Channel Myanmar

1983

Cujo 6.0
Cujo ပြီးခဲ့တဲ့ လတွေက ကျနော် Stephen King ၀တ္တုတွေကို ရုပ်ရှင်ရိုက်ထားတဲ့ စာရင်းကို စလေ့လာခဲ့တယ် အဲ့ဒီထဲကနေ တကယ်ကောင်းတဲ့ ရုပ်ရှင်ကားတစ်ချို့ကို ဘာသာပြန်ပြီး CM ကနေ ပြန်တင်ဆက်ပေးဖို့ စိတ်ကူးခဲ့ပါတယ် အဲ့ဒီထဲမှာ Cujo လဲ အပါအ၀င်ပါပဲ Cujo ရဲ့ အကြောင်းကရော ဘယ်လိုများလဲ ရုပ်ရှင်ကို ခဏ ကြည့်ရအောင်... ================================== ချစ်စရာခွေးကလေး Cujo အကြောင်း ကနေ စရမယ် ထင်တာပဲ Cujo ဟာ သူ့သခင်တွေအပေါ် အရမ်းသစ္စာရှိပြီး ချစ်တက်သူပါ အဓိက သူ့ကို ပိုချစ်တဲ့ ကားဝပ်ရှော့ပိုင်ရှင် ရဲ့ သားဖြစ်သူ ဘရက် ကို ပိုအလေးထားတဲ့သူပါ... တစ်ခြားတစ်ဖက်မှာတော့ သရဲကြောက်တဲ့ကောင်လေး တဒ် နဲ့ သူ့မိဘ တွေရဲ့ အကြောင်းကိုလဲ ထပ်ပြထားပါတယ် မိသားစု ၂ ခုအကြောင်းပေါ့... တဒ် ရဲ့ အဖေ ဖြစ်သူ ဗစ် က စီးပွားရေး သမားတစ်ယောက်ဖြစ်ပြီး အချိန်ပြည့် အလုပ်များနေခဲ့ပါတယ် ဒါပေမယ့် သူ့သားကိုတော့ သူတော်တော်ချစ်ပါတယ် ဇနီးသည် ဖြစ်သူ ...
6.0
IMDB: 6.0/10 30,753 votes
movie

Cujo

1983
Risky Business (1983) 6.8
Risky Business (1983) ဒီဇာတ်ကားကတော့ ၁၉၈၃ ခုနှစ်က ထွက်ရှိထားတဲ့ မင်းသားကြီးတွမ်ခရုဇ်ရဲ့ Comedy,Drama အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ အိမ်မပိုင်ပဲ ဂေါ်လီလုပ်ချင်တဲ့ တွမ်ခရုစ်တစ်ယောက်......မိဘတွေ ခရီးထွက်သွားပြီး အိမ်မှာတစ်ယောက်ထဲကျန်ခဲ့အခါ..... သူငယ်ချင်းတွေရဲ့ ခြောက်တွန်းမှုနဲ့ အိမ်အရောက်ပို့ စကီလေးများဝန်ဆောင်မှုကို ဆက်သွယ်မိရာကနေ.... အရှုပ်တော်ပုံထဲ ကြားညှပ်ပြီး ဘယ်လိုတွေဖြေရှင်းကြမလဲဆိုတာ.....။ ဒီဇာတ်ကားဟာ IMDb (6.8) နဲ့ Rotten Tomatoes (96%) ထိ ရရှိထားပြီး ၁၉၈၀ ခုနှစ်များရဲ့ အငွေ့အသက်ကို အပြည့်အဝခံစားရမယ့် ဇာတ်ကားပါ။ ဇာတ်ကောင်တွေနဲ့ ဇာတ်ဝင်တေးတွေ ထိမိလှသလို တွမ်ခရုဇ်ကို ငယ်ရုပ်နဲ့ နုပျိုချောမောစွာတွေ့ရတာ နှုတ်ခမ်းနီမလေးတွေအနေနဲ့ မှင်သက်မိစေနိုင်ပါတယ်။   File Size…(740 MB) and (400 MB) Quality…BluRay Rip 720p Format…mp4 Duration…01:39:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung Translated by Htet Myat    
6.8
IMDB: 6.8/10 66,819 votes
movie

Risky Business (1983)

1983
Winners & Sinners (1983) 6.8
Winners & Sinners (1983)   ​ပေါကားမဟုတ်​တဲ့ ​ဟောင်​​ကောင်​အက်​ရှင်​ဇာတ်​ကား​လေး​တွေပြန်​တင်​​ပေးလိုက်​ပါတယ်​ 5 lucky stars seriesထဲက ပထမဆုံးကား​လေးဖြစ်​​တဲ့ Winners and Sinners ပါ အဓိကသရုပ်​​ဆောင်​အဖြစ်​ ကျွန်​​တော်​တို့အကြိုက်​ဇာတ်​လိုက်​မင်းသားကြီး Jackie Chan က​တော့သူ့ရဲ့ပုံစံအတိုင်းပဲလုပ်​သမျှအလွဲ​တွေကြည့်​ဖြစ်​​နေတတ်​တဲ့ရဲတစ်​​ယောက်​ အဖြစ်​ပါဝင်​သရုပ်​​ဆောင်​ထားပါတယ်​ ဇာတ်လမ်းအကျဉ်း​လေးဟာဆို​ရင်​​ တော့ဖြင့်​ ခိုးမှု , လုယက်​မှု , ပြည့်​တန်​ဆာ​ခေါင်းလုပ်​မှု စသဖြင့်​ ရာဇတ်​မှု အမျိုးမျိုးနဲ့​ထောင်​ကျသွားတဲ့၅​ယောက်​​ထောင်​ထဲမှာ​တွေ့ကြပါတယ်​ တကယ်​​တော့သူတို့ကလည်း​ပေါ​တော​တော အူတူတူ​တွေကြည့်​စုထားပြီး မမိုက်​ရဲ မိုက်​ရဲနဲ့၅​ယောက်​​ပေါင်း​လောင်း​ကျော်​​နေတဲ့သူ​တွေပါ တစ်​ခုရှိတာက သူတို့​ထောင်​ကလွတ်​တဲ့အချိန်​မှာသူတို့၅​ယောက်​နဲ့တစ်​ချိန်​တည်းလွတ်​သွားတဲ့သူတစ်​​ယောက်​ရှိပါတယ်​ သူက​တော့ဖိုက်​တာလိုလို ဘာလိုလိုညာလိုလိုနဲ့အထာ​ပေးကြမ်းတဲ့ ဘဲကြီးတစ်​​ကောင်​လည်းရက်​​စေ့ပြီးလွတ်​သွားပါတယ်​ ဟို ၅ ​ယောက်​က​ကော ​ထောင်​ကလွတ်​ပြီးဘယ်​​တွေသွားကြမလဲ ဘာ​တွေလုပ်​ကြမလဲပြီး​တော့စီအိုင်​ဒီကအလွဲ​တွေကြည့်​လုပ်​တတ်​တဲ့ စုံ​ထောက်​​ကျော်​ကြီးကိုဂျက်​ကီရယ်​ ၅​ယောက်​​ပေါင်း​လောင်း​ကျော်​​နေတဲ့​ အူတိအူ​ကြောင်​ကောင်​​တွေရယ်​ ပိုက်​ဆံအတု​တွေထုတ်​ပြီး ဘာညာသာဒကာ ​လျှောက်​လုပ်​​နေတဲ့ဘဲကြီးရယ်​ ဘာ​တွေဆက်​ဖြစ်​ကြမလဲ ကြည့်​ကြပါစို့ဗျာ ဇာတ်လမ်း အညွန်းကိုတော့ pyae xein sett ကရေးသားပေးတာပါ Qty - 720p Bluray Duration - 1hr 48min Gern - Action/Comedy Subtitle - Myanmar Hardsub Translator - Aung Myat Shwe Encoder - Kyaw Ye Aung
6.8
IMDB: 6.8/10 3,406 votes
movie

Winners & Sinners (1983)

1983
The Champions (1983) 7.0
The Champions (1983) 1983 ခုနှစ်ကထွက်ရှိခဲ့ပြီး Imdb 7 ရထားတဲ့ Old But Gold လေးတစ်ကားကိုထပ်မံ တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားထဲမှာပါတဲ့ မင်းသားတွေကိုတော့ မသိတဲ့ သူမရှိလောက်ဘူးထင်မိသလို ဇာတ်ကားကောင်း မကောင်းဆိုတာကိုလဲ သိလောက်မယ်ထင်ပါတယ် ဇာတ်လမ်းအမျိုးအစားလေးက Comedy Sport အမျိုးအစားကားလေးပါ ဇာတ်လမ်းအကျဉ်းလေးကတော့ 1980  ဟောင်ကောင် ဘောလုံးလောက ရဲ့ပြိုင်ဆိုင်မူ ပြင်းထန်နေတဲ့ကာလ မှာ လက်ရွေးစင်ပါသွားတဲ့ လူငယ်လေး LEE TONG တစ်ယောက် ဟာ ဘောလုံးလောက ရဲ့ ထုံးစံ အတိုင်း လောင်းကစားသမားများရဲ့လွမ်းမိုးမူ လာဘ်ထိုးမူတွေနဲ့ကြုံတွေ့ရပြီး ဒီလာဘ်ထိုးမူတွေကို သူဘယ်လိုများ ရှောင်မလဲပြီးတော့ပြိုင်ဘက် အသင်းတွေရဲ့ ညစ်ပတ်မူ့ ဒိုင်တွေရဲ့ ဘက်လိုက်မူ့တွေကြာင့် ရှုံနိမ့် ခဲ့ရတာတွေကို သူဘယ်လိုကြံကြံခံ နိုင်မလဲပြီးတော့ သူ့အတင်းဖော်တွေနဲ့ အတူ ဘယ်လိုအလွဲတွေနဲ့ များ ဟာသ ဆန်ဆန်ကြည့်ကြရမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ကြရမှာပါ ဘာသာပြန်ကတော့ REAL YNWA ဖြစ်ပါတယ်ဗျ
7.0
IMDB: 7.0/10 90 votes
movie

The Champions (1983)

1983

Genres

Like Us!