Channel Myanmar

1991

Terminator 2: Judgment Day (1991) 8.6
Terminator 2: Judgment Day (1991) လူသားတွေကို မျိုးဖြုတ်မယ့် ဉာဏ်ရည်တုကွန်ပျူတာစနစ်ဆိုတာက တစ်ခုမဟုတ် တစ်ခု ရှိနေတာမျိုးပဲ။ ဆိုက်ဘာဒိုင်း၊ စကိုင်းနက် အစရှိသဖြင့်ပေါ့လေ။ ဆာရာ ကော်နာ နဲ့ ကိုင်းလ် ရိစ် တို့ လက်တွဲရင်ဆိုင်ပြီး အနာဂတ်ကလာတဲ့ မော်ဒယ် ၁၀၁ ကို အဆုံးသတ်နိုင်ခဲ့ပေမဲ့ ကမ္ဘာကို ကပ်ပါးပိုးတစ်ခုလိုတွယ်ကပ်နေတဲ့ ဉာဏ်ရည်မြင့်စက်တွေကတော့ ထင်းခွေမကြုံ ရေခပ်အကြုံကို စောင့်နေကြဆဲပါပဲ။ပထမဇာတ်ကား သိပ်ကိုအောင်မြင်သွားတော့ ဒုတိယကားထွက်ဖို့ စိုင်းပြင်းကြတဲ့အချိန်မှာ ဇာတ်လမ်းတွေ တော်တော်ရှုပ်ခဲ့ပါတယ်။ ထုတ်လုပ်သူပြောင်းချင်လို့ မူပိုင်ခွင့်ပြန်ဝယ်တဲ့ကိစ္စတွေ၊ ကွန်ပျူတာ အထူးပြုလုပ်ချက်ကို အထူးရှယ်လုပ်ရင်းနဲ့ အချိန်လွန်ကုန်တာတွေ။ ဒါပေမဲ့ ပထမကားထက် ပိုပြီးတော့ ဝေဝေဆာဆာ လှလှပပ အောင်အောင်မြင်မြင်ထွက်ရှိလာခဲ့တယ်။ကန်မရွန်း ရဲ့ ဩဇာသိပ်ကြီးလာသလို အာနိုး ရဲ့ အခန်းကဏ္ဍကလည်း မြင့်လာတော့ သူ့ကို ဇာတ်ဆောင်မင်းသားနေရာ ပို့ပေးလိုက်ရတာပေါ့။ ဒီလိုနဲ့ ပရိသတ်အကြိုက်ဖြစ်သွားတော့ ဟုန်းဟုန်းတောက် အောင်မြင်သွားပြန်တယ်။ ၁၉၉၁ ရဲ့ ဝင်ငွေအကြမ်းဆုံးဇာတ်ကား၊ ...
movie

Terminator 2: Judgment Day (1991)

1991
Sanam Bewafa (1991) 5.2
Sanam Bewafa (1991) Sanam Bewafa (1991) Drama, Romance IMDb 5.2/10 (1.5K)အခုတစ်ခါမှာတော့ ဆလ်မန်းခန်းရဲ့ငယ်ရွယ်နုပျိုစဉ်အခါတုန်းက ရိုက်ခဲ့ဖူးတဲ့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးပါတော့မယ်နော်။ ဒီဇာတ်ကားလေးဟာ Budge သိန်း၉၀သာ သုံးခဲ့ပေမယ့် Box Office မှာ ၁၀.၂၅ကုဋေရရှိခဲ့ပါတယ်။ အဲ့ဒီတုန်းက တော်တော်လေးအောင်မြင်ခဲ့တဲ့ ကားလည်းဆိုရမယ်။ ၃၇ကြိမ်မြောက် Film Fare ဆုလည်း ဆွတ်ခူးနိုင်ခဲ့ပြီး။ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့တဲ့ ကားလေးပါပဲ။မာနတွေ အာဃာတတွေ အမုန်းတွေနဲ့ ရန်ငြှိုးထားနေတဲ့ ပထန်မိသားစုနှစ်စုရဲ့အကြောင်းပေါ့ဗျာ။ နှစ်ရှည်လများ နယ်နိမိတ်တွေ ပိုင်ခြားသတ်မှတ်ပြီး နယ်ကျော်သူ သေပွဲဝင်ရမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ ကြိမ်းမောင်းနေခဲ့ကြတာပေါ့။ဒီစစ်ပွဲတွေကြားထဲကို နူးညံ့တဲ့ချစ်ခြင်းမေတ္တာလေးဝင်လာခဲ့ပါတော့တယ်။ ဆလ်မန်းနဲ့ ရွခ်ဆာရ်တို့ရဲ့ချစ်ခြင်းမေတ္တာပါပဲ။ သူတို့နှစ်ဦးကတော့ နှစ်ရှည်လများ ရန်ငြှိုးရှိနေခဲ့ကြတဲ့ နှစ်ဖက်မိသားစုရဲ့သားနဲ့သမီးပါ။ မိဘတွေက လူသတ်ဖို့ဝန်မလေးသလို သားသမီးနဲ့ယှဉ်လာရင်လည်း အသက်ပေးကြမယ့်လူစားမျိုးတွေပါပဲ။ဆလ်မန်းနဲ့ ရွခ်ဆာရ်တို့ရဲ့ချစ်ခြင်းမေတ္တာက ဒီမိသားစုနှစ်စုကိုပြန်လည်ပေါင်းဆည်းစေနိုင်မလား...။ဒါမှမဟုတ် သေပွဲဝင်သွားကြရမလား...။အချစ်နဲ့စစ် ဘယ်သူအနိုင်ရမလဲဆိုတာကိုတော့ စိတ်ဝင်တစားကြည့်ရှုပေးပါဦးနော်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 3.45GB / ...
movie

Sanam Bewafa (1991)

1991
Sometimes They Come Back (1991) 5.7
Sometimes They Come Back (1991) Sometimes They Come Back (1991) ==========================အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ နာမည်ကျော်လျှို့ဝှက်သည်းဖို ဆရာကြီး Stephen King. ရဲ့ဝတ္ထုတိုကိုပွားထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ မူရင်းအနေနဲ့ Stephen King's Cat's Eye ထဲမှာဇာတ်ကားတိုအဖြစ်ပါရှိခဲ့ ပြီး အခုကတော့ သီးသန့်ဇာတ်ကားရှည်အဖြစ်ဖန်တီးထားတာပါ။ဂျင်မ်နော်မန်ဟာ ငယ်ဘဝစိတ်ဒဏ်ရာတွေခြောက်လှန့်ဆဲဖြစ်တဲ့ တမင်တ ကာစွန့်ပစ်ထားခဲ့တဲ့ မွေးရပ်မြေနယ်မြို့လေးကိုမဖြစ်မနေ အကြောင်းကိစ္စ တစ်ခုကြောင့် ပြန်လာခဲ့ရပါတယ်။ ဂျင်မီအသက်ကိုးနှစ်တုန်းကသူတို့ညီအစ် ကိုနှစ်ယောက်ကို အနိုင်ကျင့်တတ်တဲ့လူငယ်လူရမ်းကားတစ်စုက မီးရထား လှိုဏ်ခေါင်းထဲမှာ လုယက်အနိုင်ကျင့်ရာကနေ သူ့အစ်ကို ဝိန်းသေဆုံးသွား ခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်ထဲမှာပဲ ကားနဲ့အတူထွက်ပြေးဖို့ကြိုးစားတဲ့လူရမ်းကားတစ်စု လည်းရထားတိုက်သေဆုံးသွားခဲ့ပါသေးတယ်။ ဒီတစ်ခေါက်မြို့ကိုပြန်အ ရောက်မှာတော့ ဂျင်မီမှာ သူ့အစ်ကိုအသတ်ခံရမှုအကြောင်းအိမ်မက်ဆိုး တွေပြန်မက်စပြုလာပါတယ်။ မကြာခင်မှာပဲ သူ့အတန်းထဲကကျောင်းသား တွေတစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံးလာခဲ့သလို တစ်ယောက်ပျောက် သွားတိုင်း သူ့အစ်ကိုကိုသတ်ခဲ့တဲ့ အုပ်စုထဲကကျောင်းသားတစ်ယောက် အဲ့ဒီနေရာကိုပြန်ရောက်လာတဲ့အခါမှာတော့..၊ပြန်ရောက်လာတဲ့လူတွေက သူ့အစ်ကိုကိုသတ်ခဲ့စဉ်က အသက်အရွယ်အတိုင်း ဖြစ်နေပြီး ဂျင်မီကိုလည်းကောင်းကောင်းမှတ်မိနေကြပါတယ်။ ဒါပေမယ့်လည်း အာဏာပိုင်တွေက ကျောင်းသားတွေပျောက်ဆုံးမှုတွေအတွက် သူ့အပေါ်ကို သံသယဝင်စပြုလာပြီး ပြန်ရောက်လာတဲ့ အတိတ်တစ္ဆေတွေကလည်းပိုပြီး ကြမ်းကြမ်းတမ်းတမ်းသောင်းကျန်းလာတဲ့နောက် ဂျင်မီတစ်ယောက် လွန်ခဲ့တဲ့ နှစ် ၃၀ နီးပါးကဇာတ်လမ်းကို အဆုံးသတ်ဖို့ကြိုးစားရပါတော့တယ်။ '90s Cult Classics တွေထဲကတစ်ကားဖြစ်ပြီး အခုချိန်ထိဇာတ်လမ်းဇာတ်အိမ်တင်ဆက် ပုံတွေဆွဲဆောင်မှုရှိဆဲဖြစ်သလို၊ jump scare တွေမပါပဲနဲ့ကျောထဲကစိမ့်လာ စေတဲ့ချောက်ချားမှုမျိုးပေးနိုင်တဲ့ Horror ကားကောင်းတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File ...
movie

Sometimes They Come Back (1991)

1991
The People Under the Stairs (1991) 6.4
The People Under the Stairs (1991) The People Under The Stairs (1991)~ IMDb - 6.4/10, Rotten Tomatoes - 70% ~ဒီတစ်​ခေါက် မိတ်ဆက်​ပေးမှာက​​တော့ 1991 မှာ ထွက်ရှိထားတဲ့ ​ကြောက်လည်း​ကြောက်ရ ရယ်လည်းရယ်ရမယ့် သည်းထိတ်ရင်ဖို ဟာသကား​လေး The People Under the Stairs ပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~တား​​ရော့ရူး အမတစ်​ယောက်​ကြောင့် နာမည်ရင်းထက် နာမည်​ပြောင်သာလူသိများကြတဲ့ ဖူး(Fool)တစ်​ယောက် မ​တော်​လောဘမက်တဲ့ ​မြေပိုင်ရှင် ​လင်မယား နှစ်​ယောက်​ကြောင့် အိမ်​ပေါ်ကဆင်းရဖို့ အ​ကြောင်းဖန်လာတဲ့အခါ...အ​မေဖြစ်သူကလည်း ကင်ဆာ​ရောဂါ ခံစား​နေရပြီး ခွဲစိတ်ဖို့ ပိုက်ဆံမတတ်နိုင်​သေးတဲ့အချိန် ​မြေပိုင်ရှင်​လင်မယားအိမ်မှာ ​ရွှေပြားသွားခိုးဖို့ ထွက်လာတဲ့အခါ...အိမ်ကြီးရဲ့​နောက်ကွယ်က ဖြစ်ရပ်မှန်​တွေ အိမ်ကြီးထဲမှာ ဘာ​တွေ လျှို့ဝှက်ထားတာ​တွေရှိလဲ... အိမ်ကြီးထဲဝင်​ဖောက်မိတဲ့အခါ ဘာ​တွေ​တွေ့ကြုံရမလဲ... ဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရမယ့်အပြင် အလွဲ​လေး​တွေလည်းပါတာမို့ ရယ်လည်းရယ်ရမယ့် ကား​ကောင်း​လေးတစ်ကားလည်းဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ...
movie

The People Under the Stairs (1991)

1991
Hook (1991) 6.8
Hook (1991) 90 ခုနှစ်အလွမ်းပြေ မင်းသားကြီး Robin Williams ရဲ့ဇာတ်ကားကောင်းလေး တစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်.ငယ်ဘဝရဲ့ နတ်သမီးပုံပြင်များထဲက တစ်ခုဖြစ်တဲ့ ပီတာပန် နဲ့ နတ်သမီးလေး တင်ကာဘဲလ် တို့ဇာတ်လမ်းလေးကို အားလုံးသိကြမှာပါ.ဒီဇာတ်ကားဟာလည်း ပီတာပန် ပုံပြင်ရဲ့ ဗီလိန်Captain Hook ကို အမှတ်သညာပြုပြီးအမည်ပေးထားတာ ဖြစ်ပါတယ်.ဒီဇာတ်လမ်းမှာတော့ ပီတာပန်ဟာ ကြီးပြင်းလာခဲ့ပြီးပီတာဘန်းနင်း အဖြစ်နဲ့ အိမ်ထောင်ကျ၊သားသမီးတွေ ရလာခဲ့တဲ့ နေရာကနေ အစပြုခဲ့ပါတယ်.သူ့ရဲ့ပီတာပန်ဘဝဟောင်း နဲ့ နဲဗားလန်းကိုမေ့လျော့နေခဲ့ပေမယ့် အတိတ်ကတော့ သူ့ကို သတိရဖို့မပျက်ကွက်ခဲ့ပါဘူး.အလုပ်ကိုဦးစားပေးလွန်းသူ ဖခင်တစ်ယောက်အနေနဲ့သားသမီးနဲ့ဇနီးမယားအပေါ် ပျက်ကွက်မှုတွေရှိလာခဲ့ချိန်မှာ တစ်ဖက်ကလည်း ကိုယ်တိုင်မေ့လျော့နေခဲ့တဲ့အတိတ်ဘဝကို မမျှော်လင့်ဘဲပြန်လည်ရင်ဆိုင်ရချိန်မှာတော့ပျောက်ဆုံးနေတဲ့ ဘဝဟောင်းကို ပြန်ရှာတွေ့နိုင်မလား သားသမီးအတွက်ဆို ရေမြေဆုံးထိ လိုက်မယ့်မိဘမေတ္တာကို ဘယ်လို သက်သေပြနိုင်မလဲစိတ်လှုပ်ရှားဖွယ် စွန့်စားခန်းတွေကြား.မိသားစု နဲ့ ချစ်ခြင်းမေတ္တာအကြောင်းကိုဖော်ကြူးထားတဲ့ဇာတ်လမ်းလေးဖြစ်လို့ CM ကနေပရိသတ်များ ရှုစားနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်. File size…   3 GB /  1.5 GB Quality… Blu-Ray 1080p / ...
movie

Hook (1991)

1991
Rush (1991) 6.7
Rush (1991) Rush (1991)~ IMDb - 6.7/10, Rotten Tomatoes - 71% ~ဒီရုပ်ရှင်က ကြည့်ကောင်းတဲ့ရုပ်ရှင်တစ်ကားသက်သက်ပဲ။ မှုခင်းကားပေမဲ့ အက်ရှင်ခန်းလည်းများများစားစားမပါသလို ထွေထွေထူးထူးဇာတ်ဝင်ခန်းလည်း ပါလှတယ်မဟုတ်ဘူး။ မူးယစ်ဆေးရောင်းတဲ့ကောင်တွေကို မူးယစ်ဆေးသမားလိုလို အသွင်ယူပြီးဖမ်းတဲ့ရနဲ့ သူ့ပါတနာရဲမလေး မူးယစ်ဆေးရောင်းတဲ့ကောင်တွေကိုဖမ်းဖို့ကြိုးစားရင်း တိုင်ပတ်ကြတဲ့အကြောင်းတွေပဲ။ မင်းသမီးလေးတော့ တော်တော်လှပါတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ရဲ့ Soundtrack တွေကတော့ တကယ်ကြမ်းတယ်။ ဒီကားထဲပါသမျှသီချင်းတွေထဲ Eric Clapton ရေးထားတဲ့သီချင်းတွေမနည်းသလို Score ကိုလည်း ကျန်တဲ့လူတွေနဲ့ပေါင်းပြီး သူက Guitarist အနေနဲ့တီးထားတယ်။ Clapton က Rolling Stone ရဲ့ "100 Greatest Guitarists of All Time"မှာ ဒုတိယနေရာချိတ်ထားတဲ့လူဆိုတော့ သူ့ Score တွေ ဘယ်လိုနေမလဲ စဉ်းသာစားကြည့်ပေါ့။နောက် ဒီကားထဲ Eric Clapton ရဲ့ နာမည်ကျော်သီချင်း ...
movie

Rush (1991)

1991
[18+] Black Cat (1991) 5.8
[18+] Black Cat (1991) Black Cat (1991)ဟောင်ကောင်အက်ရှင်ကားတွေရဲ့ရွှေခေတ်၊ မြန်မာပြည်ကလူတွေက ဂျက်မ လို့ သညာပြုခေါ်ကြတဲ့ အမျိုးသမီးဖိုက်တာဇာတ်ကားတွေထဲက အမှတ်တရဖြစ်စရာ တစ်ချိန်ကနာမည်ကျော်ကားတစ်ကားဖြစ်ပါတယ်။ကတ်သရင်းဆိုတဲ့ ပြန်အမှတ်ရချင်စရာမရှိတဲ့ အတိတ်ဆိုးပိုင်ရှင်ကောင်မလေးတစ်ယောက်ဟာ မတော်တဆလူသတ်မှုတွေကျူးလွန်မိရာကနေ ထွက်ပြေးခဲ့ချိန်မှာ ပြန်ပြီးပစ်ခတ်ဖမ်းဆီးခံခဲ့ရပါတယ်။ သူ သတိရချိန်မှာတော့ လေ့ကျင့်ရေးသင်တန်းကျောင်းတစ်ခုကို ရောက်ရှိနေပြီး လက်နက်တွေ၊ ရင်ဆိုင်တိုက်ပွဲစွမ်းရည်တွေ ပြင်းထန်တဲ့လေ့ကျင့်မှုတွေနဲ့ သင်ကြားပေးခံရပြီးနောက် အယ်ရစ်ကာဆိုတဲ့ ကုတ်အမည်နဲ့ CIA အေးဂျင့်တစ်ယောက်ဖြစ်လာပါတော့တယ်။ဇာတ်လမ်းသွားက Luc Besson ရဲ့နာမည်ကျော် La Femme Nikita နဲ့ဆင်သလို ဒါရိုက်တာကလဲ အဲ့ဒီကားကိုပဲပြန်ရိုက်ချင်ခဲ့တာပါ။ ဒါပေမဲ့ ဇာတ်ကားမူပိုင်ခွင့်ကို Disney ကဦးသွားခဲ့တဲ့အတွက် ခပ်ဆင်ဆင်ဇာတ်သွားနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အဲဒီမတိုင်ခင်က မထင်မရှားမော်ဒယ်တစ်ယောက်သာဖြစ်ခဲ့တဲ့ Jade Leung ကို တစ်ကားတည်းနဲ့နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်စေခဲ့တဲ့ ဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 760MB Quality - 1080p, 720p IMDb Rating ...
movie

[18+] Black Cat (1991)

1991
Frankie and Johnny (1991) 6.7
Frankie and Johnny (1991) Frankie and Johnny (1991)~ IMDb - 6.7/10, RT - 69%, Meta - 66% ~Frankie and Johnny ဆိုတာကတော့ အမေရိကန်ရဲ့ နာမည်ကျော် ရှေးသီချင်းတစ်ပုဒ်ဖြစ်ပြီး လွန်လေပြီးသော King of Rock & Roll ကြီး Elvis Presley တောင် သူ့ရုပ်ရှင်မှာ ထည့်သွင်းသီဆိုခဲ့ပါသေးတယ်။ မူရင်းသီချင်း‌က‌တော့ ဖရန်ကီဆိုတဲ့ မိန်းမတစ်ယောက်နဲ့ ဂျွန်နီဆိုတဲ့ ယောက်ျားတစ်ယောက်ကြားက ဇာတ်လမ်းတစ်ပုဒ်ကို သီဆိုထားတာပါ။ ဒီကားကလည်း ဖရန်ကီဆိုတဲ့ စားပွဲထိုးမလေးနဲ့ ဂျွန်နီဆိုတဲ့ သက်လတ်နှောင်းပိုင်းစားဖိုမှူးတို့ကြားက ချစ်ခြင်းမေတ္တာပါ။ သီချင်းထဲမှာတော့ တခြားမိန်းမတစ်ယောက်နဲ့ဖောက်ပြန်နေတဲ့ ဂျွန်နီ့ကို ဖရန်ကီက သေနတ်တစ်လက်နဲ့ အဆုံးသတ်ပေးလိုက်ပါတယ်။ တကယ့်လူသတ်မှုတချို့ကိုအခြေခံထားတယ်လို့လည်း ပြောကြပါတယ်။အခုဒီရုပ်ရှင်ကားဟာလည်း ဒီသီချင်းနာမည်ပေါ် လုံးလုံးအခြေခံထားပေမယ့် သီချင်းထဲကအကြောင်းအရာနဲ့တော့ လားလားမှ မဆိုင်ပါဘူး။ ဇာတ်လမ်းအကျဉ်းလေးကို စလိုက်မယ်နော်...ထောင်ကလွတ်လာကစ ...
movie

Frankie and Johnny (1991)

1991
My Girl (1991) 6.9
My Girl (1991) My Girl (1991)ဗေဒါလေးဟာ ငယ်ငယ်လေးနဲ့ အသိကြွယ် ဉာဏ်ပြေးတဲ့ ကလေးမလေးတစ်ယောက်ပါ။ ဗေဒါ့ဖေဖေက ဈာပနအခမ်းအနားတွေ တာဝန်ယူပြင်ပေးရတဲ့သူပေါ့...။သူ မသိတတ်ခင်ကတည်းက ဆုံးသွားတဲ့ မေမေ၊ အသိ သတိ မကောင်းတော့တဲ့ ဖွားဖွား၊ နေ့စဉ်နဲ့အမျှ ဝင်ချည်ထွက်ချည်မြင်နေရတဲ့ အလောင်းတွေနဲ့ ပူဆွေးတမ်းတသူတွေ...။ နေ့စဉ်ဘဝလိုဖြစ်နေတဲ့ သေခြင်းနဲ့ ရှင်ခြင်းကြားက မျဉ်းပါးပါးလေးကို ဗေဒါလေး ဘယ်လိုများ နားလည်ထားသလဲ။အဆိုးတွေချည်းပဲတော့ မဟုတ်ပါဘူး... ၁၁နှစ်ဆိုတဲ့ တစ်ဆယ်စွန်းစ ဆယ်ကျော်သက်မဖြစ်တစ်ဖြစ်ကလေးမှာ အနားက အရိပ်လိုလိုက်မယ့် သူငယ်ချင်းလေး တစ်ယောက်ရှိတယ်... ကဗျာရွတ်ပြတာတွေ ကြိတ်ကြွေနေရတဲ့ ကျောင်းဆရာတစ်ယောက်ရှိတယ်...။ နှာတစ်ဖျားအသာနဲ့လည်း ရွယ်တူတွေကို ဖျံကျတတ်တယ်။ဒါပေမဲ့လည်း အလောင်းတွေကြားမှာ ဘဝကို မြှုပ်နှံထားတဲ့ ဖအေဖြစ်သူရဲ့ အာရုံစိုက်ခံရဖို့ကိုတော့ ညစ်ကြယ်ကြယ် ဉာဉ်လေးနဲ့ နိစ္စဓူဝကြိုးစားရတုန်းပါပဲ...။ ဒီလိုနဲ့ တစ်ရက်မှာတော့ ဗေဒါတို့ သားအဖဘဝထဲကို ရှယ်လီဆိုတဲ့ မိတ်ကပ်ဆရာမတစ်ဦး ပေါက်ချလာပါတော့တယ်...My Girl ဟာ နာမည်ကျော် ...
movie

My Girl (1991)

1991
(18+) Madame Bamboo (1991) 5.4
(18+) Madame Bamboo (1991) Madame Bamboo ဆောင်ကြာမြိုင်ဇာတ်လမ်းလို့ပြောရမှာပေါ့ ကုန်းဘောင်ခေတ် ဆောင်ကြာမြိုင်ဇာတ်လမ်းတော့မဟုတ်ဘူး စိနပြည်ဆောင်ကြာမြိုင်ဇာတ်လမ်းပါ sex and zen တို့လို တရုတ်ကားတွေ ကြိုက်တဲ့သူတွေအတွက်ကတော့ဒီဇာတ်ကားက တရုတ်တွေရဲ့ထုံးစံအတိုင်း ကွက်ကွက်ကွင်းကွင်း မုန့်တီဟင်းနှယ် ချပြထားတာကြည့်ရမှာပါ ဆောင်ကြာမြိုင်ကိုရောင်းစားခံရတဲ့ ကောင်မလေးတွေ သူတို့ဘဝဇာတ်ကြောင်းတွေ ပြန်ပြောင်းပြောပြတာကို ကြည့်ရှုရင်း တရုတ်ပြည်ရဲ့ ရှေးခတ်မိန်းမတွေကို ပိုးစိုးပက်စက်နှိမ့်ချထားတဲ့ အကြောင်းတွေကို ထုံးစံအတိုင်း မျက်စိပသာဒဖြစ်ဖွယ်လေးနဲ့ နှလုံးသွင်းရှုစားကြတာပေါ့ဗျာ File size…2.1GB / 1GB Quality…1080p HQ WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason
movie

(18+) Madame Bamboo (1991)

1991
Raise the Red Lantern (1991) 8.1
Raise the Red Lantern (1991) Raise the Red Lantern (1991)~ IMDb - 8.1/10, Rotten Tomatoes - 97% ~Raise the Red Lantern ဟာ ကျန်းရိမူရိုက်ခဲ့ဖူးတဲ့ မာစတာပိစ်ကားပေါင်းများစွာထဲက တစ်ကားပါပဲ။ ကျန်းရိမူဟာ To Live, Hero, House of Flying Daggers, The Flowers of War, Under the Hawthorn Tree နဲ့ Shadow အပါအဝင် တခြားမာစတာပိစ်ကားများစွာကို ရိုက်ခဲ့တဲ့သူဖြစ်ပြီး ပါဖက်ရှင်နစ်တော်တော်ဆန်တဲ့ စီနီမာတိုဂရပ်ဖီနဲ့ ‌အရောင်တွေလှိုင်လှိုင်သုံးပြီး အစောပိုင်းကားတစ်ချို့မှာ ရှေးတရုတ်ပြည် လူနေမှုဘဝကို ထင်ဟပ်တဲ့ ဇာတ်အိမ်တွေ သုံးပြီး ရိုက်‌လေ့ရှိတဲ့သူပါ။ ပြည်မရုပ်ရှင်ရဲ့ ငါးဆက်မြောက်မျိုးဆက် ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်ပြီး ဒီမျိုးဆက်မှာ ပြည်မရုပ်ရှင်တွေကို ပြည်ပအထိပေါက်မြောက်အောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာတွေထဲက ...
movie

Raise the Red Lantern (1991)

1991
Samurai Cop (1991) 4.6
Samurai Cop (1991) Samurai Cop (1991)(အချို့သောအခန်းတွေက 90s ခေတ်ရုပ်ရှင်တွေနည်းတူ နည်းနည်းအပြကြမ်းလို့ တစ်ယောက်တည်းကြည့်စေချင်ပါတယ်ခင်ဗျာ)ဒီရုပ်ရှင်ကို best and worse action movie ever လို့ခေါ်ကြတယ်။ ကားကတော့ကောင်းပါတယ်။ အက်ရှင်ခန်းတွေလည်းလန်းတယ်။ သူ့ခေတ်နဲ့ဆို ဇာတ်အိမ်လေးလည်းမဆိုးဘူး။ ဒီတော့အက်ရှင်ကားကောင်းလို့ ယူဆရမလိုပါပဲ။ ဒါပေမဲ့ အားနည်းချက်လေးတွေတော့ရှိသွားခဲ့ပါတယ်။ ဒါကြောင့်မို့ rating စုတ်သွားခဲ့တာပါ။ ဒီရုပ်ရှင်က အခန်းတွေအားလုံးနီးပါးကို single take နဲ့ ရိုက်ယူခဲ့သလို ဒါရိုက်တာကလည်း သေနတ်ကိုလက်တစ်ဆုပ်စာပဲသုံးခဲ့ပါတယ်။ မင်းသားတွေက ကိုယ်ပိုင်အဝတ် ကိုယ်ပိုင်ကားနဲ့ ရိုက်ရတဲ့အထိ ဘတ်ဂျက်ချွေတာခဲ့တယ်။ သို့ပေမဲ့လည်း အက်ရှင်ခန်းအလန်းတွေကြောင့် အက်ရှင်ကားကောင်းဖြစ်နေတုန်းပါပဲ။လူမဆန်အောင်ရက်စက်တဲ့ ဂျပန်ယာကူဇာဂိုဏ်းဖြစ်တဲ့ Katana ဂိုဏ်းက နယူးယောက်မှာရှိတဲ့ ဖာ ဆေး လောင်းကစားတွေစတဲ့ မကောင်းမှုမှန်သမျှကို ချုပ်ကိုင်ထားတယ်။ ဒါတင်မကသေးဘူး၊ သူတို့က လူသတ်ရတာကို သဘောကျတဲ့ လူသတ်သမားတွေလည်းဟုတ်တယ်။ ဒီအဖွဲ့ကို ဖမ်းဖို့က တော်တော်ခက်တယ်။ မဖြစ်နိုင်သလောက်ပဲ။ ဒီတော့ ...
movie

Samurai Cop (1991)

1991
Career Opportunities (1991) 5.9
Career Opportunities (1991) ရုပ်ရှင်တစ်ကားကို ဇာတ်လမ်းအကြောင်းလဲစိတ်မဝင်စား ဘာတွေပြောနေမှန်းလဲမသိဘဲ မျက်တောင်မခတ်တမ်း အစအဆုံးကြည့်....ပြီးရင်လဲ သတိရတိုင်းအထပ်ထပ်ပြန်ကြည့်နေမယ်ဆိုရင် အဲ့ကောင်ကို ရူးနေတယ်လို့ မထင်ဘူးလား... ဟုတ်ပါတယ်...အဲ့ဒီအရူးက ကျွန်တော်ပါ။ဒီဇာတ်ကားကိုကြည့်မိတိုင်း ကျွန်တော်ဟာ အသက်ရှူဖို့မေ့နေတာမျိုး... မမမြင်းစီးတဲ့စီးချက်အတိုင်း နှလုံးခုန်နေတာမျိုး... ကျွန်တော့်ကမ္ဘာဟာ မမအကြည့်တွေမှာ တည်ထားတာမျိုး.... ဪ...အမျိုးမျိုးနဲ့ သိပ်လှတဲ့မမလို့ ယောင်ရမ်း ထအော်မိနေတတ်တာမျိုး... အဲ့ဒီမမကတော့ ဒီဇာတ်ကားရဲ့မင်းသမီး Jennifer Connelly ပါ။မကြည့်ဖူးသေးရင် ကြည့်ကြည့်ပါ..ကြည့်ဖူးရင်လဲ BluRay 1080p HEVC Quality နဲ့ ပြန်ကြည့်ကြပါ။ဇာတ်ကြောင်းကိုသွားရမယ်ဆိုရင်တော့ဖြင့်...ဂျင်ဒေါ့ဂ် (Frank Whaley) ဆိုတာ အရွယ်ရောက်နေပေမယ့် မိဘအိမ်မှာနေနေသေးတဲ့လူတစ်ယောက်ပါ. လေကြီးမိုးကြီး အရမ်းပြောတတ်ပေမယ့် comfort zone ထဲ က မထွက်နိုင်သေးတဲ့ ငပျင်းတစ်ယောက်ဆို မှန်ပါလိမ့်မယ်။ အလုပ်လဲ ခဏခဏ အထုတ်ခံရပြီး မိဘတွေကအစ ငြိုငြင်ခြင်းခံရသူပေါ့. တစ်နေ့ သူ့အဖေ ဖြစ်သူက သူ့ကို စတိုးဆိုင်တစ်ခုမှာ ညသန့်ရှင်းရေးသမား အဖြစ် အလုပ်သွင်းပေးလိုက်ပါတယ်။ ဂျင် ပထမဆုံး အလုပ်ဆင်းတဲ့ညမှာ သူ့အထက်ဝန်ထမ်းက သူ့ကို အာဏာတွေပြပြီး ငါ မနက်မှ ...
movie

Career Opportunities (1991)

1991
1080p HEVC
Delicatessen (1991) 7.6
Delicatessen (1991) Delicatessen (1991) ~ IMDb - 7.6/10, RT - 89%, Meta - 66% ~၁၉၉၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Delicatessen ဆိုတဲ့ ရုပ်ရှင်ကားမှာ Clapet ဆိုတဲ့ သားသတ်သမားဟာ တိုက်တစ်လုံးပိုင်ဆိုင်ပြီး ငှားစားပါတယ်။ ခေတ်က post-apocalyptic လို့ပြောရမဲ့ ကမ္ဘာပျက်ကပ်အပြီးမှာ ပြင်သစ်နိုင်ငံကို အခြေတည်ထားပါတယ်။Claptet ဟာ တစ်ချိန်လုံး တောက်တိုမည်ရခိုင်းလို့ရမဲ့သူ လို​နေပါတယ်။ အချိန်တိုင်းလို​နေရတာက စုတ်ပြတ်​နေတဲ့ တိုက်​ဟောင်းကြီးကို ပြင်ဖို့ရယ် လာလုပ်ခဲ့တဲ့ အလုပ်သမား​တွေကို အပိုင်းပိုင်းခုတ်ထစ်ပြီး ​ရောင်းစားလိုက်လို့ပါပဲ။ဒီအချိန်မှာ အလုပ်အရမ်းလိုချင်တဲ့ ဆပ်ကပ်​ဟောင်းသမား Louison ဟာ ​အလုပ်​ခေါ်စာ​တွေ့ပြီး ​ရောက်ချလာပါတယ်။ နှစ်လိုဖွယ်​ကောင်းတဲ့ Louison ကို သားသတ်သမားရဲ့ သမီးဖြစ်သူက သ​ဘော​တော်​ခွေ့သွားချိန်မှာ​တော့ ချစ်ရသူ​လေး ဟင်းတစ်ခွက်မဖြစ်ခင် အစွမ်းကုန် ကယ်တင်မယ့် Dark Comedy ဂန္တဝင်ကား​ကောင်းတစ်ခုပါပဲဇာတ်လမ်းဟာ Horror ...
movie

Delicatessen (1991)

1991
Freddy’s Dead: The Final Nightmare (1991) 4.1
Freddy’s Dead: The Final Nightmare (1991) Freddy's Dead: The Final Nightmare (1991) တစ် နှစ်... ဖရက်ဒီ မင်းဆီလာတဲ့အဖြစ် သုံး လေး... မဝင်နိုင်အောင် တံခါးပိတ်ပေး ငါး ခြောက်... လက်ဝါးကပ်တိုင် ပြေးပြီးကောက် ခုနှစ် ရှစ်... ညနက်တဲ့ထိ မအိပ်ဖြစ် ကိုး တစ်ဆယ်... မအိပ်ဖြစ်အောင် ကြိုးစားကွယ်ဒီကဗျာလေးကို ကောင်မလေးတစ်သိုက် ကြိုးခုန်ရင်း ဆိုနေကြပြီဆိုရင် မိတ်ဆွေရဲ့ အိပ်မက်ဆိုးကနေ နိုးထဖို့ အစွမ်းကုန် ကြိုးစားပါ။ Freddy ရဲ့ Razor Gloves (လက်အိတ်ဓား) ကတော့ သွေးဆာနေပါပြီ။ မကြာခင်မှာ မိတ်ဆွေရဲ့ အိပ်မက်ဆိုးကနေ ထာဝရ နိုးထလာခွင့်မရှိတော့တဲ့ အဖြစ်ဆိုးကြီး ရောက်လာတော့မှာ မလို့ပါ။အခု Part 5 Freddy's Dead: The Final Nightmare ဇာတ်ကားမှာတော့ Freddy ကို Supernatural Spiritual Murderer (သဘာဝလွန် ဝိညာဉ်လူသတ်သမားကြီး) အဖြစ် ဘယ်အရာတွေက ပုံသွင်းခဲ့တယ် ဆိုတာကို သိရှိရပါတော့မယ်။ ဇာတ်ကားရဲ့ ...
movie

Freddy’s Dead: The Final Nightmare (1991)

1991
Only Yesterday (1991) 7.7
Only Yesterday (1991) Only Yesterday (1991) ကတော့ Studio Ghibli က ထုတ်လုပ်တဲ့ ဂျပန် Animated, Drama လေးပဲဖြစ်ပါတယ်။ပုံမှန် Animation ရုပ်ရှင်တွေက ကွဲလွဲနေတဲ့အချက်ကတော့ အရွယ်ရောက်ပြီးသူ အမျိုးသမီးတွေအတွက် ရည်ရွယ်ထားတဲ့ သရုပ်မှန် Drama လေးတစ်ပုဒ်ဖြစ်နေတာပါပဲ။Box Office မှာလည်း အံ့သြစရာကောင်းလောက်အောင် အောင်မြင်ခဲ့ပြီးတော့ အရွယ်ရောက်ပြီးသူအမျိုးသား အမျိုးသမီးတွေက တခဲနက် အားပေးခဲ့ကြတဲ့အတွက် ဂျပန်နိုင်ငံမှာ ဝင်ငွေအများဆုံး ဇာတ်ကားတစ်ကားဖြစ်ပါတယ်။IMDB Rating က 7.7 ရရှိထားပြီး Rotten Tomato 100% ထိရရှိထားပါတယ်။     ဇာတ်လမ်းအကျဉ်းကတော့ ၁၉၈၂ ခုနှစ်မှာ အသက် ၂၇ နှစ် အရွယ် အိမ်ထောင်မရှိသေးတဲ့ Taeko Okajima က တိုကျိုမြို့မှာ တစ်သက်လုံး အခြေချနေထိုင်ခဲ့ပြီးတော့ အားလပ်ရက်မှာ ကျေးလက်ဒေသကို သွားပြီး လယ်အလုပ်သွားလုပ်ပါတယ်။သွားတဲ့လမ်းတလျှောက်မှာ သူ့ရဲ့ ၁၀ နှစ်အရွယ်က ...
movie

Only Yesterday (1991)

1991
Fight Back to School (1991) 7.2
Fight Back to School (1991)  စတီဖင်ချောင်ရဲ့ ဒီဇာတ်ကားကတော့ IMDb Rating (7.2) ထိရရှိထားတဲ့ Action/Comedy အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။စတီဖင်ချောင်က ဒီဇာတ်လမ်းတွေထဲမှာ ရဲစုံထောက်။ Fight Back to School ဇာတ်လမ်းတွေက အမှုအထူးအဆန်းတွေကို စုံစမ်း ဖြေရှင်းရတာ။ ဒီလိုဖြေရှင်းတဲ့နေရာမယ် စတီဖင်ချောင်နဲ့သူ့တွဲဖက်နဲ့ ရဲညီနောင်တွေ တက်ညီလက်ညီ တလွဲတွေလုပ်ပုံကို သွက်သွက်လက်လက်တင်ဆက်ထားတာပါ။ဒီပထမဇာတ်ကားထဲမှာတော့ အမှုက ထူးဆန်းပါတယ်…ရဲမှူးကြီးရဲ့ ပစ္စတိုပျောက်သွားတာပါ (:P) သံသယရှိတဲ့နေရာက စာသင်ကျောင်းထဲဖြစ်နေတော့ နာမည်ကျော်စုံထောက် စတီဖင်ချောင်ကို သွားစုံစမ်းခိုင်းပါတယ်။ စာမသင်ချင်လို့ ရဲထဲဝင်လာတဲ့ စတီဖင်ချောင်တစ်ယောက် အထက်တန်းကျောင်းထဲ စာသွားသင်ရင်း ဘယ်လိုတွေစုံစမ်းမယ်ဆိုတာ…။+++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို  https://channelmyanmar.org/category/stephen-chow/   မှာကြည့်လို့ရပါတယ်။  File size…(2.2 GB) and (1.1 GB) Quality….BluRay 1080p 5.1CH and 720p Format…mkv Duration….01:41:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Hlaine ...
movie

Fight Back to School (1991)

1991
{21+} Paprika (1991) 5.6
{21+} Paprika (1991) ပါပရီကာ ==================   နာမည်လေးကလှသလို လူကလည်းအမိုက်စားပါပဲ   တကယ်တော့ ပါပရီကာဆိုတာ အီတလီ ဟင်းခပ် အနီရောင်အမွေး နံ့သာတမျိုးရဲ့အမည်ပါ   သူမ ဒီနာမည်ကို ရခဲ့တဲ့နေ့ကစပြီး သူမဘဝ တစ်ဆစ်ချိုး အပြောင်းကြီးပြောင်းခဲ့ရပါတယ်   အဲဒါက လည်း သူ့ချစ်သူရဲ့ သစ္စာဖောက်မှု လှည့်ဖျားမှုတွေကြောင့်ပါပဲ   ၁၉၅၀ ခုနှစ်လောက်က မာလင်ဉပဒေ မသက်ရောက်မီ အီတလီမှာ အပျော်အိမ်တွေ တရားဝင်ဖွင့်ကြပြီး   အမျိုးသမီးတွေလည်း လွတ်လပ်စွာ ဘာစာချုပ်မှမလိုပဲ ဝင်အလုပ်လုပ်လို့ရတဲ့အချိန်ဖြစ်ခဲ့ပါတယ်   မီမာ တစ်ယောက် သူ့သတို့သားလောင်းက ကိုယ်ပိုင်စီးပွါးလုပ်ဖို့ အရင်းနှီးလိုတာကြောင့်   အခက်တွေ့နေစဉ်မှာပဲ သူ့ချစ်သူ အရင်းအနှီးအဆင်ပြေဖို့အတွက် အပျော်ဆောင်မှာ ၁၅ ရက်လောက် အလုပ်လုပ်ဖို့   နယ်ဘက်ကနေ မြို့ပေါ်တက်လာပြီး သူအတွေ့အကြုံမရှိတဲ့ အပျော်မယ် လုပ်ရဖို့ အကြောင်းဖန်လာပါတယ်   သူမရဲ့ ပထမဆုံးအတွေ့ကြုံကကြမ်းတမ်းလှပါတယ် သူမလို ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ် နဲ့ နုပျိုလတ်ဆက်ဆက်မှုကြောင့်   ဧည့်တွေရဲ့လိုလားမှုတွေက များလွန်းတာကြောင့် ဖျားတဲ့အထိတောင်ဖြစ်ရရှာပါတယ်   ဒီလိုနဲ့ အခက်အခဲမျိုးစုံကျော်ဖြတ်လာပြီး ၁၅ ရက်မြောက်မှာတော့ သူ့မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရပါတယ်   အဲဒါကတော့ သူ့ချစ်သူမှာ အိမ်ထောင်ရှိပြီးသားဖြစ်နေပါတယ်   အဲဒီနောက်ပိုင်းမှာတော့ သူမရဲ့မူလရည်ရွယ်ချက်တွေပျောက်ဆုံးသွားပြီး သူမရဲ့ ပထမဆုံးအတွေ့ကြုံနေ့မှာပဲ သူမနှလုံးသားကို   သိမ်းပိုက်သွားခဲ့တဲ့ လူခန့်ငြားကြီး ...
movie

{21+} Paprika (1991)

1991