Channel Myanmar

Web-DL 1080P

The Catcher Was a Spy 5.9
The Catcher Was a Spy ဒုတိယကမ္ဘာစစ်ကြီးဟာ တစ်ကမ္ဘာလုံးကို ပူဆွေးသောကနဲ့ ပြာပုံတွေသာ ချန်ခဲ့ပေမယ့် လူ့သမိုင်းမှာ အဆန်းကြယ်ဆုံး ဖြစ်ရပ်တွေ ရင်ခုန်စရာစွန့်စားခန်းတွေကိုလည်း ပေါ်ပေါက်ခဲ့စေပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ ရက်စက်တဲ့စစ်ဝါဒီတွေ သူရဲကောင်းတွေ ဉာဏ်ကြီးရှင်တွေ အံ့မခန်းလူစွန့်စားတွေ ပေါ်ပေါက်ခဲ့ပြီး သူတို့ရဲ့စွန့်စားခန်းတွေ အတွေ့အကြုံ ဖြစ်ရပ်စုံတွေဟာ ဒီနေ့ထိတောင် ပြောမကုန်အောင် ဖြစ်နေဆဲပါပဲ။ ဒါပေမဲ့ ဘေ့စ်ဘော်မေဂျာ်လိဂ်ရဲ့ ဘော်စတွန်အခြေစိုက်ကလပ်ရက်ဒ်ဆောက်အသင်းမှာ ကစားတဲ့ ဘောဖမ်းသမားတစ်ယောက်ဟာ ထိပ်တန်းသူလျှိုတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ ထင်ထားမှာ မဟုတ်ဘူး။ Moeလို့ အများက ခေါ်လေ့ရှိတဲ့ မောရစ်ဘာ့ဂ်ဟာ ဘေ့စ်ဘော မေဂျာလိဂ် သမိုင်းတစ်လျှောက်မှာတော့ ထူးချွန်တဲ့ကစားသမားစာရင်း မဝင်တဲ့သူပါ။ ဒါပေမဲ့ ဘာသာစကား ၇ မျိုးလောက်ကို ရေရေလည်လည် ပြောတတ်ပြီး ဗဟုသုတလည်း ကြွယ်လွန်းလှသူမို့ ဉာဏစွမ်းအမြင့်ဆုံး ဘေ့စ်ဘောသမားလို့ အများက သတ်မှတ်ထားကြပါတယ်။ ပရင်စတန်တက္ကသိုလ်က ဘွဲ့ရထားသူဖြစ်ပြီး တစ်နေ့ကို သတင်းစာ ဆယ်စောင်ဖတ်ပြီး စာအုပ်တစ်အုပ်ကို တစ်ခါဖတ်ပြီး အားလုံးမှတ်မိတဲ့အထိ မှတ်ဉာဏ်စွမ်းရည် မြင့်မားပါတယ်။ ပုလဲဆိပ်ကမ်းကို ဂျပန်တွေ ဗုံးကြဲအပြီးမှာ Moeဟာ နောင်တစ်ချိန်မှာ CIA   ဖြစ်လာမယ့် Office of Strategic Service (OSS) မဟာဗျူ ဟာအကောင်အထည်ဖော်ရေး ဌာနမှာ ဘာသာပြန်အဖြစ် ရာထူးတစ်နေရာရခဲ့ပြီး CIAဖွဲ့စည်းချိန်အထိ ဆက်လက် တာဝန် ထမ်းဆောင်ခဲ့တယ်။ CIAက ထွက်လာပြီးချိန်မှာတော့ တစ်ကိုယ်တည်းလူပျိုကြီးဘဝနဲ့ ဘေ့စ်ဘောနည်းပြ လုပ်ရင်း စာကြည့်တိုက်မှာ အချိန်ကုန်ရင်း ဆွေမျိုးတွေရဲ့ အထောက်ပံ့ခံဘဝနဲ့ ...
5.9
IMDB: 5.9/10 606 votes
movie

The Catcher Was a Spy

2018
Web-DL 1080P
Tau (2018) N/A
Tau (2018)   ဒီရုပ်ရှင်ကားနာမည်က TAU ပါတဲ့ အဲ့ဒီ နာမည်က ဘယ်လောက်အရေးကြီးတယ်ဆိုတာ ဒီရုပ်ရှင်ကို ကြည့်နေရင်းနဲ့ သင်ကိုယ်တိုင် သဘောပေါက်လာပါလိမ့်မယ် ရိုးအီ နေတဲ့ ရုပ်ရှင်အမျိုးစားတွေထဲကနေ သိပ္ပံရုပ်ရှင် ကောင်းကောင်း ကြည့်ချင်နေတယ်ဆို ဒီရုပ်ရှင်ကားက သင့်အတွက်ပါပဲ... ဖြစ်နိုင်ရင် ဒီရုပ်ရှင်ကားကို အညွှန်း မရေးချင်တော့ပါဘူး ဇတ်လမ်းရဲ့ ရသ ပျက်စီးသွားမှာ စိုးရိမ်မိပါတယ် ဇတ်လမ်းကိုတော့ သင်ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ပါတော့ သင်ကြည့်ရတာ တန်တဲ့ ရုပ်ရှင်ကားကောင်း တစ်ခုလို့ အာမခံပါရစေ Netflix ရဲ့ ရုပ်ရှင်ကားတွေ ဘယ်လိုကောင်းတယ် ဘယ်လို တွေးစရာတွေ ပေးတယ်ဆိုတာ သင်လဲ သိနေလောက်ပါပြီ ဒီရုပ်ရှင်ကားဟာ  ဇတ်လမ်းအစထဲကနေ တန်ပို မြင့်ပေးထားလို့ ဘာတွေလဲ ဘာတွေလဲ ဆိုပြီး ကိုယ့်ဘာသာ ဆက်တွေးလိုက်မိတဲ့ အထိ စိတ်ကူးမိစေခဲ့တယ်... ဒီရုပ်ရှင်ကားမှာ သင် သိထားရမှာက မိန်းမချောလေး ဂျူလီယာ အိမ်ကြီးသခင်  အဲလစ် အိမ်စေကြီး ထောင်းစ် တို့ ပဲ ဖြစ်ပါတယ် ဒီ ၃ ယောက်က သင့်စိတ်ကို ဘယ်လို နိုးဆွပြီး ဇတ်သိမ်းထိ ခေါ်ဆောင် သွားမလဲဆိုတာ ဆက်လက်ကြည့်ရှု လိုက်ပါစို့.... ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Hein That Naing ဖြစ်ပြီး ဘာသာပြန် အသစ်ဖြစ်ပါတယ် ထို့ကြောင့် အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့ပါသော် နားလည်ဖြည့်၍ ကြည့်ရှုပေးကြပါလို့ :D   Thit San Khant     အစမ်းကြည့်ရှုရန်... 
N/A
IMDB: N/A/10 N/A votes
movie

Tau (2018)

2018
Web-DL 1080P

Genres

Like Us!