Channel Myanmar

1994

Legends of the Fall(1994) 7.5
Legends of the Fall(1994) Legends of the Fall(1994) IMDb....7.5 ကျွန်တော်ငယ်ငယ်တုန်းက ၀တ္ထုတို တစ်ပုဒ်ဖတ်ဖူးတယ်... ခေါင်းစဉ် စာရေးသူကိုမမှတ်မိပေမယ့် သင့်အနားမှာ ကြိုးတစ်ချောင်းကို မထားပါနဲ့ဆိုတဲ့အကြောင်းအရာကို ရေးဖွဲ့ထားတာတော့ မှတ်မိတယ်... နှောင်ဖွဲ့မှုတွေများလာတဲ့အခါ လောကကြီးမှာ မလူးသာမလွန့်သာတဲ့အဖြစ် အကြောင်းလေးကိုရေးဖွဲ့ထားတာပါ..သို့ပေမယ့်လည်း အရွယ်ရောက်လာတော့ လောကကြီးနဲ့ မိမိဆက်သွယ်ထားဖို့ ကြိုးလေးတွေလိုအပ်ကြောင်းသိလာတယ်... ဒီကြိုးတွေဟာ တစ်ခါတစ်ရံအင်အားသိပ်ကောင်းတယ် ...ငါသူ့အတွက်အသက်ရှင်မှဖြစ်မယ်ဆိုတဲ့ အကြီးမားဆုံး စွမ်းအင်ရင်းမြစ်တစ်ခုလည်းဖြစ်နိုင်တာကိုးးး... Legends of the Fall ဆိုတဲ့ကားမှာတော့ ဖခင်နှင့် သားသမီးတွေကြားက ဆက်သွယ်ထားတဲ့ မေတ္တာနှောင်ဖွဲ့ကြိုးအကြောင်းကိုရိုက်ပြထားပါတယ်. ဖခင်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Anthony Hopkins ကိုတော့ Silence of the Lambs မှာအော်စကာရခဲ့ သဘာဝမင်းသားကြီးကိုတော့ အားလုံးသိကြမှာပါ Brad Pitt ကတော့ ဒီကားဟာသူရဲ့ပထမဆုံးမင်းသား သရုပ်ဆောင်ဖြစ်ခဲ့တယ်လို့ဆိုကြတယ်. ..Anthony Hopkins ကိုတော့ ထူးပြီးချီးကျူးစရာမလိုပေမယ့် တက်သစ်စမင်းသား Brad Pittကတော့ ဒီကားမှာပဲ နာမည်ကြီးသွားတယ်... ဗိုလ်မှူးကြီးဟောင်းဖြစ်တဲ့ William မှာ သား(၃)ယောက်ရှိတယ်. ..သူ့သား(၃)ယောက်ကို အစိုးရ၀န်ထမ်း မဖြစ်စေချင်ဘဲ ငြိမ်းချမ်းစွာ အသက်မွေးနေထိုင်စေချင်တယ်. ..သားအလတ်ဖြစ်သူ Brad Pitt ကတော့ ညီအကိုထဲမှာ တမူကွဲထွက်နေတယ်. ..ဖခင်ရဲ့လူယုံတော် အင်ဒီးယန်းလူမျိုးမိသားစုထဲမှာကြီးပျင်းပြီး အမဲလိုက်သည်ကိုနှစ်ခြိုက်သည်. ..ခပ်ကြမ်းလူငယ်ငယ်တစ်ယောက်ဟုဆိုရမည်ဖြစ်သည်... ပထမ ကမ္ဘာစစ်ဖြစ်တော့ ဖခင်ရဲ့ ဆန္ဒကိုငြင်းပယ်ပြီး သား(၃)ယောက်လုံးစစ်ထဲဝင်သွားခဲ့သည်.... ဒီကားဟာ သိပ်ကိုကောင်းလွန်းတဲ့ Drama, Romance, War ဇာတ်ကားအမျိုးအစားပါ... ...Spoiler ဖြစ်မှာစိုးလို့ ဒီလောက်ပဲညွှန်းဆိုပါရစေ ခံစားကြည့်လိုက်ပါဦး.... File Size ...
7.5
IMDB: 7.5/10 125,752 votes
movie

Legends of the Fall(1994)

1994
Pulp Fiction(1994) 8.9
Pulp Fiction(1994) Pulp Fiction(1994) IMDb...8.9,,,,Rotten....94 အကောင်းဆုံးရုပ်ရှင် ၁၀၀ ဆိုပြီးရှာကြည့်လိုက်ရင် ဒီကားက နံပါတ် ၄ခုမြောက်မှာရှိပါတယ်.. .အကောင်းဆုံးဆိုတာကိုရွေးချယ်တဲ့နေရာမှာ ရွေးချယ်တဲ့စံနှုန်း ရွေးချယ်တဲ့ အဖွဲ့တွေမတူညီပေမယ့် ဒီကားက တော်တော်များများရဲ့ စာရင်းထဲမှာပါနေတယ်. အမေရိကန်ရုပ်ရှင်လောက်ကမှာ အကောင်းဆုံးဆိုတဲ့ ကာလအဖြစ်သတ်မှတ်ထားတဲ့ ၁၉၉၀ခုနှစ်ကာလကို မသိနားမလည်စွာ မှတ်ချက်ချမိတာကဒီဘက်ခေတ်အမြင်နဲ့ဆို အံမ၀င်ဘူးလို့ ကလေးဆန်ဆန်တွေးမိသွားတယ်.. တကယ့်လို ကျွန်တော့်လိုအတွေးမျိုးခင်ဗျားတို့ဆီမယ်ရှိနေရင် နီးစပ်ရာမြောင်းထဲကိုသာလွှင့်ပစ်လိုက်ပါလို့အကြံပြုပါရစေ.. .ဒီကားက ခပ်ဆိုးဆိုးလူတွေ ဒိုင်ယာလော့ စကားလုံး ခပ်ကြမ်းကြမ်းတွေနဲ့တည်ဆောက်ထားတယ်....ဆဲဆိုတဲ့စကားလုံး၂၆၅ လုံးတောင်ပါသတဲ့...ပြီးတော့ ဒိုင်ယာလော့တွေက ဘာသာပြန်အတွက် အတော်လေးအခက်အခဲရှိခဲ့ပါတယ်.. တစ်ချို့စကားပြောတွေက အဆဲလေးနဲ့မှပိုရုပ်လုံးကြွတဲ့သဘောရှိပေမယ့် ချန်ထားတဲ့အဆဲစကားလုံအချို့ရှိပါတယ်.. .ဒီကားထဲကအဓိကသရုပ်ဆောင်တွေဖြစ်တဲ့ John Travolta, Uma Thurman, Samuel L. Jacksonနဲ့ Bruce Willis တို့ကိုတော့ တော်တော်များများသိမယ်ထင်ပါတယ်. .ဒီကားက ဒေါ်လာ ၈သန်းခန့်မျှသာကုန်ကျခဲ့ပြီး ၂၁၃သန်းကျော် ၀င်ငွေ ရရှိခဲ့ပါတယ်..အော်စကာဇာတ်ညွှန်းဆုလည်းရရှိခဲ့ပါတယ်...ဒီကားကိုအညွှန်းမရေးတတ်သလို ရေးလည်းမရေးချင်ပါဘူး. .ဘာလို့ဆိုကြည့်ရှုသူရဲ့ ခံစားဖြန့်ကျက်နိုင်မှုစွမ်းအားများလေ ရသမြောက်လေဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်ရဲ့ ခပ်ညံ့ညံ့အရေးအသားအောက်မှာ သေးနုတ်တဲ့ဘောင်ကျဉ်းတစ်ခုကွပ်လိုက်သလိုဖြစ်သွားမှာစိုးရိမ်တဲ့အတွက်ကြောင့်ပါ.. .ကိုင်းခံစားကြည့်လိုက်ပါဦးလို့.....   File Size : (900 MB) and (513 MB) Quality : Blu-Ray 720p Format…mp4 Duration…02:34:00 Genre : ...
8.9
IMDB: 8.9/10 1,501,400 votes
movie

Pulp Fiction(1994)

1994
Stargate (1994) 7.1
Stargate (1994) ကျွန်တော်တို့တွေ အီဂျစ်မှာရှိတဲ့ ပိရမစ်ကြီးတွေ စဖင့်ရုပ်တုတွေအကြောင်းကို အကုန်လုံးကြားဖူးမြင်ဖူးကြမှာပါ။ထူးခြားဆန်းကျယ်တဲ့ တည်ဆောက်မှု့တွေ ဖြစ်သလို အရမ်းကို တိကျလွန်းတဲ့ တစ်လက်မတောင်မလွဲတဲ့ ဗိသုကာစကေးတွေနဲ့ တည်ဆောက်ထားတာတွေကိုတွေ့ရမှာပါ။ ဒီတော့ တစ်ချို့လူတွေ တွေးတာက ဒီလောက် တိကျလွန်းပြီး နက္ခတဗေဒ အရကော သင်္ချာနည်းအရပါ ထူးခြားတိကျလောက်အောင် တည်ဆောက်ထားတာ ရှေးခေတ် အီဂျစ်တွေမဟုတ်နိုင်ဘူး သူတို့ထက် ယဉ်ကျေးမှု့ ပိုမြင့်တဲ့ လူ့အဖွဲ့အစည်းတစ်ခုခု ဖြစ်မယ်ပေါ့ဗျာ။ ဒီဇာတ်ကားမှာလဲ အဲ့အမြင်ကို ချပြသွားပါတယ်။ ဇာတ်လမ်းကို အနည်းငယ်ပြောပြရရင် ၁၉၂၈ ခုနှစ် အီဂျစ်မှာ ရှေးဟောင်းပိရမစ်ကို တူးဖော်ရင်းနဲ့ ထူးဆန်းတဲ့ Device တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ အဲ့ Device ပေါ်မှာ ထူးခြားတဲ့ အရုပ်စာတွေပါပါတယ်။ အဲ့ကတည်းက အဲ့အရုပ်စာကို အဓိပ္ပာယ်ဖော်ခဲ့ကြပါတယ်။ဒါပေမဲ့ မဖော်နိုင်ခဲ့ပါဘူး။ဒီလိုနဲ့ နှစ်တွေ များစွာကြာပြီးတဲ့နောက် အပေါ်က တင်ပြခဲ့တဲ့ အမြင်မျိုးရှိတဲ့ ဒေါက်တာ ဒန်နီရယ်လ်ဂျက်ဆန် ဆိုတဲ့ ပညာရှင်တစ်ဦးပေါ်ထွက်လာခဲ့ပါတယ်။တစ်ရက်မှာ သူ့အမြင်ကိုတင်ပြဟောပြောပွဲအပြီးမှာပဲ သူ့ကို ထူးဆန်းတဲ့ အမျိုးသမီးတစ်ဦးက ဖိတ်ခေါ်ခဲ့ပါတယ်။သူလည်းအဲ့အမျိုးသမီးဖိတ်ခေါ်တဲ့နေရာကို လိုက်သွားတာပေါ့ အဲ့လို လိုက်သွားမှပဲ သိရတာက အဲ့နေရာဟာ အထူးနိုင်ငံတော်လျှို့ဝှက်ချက်ဖြစ်ပြီး ၁၉၂၈ ကတွေ့ခဲ့တဲ့ စက်ပစ္စည်းကို ...
7.1
IMDB: 7.1/10 157,835 votes
movie

Stargate (1994)

1994
Naked Gun 33 1/3: The Final Insult (1994) 6.5
Naked Gun 33 1/3: The Final Insult (1994) Naked Gun ကားရဲ့ နောက်ဆုံးကားပါ။ ဒီကားမှာတော့ ကျွန်တော်တို့ရဲ့ ဖရန့်ဒရက်ဘင်ကြီး ရဲလောကက အနားယူ သွားပါပြီ။ ဂျိမ်းနဲ့လည်း ပြန်အဆင်ပြေ သွားပြီဖြစ်လို့ နှစ်ယောက် အေးဆေးတဲ့ဘ၀လေးတစ်ခုကိုထူထောင်နေကြပါပြီ။ ဂျိမ်းကလည်း ကလေးလေးတစ်ယောက် ယူပြီး အေးဆေး နေချင်နေတဲ့ အချိန်ပေါ့ အဲ့အချိန်မှာပဲ ရဲဋ္ဌာနမှာ ဗုံးဖေါက်ခွဲမှု့နဲ့ပတ်သတ်လို့ အရေးတကြီး ဖရန့်ရဲ့ အကူအညီကိုတောင်းခံပါတယ်။ ဒါပေမဲ့ ဖရန့်က ရဲ အလုပ် လုံးဝမလုပ်တော့ပါဘူး လို့ ဂျိန်းကိုကတိပေးထားပြီးသားပါ။ သို့ပေမဲ့ ၀ါသနာ ဗီဇဆိုတာဖျောက်ရခက်တော့လည်း ကူညီမိရာကနေ ဂျိမ်းတစ်ယောက် စိတ်ဆိုးပြီး ဖရန့်ဆီကနေ ထွက်သွားပါတော့တယ်။ ဒီတော့ ဖရန့်လည်း စိတ်နှစ် ပြီး ရဲ အလုပ်ဆက်လုပ်တာပေါ့။ဖရန့်ရဲ့ တာဝန်က ဒီလိုပါ ဗုံးဖောက်ခွဲမှု့ အကြီးစားတစ်ခု လုပ်မယ်လို့ သတင်း ရရှိပါတယ် အဲ့ ဖောက်ခွဲမှု့ကိုလည်း ထောင်ထဲရောက်နေတဲ့ ရိုကို ဆိုတဲ့ နာမည်ကျော် ရာဇ၀တ်သားတစ်ဦးက ကြိုးကိုင်နေတာဖြစ်လို့ အချက်အလက် အားလုံးသိရအောင် ဖရန့်တစ်ယောက် ...
6.5
IMDB: 6.5/10 83,506 votes
movie

Naked Gun 33 1/3: The Final Insult (1994)

1994
The Legend of Drunken Master (1994) 7.6
The Legend of Drunken Master (1994) The Legend of Drunken Master 2 ဇာတ်ကားကတော့ 1994 မှာထွက်ရှိထားတဲ့ ကွန်ဖူးဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် ဒီဇာတ်ကားထဲမှာတော့ ဝမ်ဖေးဟုန်တို့သားအဖဟာ ခရီးတစ်ခုကနေ ရထားနဲ့ပြန်လာကြပါတယ် အဲ့ဒီမှာပဲ ဝမ်ဖေးဟုန်ရဲ့ အခွန်မဆောင်ချင်မှုကြောင့် ပါလာတဲ့ဂျင်ဆင်းထုပ်ကို သူများသေတ္တာထဲခိုးထည့်ပြီးယူလာပါတယ် ဂျင်ဆင်းထုပ်ကို ပြန်လည်ခိုးယူရာတွင် အထုပ်မှားယူလာမိပြီး တရုတ်နိုင်ငံရဲ့ရှေးဟောင်းပစ္စည်းတွေ ခိုးထုတ်နေတဲ့အဖွဲ့ကြီးတစ်ခုနှင့်ပတ်သက်မိပါတော့တယ် ထိုအဖွဲ့ရဲ့အကြံအစည်များကို ဝမ်ဖေးဟုန်နဲ့သူ့သူငယ်ချင်းများ သိရှိသွားပြီးနောက် တရုတ်ယဉ်ကျေးမှုပစ္စည်းများ တိုင်းတစ်ပါးသို့ ရောင်းမစားနိုင်အောင် ကာကွယ်ကြတဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်းပဲ ဖြစ်ပါတယ် အားလုံးပဲကြည့်ရှူ့ခံစားလိုက်ကြပါဦး   File Size : (850 MB) and (360 MB) Quality : Blu-Ray 720p Running Time : 1hr 42min Format : Mp4 Genre :Action, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : Bluray 720p ...
7.6
IMDB: 7.6/10 37,638 votes
movie

The Legend of Drunken Master (1994)

1994
True Lies(1994) 7.2
True Lies(1994) Harry Tasker ဆိုတာက ချစ်ဇနီး Helen ရဲ့ အိမ်ဦးနတ် .......သမီးလေး Dana ရဲ့ ချစ်ဖေဖေ... ဝါရှင်တန်ဒီစီ ရဲ့ တစ်နေရာ ဆင်ခြေဖုံးရပ်ကွက်မှာ နေထိုင်တဲ့ ကွန်ပြူတာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ အရောင်းကိုယ်စားလှယ်တစ်ဦး... ဒါကတော့ လူတွေသိထားတဲ့ Harry Tasker အကြောင်းပါ... အမှန်ကတော့.... Harry ဟာ United State ကို ခြိမ်းခြောက်လာတဲ့ အန္တရာယ်တွေကို နှိမ်နင်းပေးရတဲ့ လျို့ဝှက်အဖွဲ့အစည်းတစ်ခုရဲ့ အေးဂျင့်တစ်ဦးပါ... Harry ဟာ အေးဂျင့်တစ်ဦးဖြစ်နေတော့ ဇနီးကို ဂရုစိုက်ချိန်မရ... ဇနီးဖြစ်သူ Helen ကလဲ ကြာတော့ အထီးကျန်ပြီး Simon လို့ခေါ်တဲ့ ကားအရောင်းဝန်ထမ်းတစ်ဦးနဲ့ ပတ်သက်ပါတော့တယ်...ဒါကို ရိပ်မိတဲ့ Harry က ဇနီး နဲ့ ပတ်သက်နေတဲ့ ယောကျာ်းကို စောင့်ကြည့်ဖို့ အဖွဲ့အစည်းရဲ့ လျို့ဝှက်ကိရိယာကို အသုံးပြုခဲ့ပါတယ်... ဇနီးအပူမိနေတုန်းမှာဘဲ US ကို ခြိမ်းခြောက်လာတဲ့ ပြဿ နာတစ်ခု ...
7.2
IMDB: 7.2/10 204,231 votes
movie

True Lies(1994)

1994
Anjaam (1994) 7.0
Anjaam (1994)   " တကြိမ်လောက်ပဲ ဖြစ်ဖြစ် မင်းလည်း ကိုယ့်ကို ချစ်ပါတယ်လို့ ပြောလိုက်" ဒီစကားက ဘယ်သူမဆိုပေါ့ ကိုယ်သိပ်ချစ်တဲ့ သူဆီက အလိုချင်ဆုံးစကားပဲ ချစ်တယ်လို့ အပြောခံရဖို့ နှစ်တွေ အလီလီ အချိန်တွေ အကြာကြီးရင်းနှီးပေးဆပ်ကြရတယ့့် အချစ်ဆိုတာ လွယ်မယောင်နဲ့ ခက်သလို ခက်ခဲမယ် ထင်ရပေမယ့် လွယ်သွားတာတွေလည်း အများသား ဘယ်လိုကြိုးစားရင်ဖြင့် ချစ်လာပ်လိမ့်မယ် ဘယ်လိုနည်းလမ်းသုံး ဘယ်လို ချည်းကပ် ဆရာများစွာ သင်ကြားပေးနေပေမယ့် ဒီကိစ္စက မေးခွန်းမသိနိုင်တဲ့ စာမေးပွဲလိုပဲတဲ့ ဒါကြောင့်လည်း လူတွေပြောကြတာ အချစ်ကိစ္စမှာတော့ ဟိုလူ့ကို အတုယူ ဟိုလူ့လို မလုပ်နဲ့ဆိုပြီး သင်ကြားပေးလို့မှမရပဲ တကယ်လို သင်ကြားပေးလို့ရတောင် အချစ်သင်ရိုးညွှန်းတန်းက အမြဲပြောင်းလဲနေမှာပဲ့ တကယ်တော့ အချစ်ဆိုတာ အချစ်ပါပဲ နည်းလမ်း မှန်မှန် ချစ်တတ်ဖို့ပါပဲ့ အခုပြောပြချင်တာကတော့ မိန်းကလေးတစ်ယောက် နည်းလမ်း ကျကျပဲ ချစ်မိတာလား သူချစ်ပုံချစ်နည်း မှားတာလား ဒါပေမဲ့ ချစ်တာတော့ ချစ်တာပဲ့ အဲ့ဒီ အချစ်တွေရဲ့ ...
7.0
IMDB: 7.0/10 4,699 votes
movie

Anjaam (1994)

1994
Little rascale (1994) 6.3
Little rascale (1994) 1994 ခုနှစ်ကထွက်ရှိခဲ့ပြီး ငယ်ဘ၀ ကိုပြန်လည် အမှတ်ရသတိရစေမယ့် ဇာတ်ကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် မိန်းမကို မုန်းတီးကြတဲ့သူတွေ များ ရှိကြမလား မသိဘူးဗျ ဒီကားလေးကတော့ မိန်းမမုန်း တီးသူ ကလေးတစ်စုအကြာင်းကိုဇာတ်အိမ်တည်ရိုက်ကူး ထားတာပါ ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ဒီကားလေးဟာ ၁၉၉၅မှာ BMI best music award နဲ့ ပါဝင်သရုပ်ဆောင်ကြတဲ့ ကလေးသရုပ်ဆောင်တွေအားလုံးဟာ Young Artist Award ဆုတွေကိုအသီးသီးဆွတ်ခူးခဲ့ကြပါတယ် ဗျ ဇာတ်လမ်း အကျဉ်းလေးကတော့ spinky ဆိုတဲ့ကောင်လေးဟာ မိန်းမမုန်းတီးသူများကလပ် ရဲ့ ဥက္ကဌ ပါ အဖွဲ့ဝင်တွေအဖြစ် သူ့ရဲ့ မူလတန်းကျောင်းက သူငယ်ချင်းတွေက ပါဝင်ထာကြပါတယ် ဒီအချိန်မှာပဲ Alfafa ဆိုတဲ့ကောင်လေးကလဲ ယောကျာ်းလေးများသာ ဆိုတဲ့အဖွဲ့ကိုထူထောင်ထားပါတယ် ဒီလိုနဲ့ သူတို့၂ယောက် Dala ဆိုတဲ့ ကောင်မလေးကိုချစ်ကြိုက်မိသွားတဲ့အခါမှာတော့ ဘယ်လိုပြိုင်ဆိုင်မူတွေ ကို လုပ်ကြမလဲဆိုတာကိုတော့ ဘာသာပြန်ကတော့ အောင်ချမ်းငြိမ်း ပါ ဗျ Download From Yoteshin  Download From Op 
6.3
IMDB: 6.3/10 35,689 votes
movie

Little rascale (1994)

1994
Léon: The Professional (1994)
Léon: The Professional (1994) 1994ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီး လူကြိုက်များခဲ့တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်... Star Wars, Black Swan, Thor အစရှိတဲ့ဇာတ်ကားတွေထဲက မင်းသမီးချော Natali Portman ကို ဆယ်ကျော်သက် ဂျွတ်ဆတ်ဆတ် အထာလေးနဲ့ တွေ့ မြင်ရမှာဖြစ်ပါတယ်... ဇာတ်လမ်းပုံစံကတော့ Leon ကအရမ်းကျွမ်းကျင်ပြီး သွေးအေးတဲ့ ကြေးစားလူသတ်သမား တစ်ယောက်ပါ။ တစ်နေ့ မှာ မူးယစ်ဆေးကိစ္စနဲ့ ပတ်သက်ပြီး မိသားစုတစ်ခုလုံး အသတ်ခံလိုက်ရတဲ့ အိမ်နီးချင်း ဆယ်ကျော်သက်ကောင်မလေး Mathilda ကို အမှတ်မထင် ကယ်တင်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။ လက်တုံ့ ပြန်ချင်တဲ့ Mathilda လေးက Leonဆီက လူသတ်ပညာကို သင်ယူပါတော့တယ်... လူငယ်ပီပီ ပွင့်လင်းပြီး တဇွတ်ထိုးနိုင်တဲ့ Mathilda လေးကြောင့် Leon ရဲ့ အေးစက်နေတဲ့ နှလုံးသားက နွေးထွေးတဲ့ချစ်ခြင်းကိုခံစားမိလာချိန်မှာတော့.. ဦးလေးကြီးနဲ ဆယ်ကျော်သက်ကောင်မလေးတို့ ရဲ့ စုံတွဲ ခပ်ကြမ်းကြမ်း အက်ရှင်တွေသာမက သူတို့ နှစ်ယောက်ကြားက ...
IMDB: /10 votes
movie

Léon: The Professional (1994)

1994
The Bodyguard from Beijing (1994) 6.4
The Bodyguard from Beijing (1994) ဂျက်လီရဲ့အကောင်းဆုံးဇာတ်ကားထဲကတစ်ကားအပါအ၀င်ဖြစ်ပါတယ်.ငယ်ငယ်တုန်းကလည်း ကျွန်တော်အရမ်းသဘောကျနှစ်သက်တဲ့ ဇာတ်ကားဖြစ်တာနဲ့အညီ ဒီဘက်ခေတ်မှာလည်းပြန်ကြည့်ရဖို့မလွယ် ကူတော့တဲ့အတွက် ကိုယ်တိုင်ဘာသာပြန်ပြီး ထပ်မံတင်ဆက်ပေးလိုက်ပါတယ်.. အကောင်းဆုံးကွာလတီကိုရှာပြီးတင်ပေးထားပါတယ်.. ကြည့်ရှုသူတွေစိတ်ကျေနပ်မယ်လို့မျှော်လင့်ပါတယ် တခုပြောစရာရှိတာက Subtitle ကိုဘာသာပြန်တဲ့အခါမှာ မူရင်း English Subtitle မထွက်ပါဘူး... ထွက်တဲ့ဗားရှင်းကလည်းကျွန်တော်ဒေါင်းထားတဲ့အကြည်ဆုံး Movie Version နဲ့မကိုက်တဲ့အတွက် တရုတ်စာဖိုင်ကိုသာ Google Translate သုံးပြီး English ကိုပြောင်း..ထို English ကမှ တဆင့် မြန်မာဘာသာပြန်ထားတာဖြစ်တဲ့အတွက် အနည်းငယ်လွဲမှားမှုများရှိခဲ့ပါလျှင် သည်းခံပေးကြပါလို့ ပြောချင်ပါတယ်.. ဇာတ်လမ်းအကျဉ်း - Hui Ching-yeung  ဟာ အင်မတန်တော်တဲ့ ဘေကျင်းကသက်တော်စောင့်တစ်ဦးဖြစ်ပါတယ်.. တစ်ရက်မှာသူ့အလုပ်တာဝန်တခုကျရောက်လာပါတယ်.. ဒါကတော့ ဟောင်ကောင်က လူသတ်မှုတစ်ခုမှာ မျက်မြင်သက်သေဖြစ်ခဲ့တဲ့ မီရှယ်ယောင်ကို ကာကွယ်ရမယ့်တာဝန်ပါ... လူသတ်မှုမှာ မျက်မြင်သက်သေ ၃ ဦးရှိပေမယ့် ကျန်တဲ့၂ဦးက မတော်တဆ မှု တွေနဲ့သေဆုံးသွားပြီး မီရှယ်တစ်ယောက်သာကံကောင်းလို့လွတ်ထားတာမို့ Hui Ching-yeung  က သေချာစောင့်ရှောက်ပြီး တင်းကျပ်စွာထိန်းချုပ်ထားတာမို့မီရှယ်က သဘောမကျလို သူ့ရည်းစားကိုလည်း သက်တော်စောင့် လဲပေးဖို့ အတင်းပြောပါတယ်..တစ်နေ့ စူပါမားကတ်မှာ မီရှယ်ကို Hui Ching-yeung  က ကယ် တင်ခဲ့လို့ မီရှယ်တစ်ယောက်အမြင်တွေပြောင်းလဲသွားပါတယ်. .တဖြေးဖြေးနဲ့ Hui Ching-yeung  ကိုလည်း သံယောဇဉ်တွယ်လာပါတယ်...ဒီလိုသံယောဇဉ်တွေနဲ့ Hui Ching-yeung  တစ်ယောက်ဘယ်လိုရုန်းထွက်မလဲ.. မီရှယ်ကြုံလာရမယ့် အကြီးမားဆုံး အန္တရာယ်ကဘာလဲ..ဘယ်လိုတွေဆက်ဖြစ် နိုင်မလဲဆိုတာ အသေးစိတ်ဆက်လက်ကြည့်ရှုကြပါ   Filesize : 950 MB Quality : ...
6.4
IMDB: 6.4/10 3,955 votes
movie

The Bodyguard from Beijing (1994)

1994
Fist Of Legend ( 1994 ) မြန်မာစာတန်းထိုး 7.6
Fist Of Legend ( 1994 ) မြန်မာစာတန်းထိုး 1994 ခု နှစ်မှာပဲထွက်ရှိခဲ့တဲ့ ဂျက်လီရဲ့ဇာတ်ကားကောင်းတစ်ကားပါ...သိုင်းဇာတ်ဝင်ခန်းအတော်များများ ဦးစားပေးရိုက်ကူးထားပါတယ်.သိုင်းကားကြိုက်တဲ့သူတွေရော..ဂျက်လီဇာတ်ကားဟောင်းလေးတွေ ပြန်လည်ကြည့်ရှုလိုသူများအတွက်လည်း ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားသာဖြစ်ပါတယ် ကြိုက်လွန်းလို့ကိုယ်တိုင်ဘာသာပြန်ပြီးတင်ဆက်ပေးလိုက်ပါတယ်.. ဇာတ်လမ်းအကျဉ်း - ခေတ်ကာလအနေအထားနဲ့ဆို ဂျပန်တွေက တရုတ်ပြည်ကိုသိမ်းပိုက်ထားတဲ့ ခေတ်ပါ..ချန်ကျန်းဟာ တရုတ်ကနေ ဂျပန်ကို ကျောင်းလာတက်တဲ့ တရုတ်နိုင်ငံသားတစ်ဦးဖြစ်ပါတယ် တရုတ်နိုင်ငံမှာတော့ သူဟာ ကွန်ဖူးကျောင်းတခုမှာနေထိုင်ပါတယ်..တရက်မှာ သူ့ရဲ့ဆရာဖြစ်တဲ့ လက်သီးဘုရင် ဆရာဟူ ဟာ သိုင်းပြိုင်ပွဲတစ်ခုမှာသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုကြားသိခဲ့လို့ ချန်ကျန်းဟာ ဂျပန်ကနေ ပြန်လာပါတယ်..တရုတ်ပြည်ကိုပြန်ရောက်တော့ သူ့ဆရာနဲ့တိုက်ခိုက်ခဲ့တဲ့ သူကိုပြန်လည်စိန်ခေါ်ပြီး တိုက်တဲ့အခါမှာ ချန်ကျန်းက အလွယ်တကူပဲအနိုင်ရခဲ့လို့ သံသယစိတ်ဖြစ် သွားခဲ့ပါတယ်..ဒါကြောင့်သူ့ဆရာသေဆုံးမှုကိုစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပါတယ်..ချန်ကျန်းဟာ ဂျပန်တွေဆင်တဲ့ထောင်ချောက်ထဲကိုကျရောက်လုနီးနီးဖြစ်နေချိန်မှာ ဂျပန်မှာသူကျောင်းသွားတက်တုန်း ကသံယောဇဉ်ဖြစ်လာခဲ့တဲ့ ဂျပန်မလေး မီဆူကို လာရောက်ကယ်တင်ခဲ့တာမို့ မီဆူကို ကို ချင်ချန်းဟာ သူ့ကွန်ဖူးကျောင်းကိုခေါ်လာပေမယ့် ဂျပန်ဖြစ်နေလို့ ဘယ်သူမှလုံးဝမလက်မခံကြဘူး..ဒီအခက်အခဲတွေ ကြားမှာချန်ကျန်းတစ်ယောက် ဘယ်လိုလုပ်မလဲ..သူ့ဆရာရဲ့သေဆုံးမှုကတကယ့်အကြောင်းအရင်း မှန်ကရောဘယ်လိုလဲ..ကွန်ဖူးကျောင်းကိုအရမ်းလိုချင်နေတဲ့ သိုင်းပညာကောင်းလွန်းတဲ့ဂျပန်ဗိုလ်မှူး နဲ့ရောဘယ်လိုရင်ဆိုင်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ပါ Filesize : 702 MB Quality : Bluray-720p Format : mp4 Run Time : 1h 46 min Subtitle : Myanmar Subtitle ( Hardsub ) Translated By LK Encoded By LKDownload ...
7.6
IMDB: 7.6/10 18,264 votes
movie

Fist Of Legend ( 1994 ) မြန်မာစာတန်းထိုး

1994
The Mask (1994) မြန်မာစာတန်းထိုး 6.9
The Mask (1994) မြန်မာစာတန်းထိုး     1994 ခုနှစ် မိတ်ဆွေတို့ ကျွန်တော်တို့ ပေါက်စနဘ၀လေးပဲရှိသေးတဲ့အချိန် အဲဒီအချိန်ခုနှစ်မှာပဲ အခု Deadpoolထွက်ပြီးတဲ့အချိန်ထိ ဒါမှမဟုတ် နောက်ရာစုနှစ်တွေအထိ အရယ်ရဆုံး ComicBook Movie တစ်ခုဖြစ်လာမယ့် The Mask ကို မွေးဖွားခဲ့ပါတယ် IMDB: 6.9/10 Metacritic : 56% Rotten Tomatoes : 77% Edge City ဆိုတာ အမေရိကန်နိုင်ငံက မထင်မရှားဆိပ်ကမ်းမြို့လေးတစ်မြို့ အဲဒီမြို့လေးက မြို့သား Stanley Ipkissကလည်း Edge City ဘဏ်မှာ အလုပ်လုပ်နေတဲ့ မထင်မရှားမြို့သားတစ်ယောက် သူရဲ့စိတ်ထားအင်မတန်ကောင်းလွန်းနေတာရယ် အလျှော့ပေးဆက်ဆံတတ်တဲ့ အကျင့်ကြောင့် လူချစ်လူခင်ပေါတဲ့လူတစ်ယောက် တစ်နေ့ ဘဏ်ကိုဓားပြတိုက်ဖို့ အကြံအစည်နဲ့ရောက်လာတဲ့ Tina Carlleyl ဆိုတဲ့ကောင်မလေးကို တန်းတန်းစွဲဖြစ်သွားပြီး လိုက်ပိုးရာက တလွဲတွေဖြစ် အိမ်အပြန်လမ်းမှာ ထူးထူးဆန်းဆန်း မျက်နှာဖုံးတစ်ခုကို ကောက်ရရာကနေ Stanleyရဲ့ဘ၀ ကပြောင်းကပြန် ပြောင်းလဲဖို့ဖြစ်လာပါတော့တယ်... The Truman Show, Man on ...
6.9
IMDB: 6.9/10 265,252 votes
movie

The Mask (1994) မြန်မာစာတန်းထိုး

1994
The Shawshank Redemption (1994) (မြန်မာစာတန်းထိုး) 9.3
The Shawshank Redemption (1994) (မြန်မာစာတန်းထိုး)   မိတ်ဆွေတို့ Google မှာ IMDb rating အမြင့်ဆုံးကားများ လို့ ရိုက်ရှာကြည့်ချင်ပါသလား? Rotten tomatoes ရဲ့ အကောင်းဆုံးကားများလို့ ရိုက်ရှာကြည့်ချင်ပါသလား? ရုပ်ရှင်သမိုင်းတလျှောက်အကောင်းဆုံးကားများ.....မသေခင်ကြည့်သင့်သော ကားများ....ဘာညာသာရကာ အစုံရိုက်ပြီး ရှာကြည့်လိုက်ပါ။ ဒီဇာတ်ကားကတော့ ထိပ်ပိုင်းတစ်နေရာမှာ အမြဲပါနေပါလိမ့်မယ်။ ဇာတ်လမ်း အကျဉ်းလေးကတော့ ရိုးရှင်းပါတယ်။ လူသတ်မှုနဲ့ ထောင်ဒဏ် တစ်သက် ၂ ခါ ကျခံရပြီး ရှောရှန့်ခ် ထောင်ထဲကို ရောက်လာတဲ့ ဘဏ်စီးပွားရေးသမား အန်ဒီ ဒူဖရင်း(Tim Robbins) နဲ့ တကျွန်းသမားဟောင်းကြီး ရက်ဒ်(Morgan Freeman) တို့ ရဲ့ ထောင်ထဲက အခက်အခဲတွေနဲ့ မိတ်ဆွေဘ၀၊ အန်ဒီရဲ့ ငရဲလို မျှော်လင့်ချက်မရှိတဲ့ နေရာမှာ ကိုယ့်ကိုကိုယ် ဘယ်လိုတည်ဆောက်ပြီး နေထိုင်သွားလဲ၊ လွတ်မြောက်မှုကို ဘယ်လိုရှာဖွေသွားလဲ ဆိုတဲ့အကြောင်းလေးပါပဲ။ ရုပ်ရှင်လေးက ရိုးရှင်းပေမယ့်....ဒါရိုက်တာတိုင်း အိပ်မက်မိမယ့် အောင်မြင်မှုတွေ ရရှိသွားခဲ့ပါတယ်။ အော်စကာ လျာထားမှု ...
9.3
IMDB: 9.3/10 1,684,836 votes
movie

The Shawshank Redemption (1994) (မြန်မာစာတန်းထိုး)

1994

Genres

Like Us!