Channel Myanmar

1993

The Remains of the Day (1993) 7.8
The Remains of the Day (1993) The Remains of the Day (1993)~ IMDb - 7.8/10, Rotten Tomatoes - 96% ~ဒီရုပ်ရှင်ဟာ အော်စကာ ဆန်ခါတင်စာရင်းမှာ ၈ ဆုတောင် တသီကြီးဝင်ခဲ့ပေမယ့် အဲဒီတုန်းက သူနဲ့ အပြိုင်က Schindler's List ဖြစ်နေခဲ့တာကြောင့် ဘာဆုမှ ချိတ်မသွားရှာခဲ့တဲ့ တစ်ခါတုန်းက အကောင်းဆုံးရုပ်ရှင်တစ်ကားပါ။ ခုခေတ်ရဲ့ ဂန္ထဝင်တွေလို့ သမုတ်ခံနေကြရပြီ‌ဖြစ်တဲ့ Sir Anthony Hopkins, Hugh Grant, Christopher Reeve နဲ့ Emma Thompson တို့လို ပုဂ္ဂိုလ်တွေ ခေါင်းဆောင်ပါဝင်ထားပါတယ်။၁၉၃၀ ပြည့်လွန်နှစ်တွေရဲ့ ဗြိတိန်မှာ ဇာတ်အိမ်တည်ထားတဲ့ သစ္စာရှိ၊ တာဝန်သိ အိမ်တော်ထိန်းကြီးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ Booker Prize ရထားတဲ့ နာမည်တူ စာအုပ်ကိုပဲ ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်မတိုင်ခင်က ကြီးကျယ်ခမ်းနားတဲ့ အင်္ဂလိပ်လူမျိုး ...
movie

The Remains of the Day (1993)

1993
The Nightmare Before Christmas (1993) 8.0
The Nightmare Before Christmas (1993)  ခရစ္စမတ်ပိတ်ရက်လေးမှာ အိမ်မှာအနားယူရင်း ကြည့်ဖို့ခရစ္စမတ်ကားလေးတစ်ကား ပရိသတ်ကြီးတို့ဆီ ယူဆောင်လာပါပြီ။ဇာတ်ကားနာမည်လေးကတော့ The Nightmare BeforeChristmas ဖြစ်ပြီးတော့ ၁၉၉၃ ခုနှစ်က ထွက်ရှိထားခဲ့တာပါ။Walt Disneys က ထုတ်လုပ်တာဖြစ်ပြီးတော့ ဝင်ငွေသန်း ၁၀၀ ကျော်ရရှိထားတာ ဖြစ်ပါတယ်။ Rating တွေအရလည်းiMDB မှာ 7.9/10 နဲ့ Rotten Tomatoes 95% ရထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ‌ပြောပြရရင်တော့ ဟော်လိုဝင်းလို့ခေါ်တဲ့မြို့လေးက လူတွေကို ခြောက်လှန့်တဲ့ သရဲတစ္ဆေတွေ နေတဲ့မြို့လေးပါ။အဲဒီမြို့မှာ ဂျက်လို့ခေါ်တဲ့ ဖရုံသီးဘုရင် ရှိပါတယ်။ သူက တစ်မြို့လုံးရဲ့အလေးစားခံပုဂ္ဂိုလ်လို့ပဲ ဆိုပါတော့။ သူက လူတွေကို ခြောက်လှန့်ရတာငြီးငွေ့နေခဲ့တယ်။ သူ့စိတ်ထဲမှာ အဓိပ္ပာယ်ရှိတာတစ်ခုခုကို တောင့်တနေခဲ့တာပေါ့။ ဟော်လိုဝင်းပွဲအပြီးမှာ သူက စိတ်ညစ်ညစ်နဲ့လျှောက်သွားရင်း သူ မသိတဲ့ နေရာတစ်ခုကို ရောက်သွားခဲ့ပါတယ်။အဲဒီကနေမှ ခရစ္စမတ်သစ်ပင်ပုံ တံခါးထဲကျသွားပြီးတော့ တခြားမတူညီတဲ့ ကမ္ဘာတစ်ခုကို ရောက်သွားခဲ့တာပါ။ အဲဒီနေရာကခရစ္စမတ်နယ်မြေဖြစ်ပြီးတော့ သူ့ရဲ့ ...
movie

The Nightmare Before Christmas (1993)

1993
4K HEVC
Body Snatchers (1993) 6.0
Body Snatchers (1993) Body Snatchers (1993) ================= IMDb Rating - 6.0/101990s classic တွေထဲက အကောင်းစား alien invasion ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအေးဂျင့်တစ်ယောက်ဖြစ်တဲ့ စတိဗ်မလုန်းဟာ အယ်လာ ဘားမားမှာရှိတဲ့စစ်တပ်စခန်းတစ်ခုမှာ စစ်ရေးလုပ်ဆောင်မှုတွေကြောင့် ပတ်ဝန်းကျင်ဂေဟစနစ်အပေါ် သက်ရောက်မှုတွေကိုစမ်းသပ်စစ်ဆေးဖို ရောက်လာခဲ့ပါတယ်။သူနဲ့အတူပါလာတာကတော့ ပထမအိမ်ထောင်က ဆယ်ကျော်သက်အရွယ် သမီးငယ်၊ ဒုတိယဇနီးသည်နဲ့ သားငယ်တို့ပါပဲ။ အဲ့ဒီအချိန်မှာပဲ သူတို့သွား ရမယ့် စစ်တပ်ဝင်းထဲမှာ ထူးခြားတဲ့အဖြစ်အပျက်တွေဖြစ်ပေါ်နေခဲ့ပါတယ်။ အဲ့ဒါကတော့ တပ်ထဲက လူတွေရဲ့မိသားစုဝင်တွေဟာ အမူအကျင့်တွေအ ပြောအဆိုတွေပြောင်းလဲကုန်ကြပြီး တစ်ခြားတစ်ယောက်ဖြစ်သွားသလို ပြုမူနေကြတာပါ။ တကယ်တော့ အဲ့ဒါတွေဟာ သူတို့မိသားစုနဲ့တကွ အားလုံး ကြုံကြရမယ့် အန္တရာယ်ဆိုးတွေရဲ့အစပဲရှိပါသေးတယ်။စာရေးဆရာ Jack Finney ရဲ့နာမည်ကျော်ဝတ္ထု The Body Snatchers (1955) ကိုပြန်ရိုက်ခဲ့တဲ့ Remake တွေထဲက အထင်ကရ ဇာတ်ကားတစ်ကားဖြစ်ပါ တယ်။ ဂြိုလ်သားတွေက လူသားတွေနေရာကိုအစားထိုးအယောင်ဆောင်နေ ကြတဲ့ The Faculty 1998 လို They Live (1988) တို့လိုဇာတ်အိမ်မျိုးဖြစ်ပြီး science fiction horror ပရိသတ်တွေအတွက်အဟောင်းထဲကရွှေတစ်ခုပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File ...
movie

Body Snatchers (1993)

1993
Red Rock West (1993) 7.0
Red Rock West (1993) Red Rock West (1993) ================ IMDb Rating - 7.0/10ဒီဇာတ်လမ်းမှာတော့ မိုက်ကယ်ဆိုတဲ့အမျိုးသားတစ်ဦးက ပိုက်ဆံ မရှိလို့ အလုပ်ရှာရင်း တက်ဆာကနေကားတစ်စီးနဲ့လာခဲ့တယ်။ သူ ကျောက်ခဲနီမြို့(Red Rock)ကိုရောက်တော့ အလုပ်အရမ်းလိုနေ တာနဲ့ ဘားပိုင်ရှင်ဝိန်းဆီမှာ လိမ်ပြီး ဘာအလုပ်မှန်းမသိခင် လက်ခံ လိုက်တယ်။ နောက်မှ သိလိုက်ရတာ သူလက်ခံလိုက်တဲ့အလုပ်က ဘားပိုင်ရှင်ဝိန်းရဲ့မိန်းမ ဆူဇန်ကို သတ်ဖို့ဖြစ်နေ​​လေရဲ့။မိုက်ကယ်လည်း ကြေးစားလူသတ်သမားဟန်ဆောင်ပြီး လက်ခံခဲ့ တာမို့ အလိမ်မပေါ်အောင် ပြန်ငြင်းလို့လည်းမရ ရထားတဲ့ပိုက်ဆံ ကလည်း အများကြီးဆိုတော့ ဘာတွေဆက်လုပ်ပြီး ထွက်ပြေးရမ လဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။ဒီဇာတ်လမ်းမှာ မိုက်ကယ်အဖြစ် မင်းသားကြီး Nicolas Cage က သရုပ်ဆောင်ထားပြီး IMDb Rating 7.0 နဲ့ Rotten tomatoes 97% ရရှိထားတဲ့ Nicolas ရဲ့ ကားကောင်းကားဟောင်းလေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(2.0 GB) / (791 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr ...
movie

Red Rock West (1993)

1993
A Perfect World(1993) 7.5
A Perfect World(1993) A Perfect World(1993)IMDb....7.5,,,,Rotten...79%အကျဉ်းထောင်တစ်ခုမှာ လူနှစ်ယောက်ထောင်ဖောက်ပြေးဖို့ ကြိုးစားကြသည်....သူတို့ကြည့်ရတာပြေးဖို့အတွက် အချိန်အတော်ကြာပြင်ဆင် ခဲ့ပုံရတယ်... အလွယ်တစ်ကူလွတ်မြောက်သွားတယ်..... ဒီရာဇဝတ်သား(၂)ယောက်ဟာ ထောင်ကထွက်ပြေးပြီးနောက်ပိုင်းမှာ ဓားစာခံအဖြစ် ကလေးလေးတစ်ယောက်ကိုပါခေါ်သွားခဲ့တယ်... ထောင်ပြေး(၂)ယောက်ဟာ အရင်တုန်းက ဘယ်လောက်ဆိုးသွမ်းခဲ့လို့ ထောင်ကျခဲ့တယ်မသိပေမယ့် ထွက်ပြေးစဉ်လုပ်ပုံကိုင်ပုံတွေကြည့်ရတာ တစ်ယောက်က သွေးအေးဉာဏ်ကောင်းစွာနဲ့ ရင်ဆိုင်ရတဲ့ပြသနာတွေကို ဖြေရှင်းနေပြီး နောက်တစ်ယောက်ကတော့ သေနတ်တစ်ယမ်းယမ်းနဲ့ ဦးဏှောက်မဲ့အဆင်ခြင်မဲ့ လုပ်ကိုင်နေတယ်.... သူတို့(၂)ယောက်လွတ်သွားတော့ ရဲဌာနတစ်ခုလုံးလည်း တိုင်ပတ်နေသလို မြို့တော်ဝန်ရဲ့ ဖိအားကြောင့် ရှိသမျှဌာနစုံက ဖမ်းဆီးဖို့ကြိုးစားနေကြတယ်....ဒီကားကတော့ ဒါရိုက်တာကြီး Clint Eastwood ရိုက်ကူးထားပြီး သူကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင် ထားသလို မင်းသားကြီး Kevin Costner က ထောင်ပြေးတစ်ယောက်အဖြစ်သရုပ်ဆောင်ထားတယ်... ဒီကားက ဇာတ်လမ်းအစမှ အဆုံးထိစိတ်ဝင်စားဖို့ကောင်းသလို ထွက်ပြေးစဉ်ကာလတစ်လျောက်လုံး ကလေးတစ်ယောက်နဲ့ သူတို့ရဲ့ ထူးခြားတဲ့ဆက်ဆံရေးကိုတွေ့ရလိမ့်မယ်.... လောကကြီးထဲ ခုမှစဝင်တဲ့ကလေးတစ်ယောက်ကို ကားမောင်းထွက်ပြေးရင်းနဲ့ စီးကရက်ရှိုက်လိုက် မပြုံးမရယ်နဲ့ ပြောရင်းသင်ကြားနေတဲ့ ထောင်ပြေးသမားတစ်ယောက်ကို ခင်ဗျားတို့ အံအားသင့်စရာတွေ့ရလိမ့်မယ်.... သူတို့လွတ်မြောက်မလား ......ကလေးလေးကရော သူ့အပေါ်ဘယ်လိုသဘောထားလဲ... ခံစားကြည့်လိုက်ပါဦး........သေချာတယ် ဒီကားကြည့်ပြီး ခင်ဗျားတို့သဘောအကျဆုံးကားဟောင်းစာရင်းထဲမှာ ဒီကားပါသွားလိမ့်မယ်လို့..... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်.... File Size : (3.2GB) and (1.2GB) Quality : Blu-Ray 1080p/720p Format…mp4 Duration…02:18:00 Genre :  Crime, Drama, Thriller Subtitle ...
movie

A Perfect World(1993)

1993
Three Colors: Blue (1993) 7.9
Three Colors: Blue (1993) Three Colors: Blue (1993) Genre – Drama, Music, Mystery IMDB – 7.9/10ပထမဆုံးကားက အပြာ၊ သူ ကိုယ်စားပြုတာ လွတ်မြောက်မှု။ဇာတ်လမ်းလေးကလည်း ဂျူလီဆိုတဲ့ အိမ်ထောင်သည် ၃၀ ကျော်အမျိုးသမီးတစ်ယောက်က ကားမတော်မဆ ဖြစ်ပြီးယောက်ျားဖြစ်သူနဲ့ ၅ နှစ်အရွယ် သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရတယ်။အဲဒီမှာ သူဟာ လောကကြီးကို အဆက်သွယ်ဖြတ်ဖို့ရှိသမျှအကုန် ရောင်းချပြီး တစ်နေရာမှာ အပျောက်သွားနေထိုင်ရာကနေပတ်ဝန်းကျင်ကလူတွေကြောင့်ပဲ လွတ်မြောက်မှုကို ကိုယ်စားပြုတဲ့ဘဝအသစ်စတင်တာတွေ၊ ကတိကဝတ်တွေ ပူဆွေးမှုတွေအချစ်တွေ အမုန်းတွေက လွတ်မြောက်သွားတာတွေကိုအပြာဆိုတဲ့အတိုင်း အပြာရောင် Theme တို့ ပစ္စည်းတွေအရောင်တွေနဲ့ ပုံဖော်သွားခဲ့တဲ့ ဒရမ်ကားလေးပါ။မင်းသမီးနေရာကလည်း အော်စကာတစ်ခု ရရှိဖူးတဲ့ပြင်သစ်မင်းသမီးကြီး Juliette Binoche က အဲဒီခေတ်တုန်းကလှလှလေးနဲ့ ကောင်းကောင်းကြီး သရုပ်ဆောင်ထားတာပါ။ File size…  1.68 GB / 3.36 GB Quality… BluRay 1080p / 720p Format… ...
movie

Three Colors: Blue (1993)

1993
Stalingrad (1993) 7.6
Stalingrad (1993) Stalingrad (1993) Genre - War, Action, Drama IMDB - 7.5/10All quiet on the Western Front ဇာတ်ကားကခုနောက်ပိုင်းခေတ်ရဲ့ ဂျာမန်စစ်ကားကောင်း ဖြစ်မယ်ဆိုဒီကားကလည်း ၉၀ ခုနှစ်ရဲ့ အကောင်းဆုံးဖြစ်မှာ ဧကန်မလွဲဘူးဗျာ။သတိထားကြည့်မိသလောက် ဂျာမန်တွေက စစ်ကားကောင်းကောင်းတွေပိုင်ပိုင်နိုင်နိုင် ရိုက်နိုင်ကြတာကို တွေ့ရတယ်ဥပမာ Downfall တို့ ခု Stalingrad တို့ Land of Mine တို့ All quiet.. တို့လိုမျိုးတွေပေါ့။ပြီးတော့ သဘောကျစရာကောင်းတာက အမေရိကန်တွေလိုမျိုးစစ်စိတ်ဘာညာ ဝါဒဖြန့်တဲ့ပုံစံမျိုး မသွားဘူးစစ်ပွဲတစ်ခုရဲ့ အနိဌာရုံတွေကို ပညာပေးချင်တာမျိုး ပိုများတယ်(သူတို့ကိုယ်တိုင် လူဆိုးဖြစ်ခဲ့တာလည်း ပါမှာပေါ့လေ)။ဒီရုပ်ရှင်အခြေခံထားတဲ့ စတာလင်ဂတ်တိုက်ပွဲဆိုတာဒုတိယကမ္ဘာစစ်ကြီးရဲ့ ၁၉၄၂ ခုနှစ်ဝန်းကျင် အဓိကတိုက်ပွဲထဲက တစ်ခုပဲလူတွေသန်းပေါင်းများစွာလည်း သေကြေပျက်စီးခဲ့ရတာပေါ့စတာဂတ်မြို့ကို ပတ်စီးဆင်းနေတဲ့ ဗော့ဂါမြစ်ရယ်ဆီကွင်းတွေကို ထိန်းချုပ်ချင်တာနဲ့ ဒီစစ်ဆင်ရေးပေါ်ပေါက်ခဲ့ရတာပါ။ဇာတ်လမ်းထဲမှာတော့ ရှေ့တန်းကို ပထမဆုံးထွက်ရမယ့်ဗိုလ်ကြီးဝစ်ဇ်လန်က အာဖရိကစစ်မျက်နှာပြင်က ပြန်လာတဲ့လူတွေကိုဦးစီးပြီး မုန်တိုင်းတပ်သားတွေအဖြစ် ...
movie

Stalingrad (1993)

1993
The Secret Garden (1993) 7.3
The Secret Garden (1993) The Secret Garden (1993)~ IMDb - 7.3/10, RT - 88%, Meta - 74% ~ဒီတစ်ခေါက်မှာတော့ လျှို့ဝှက်ဥယျာဥ်တစ်ခုဆီအလည်သွားရ​အောင်။ စာရေးဆရာ Frances Hodgson Burnett ရဲ့ဝတ္ထုကိုပြန်ရိုက်ထားတဲ့ Fantasy Movie "The Secret Garden" ​ကို​ နွေရာသီနဲ့လိုက်ဖက်စွာတင်ဆက်ပေးလိုက်ရပါတယ်။အိန္ဒိယမှာ ဗြိတိသျှမိသားစုနဲ့အတူနေထိုင်တဲ့ မေရီလန်းနက်ခ်ဆိုတဲ့ ၁၀ နှစ်အရွယ်ကောင်မလေး။ မိဘတွေဆီက အာရုံစိုက်မှု ချစ်ခင်ကြင်နာမှုနည်းနည်းလေးတောင်မရတဲ့မေရီဟာ ခံစားချက်မဲ့ပြီး ရင့်သီးတဲ့သူတစ်ယောက်ဖြစ်လာခဲ့တယ်။ သူငယ်ချင်းရယ်လို့လည်းမရှိခဲ့ဘူး။ တစ်နေ့မှာ မေရီ့မိဘနှစ်ပါးလုံး ငလျင်တစ်ခုကြောင့် သေဆုံးသွားခဲ့တယ်။ မိဘမဲ့ဖြစ်သွားတဲ့မေရီကို အင်္ဂလန်ကဦးလေး ကရေဗင်ကခေါ်ယူမွေးစားခဲ့တယ်။ယော့ခ်ရှိူင်းယားပြည်နယ်ကမြက်ခင်းလွင်ပြင်မှာ ခြောက်ကပ်စွာတည်ရှိနေတဲ့ မစ်ဇယ်ဝိတ်ရဲတိုက်ကြီး။ ရဲတိုက်ရဲ့သခင် ကရေဗင်က လူတွေနဲ့အဆက်အသွယ်မလုပ်တော့လို့ ရဲတိုက်ကြီးလည်းတိတ်ဆိတ်ခြောက်ကပ်လာခဲ့တာ ၁၀ နှစ်ကျော်ကြာခဲ့​ပြီ။ အိပ်မက်ထဲကဝိညာဥ်တစ်ခုက မေရီ့ကို လျှို့ဝှက်ဥယျာဥ်တစ်ခုဆီခေါ်နေခဲ့တယ်။ ရဲတိုက်အပြင်ကို တစ်ယောက်တည်း ခိုးထွက်ခဲ့တဲ့အခါ ရဲတိုက်ကြီးရဲ့အလွန် တောစပ်တစ်နေရာမှာ ...
movie

The Secret Garden (1993)

1993
[18+] Daughter of Darkness (1993) 5.7
[18+] Daughter of Darkness (1993) Daughter of Darkness (1993)(အကြည်ရဖို့မလွယ်လို့ 480p အနေနဲ့ကိုပဲ ကြည့်လို့ပြေအောင် ကုတ်တင်ပေးလိုက်ပါတယ်)Erotica အမျိုးအစား ဇာတ်ကားတွေထဲမှာ ဇာတ်လမ်း အထူးခြားဆုံးကတော့ ဟောင်ကောင် Erotica ဇာတ်ကားတွေလို့ ကျွန်တော်တော့ ထင်တာပဲ။ ဇာတ်လမ်း ဆန်းဆန်းလေးနဲ့ ဆွဲဆောင်မှုရှိတယ်။ ဇာတ်ကားတွေက ကောင်းတယ်လို့ ပြောလို့မရလောက်ပေမဲ့ ဇာတ်လမ်းလေးတွေကတော့ ဆွဲဆောင်မှုတစ်မျိုးရှိနေတာတော့ အသေအချာပါပဲ။အခုဇာတ်လမ်းလေးက မင်းသားကိုတော့ လူတိုင်းနီးပါးသိကြမှာပါ။ မင်းသမီးကတော့ ချစ်စရာလေးပဲ။ ဘော်ဒီလေးကလည်း အစ်ကိုတို့အကြိုက်ပေါ့ဗျာ။ မင်းသမီးတင်မဟုတ်ဘူး တခြား အလန်းလေးတွေလည်း ပါသေးတယ်။ဇာတ်လမ်းအကျဉ်းက အေးချမ်းတဲ့ နယ်မြို့လေးတစ်မြို့မှာ မကြုံစဖူး တစ်မိသားစုလုံး အသတ်ခံရတဲ့ လေးလောင်းပြိုင် လူသတ်မှုပေါ်လာတယ်။ စခန်းမှူးဆိုတာကလည်း ဖဲဝိုင်း မာကျောက်ဝိုင်းလောက် ဖမ်းရတဲ့သူမျိုး။ Erotica ဇာတ်ကားဆိုတော့ နယ်မြို့လေးပေမဲ့ စျေးသည်တွေကတော့ ပေါတယ်ပေါ့ဗျာ။ စခန်းမှူးကလည်း နှာဘူးနည်းနည်းကျတာပေါ့။ အဲဒီတော့ နှာခေါင်းနဲ့တွေးပြီး လူသတ်ရတဲ့အကြောင်းအရင်းကတော့ မုဒိမ်းမှုလို့ပဲ ဆွဲပြီး ကောက်ချက်ချပါတော့တယ်။ ...
movie

[18+] Daughter of Darkness (1993)

1993
Philadelphia(1993) 7.7
Philadelphia(1993) Philadelphia (1993) PG-13 | 125 min | Drama IMDB ----- 7.7 ⭐⭐⭐⭐⭐⭐⭐⭐ Rotten Tomatoes ----- 79% ကာလအားဖြင့်တော့ ၁၉၉၀ ဝန်းကျင်  AIDSအကြောင်း လူတွေ သိပ်မသိသေးတဲ့အချိန်မှာပါ။လူတွေဟာ သူတို့ နားမလည်တာကို ကြောက်ရွံ့ တက်ကြတယ်။ AIDSကို ရောဂါဆိုးကြီးလို့ပဲ သိပြီး ဂဃနဏ မသိကြသေးတဲ့အချိန်မှာ ဒီရောဂါသည်ကို ဘယ်လို ဆက်ဆံခဲ့ကြလဲ ပြသ သွားခဲ့တဲ့ ထိုခေတ် ထိုအခါက AIDS ပညာပေး ပထမဆုံးရုပ်ရှင်ပါ။ဒီ ရုပ်ရှင်ဟာ ဟောလိဝုဒ် Mainstreamရဲ့ AlDS နဲ့ ပက်သက်တဲ့ ပထမဆုံး  Big Budget ရုပ်ရှင်လည်း ဟုတ်ပါတယ်။ Goffrey Bowersဆိုတဲ့ ရှေ့နေ့တစ်ယောက်ရဲ့  အဖြစ်အပျက်ကို Inspiration လုပ်ထားတာမို့ ဖြစ်ရပ်မှန်ကို ကျောရိုးယူပြီး တင်ပြထားတဲ့ ကားတစ်ကားလည်း ဖြစ်ပါတယ်တဲ့။ဒီ အဖြစ်အပျက်ကလေးကတော့ Philadelphia ဆိုတဲ့ မြို့ကလေးက အရည်အချင်းရှိတဲ့ Andrew Beckett ဆိုတဲ့ စီနီယာရှေ့နေ တစ်ယောက်ဟာ ပေါ်ဦးစ AIDS ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ အလုပ်အတွက်စိုးရိမ်လို့ ထုတ်မပြောခဲ့ပေမဲ့ သိပ်မကြာခင် နဖူးက ...
movie

Philadelphia(1993)

1993
M. Butterfly (1993) 6.7
M. Butterfly (1993) M. Butterfly (1993)ဒီကားကို ရိုက်တဲ့ဘဲက ဒေးဗစ်ခရိုနင်ဘတ်။ သူ့တော့ သိကြတယ်ဟုတ်။ Crimes of the Future တို့၊ The Fly တို့၊ Crash တို့လို Body Horror တွေအရိုက်များခဲ့တဲ့သူပါပဲ။ Body Horror မာစတာတစ်ပါးအဖြစ်လူသိများတဲ့ ခရိုနင်ဘတ်ဟာ ဒီတစ်ခါတော့ ထူးထူးခြားခြား ဘာညာဘာညာကြတာတောင် ဘော်ဒီမပြတဲ့ ကားကို ရိုက်ချလိုက်တယ်။မင်းသားက Jeremy Irons ပါ။ ပေါ်ပြူလာအရမ်းဖြစ်တဲ့ထဲ မပါပေမဲ့လည်း သရုပ်ဆောင် တော်တော်ကောင်းတဲ့ ဘိုးတော်ကြီးပေါ့။ မင်းသမီးကတော့ အဲလေ နောက်မင်းသားကတော့ ဂျွန်လုံးပါ။ သူကတော့ ပုရီကားမှာ တော်တော်များများသိကြမှာပါ။ Rush Hour 2 ကတော့ သူ့ကို လူသိအများကြဆုံးကားဖြစ်ပါလိမ့်မယ်။ဇာတ်လမ်းကတော့ ပြင်သစ်သံရုံးက စာရင်းကိုင်တစ်ယောက်ဟာ တစ်နေ့ အော်ပရာသွားကြည့်ရင်း ပီကင်းအော်ပရာသမလေးတစ်ယောက်နဲ့တွေ့တယ်။ ဘာမှတော့မသိပေမဲ့ အနုပညာကိုခံစားတတ်သလို ဘာလိုလိုနဲ့ ရောဖောရင်း ...
movie

M. Butterfly (1993)

1993
Fanfan (1993) 6.7
Fanfan (1993) Fanfan (1993) " ပြင်သစ်ကားတွေရဲ့ထုံးစံအတိုင်း မိသားစုနဲ့အတူ ကြည့်ရှူလို့ အဆင်မပြေနိုင်ပါခင်ဗျာ " ~ IMDb - 6.7/10, Rotten Tomatoes - 85% ~ဒီရုပ်ရှင်ဟာ ပြင်သစ်ရုပ်ရှင်ကားဟောင်း၊ ကားကောင်းလေးတွေထဲမှာတော့ ရှေ့ဆုံးက ဦးဆောင်ခဲ့တဲ့ကားတစ်ကားပါပဲ။ အဓိကကတော့ ၂၀ ရာစုနှစ်ပြင်သစ်ရုပ်ရှင်ကားတွေကို ချုပ်ကိုင်ခဲ့တဲ့၊ ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေမှာတောင် ပါဝင်ခဲ့တဲ့၊ ရုပ်ရှင်ဇာတ်လမ်းမကောင်းရင် ဘယ်တော့မှရိုက်လေ့ရိုက်ထမရှိတဲ့ ပြင်သစ်မင်းသမီး‌ချော Sophie Marceau ကြောင့်လို့လည်း ဆိုရမှာပဲဖြစ်ပါတယ်။အ‌ဆိုပါပြင်သစ်မင်သမီးကြီးရဲ့ရိုက်ကူးခဲ့သမျှ ရုပ်ရှင်ကားတိုင်းဟာ ဇာတ်လမ်းဇာတ်ကွက်အလွန်ကောင်းလှသလို IMDb - 6.2/10 အထက်မှာပဲ အမြဲနေရာယူထားတာလည်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားလေးကတော့ တဖန်ပြန်လည် ‌ခေတ်ထနေတယ်လို့သိရပြီး ခေတ်ပြန်ထချင်ရလောက်အောင်ကို ဒီဖက်ခေတ်မှာလည်း ကြည့်လို့ကောင်းနေတဲ့ Romance ကားတစ်ကားဖြစ်လို့နေပါတယ်။တစ်ခါတလေတော့ အချစ်ဆိုတာ ဘယ်လိုမျိူးလဲတောင် နားလည်ဖို့အလွန်ခက်ခဲလှပါတယ်။ ဒီရုပ်ရှင်ကားကို Comedy လို့ပါ အမျိုးအစားတပ်ထားပေမဲ့ ကျွန်တော်အနေနဲ့တော့ Comedy ဆန်တာတစ်ခုမှမ‌တွေ့ရဘဲ ဇာတ်ကောင်စရိုက်နိုင်လှတဲ့ သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်စရိုက်အားပြိုင်မှုတွေကြားမှာ ...
movie

Fanfan (1993)

1993
Future Cops (1993) 5.9
Future Cops (1993) Future Cops (1993)~ IMDb - 5.9/10, MyDramaList - 7.5/10 ~ဒီကားက တကယ်ဆို ငစားကား။ ဘယ်လိုစားသတုန်းဆို အာနိုးရဲ့ Terminator ကားလို စတိုင်ကိုမှ Dragon Balls တွေ၊ Street Fighters တွေ၊ Fantastic Four ထဲက Reed Richards, Hulk ဘာညာ သာရကာ အကောင်စုံ ပလောင်စုံ ထည့်ထားတယ်။ အချောင်အနေနဲ့ စတီဖင်‌ချောင်ပါ ပါပါသေးတယ်။ စခွက်ပြောင်ပြီး ရိုက်ထားတယ်ဆိုပေမဲ့ သရုပ်ဆောင်တွေကတော့ ပေါ့ပေါ့သေးသေးတွေ မဟုတ်ပါဘူး။ ဟောင်ကောင် ပေါ့ဂီတရဲ့ နတ်မင်းကြီးလေးပါးလို့တင်စားကြတဲ့ အိုင်ဒေါဘဲတွေဖြစ်တဲ့ အန်ဒီလောင်၊ အာရွန်ကော့၊ ဂျက်ကီချောင် နောက် သူတို့ထဲ ကားရိုက်အနည်းဆုံးဖြစ်တဲ့ လီယွန်လိုင် ဒီလေးယောက်စလုံးပါတယ်ပြောရမယ်။ ပထမသုံးယောက်ကတော့ အကောင်လိုက်ကြီး ဝင်ပေါကြပေမဲ့ လီယွန်လိုင်ကတော့ နာမည်နဲ့ပဲ ဝင်ပေါသွားတာပါ။ ...
movie

Future Cops (1993)

1993
Heaven and Earth (1993) 6.8
Heaven and Earth (1993) Heaven and Earth (1993)အိုလီဗာစတုန်းရဲ့ Vietnam War Trilogy ဟာ နာမည်ကျော် Trilogyတွေထဲ တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး သူ့နာမည်အတိုင်းပဲ အဲဒီသုံးကားဟာ ဇာတ်လမ်းဇာတ်အိမ် ဇာတ်ကောင် လားလားမှမဆိုင်ဘဲ ဗီယက်နမ်စစ်ပွဲကို အခြေပြုထားတာခြင်းပဲ တူနေတဲ့ ၃ကားပါ။ ပထမကားဖြစ်တဲ့ Platoon (1986) ကတော့ အကောင်းဆုံးကားလို့‌ ပြောရမှာပါပဲ။ နောက်တွမ်ခရုစ်ပါတဲ့ Born on the Fourth of July ပါ။ အခုကား Heaven and Earth (1993) ကတော့ တွမ်မီလီဂျုန်းပါဝင်ထားပါတယ်။ အိုလီဗာစတုန်းဟာ သမိုင်းကားတွေ အရိုက်များတဲ့ ဒါရိုက်တာဖြစ်ပြီး ဂျွန်အက်ဖ်ကနေဒီတို့ နက်ဆွန်တို့အကြောင်းလည်း ရိုက်ခဲ့ပါသေးတယ်။ သူကိုယ်တိုင်လည်း ဗီယက်နမ်စစ်ပွဲမှာ တာဝန်ကျဖူးပြီး သူ့စစ်မှုထမ်းအတွေ့အကြုံတွေဟာ ဒီ Trilogy အတွက် ထောက်တိုင်တွေဖြစ်ခဲ့တာမို့ ဒီကားတွေဟာ နာမည်ကျော်တာပါပဲ။ Vietnam War ...
movie

Heaven and Earth (1993)

1993
Robin Hood: Men in Tights (1993) 6.7
Robin Hood: Men in Tights (1993) Robin Hood: Men in Tights (1993)~ IMDb - 6.7/10, Rotten Tomatoes - 41% ~Mel Brooks ဆိုတဲ့ဘဲ ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင်ထုတ်ရုံနဲ့အားမရလို့ ကိုယ်တိုင်ပါ ဝင်သရုပ်ဆောင်ထားတဲ့ ဂန္တဝင်မြောက် လက်ရာ တစ်ခု ဖြစ်တဲ့ Robin Hood Parody လေး ကြည့်ရှုနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်။ Mel Brooks ဟာ ဟာသလိုင်းမှာတော့ တော်တော်ပေါက်တဲ့လူဖြစ်ပြီး ဒီရော်ဘင်ဟုဒ်ကားကိုလည်း စောက်တလွဲတွေအပြည့်နဲ့ စခွီထချင်စရာကောင်းအောင် တင်ဆက်ထားပါတယ်။ဒီကားက ရော်ဘင်ဟုဒ်ကားကိုမှ သောက်တလွဲစတိုင်ရိုက်ပြထားတဲ့ကားဆိုတော့ ကိုယ်တွေ အကြိုက် တောထဲမှာနေ လူဆိုးတွေဆီက ဓားပြတိုက်ပြီး လူကောင်းတွေကို ပြန်မျှတဲ့ ရော်ဘင်ဟုဒ်ထက် အိမ်ပါရှိနေပြီး အဲဒီအိမ်ကိုပါ အကြွေးနဲ့အသိမ်းခံရတဲ့အထိ သောက်တလွဲလုပ်ပြသလို၊ သူ့တိုင်းပြည်က မင်းသမီးကလည်း ဟိုနေရာကို မင်းကြီး သော့ခတ်ထားတာခံရပြီး သော့ပျောက်လို့ ...
movie

Robin Hood: Men in Tights (1993)

1993
Alive (1993) 7.1
Alive (1993) Alive (1993)~ IMDb - 7.1/10, Rotten Tomatoes - 59% ~ဟင်္သာကိုးသောင်းပျက်စီးရခြင်းက ဇာတ်တူသားစားလို့ဟုဆိုပါလျှင် သူတို့က တိရစ္ဆာန်သာဖြစ်လို့ပါဟု ပြောရမည်လား မသိနိုင်ပါ။ ပေါရိသ နန်းကျမင်းရဲ့ လူသားအပေါ်တပ်မက်မှုက လျှာဖျားတထောက် အရသာအပေါ် အခြေခံတယ်လို့ မှတ်သားဖူးတာပါပဲ။ လူသားဆိုတာ စားကောင်းတဲ့အသားလား၊ မစားကောင်းတဲ့အသားလား ဆိုတာကတော့ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းမှာ ဖြေစရာမလိုတဲ့ မေးခွန်းတစ်ခုပါ။ဒါပေမဲ့ အဲဒီမေးခွန်းကိုပဲ ငတ်မွတ်ဆာလောင်ပြီး စားစရာမရှိတဲ့သူတွေကို မေးကြည့်ရင်ဖြင့် တမျိုးတဖုံ ပြောင်းသွားနိုင်စရာအကြောင်းရှိတာပေါ့။ လူ့အသိုင်းအဝိုင်းအတွင်းမှာတော့ ငတ်မွတ်ခေါင်းပါးရုံနဲ့ လူသားကို စားစရာအဖြစ် မရွေးချယ်စကောင်းပေမဲ့ မိုင် (၁၀၀) ဝန်းကျင်ကျယ်ပြန့်တဲ့ ရေခဲတောင်တန်းပေါ်မှာတော့ လူသေအလောင်းဟာ ရွေးချယ်စရာတစ်ခု ဖြစ်လာတော့တာပါပဲ။ဒီအဖြစ်ဟာ 1972 ခုနှစ်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာပါ။ တောင်အမေရိက ရက်ဘီဘောလုံးအသင်းဟာ အိမ်နီးချင်းနိုင်ငံ ချီလီမှာ ကစားပွဲတစ်ခု သွားရောက်ကစားဖို့အတွက် ဆွေမျိုး မိတ်ဆွေတွေ တင်ဆောင်လို့ အန်ဒီ‌စ်ရေခဲတောင်တန်းတွေပေါ်ကို ...
movie

Alive (1993)

1993
This Boy’s Life (1993) 7.3
This Boy’s Life (1993) This Boy's Life (1993)~ IMDb - 7.3/10, Rotten Tomatoes - 76% ~မျှော်လင့်ခြင်း ရွှေအတောင်ပံတွေ ဒဏ်ရာဗရပွနဲ့ မပျံနိုင်တော့တဲ့အခါ ပုန်ကန်စိတ်တွေ၊ မိုက်ရူးရဲခြင်းတွေနဲ့ ရွှေအတောင်ပံ တဖျတ်ဖျတ်ခတ်ခဲ့ဖူးကြတဲ့ လူငယ်ဘ၀တွေကို ပြန်မက်မောမိခဲ့ကြတာပေါ့။ လူငယ်ဘ၀တွေမှာတော့ ဒဏ်ရာတွေ ဘယ်လောက်ပဲများခဲ့ကြပါစေ အနာဂတ်ဆီ မျှော်လင့်ချက်အပြည့်နဲ့ ရှေ့ဆက်ပြီး ရွှေအတောင်ပံတွေ တဖျတ်ဖျတ်ခတ်နိုင်ခဲ့ကြတာပဲမလား။ ဒီရုပ်ရှင်ဟာ ပျိုမျစ်ခဲ့တဲ့တစ်ချိန်တစ်ခါဆီကို မျှော်ရည်ရင်း အားလုံးရဲ့ ရွှေအတောင်ပံတွေက ဒဏ်ရာတွေကို ပြန်ကောင်းလာဖို့ အထောက်အကူဖြစ်စေမယ့် ရုပ်ရှင်ပါပဲ။ဇာတ်လမ်းကတော့ လူငယ်လေးတစ်ယောက်ရဲ့ ရွှေရောင်နေ့ရက်တွေ၊ မပြေမလည်မိသားစုထဲ ရခဲ့ဖူးတဲ့ ဒဏ်ရာတွေအကြောင်း၊ သူ့အိပ်မက်ကို သူမက်ခဲ့တဲ့အကြောင်းတွေပေါ့။ စာရေးဆရာရဲ့ငယ်ဘ၀မှတ်တမ်းကိုရေးထားတာကနေ ပြန်ရိုက်ထားတဲ့ကားဆိုတော့ လက်တွေ့ကျကျပါပဲ။မင်းသားတွေက ရောဘတ်ဒီနဲရိုးနဲ့ လီယိုနာဒိုပါ။ လီယိုနာဒိုဟာ ကလေးဘ၀ကတည်းက ပြောင်မြောက်ခဲ့တာကို သက်သေပြနေမယ့် ရုပ်ရှင်ဖြစ်သလို သူ့ပထွေးအဖြစ်သရုပ်ဆောင်တဲ့ ဒီနဲရိုးဟာ လူဆိုးဇာတ်ရုပ်မှာလည်း မညံ့တာ မြင်ရမှာပါ။ ...
movie

This Boy’s Life (1993)

1993