.0
Gringo (2018) Gringo ဆိုတာ စပိန်တွေက ဒါမှမဟုတ် စပိန်စကားပြောနိုင်ငံတွေက အမေရိကန်တွေကိုခေါ်တဲ့အသုံးအနှုန်းလို့ဆိုပါတယ် (ကိုးကား- ဘာဘာညာညာ).. ဒီဇာတ်လမ်းလေးက ရိုးရိုးအအ အမေရိကန်လူမည်းတစ်ယောက်အကြောင်းကို ရိုက်ထားတဲ့ ဒရာမာဇာတ်မြူး မှုခင်းကားတစ်ကားဖြစ်ပါတယ်… ဟာရိုးဆိုတဲ့ အမေရိကန်လူမည်းတစ်ယောက်ဟာ သူငယ်ချင်းတစ်ယောက်ဖြစ်သူရဲ့ဆေးကုမ္ပဏီမှာ ရိုးသားကြိုးစားစွာ အလုပ်လုပ်နေတဲ့ လူတစ်ယောက်ပေါ့… သူ့သူငယ်ချင်းကသူ့ကို သူပိုင်တဲ့ဆေးကုမ္ပဏီမှာ အလုပ်သွင်းပေးထားရုံမက သူ့မိန်းမ အိမ်တွင်းဒီဇိုင်နာကိုလည်း သူ့အိမ်ပြင်ဆင်ဖို့ အလုပ်အပ်ထားတဲ့အတွက် ကျေးဇူးတင်နေသူတစ်ယောက်ပေါ့…. သူတို့ဆေးကုမ္ပဏီက အမှန်တကယ်တော့ ဟန်ပြသက်သက်ပဲဖြစ်ပြီး တကယ်တမ်းမှာ မက္ကဆီကိုက မူးယစ်ရာဇာတွေနဲ့ဆက်သွယ်ပြီး တားမြစ်ဆေးဝါးတွေထုတ်လုပ်နေတာပါ… ဒါကို စာရင်းကိစ္စတွေပဲလုပ်ပေးရတဲ့ဟာရိုးကမသိပါဘူး…. ဒီလိုနဲ့ကုမ္ပဏီအရှုံးပေါ်လာတဲ့အချိန်မှာ ဟာရိုး ဟာ အလုပ်ပြုတ်မယ့်အရေးတွေးပူနေရာကနေ ကြံရာမရဖြစ်ပြီး…သူ့သူငယ်ချင်းကုမ္ပဏီပိုင်ရှင် နောက်ကျောဓားနဲ့ထိုးမယ့်အဖြစ်တွေပါသိပြီးတော့ ပြန်ပေးဆွဲခံရတယ်ဆိုပြီး..လုပ်ကြံဖန်တီးခဲ့ပါတယ်.. ဒါပေမယ့် မက္ကဆီကိုမူးယစ်ရာဇာတွေ သူ့ကိုတကယ်ပြန်ပေးဆွဲတဲ့အခါမှာတော့….. ၂၀၁၈ ထွက်ဇာတ်ကားဖြစ်ပြီး ဇာတ်လမ်လေးကို မြူးမြူးလေးရိုက်ပြထားပါတယ် နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ဇာတ်လမ်းကို အဆုံးထိဆွဲဆောင်ခေါ်ယူသွားမှာဖြစ်ပြီး ၁၈+ဒိုင်ယာလော့တွေပါတယ်ဆိုတာကိုလည်း ပြောပြထားပါရစေ Ratings IMDb – 6, Rotten tomatoes – 41%, Google users – 70%   (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ)   File ...
6.0
IMDB: 6.0/10 3,259 votes
movie

Gringo (2018)

2018
Blu-Ray 720p
The Hurricane Heist (2018) 4.8
The Hurricane Heist (2018) အခု ပရိတ်သတ်ကြီးအတွက် တလောကမှရုံတင်သွားတဲ့ The Hurricane Heist ဆိုတဲ့ကားလေးကို မိတ်ဆက်ပေးချင်ပါတယ် ဝေနဲ့ ဘရိဇ်တို့ ညီအစ်ကိုနှစ်ယောက်က မုန်တိုင်းခဏခဏဝင်လေ့ရှိတဲ့ မြို့လေးမှာ ဖခင်ဖြစ်သူနဲ့နေထိုင်ကြပါတယ် တစ်နေ့မှာ မုန်တိုင်းတစ်ခုကြောင့် ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရပါတယ် နောက် နှစ်ဆယ့်ငါးနှစ်အကြာမှာတော့ အစ်ကိုဖြစ်သူဘရိဇ်က မြို့လေးမှာပဲ အဟောင်းပြင်ဆိုင်လေးတစ်ဆိုင် ဖွင့်ထားပြီးညီဖြစ်သူဝေလ်ကတော့ မုန်တိုင်းတွေကို ကြောက်တဲ့ မိုးလေဝသပညာရှင်ဖြစ်လာခဲ့ပါတယ် ကေဆီကော်ဗင်လို့အမည်ရတဲ့ မိန်းကလေးကတော့ငွေအဟောင်းတွေကို ဖျက်ဆီးဖို့ သယ်လာပေးရတဲ့ အရာရှိပါ တစ်နေ့မှာ တန်မီလို့အမည်ပေးထားတဲ့ မုန်တိုင်းက ဒီမြို့လေးကိုထပ်ဖြတ်ဖို့ အကြောင်းဖန်လာပါတယ် အဲ့ဒီအချိန်မှာပဲ ဒီမုန်တိုင်းကို အသုံးချပြီးနိုင်ငံတော်ဘဏ္ဌာတိုက်ကို ဖောက်ဖို့ကြိုးစားနေတဲ့သူတွေလည်း ရှိနေပြန်ပါတယ် အဲ့ဒီအရှုပ်တွေကြား ဘရိဇ်တစ်ယောက်ပါသွားတဲ့အခါ... ကေဆီနဲ့ ဝေလ်တို့ နှစ်ယောက်ပေါင်းပြီး မုန်တိုင်းကြားက ဘရိဇ်နဲ့ ကျန်တဲ့ ဓါးစာခံတွေကိုကယ်ထုတ်နိုင်မှာလား ဒါမှမဟုတ် လူဆိုးတွေကပဲ ပိုက်ဆံတွေနဲ့ လွတ်သွားမလား လောဘဇောတက်လာတဲ့အခါ ကိုယ့်အရင်းနှီးဆုံးမိတ်ဆွေတောင် စိတ်ပြောင်းသွားနိုင်ကြောင်း... အစ်ကိုဖြစ်သူအသက်အန္တရာယ်နဲ့ကြုံတွေ့လာရတဲ့အခါ မိမိရဲ့အကြောက်တရားကို ကျော်လွှားဖို့ ကြိုးစားခဲ့တဲ့ ညီဖြစ်သူရဲ့ မေတ္တာတရား စတာတွေကို မြင်တွေ့ခံစားရမှာပါ ဒီဇာတ်ကားကို The Mummy 3 နဲ့ Dragon ...
4.8
IMDB: 4.8/10 1,489 votes
movie

The Hurricane Heist (2018)

2018
Blu-Ray 720p
Death Wish (2018) 6.5
Death Wish (2018) 2018 ခုနှစ်ထွက် အက်ရှင်ဇာတ်ကားသစ် Death Wish ကိုတော့အထူးတလည်မိတ်ဆက်ပေးနေစရာ မလိုဘူးလို့ထင်ပါတယ်။ ဒီဇာတ်ကားကို1972 ခုနှစ်မှာထွက်ရှိခဲ့တဲ့ စာရေးဆရာ Brian Garfield ရဲ့စာအုပ်ကိုအခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒါရိုက်တာကတော့ Eli Roth ဖြစ်ပြီး၊Die Hard Franchise မှာဇာတ်ဆောင်အဖြစ်သရုပ်ဆောင်ခဲ့သူ ဖြစ်ပြီး အက်ရှင်မင်းသားတစ်ဦးအဖြစ် လူအများသိကြတဲ့ မင်းသားကြီး Bruce Willis က ခေါင်းဆောင်မင်းသားနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ Box Office မှာ ထင်သလောက် မအောင်မြင်ခဲ့ပေမယ့်လည်း IMDb rating 6.5 ရှိတာကြောင့် တော်တော်ကြည့်လို့ကောင်းတဲ့ အက်ရှင်ကားတစ်ကားလို့ဆိုရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ========== ပေါလ်ကာစီဟာ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူ လူစီသမီးဖြစ်သူ ဂျော်ဒန်တို့နဲ့အတူ မိသားစုဘ၀လေးကိုပျော်ရွှင်စွာဖြတ်သန်းနေတဲ့လူအေးကြီးတစ်ယောက်လည်းဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူတို့မိသားစုအပေါ်ကံဆိုးမိုးမှောင်ကျရောက်ခဲ့ရပါတော့တယ်။ ဓားပြတွေရဲ့လက်ချက်နဲ့ ဇနီးဖြစ်သူ လူစီသေဆုံးပြီး သမီးဖြစ်သူဂျော်ဒန်ဟာမသေရုံတမယ်ဘ၀မျိုးကိုရောက်ရှိသွားပါတော့တယ်။ အဆိုပါမှုခင်းဖြစ်ပြီး ရက်အတော်ကြာတဲ့အထိ ဘာသတင်းမှမထူးတာကြောင့် ရဲတွေကို အားကိုးလို့မရဘူးဆိုတာကို ဒေါက်တာကာစီတစ်ယောက် သဘောပေါက်သွားပြီး သူ့မိသားစုအတွက် တရားမျှတမှုကို သူကိုယ်တိုင်ဆောင်ကြဉ်းဖို့ ကြိုးစားပါတော့တယ်........။ မင်းသားကြီး ဘရုစ်ဝီလီရဲ့အက်ရှင်ဇာတ်ကားကောင်းဖြစ်တဲ့အတွက် လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုမျိုးသန့်ပါ)   File ...
6.5
IMDB: 6.5/10 9,636 votes
movie

Death Wish (2018)

2018
Blu-Ray 720p

Genres

Like Us!