Channel Myanmar

HD-Rip 720p

HD-Rip 720p Section

Mat Na Mau (2016) N/A
Mat Na Mau (2016)   ၂၀၁၆ ခုနှစ်​ထွက်​ ဇာတ်​ကား​လေး တစ်​ကားကိုတင်​ဆက်​​ပေးလိုက်​ပါတယ်​ ဇာတ်​ကား​လေးက မ​လေးရှား လား အင်​ဒိုလား လို့ထင်​ခဲ့​ပေမယ့်​ တကယ်​က​တော့ ဗီယက်​နမ်​ကား​လေးပါ သရဲကားထဲမှာ ဗီယက်​နမ်​ကားကို မကြည့်​ဘူးကြဘူးဆိုရင်​​တော့ ဒီကား​လေးကို မြည်းစမ်းကြည့်​လိုက်​ပါ ဇာတ်​ကား​လေးက စုန်းကား​လေးမို့ စုန်းက​ဝေ ကြိုက်​တဲ့ပရိတ်​သတ်​​တွေအ​နေနဲ့ ကြိုက်​နှစ်​သက်​မှာ​သေချာပါတယ်​ ဇာတ်​လမ်း အကျဉ်း​လေးက​တော့ ​ပျော်​ပွဲစားထွက်​ကြတဲ့လူငယ်​​လေးတစ်​စု ​တောတွင်းမှာ မလုပ်​သင့်​တာ​တွေလုပ်​မိကြတဲ့အခါမှာ မဖြစ်​သင့်​တာ​တွေဖြစ်​ကုန်​ကြ​ပါ​တော့တယ်​ ကဲ ပိုစတာထဲက ပါတဲ့ သရုပ်​​ဆောင်​​ဒေ အကုန်​​သေမလား ရှင်​မှာလား ဘာ​တွေဆက်​ဖြစ်​ကြမှာလဲ ဆိုတာကို​တော့ ဆက်​လက်​ကြည့်​လိုက်​ကြပါ ​တော့ဗျာ   Qty - 720p HDrip Duration - 1hr 45min Gern - Horror / Comedy / Thrill Translator - Phyu Thant Encoder - Kyaw Ye Aung  
N/A
IMDB: N/A/10 N/A votes
movie

Mat Na Mau (2016)

2016
HD-Rip 720p
Vampire Cop Ricky (2006) 5.4
Vampire Cop Ricky (2006)   ၂၀၀၆ ခုနှစ်​ကထွက်​ရှိထားတဲ့ Action / Comedy ကား​လေးတစ်​ကားကို တင်​ဆက်​​ပေးလိုက်​ပါတယ်​ ဇာတ်​ကား​လေးက ဟာသဆန်​ဆန်​နဲ့ အလွဲ​တွေလုပ်​တတ်​တဲ့ ရဲစုံ​ထောက်​ကြီးကို ​နောက်​ခံထားရိုက်​ထားတာဖြစ်​ပြီး​တော့ ကြည့်​ဘူးသမျှ ကိုရီးယားကား​တွေထဲမှာ သ​ဘောကျမိတဲ့ ဇာတ်​ကား​လေးတစ်​ကားလဲဖြစ်​ပါတယ်​ မင်းသားအဖြစ်​ Su ro Kim ကပါဝင်​သရုပ်​​ဆောင်​ထားပြီး သူ့ကို စတင်​သိကျွမ်းခဲ့တာက​တော့ Tae Gauk Gi ဆိုတဲ့ကိုရီးယားစစ်​ကားမှာ ရင်းနှီးခဲ့တာပါ မင်းသမီးက​တော့ Yoo Jeong Hee ဖြစ်​ပြီး​တော့ သူ့ကို စတင်​သိခဲ့တာက​တော့ ဂျွန်​​စောနဲ့ ရိုက်​ကူးထားတဲ့ Obsession ဆိုတဲ့ 18+ ကားနဲ့ Servant ဆိုတဲ့ ၂ကားမှာ ရင်​နှီးခဲ့တာပါ မင်းသမီးရဲ့ ကြာဆန်​ဆန်​ အကြည့်​​လေး​တွေနဲ့ သူ့ရဲ့မထိတထိ ချစ်​စရာအမူအရာ​လေး​တွေ​ကြောင့်​ အ​သေ သ​ဘောကျမိခဲ့တဲ့မင်းသမီးပါ ကဲ ဇာတ်​လမ်း​လေးအကျဉ်း​လေးဖက်​ကို သွားလိုက်​ရ​အောင်​ ဇာတ်​လမ်း​လေးက ​သွေးစုပ်​ဖုတ်​​ကောင်​တို့​ပျော်​မြူးရာ Transylvania ကခြင်​တစ်​​ကောင်​ဟာ ​တောင်​ကိုရီးယား Souel ကို​ရောက်​လာပြီး ​သောက်​တလွဲစုံ​ထောက်​ကြီး Ricky ကို အမှုလိုက်​​နေတုန်းမှာ ...
5.4
IMDB: 5.4/10 183 votes
movie

Vampire Cop Ricky (2006)

2006
HD-Rip 720p
Hindi Medium (2017) 8.0
Hindi Medium (2017)   "မိဘတိုင်းက သူတို့ သားသမီးတွေကို ကိုယ်ရည်ကိုဟ်သွေး တောက်ပြောင် စေချင်တယ်။" "အထူးသဖြင့် သူတို့ထက်ပိုသာစေချင်ကြတယ်။" ***************************************** Bollywood မှာ ဒိတ်ဒိတ်ကြဲ မင်းသားတွေ အများကြီး ရှိတဲ့ ကြားကနေ Irrfan Khan ကလည်း နမည်ကြီး အောင်မြင်တဲ့ မင်းသား တစ်ယောက်ပါပဲ။ Bollywood တင်မက Hollywood ထိအောင်မြင်တဲ့ မင်းသားတစ်ယောက်။ အထူးသဖြင့် The Lunchbox (2013) မှာလည်း ပရိတ်သတ် အကြိုက်တွေ့ခဲ့ပါတယ်။ ဒီဇာတ်ကားဆိုရင်လည်း IMDB 8/10 ထိရရှိထားပါတယ်။ #Hindi Medium ဆိုတော့ မြန်မာလိုဆိုရင် ဟန္ဒီလူလတ်တန်းစားပေါ့ ဟုတ်ပါတယ် ကိုယ်တိုင် ပညာရေးမှာ မထူးချွန်ခဲ့တော့ ကိုယ်တွေလို သမီးလေးကို ပညာရေးမှာ မထူးချွန်မှာ စိုးရိမ်လွန်နေတဲ့ ရာဂ်ျ ဘတ်တရာ နှင့် မီတား ဘတ်တရာ တို့ဟာ သူတို့ သမီး ပညာရေး အတွက် ပေါင်းစုံကြိုးစားခဲ့ပါတယ်။ ဒေလီမြို့ရဲ့ ထိပ်တန်းကျောင်းတွေမှာ ကျောင်းအပ်ခွင့်ရဖို့ နေရပ်ကနေ လူ့အထက်တန်းစားတွေကြားထဲကို ပြောင်းရွှေ့ နေထိုင်ကြတယ်။ လူလတ်တန်းစား နဲ့ ...
8.0
IMDB: 8.0/10 1345566 votes
movie

Hindi Medium (2017)

2017
HD-Rip 720p
Phillauri (2017) 6.1
Phillauri (2017)   အချစ် ကံကောင်းဖို့ မင်္ဂလာမဆောင်ခင် မှာ သစ်ပင်နဲ့ အရင်လက်ထပ် ခဲ့ရတဲ့ လူငယ်လေးတစ်ယောက်နဲ့ သစ်ပင်မှာရှိနေတဲ့ ဝိညာဉ်မလေးတို့အကြား အလွဲလေးတွေကို ဇာတ်အိမ်တည်ထားတာ ဖြစ်ပါ တယ်။ပန်ချာပီကောင်လေး ခါနန် ဟာ သူ့ရဲ့ ကလေးဘဝကတည်း က ချစ်သူ မိန်းကလေး အနူးနဲ့ လက်ထပ်ဖို့ နိုင်ငံခြားကနေ အိန္ဒိယကို ပြန်လာခဲ့ပါတယ်။ လက်မထပ်ခင် ကံဇာတာစစ် လိုက်တဲ့အခါ သူ့ဘဝတစ်လျှောက် ကံမကောင်းမှုတွေ ပပျောက်ဖို့ အစီအရင်အနေနဲ့ သစ်ပင်နဲ့ အရင်ဆုံးလက်ထပ်ရမယ်လို့ လူကြီးသူမတွေ စီစဉ်ခဲ့ပါတယ်။ စိတ်ထဲက မပါပေမယ့်လို့ လူကြီးတွေ အတင်း စီစဉ်ကြတဲ့အတွက် ခါနန်တစ်ယောက် မကျေမနပ်နဲ့ လက်ခံခဲ့ရပါတယ်။ အဲဒါနဲ့ ခါနန်ကို သတို့သား တစ်ယောက်လို ဝတ်ကောင်းစား လှတွေ ဝတ်ဆင်ပေးပြီး မင်္ဂလာ အခမ်းအနား ကျင်းပသလိုမျိုးကို သစ်ပင်နဲ့ လက်ထပ်ပေးခဲ့ပါ တယ်။ အဲဒီလိုလုပ်ပြီး မကြာခင် မှာ ...
6.1
IMDB: 6.1/10 1807 votes
movie

Phillauri (2017)

2017
HD-Rip 720p
Begum Jaan (2017)
Begum Jaan (2017)   ဒီတစ်ခါတော့ ဘောလီဝုဒ်ဖန်တွေအတွက် ၂၀၁၇ထွက် အလန်းစား တစ်ကားကို တင်ဆက်ပေးထားပါတယ်။ #ဒီဇာတ်ကားက အက်ရှင်ဇာတ်ကား တစ်ကား မဟုတ်ပါဘူး #ဒီဇာတ်ကားက အနုအရွလေးတွေပါတဲ့ ဒရာမာကား တစ်ကား မဟုတ်ပါဘူး။ #နှစ်ချို့ဝိုင်လို စူးရှရှ ခပ်ပြင်းပြင်းနဲ့ တကယ့် အနှစ်တွေပါတဲ့ ဇာတ်ကားတစ်ကားပါ (ဝိုင်ဘယ်လို အရသာရှိလဲ မသိဘူးနော် :p) ဒီဇာတ်ကားဟာ ၁၉၄၇ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်မှန် အဖြစ်အပျက်တစ်ခုကို အခြေခံရိုက်ကူးထားတာပါ။ ၁၉၄၇ ခုနှစ်မှာ အိန္ဒိယကို အုပ်ချူပ်နေတဲ့ ဗြိတိသျှနောက်ဆုံး ဘုရင်ခံဟာ အိန္ဒိယ နိုင်ငံကြီးကို အိန္ဒိယ-ပါကစ္စတန် ဆိုပြီး နှစ်နိုင်ကွဲထွက်သွားအောင် နှစ်ခြမ်းခွဲခဲ့ပါတယ်။ နိုင်ငံ တစ်နိုင်ငံကနေ အစစအရာရာဟာ နှစ်ပိုင်းဖြစ်ပြီး နယ်စပ်မျဉ်း နှစ်ကြောင်းရေးဆွဲကာ သံဆူးကြိုးတွေကာရံခဲ့ပါတယ်။ အရာရာကို နှစ်ခြမ်းခွဲခဲ့ပေမယ့် နယ်စပ်မျဉ်း နှစ်ကြောင်းလုံးပေါ်မှာ တည်ရှိနေတဲ့ အိမ်တစ်ခု ရှိနေပါတယ် အဲ့ဒါကတော့ #ဘေဂွန်ဂျမ်းရဲ့ ဆောင်ကြာမြိုင်ပါပဲ။ #ဘေဂွန်ဂျမ်းဆိုတာ ငယ်ဘဝကတည်းက ဒုက္ခကို မိတ်ဖွဲ့ပြီး ဘဝကို ဒေါင်ကျကျပြားကျကျ ဒူပေဒဏ်ပေခံလာသူ တစ်ယောက်။ #ဘေဂွန်ဂျမ်းဆိုတာ သတို့သမီးဘဝနဲ့ မွေးရပ်မြေက စွန့်ခွာသွားခဲ့ရပေမယ့် ကံကြမ္မာဆိုးကြောင့် ...
IMDB: /10 votes
movie

Begum Jaan (2017)

2017
HD-Rip 720p
Under World (1+2+3+4+5) Collection
Under World (1+2+3+4+5) Collection Underworld (2003) =============================== 2003 ခုနှစ်ကထွက်ရှိခဲ့ပြီး Underworld ဇာတ်ကားရဲ့ ပထမဆုံးပွဲဦးထွက်ဇာတ်ကားဆိုရင်လဲ မမှားပါဘူးဗျ ဒီကားမှာပဲ Underworld ပရိတ်သတ်တွေက အသည်းခိုက် ကြိုက်နှစ်သက်ခဲ့ ကြပြီး နောက်ထပ်ရိုက်ကူးမဲ့ Underworld 2 , 3, 4, 5 တို့အတွက် ပရိတ်သတ်အားပေးမှုက တွန်းအားတစ်ခုဖြစ်စေခဲ့တယ်ဆိုရင်လဲ မမှားပါဘူး ဇာတ်လမ်း အကျဉ်းလေးကတော့ ဗန်ပိုင်းယား သေမင်းတမန်စစ်သည်တစ်ဦး ဖြစ်သူ ဆယ်လီဟာ ဗန်ပိုင်းယားတွေနဲ့ သမန်းဝံပလွေတွေကြားထဲက ပဋိပက္ခအတွက် တိုက်ခိုက်ရင်း သမန်းဝံပလွေဖြစ်သူ မိုက်ကယ်နဲ့ ချစ်ကြိုးသွယ်ခဲ့မိပါတယ် ဒီလိုနဲ့ မိုက်ကယ် နဲ့ ဆယ်လီ တို့ ၂ယောက် အချစ်ခရီးလမ်းက ဖြောင့်ဖြူးနိုင်ပါ့မလား  ဆယ်လီကကော ရန်သူတဖြစ်လဲ ချစ်သူနဲ့ဘယ်လိုတွေများဆက်လက် ကြုံတွေ့ရမလဲဆိုတာကို တော့ Download From V.I.P Download Large File From Pcloud Download Small File From Pcloud Underworld: Evolution (2006) ====================================== ပထမကား အပြီးမှာပဲ အောင်မြင်မှုတွေသောက်သောက်လဲ ရရှိခဲ့တဲ့ Underworld ဟာ ၂၀၀၆ ခုနှစ်မှာပဲ သူ့ရဲ့ ဒုတိယကားကို ဆက်လက် ရိုက်ကူးခဲ့ပါတယ် ဒုတိယကားမှာတော့ ပထမကားကိုပဲ ဇာတ်လမ်းဆက်ထားပြီး ပထမကားမှာ ချစ်သူဖြစ်ခဲ့တဲ့ ...
IMDB: /10 votes
movie

Under World (1+2+3+4+5) Collection

HD-Rip 720p
Raging Phoenix (2009) 6.2
Raging Phoenix (2009) ဒီဇာတ်ကားလေးကတော့ကျွန်တော်(စိုးထွေး)ရဲ့ ၁၈ ကားမြောက်ကားလေးကိုရောက်လာခဲ့ပါပြီ။ အက်ရှင်ကြိုက်နစ်သက်တဲ့ပရိတ်သတ်တွေအတွက် ကြိုက်နစ်သက် မှာသေချာတဲ့ဇာတ်ကားတစ်ကားပါပဲ။ Chocolate ဇာတ်ကားနဲ့ ရုပ်ရှင်လောကကိုဝင်လာခဲ့တဲ့ဒီမင်းသမီးလေးဟာခုဆိုရင် ထိုင်းမှာတိုနီဂျာ နည်းတူအောင်မြင်နေခဲ့ပါပြီ။ The protector 2 မှာလည်းတိုနီဂျာနဲ့ အတူပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဇာတ်လမ်းကတော့မိန်းကလေးတွေကိုပြန်ပေးဆွဲပြီးရောင်းစားတဲ့ ဂိုဏ်းတစ်ဂိုဏ်းကနေစတင်ထားပါတယ်။မိမိရဲ့ချစ်သူနဲ့ လက်ထပ်တဲ့နေ့မှာပဲမိမိရဲ့ ချစ်သူထူးထူးဆန်းဆန်း ပျောက်ဆုံးသွား၍ကြေကွဲခံစားနေရတဲ့ ဆနင် . . . မိမိတစ်ယောက်တည်းအမြဲလိုလိုအထီးကျန်သည်ဟု ခံစားပြီး ပေတေလေလွင့်နေတဲ့ဒရူ . . . ဒရူကို လိုချင်နေတဲ့ဂိုဏ်းတစ်ဂိုဏ်း . . . ထိုဂိုဏ်းကကောဘာလို့ ဒရူကိုလိုချင်ရတာလဲ။ မိမိကိုကယ်တင်လိုက်တဲ့အချိန်မှစပြီး ဆနင်ကိုသံယောဇဉ်ဖြစ်မိသည့်ဒရူ ၊ ဆနင်ဆီကနေကိုယ်ခံပညာသင် ကြားပြီး . . . လူကုန်ကူးဂိုဏ်းတွေကိုဘယ်လိုဆုံးမမလဲ . . .စသဖြင့် ဇာတ်လမ်းအစ အလည် အဆုံး အက်ရှင်အကြမ်းအရမ်းများကိုတဝကြီးခံစားရမှာပါ။ေ ချာမောတဲ့မင်းသမီးလေးရဲ့ အက်ရှင်များကြောင့်တိုနီဂျာကိုပါ အမှတ်ရစေမယ့်ဇာတ်ကားတစ်ကားလို့လဲ ပြောချင်ပါတယ်။ ဒီဇာတ်ကားဟာ IMDb rating 6.2/10 ထိရရှိထားပါတယ်။ (ဒီဇာတ်ကားရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားသူကတော့ CM Team မှ Ko Soe Htwe ပဲဖြစ်ပါတယ်။) Download and Direct Watch HD720P     Download and Direct Watch small file
6.2
IMDB: 6.2/10 1,777 votes
movie

Raging Phoenix (2009)

2009
HD-Rip 720p
Hotel Rwanda (2004) – မြန်မာစာတန်းထိုး 8.1
Hotel Rwanda (2004) – မြန်မာစာတန်းထိုး ဒီကားလေးက IMDB 8.1/10 ရရှိထားပြီး 1990 ကာလပိုင်းက ရ၀မ်ဒါနိုင်ငံမှာ အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ လူသားမျိုးနွယ်ရဲ့ အဆိုးရွားဆုံးလို့ သတ်မှတ်ခံထားရတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြီးတစ်ခုကို အခြေခံထားတဲ့ ဖြစ်ရပ်မှန် Historical Drama ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းတဲ့ လူသားမဆန်မှုတွေကိုကြည့်ပြီး အသိတရား ရရှိစေမယ့် ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်လမ်းမကြည့်ခင်Rwanda နိုင်ငံရဲ့ Hutu နဲ့ Tusti တွေအကြောင်း နည်းနည်းသိထားမှ ကြည့်ရတာ ပိုအသက်ဝင်ပါလိမ့်မယ်။ Rwanda နိုင်ငံကို ဘယ်လ်ဂျီယံတွေအုပ်ချုပ်စဉ်က Rwanda နိုင်ငံသားတွေကို လူမျိုးနှစ်စုခွဲခဲ့ပါတယ်။ နှာခေါင်းရှည်ရှည်နဲ့ အသားဖြူဖြူ ရုပ်သန့်သန့်ကောင်တွေကို Tusti တွေအဖြစ် သတ်မှတ်ပြီးတော့ အုပ်ချုပ်ရေးပိုင်းမှာ အလုပ်တွေခန့်ပြီး နေရာပေးခဲ့ပါတယ်။အဲဒီကတည်းက အခွဲခြားခံ Hutu တွေဟာ ဘယ်လ်ဂျီယံအစိုးရနဲ့တစ်ပါတည်း Tusti တွေကိုပါ မုန်းတီးစိတ်ဝင်သွားကြတာပါ။ ဘယ်လ်ဂျီယံတွေ အာဏာပြန်လွှဲချိန်ကျတော့ Hutu တွေဆီ အာဏာလွှဲအပ်လိုက်ရတာနဲ့ ခေတ်အဆက်ဆက် အဖိနှိပ်ခံ Hutu တွေဟာ Tusti တွေကို အခဲမကျေဘဲ ရက်ရက်စက်စက် လက်စားချေဖို့ လုပ်ကြတာဖြစ်ပါတယ်… 1990 လို ဆက်သွယ်ရေးစနစ်တွေ လျင်မြန်နေပြီဖြစ်တဲ့ ခေတ်ကြီးထဲမှာ တစ်ကမ္ဘာလုံးက သတိမထားမိအောင်ကို Hutu လက်နက်ကိုင်တွေနဲ့ Hutu ...
8.1
IMDB: 8.1/10 273,879 votes
movie

Hotel Rwanda (2004) – မြန်မာစာတန်းထိုး

2004
HD-Rip 720p
Heroine Disqualified(2015) 6.7
Heroine Disqualified(2015) ဒီကားလေးကတော့ကျွန်တော်(စိုးထွေး)ရဲ့၁၇ကား မြောက်ဘာသာပြန်ကားလေးပါ။ ဒီဇာတ်ကားဟာ IMDb rating 6.8/10 ထိရရှိထားတဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအစမှာအမေဖြစ်သူ ကပြစ်သွားပြီးအထီးကျန်နေတဲ့ ကောင်လေးတစ်ယောက်နဲ့အစပြုထားပါတယ်။ ငယ်ငယ်လေးကတည်းက အဲဒီကောင်လေးအပေါ်အသနားပိုပြီး သံယောဇဉ်ဖြစ်နေမိတဲ့ကောင်မလေး . . . တစ်ယောက်အသက် အရွယ်လေးတွေရလာတဲ့အခါ ထိုကောင်လေးက စော်ကြည်ဘဲ SKBဖြစ်နေတဲ့အခါ ထိုကောင်မလေး ဘာတွေလုပ်မလဲ၊ ထိုကောင်လေးနဲ့ကောင်မလေး ကြားဝင်လာတဲ့ ခပ်ချောချောကောင်လေးတစ်ယောက်နဲ့ ရိုးသားအေးဆေးတဲ့ကောင်မလေးတစ်ယောက် ၊ ကာင်လေးနဲ့ထိုရိုးရိုးသားသားပုံတုံးမလေး ကြိုက်သွားတဲ့အခါ ကျန်နေခဲ့တဲ့ကောင်မလေးဘာလုပ်မလဲ၊ ဘာဆက်ဖြစ်မလဲ၊ ဇတ်ကားတစ်ကားလုံး မချင့်မရဲမှုတွေ၊ အသနားပိုမှုတွေ၊ သံယောဇဉ်တွေ ချစ်ခြင်းမေတ္တာတွေ အပြည့်အဝဖော်ဆောင်ထားတဲ့ ဇတ်ကားကောင်းလေးတစ်ကားပါပဲ။ Attack on Titans ဂျပန်ကားလေးကို ဝင်ငွေစံချိန်ချိုးထားနိုင်ခဲ့တဲ့ ဒီဇာတ်ကားလေးကို အခု CM ပရိတ်သတ်တွေဆီပို့ပေးလိုက်ပါပြီ။ စိတ်ကျေနပ်မှုရပြီးအချိန်ပေးကြည့်ရကျိုးနပ်မယ့် ဇာတ်ကားကောင်းလေးတစ်ကားလို့ညွန်းချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ Ko Soe Htwe ဖြစ်ပါတယ်။) Download and Direct Watch HD720P   Download and Direct Watch small file 360P
6.7
IMDB: 6.7/10 319 votes
movie

Heroine Disqualified(2015)

2015
HD-Rip 720p

Genres

Like Us!