Channel Myanmar

2001

The Score(2001) 6.8
The Score(2001) The Score(2001) IMDb....6.8,,,,Rotten...73% ဒီကားထဲမှာပါတဲ့ အဓိကသရုပ်ဆောင် Robert De Niroနဲ့Edward Norton, တို့ကိုတော့  ထွေထွေထူးထူးမိတ်မဆက်ပေးတော့ဘူး....ကျွန်တော်ကတော့Edward Norton ကို Primal Fear ကားထဲမှာ ပြောင်မြောက်တဲ့ သရုပ်ဆောင်ဟန်ကို လေးစားမိသွားတာ... Robert De Niro ကတော့ HEAT ဆိုတဲ့ကားထဲမှာ.... နစ်ဆိုတဲ့လူတစ်ယောက်ဟာ တန်ဘိုးကြီးပစ္စည်းတွေကိုခိုးတဲ့နေရာမှာ သိပ်တော်တယ်. ..အစီအစဉ်ကောင်းတွေဆွဲတယ်...အဆက်အသွယ်ကောင်းတွေရှိတယ်. ..ခိုးခဲ့တဲ့ကိစ္စတိုင်းမှာလည်း အထိအခိုက် အသေအကျေမရှိအောင်ဂရုစိုက်တယ်.. ..သူဟာ ဒီလုပ်ငန်းထဲမှာကျင်လည်နေတာ အတော်ကြာပြီ.. ..တစ်နေ့မှာတော့ ဂျက်ဆိုတဲ့ကောင်လေးတစ်ယောက်က အချီကြီးချလို့ရမယ့် ပွပေါက်တစ်ခုလာပြောရင်း သူနဲ့ပူပေါင်းပါရစေလို့တောင်းဆိုတယ်...ဂျက်က လူငယ်ဆိုပေမယ့် အတော်ဥာဏ်များတယ်. ..သွေးလည်းဆူတယ်...သူတို့(၂)ယောက်ဘယ်လိုရှေ့ဆက်ကြမလဲ.. ဘယ်လိုအခက်အခဲတွေ အနှောင့်အယှက်တွေပေါ်လာမလဲဆိုတာတော့...... ကိုင်းပရိတ်သတ်ကြီးရေ ဒီကားက သူခိုးကားတွေထဲမှာ အတော်လေးကိုလန်းတယ်. ...၂၀၀၁ကဆိုပေမယ့် ကြည့်လို့ကောင်းနေဆဲပါ..မင်းသားကြီး (၂)လက်ကြောင့်လည်းပါမှာပေါ့လေ. ..ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့... File Size : (850 MB) and (360 MB) Quality : Blu-Ray 720p Format…mp4 Duration…02:04:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by SCRN Encoded by Phyo Pyae
6.8
IMDB: 6.8/10 109,219 votes
movie

The Score(2001)

2001
Black Hawk Down (2001) 7.7
Black Hawk Down (2001) ဆိုမာလီနိုင်ငံဟာ ၁၉၉၀ဝန်းကျင်က ငတ်မွတ်မှုကြောင့် ပြည်သူသုံးသိန်းကျော်သေဆုံးခဲ့ပါတယ် အကြောင်းရင်းကတော့ ယခုထိတိုင်မပြီးဆုံးနိုင်သေးတဲ့ တစ်နိုင်ငံထဲနေမျိုးနွယ်စုတွေ အချင်းချင်းဖြစ်ပွားတဲ့ ကာလရှည်ပြည်တွင်းစစ်ကြောင့်ဖြစ်ပါတယ် ဆိုမာလီယာအစိုးရဟာ မထိန်းချုပ်နိုင်ပဲ ငါတလူမင်းမူနေတဲ့ ခေါင်းဆောင်တွေကြားမှာ Mohamed Farrah Aididဟာ အာဏာအရှိဆုံးဖြစ်ခဲ့ပြီး ထိုအချိန်က မြို့တော်မိုဂါဒစ်ရှူးကို အုပ်စိုးခဲ့ပါတယ် နိုင်ငံတကာကထောက်ပံတဲ့ရိက္ခာ အထောက်အပံတွေကို ငတ်မွတ်နေတဲ့ပြည်သူတွေဆီမဝေငပဲ အရက်စက်ဆုံးထင်ရာဆိုင်းမင်းမူနေတဲ့ Aididကိုဖယ်ရှားပစ်မယ် အစီအစဉ်တွေထဲကတစ်ခုကို ၁၉၉၃ခုနှစ်အတွင်း မြို့တော်မိုဂါဒစ်ရှူးမှာ ထုံးစံအတိုင်းအမေရိကန်တို့ လုပ်ခဲ့ပါတယ် Aididအစိုးရအဖွဲ့ရဲ့အစည်းအဝေးတစ်ခုကိုဝင်စီးကာ ဝန်ကြီးတွေကိုဖမ်းဖို့ဖြစ်ပြီး တစ်နာရီအတွင်းအပြီးသတ်ဖို့စနစ်တကျ စီစဉ်ထားတဲ့စစ်ဆင်ရေးဟာ Aididစစ်တပ်ရဲ့ မထင်မှတ်တဲ့ အပြင်းအထန်ခုခံမှုတွေကြောင့် ဘလက်ဟော့ဟယ်ရီကော်ပတာ တွေပျက်ကျမှုမှစတင်ကာ အလွဲလွဲချော်ချာ်ဖြစ်ပြီး အမေရိကန်စစ်တပ်ဟာ အချိန်မှီမြို့ထဲကပြန်မထွက်နိုင်ပဲ ပိတ်မိကာ တစ်ရက်နီးပါးကြာမြင့်သွားပါတယ် ဒီဇာတ်ကားဟာထိုအခါက အမေရိကန်နဲ့ဆိုမာလီတွေရဲ့ အပြင်းအထန်တိုက်ခဲ့ကြပုံတွေ စစ်ရဲ့မာန် စစ်ရဲ့ဓလေ့နဲ့ စစ်ရဲ့ကြေကွဲဖွယ်ရာတွေကို အပီပြင်ဆုံးရိုက်ကူးပြထားပြီး အကယ်ဒမီဆုတွေကို သိမ်းပိုက်သွားခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ် Imdb 7.7နဲ့ RT 76%ထိရရှိထားပြီး စစ်ကားဆိုမှစစ်ကားကိုကြိုက်တဲ့သူတွေအနေနဲ့ ...
7.7
IMDB: 7.7/10 323,512 votes
movie

Black Hawk Down (2001)

2001
Blu-Ray 1080p
Mr. Bones(2001) 4.7
Mr. Bones(2001) Mr.Bone (2001)မြန်​မာစာတန်းထိုး ======================== 90's Born ​တွေ​တော်​​တော်​များများ နဲ့ ရင်းနှီးကြတဲ့ ဟိုး ဗီဒီယိုတိတ်​ နဲ့ ​ခေတ်​ကထဲ က ဂျီးကပ်​ မှိုတတ်​​နေတဲ့အ​ခွေကို ဘာသာစကားနားမလည်​ပဲ ကြည့်​တာ​တောင်​ အူတက်​မတတ်​ ခွီခဲ့ရတဲ့ အာဖရိက ​ရောက်​လူဖြူကြီး Mr.Bone ရဲ့ မင်းသားရှာပုံ​တော်​ ခရီးကို တင်​ဆက်​​ပေးလိုက်​ပါတယ်​ ဇာတ်​ကားက Comedy မှာ စွန်း ​ဖောက်​တဲ့ ကားမို့ ဇာတ်​​ကြောင်းအ​ထွေအထူး​ပြောစရာမလိုဘူးလို့ထင်​မိပါတယ်​ ဒီကားကို ဒါရို​က်​တာ Gray Hofmeyr က ရိုက်​ကူးထားပြီး Google ကို​ခေါက်​ကျိမယ်​ဆိုရင်​ ၉၇% ​သောသူ​တွေက ဒီကားကို ကြိုက်​နှစ်​သက်​ကြပါတယ်​တဲ့ဗျာ ကဲ သင်္ကြန်​ပိတ်​ရက်​မှာ ဒီဟာသကား​လေးကို ကြည့်​ ​စိတ်​အ​မော​တွေ​ဖြေ​ဖျောက်​ပြီး နှစ်​သစ်​ကို ​ပျော်​ရွှင်​စွာနဲ့ ဖြတ်​သန်းလိုက်​ကြရ​အောင်​လားဗျာ Translator က မမဖြူသန့်​ဖြစ်​ပြီး​တော့ Encoder က​တော့ Kyaw Ye Aung ပါ လင့်​ကို ကွန်​မန်းမှာရယူ​ပေးပါ​နော်
4.7
IMDB: 4.7/10 2,216 votes
movie

Mr. Bones(2001)

2001
Jurassic Park III 5.9
Jurassic Park III Jurassic Park 3 ကို ဒါရိုက်တာJoe Johnston ကရိုက်ကူးထားပြီး 2001 ခုနှစ်တွင် ရုံတင်ခဲ့ပါသည်။ IMDb 5.9 နှင့် RT 50% သာရရှိထားသော်လည်းGoogle user 86% က Like ပေးထားကြသည်။ ပထမဦးဆုံးဇာတ်ကားမှ ဒေါက်တာအလန်ဂရန့်(သတ္တရုပ်ကြွင်းပညာရှင်) လည်း ပြန်လည်ပါဝင်လာခဲ့သည်။ ဒုတိယဇာတ်ကားတွင် တိုင်ရန်နိုဆောရပ်စ်အမျိုးအစားဒိုင်နိုဆောများက သားပျောက်ရှာပုံတော်ဖွင့်ခဲ့ပုံကိုရိုက်ကူးထားပြီး ဤဇာတ်ကားတွင်မူ လူသားမိဘများက သားပျောက်ရှာပုံတော်ဖွင့်ခဲ့ပုံကို ရိုက်ကူးထားသည်။ ယနေ့အချိန်ထိ ဒိုင်နိုဆောတို့၏ပြင်ပအရောင်အသွေးများကို တိတိကျကျမဖော်ပြနိုင်ကြသေးပေ။ ပတ်ဝန်းကျင်အရောင်ကိုလိုက်၍ အရောင်ပြောင်းနိုင်ကြသည်ဟူ၍သာ ယေဘုယျလက်ခံထားကြသည်။ ဤဇာတ်ကားတွင် ဒိုင်နိုဆောများ၏ အရောင်ကိုပြောင်းလဲရိုက်ကူးထားရုံမျှမကဘဲ အသားစားဒိုင်နိုဆောများထဲတွင် အရွယ်အစားအကြီးဆုံးဖြစ်သော စပိုင်နိုဆောရပ်စ်နှင့် ဒိုင်နိုဆောခေတ် ငှက်များကိုပါ ထည့်သွင်းရိုက်ကူးထား သောကြောင့် ရင်သပ်ရှုမောဖွယ်ကောင်းလှပါသည်။ အသက်၁၃နှစ်အရွယ်အဲရစ်သည် အမေ၏မိတ်ဆွေ ဘန် နှင့်အတူ မော်တော်ဘုတ်ဆွဲ လေထီးစီး၍ ဆော်နာကျွန်းရှိဒိုင်နိုဆောများကို ကင်မရာဖြင့်ရိုက်ကူးရန်ကြိုးစားခဲ့ကြရင်းဆော်နာကျွန်းပေါ်သို့ လေထီးဖြင့် ပြုတ်ကျသွားခဲ့သည်။ အဲရစ်၏မိဘများ ဖြစ်ကြသော မစ္စတာကာဘီနှင့် အမန်ဒါတို့က အဲရစ်ကိုရှာဖွေရန်ဆုံး ဖြတ်ခဲ့ကြပြီး ဒေါက်တာအလန်ဂရန့်ကို မလိမ့်တပတ်လုပ် ခေါ်ဆောင်ကာ ဆော်နာကျွန်းသို့ခရီးနှင်ခဲ့ကြသည်။ အဲရစ်နှင့်ဘန်ကို ရှာတွေ့နိုင်ပါ့မလား ...
5.9
IMDB: 5.9/10 244,839 votes
movie

Jurassic Park III

2001
Blu-Ray 1080p
The Mummy Returns (2001) 6.3
The Mummy Returns (2001) IMDb (6.3/10)..Rotten Tomatoes (47%) 1999 ကထွက်ခဲ့တဲ့ The Mummy ဇာတ်ကားရဲ့အဆက်အနေနဲ့ရိုက်ကူးတင်ဆက်ထားတာပါ။ ပထမဇာတ်ကားက ဇာတ်ကောင် မင်းသားမင်းသမီးတွေပဲ ဆက်လက်ပါဝင်ခဲ့ပြီး ကင်းမြီးကောက်ဘုရင်ကြီး Mathayus အဖြစ် Dwayne Johnson မှပါဝင်ထားပါတယ်။ Action, Adventure, Fantasy အမျိုးအစားဇာတ်ကားဖြစ်ပြီး ပထမ Mummy ဇာတ်ကားကိုကြည့်ဖူးထားရင်တော့ အဆက်အစပ်ရှိစွာ ခံစားကြည့်ရှုနိုင်မှာပါ...ပြန်လည်နှိုးထလာတဲ့ ကျိန်စာသင့် Mummy တို့စုံတွဲနဲ့ ကြေးစားစစ်သားကြီး အိုကော်နယ်တို့စုံတွဲ ထိပ်တိုက်တွေ့ဆုံရာမှာ ကျိန်စာတွေကို ဘယ်လိုပယ်ဖျက်မလဲဆိုတာ........။ (ဘာသာပြန်ထားသူကတော့ Min Thet Oo ဖြစ်ပါတယ်။)   File size…(999MB) Quality…Blu-Ray Rip 720p Format…mp4 Duration….02:10:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
6.3
IMDB: 6.3/10 253,970 votes
movie

The Mummy Returns (2001)

2001
Friend (2001) 7.4
Friend (2001) ဂျွန်ဆုတ် ,ဒုန်ဆု ,ဂျန်ဟို နဲ့ ဆန်တစ် တို့ ဟာ ငယ်စဉ်ကတည်းက အတူဆော့ကစားခဲ့တဲ့ ငယ်သူငယ်ချင်းတွေပါ... သူတို့ထဲမှာမှ ဂျွန်ဆုတ်နဲ့ ဒုန်ဆုတို့ ဟာ ကျောင်းမှာ ကလန်ကဆန်လူဆိုးလေးတွေဖြစ်တာကြောင့် ကျောင်းထုတ်ခံလိုက်ရပါတယ်... နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာတော့ ကျန်တဲ့သူငယ်ချင်း နှစ်ယောက်ဟာ တက္ကသိုလ်အသီးသီးဆက်တက်ခဲ့ကြပေမယ့်....ဂျွန်ဆုတ်ကတော့ အိမ်ထောင်ကျသွားပြီး ဒုန်ဆုကတော့ လူဆိုးဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်လာပါတယ်.... ကျန်တဲ့သူငယ်ချင်းနှစ်ဦးနဲ့ ပြန်လည်တွေ့ဆုံခဲ့ပေမယ့် ဒုန်ဆုနဲ့ သိပ်အစေးမကပ်တော့ပါဘူး... ဒါကြောင့် ကျန်သူငယ်ချင်းသုံးဦးသာ အတူတွဲနေမိကြတာပေါ့.. ဖြစ်ချင်တော့ ဒုန်ဆု ဦးစီးတဲ့ ဂိုဏ်းဟာ ဂျွန်ဆုတ်အဖေတို့ ဂိုဏ်းနဲ့ ရန်ဘက်ဂိုဏ်းဖြစ်တာမို့ သူငယ်ချင်းနှစ်ဦးကြား အထင်လွဲမှားမှုတွေစတင်လာခဲ့ပါတယ်.... ဂျွန်ဆုတ်ကလည်း သူတို့ ဂိုဏ်းခေါင်းဆောင်ကို ဒုန်ဆုက လုပ်ကြံဖို့ကြိုးစားခဲ့တယ်လို့ သံသယဝင်ခဲ့ပြီး...ကျန်တဲ့ဂိုဏ်းသားတွေကလည်း ဒုန်ဆုကို ပြန်လည်လုပ်ကြံဖို့ ကြိုးစားလာတဲ့ အခါမှာတော့.... CMကမကြာခင်တင်ဆက်ထားတဲ့ Friend 2 ရဲ့ ရှေ့ကားဖြစ်ပါတယ်.... ဂိုဏ်းစတားကားတွေထဲမှာ အတော်လန်းတဲ့ ဇာတ်ကားလေးဖြစ်တဲ့ အပြင် ဒုန်ဆုအဖြစ် ဒါရိုက်တာရင်က သရုပ်ဆောင်ထားတာကြောင့် လက်လွတ်မခံဘဲကြည့်သင့်ပါကြောင်း   File Size : (950 ...
7.4
IMDB: 7.4/10 4,112 votes
movie

Friend (2001)

2001
A.I. Artificial Intelligence(2001) 7.1
A.I. Artificial Intelligence(2001) A.I. Artificial Intelligence(2001) IMDb....7.1,,,,Rotten....73 ဒါရိုက်တာ Steven Spielberg ဆိုတာနဲ့ ခင်ဗျားတို့ ဒီကားကိုနည်းနည်းတော့စိတ်ဝင်စားသွားမယ်ထင်တယ်....ဒီကားရိုက်တော့ သူကိုယ်တိုင်လည်း အော်စကာစကာတင်အဆင့်ပါခဲ့တယ်...ကျွန်တော်တို့တွေဟာ ရုပ်ရှင်ကြည့်သက်ရင့်လာတာနဲ့အမျှ ဇာတ်ကားကြည့်တဲ့နေရာမှာ တစ်ကားလုံးမဟုတ်တောင်  အနည်းငယ်တော့မှန်းဆနိုင်ပါတယ်...ဒါပေမယ့် ဒီကားကိုကြည့်မိရင် ခင်ဗျားတို့ ထင်ထားတာတခြားစီဖြစ်သွားနိုင်တယ်..ဘာလို့ဆို ၁၀မိနစ်လောက်စထားတဲ့ plotတစ်ခုဟာ နောက်တစ်နေရာရောက်တော့ ခင်ဗျားတို့လုံးဝထင်မထားတဲ့ရှုထောင့်တစ်ခုကိုချိုးကွေ့လိုက်တယ်.....အချိုးအကွေ့ပေါင်းများစွာနဲ့ဒီကားကိုတည်ဆောက်ထားတယ်...ဒါကြောင့်လည်း Steven Spielberg ဟေ့ဆိုပြီးနာမည်ကြီးတာနေမယ်...ပြီးတော့ကျွန်တော်ပဲ စဉ်းစားဥာဏ်နဲ့ရေးသားမှုပိုင်းညံလေသလားမသိ ဒီကားကိုအညွှန်းဘယ်လိုရေးရမှန်းမသိဘူး...ကောင်းလားလို့မေးရင်တော့ ပြန်ဖြေလို့ရတယ်....ကျွန်တော်တို့တွေလေထဲကအောက်ဆီဂျင်ကိုရှူကြတယ် တစ်ယောက်ယောက်က လေဘယ်မှာလဲပြဆိုရင် လက်ဆုပ်လက်ကိုင်ပြလို့မရဘူး ဒီတော့လေမရှိဘူးလားဆိုတော့မဟုတ်ပြန်ဘူး လေဟာနေရာတိုင်းမှာရှိတယ်...ဒီလိုပဲ ဒီကားရဲ့ကောင်းကွက်ကဘာလဲ ဘယ်နေရာဘယ်အပိုင်းကကောင်းတာလဲ music ပိုင်းလား plotပိုင်းလား သရုပ်ဆောင်ပိုင်းလား နည်းပညာပိုင်းလား..ဆိုတော့ လေရှိလားဆိုတဲ့မေးခွန်းကိုဖြေသလိုပြန်တုန့်ပြန်ရမယ်ထင်တယ်....အယ် ဒေါင်းမဲ့သူတွေအတွက် ဆင်ခြင်လို့ရအောင်ပြောလို့ရတာတော့တော့ရှိတယ် ..အမိုက်စားအက်ရှင်ခန်းတွေ ...ဘီကီနီဝတ်အလှအပတွေ....၁၅၀၀ဖွဲ့ romantic ဆန်အကွက်တွေ မပါဘူး... File Size…(900MB) and (428MB) Quality…BluRay 720p Format…mp4 Duration…02:26:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest Abe
7.1
IMDB: 7.1/10 258,741 votes
movie

A.I. Artificial Intelligence(2001)

2001
Jeepers Creepers (2001) 6.1
Jeepers Creepers (2001) Jeeper Creeper ဇတ်​ကားဟာဆိုရင်​ 2001ခုနှစ်​ကထွက်​ရှိခဲ့တဲ့ အ​မေရိကန်​Horrorဇာတ်​​ကား​ကောင်းတစ်​ကားဖြစ်​ပါတယ်​။ 2001ခုနှစ်​ကထွက်​ရှိခဲ့တယ်​ဆို​ပေမယ့်​ တကယ့်ကို Horror ဆန်ပြီး ကြည့်ရှုသူတွေကို စိတ်လှုပ်ရှားမှုရသအပြည့်ပေးနိုင်တာကြောင့် အောင်​မြင်​လူကြိုက်​များခဲ့လို့ အပိုင်း2နဲ့အပိုင်3းကို ဆက်​လက်​ရိုက်​ကူးခဲ့ပါတယ်​။ 1938မှာ​ကျော်​ကြားခဲ့တဲ့ Jeeper Creeperသီချင်းကို ယူပြီးဇာတ်​ကားထဲမှာ ရိုက်​ကူးခဲ့ပါတယ်​။ Horrorကား​တွေကြိုက်​တဲ့ ပရိတ်​သတ်​​တွေ​တော့တကယ်ကိုကြည့်​သင့်​ဇာတ်​လမ်း​ကောင်းပါ။ Jeeper Creeper ဆိုတဲ့ သတ္တ၀ါကြီးဟာ နှစ်အပိုင်းအခြားတစ်ခုရောက်တိုင်း လူလောကကိုလာပြီး လူတွေကိုသတ်ဖြတ်စားသောက်တဲ့ သတ္တ၀ါကြီးတစ်ကောင်ပါ။ သူဘယ်သူလဲဆိုတာသေချာမသိရသလို သတ်ဖြတ်စားသောက်တယ်ဆိုတာလည်း သူ့ကိုယ်သူပြန်လည်လာရောက်တည်ဆောက်တဲ့သဘောပါ။ သတ်တဲ့အခါမှာလည်း တွေ့သမျှ လူတိုင်းကို သတ်လေ့မရှိဘဲ လူတွေရဲ့အကြောက်တရားကိုအခြေခံထားပြီး သတ်လေ့ရှိတာပါ။ ဇာတ်ဝင်ခန်းတွေက တကယ်ကိုအသက်ပါပြီး ရင်တထိတ်ထိတ်ကြည့်ရမှာမို့လို့ Horror ပရိသတ်တွေသေချာပေါက် ကြိုက်ကြမှာပါ။ အားပေးကြလွန်းလို့ နောက်ထပ် ၂ကားပါဆက်ရိုက်ထားတဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့…….. ​နွေရာသီအားလပ်​ရက်​​တွေမှာ ဒယ်​ရီနဲ့သရစ်​ရှာ​တို့​မောင်​နှမနှစ်​​ယောက်​ဟာ အိမ်​ကိုပြန်​လာခဲ့ကြပါတယ်​။ လမ်းမှာ ကားတစ်​စီးနဲ့တိုက်​မိမလိုဖြစ်​ပြီး အဲ့ကား​ကိုမောင်းတဲ့သူက လမ်းမကြီး​​ဘေးမှာရှိတဲ့ ဘုရား​ကျောင်းအိုကြီးထဲကို ပိုက်​လုံး​တွေထဲက​နေ လူ​သေအ​လောင်းကိုပစ်​ချ​နေတာ​တွေ့လိုက်​ကြတယ်​။ အဲ့မှာ သူတို့​မောင်​နှမ နှစ်​​ယောက်​ကစိတ်​ဝင်စားပြီးသွားကြည့်​တဲ့အခါမှာ​တော့ လူ​သေအ​လောင်း​တွေကိုတစ်​​ယောက်​နဲ့တစ်​​ယောက်​သီပြီးဘုရား​ကျောင်းနံရံ​တွေမှာချုပ်​ထားတာ​တွေ့လိုက်​ရပါတယ်​။ အဲ့မှာတင်​ပဲ ​မောင်​နှမနှစ်​​ယောက်​ဟာ အနီးဆုံးမှာရှိတဲ့လမ်း​ဘေးစား​သောက်​ဆိုင်​ကို​သွားပြီးရဲစခန်းကိုဖုန်းဆက်​အ​ကြောင်းကြားခဲ့ပါတယ်​။ အဲ့မှာအမျိုးသမီးတစ်​​ယောက်​ရဲ့ဖုန်းဝင်​လာပြီး၊ ...
6.1
IMDB: 6.1/10 96,317 votes
movie

Jeepers Creepers (2001)

2001
The Others (2001) 7.6
The Others (2001) "The others" ရုပ်ရှင်ဟာ 2001ခုနှစ်မှာစတင်ဖြန့်ချိခဲ့တဲ့ အမေရိကန်-ပြင်သစ်သဘာဝလွန်သည်းထိတ်ရင်ဖိုဇာတ်ကား ဖြစ်ပါတယ်။ IMDBအနေနဲ့ 7.6/10ကိုရယူထားပြီး Rotten Tomatoကတော့80%ပါ။ ဒါရိုက်တာဖြစ်သူ Alejandro Amenabarကရိုက်ကူးထားပြီး အဓိကဇာတ်ကောင်တွေအဖြစ် Nicole Kidman Fionnula Flanagan Christopher Eccleston Elaine Cassidy Eric Sykes Alakina Mann James Bentleyစတဲ့သူတွေက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားရဲ့ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ 17မီလီယံဖြစ်ပြီး ရုံတင်ဝင်ငွေက 209.9မီလီယံဒေါ်လာဖြစ်ပါတယ်။ အမေရိကန်နဲ့ ကနေဒါမှားတင်ရုံတင်တဲ့ပထမအပတ်မှာတင် 14မီလီယံဒေါ်လာကိုရရှိခဲ့ပြီး ရုံတင်ဝင်ငွေအများဆုံးနံပါတ်4နေရာမှာ နောက်ထပ်သုံးပတ်တိတိရပ်တည်ခဲ့ပါတယ်။ ဒါ့အပြင် Goya Award for Best Film Goya Award for Best Director Goya Award for Best Original Screenplay Goya Award for Best Sound Goya Award for Best Art Direction Goya Award for Best Editing Goya Award for ...
7.6
IMDB: 7.6/10 291,321 votes
movie

The Others (2001)

2001
Behind Enemy Lines (2001) 6.4
Behind Enemy Lines (2001) အရမ်းကြိုက်ပြီး ခဏခဏပြန်ကြည့်မိတဲ့ဇာတ်ကားမို့ CM ပရိသတ်အတွက် တင်ပေးလိုက်ပါတယ်။ ဒီကားက IMDb  Rating 6.4 ရထားပြီး Box office မှာ 92 million ၀င်ခဲ့ပြီး အဲဒီအချိန်က ဟယ်ရီပေါ်တာရဲ့မှော်ကျောက်တုံးဇာတ်ကားပြီးရင် ဒီကားက လူကြည့်အများဆုံးဒုတိယနေရာကိုယူခဲ့ပါတယ်။ ဆုအနေနဲ့ကတော့ World Stunt award-2002 မှာ Best Aerial Award ဆုရခဲ့ပါတယ်။ ဒီဇာတ်လမ်းလေးက တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး ရိုက်ထားတာပါ။ ၁၉၉၅ ခုနှစ် ဘော့စနီးယားမှာလေယာဉ်ပစ်ချခံခဲ့ရပြီး ၆ ရက်တာ ရန်သူ့နယ်မြေမှာပြေးလွှားခဲ့ရတဲ့ အမေရိကန်ပိုင်းလော့ဒ်တစ်ဦးအကြောင်းပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ၁၉၉၅ မှာ ဘော့စနီးယားမှာပြည်တွင်းစစ်ပွဲတွေဖြစ်ပွားနေခဲ့ပါတယ်။ ဒီစစ်မီးငြိမ်းဖို့ နေရာတကာပါတဲ့ NATO တပ်ဖွဲ့ကလည်း ပါလာရပါပြီ။ စစ်ပြေငြိမ်းရေးသဘောတူညီချက်တွေ ချုပ်ဆိုပြီးလို့ NATO တပ်တွေလည်း ဆုတ်ခွာခါနီးနေပါပြီ။ NATO အဖွဲ့ဝင်ဖြစ်တဲ့ အမေရိကန် Navy ကလည်းလေယာဉ်တင်သင်္ဘောတွေနဲ့ ပင်လယ်ပြင်က စောင့်ကြည့်နေပါတယ်။ သူတို့ရဲ့တာဝန်ကတော့ ဘော့စနီးယားပေါ်ကို သတ်မှတ်ထားတဲ့လမ်းကြောင်းကနေ ...
6.4
IMDB: 6.4/10 90,501 votes
movie

Behind Enemy Lines (2001)

2001
My Wife Is a Gangster (2001) 6.5
My Wife Is a Gangster (2001) IMDb Rating (6.5) ထိ ရရှိထားတဲ့ ဒီဇာတ်ကားဟာ ကိုရီးယားဇာတ်ကားတွေထဲမှာ Taste တစ်မျိုးကို ပေးထားနိုင်ခဲ့တဲ့ နာမည်ကြီးဇာတ်ကားပါ။ နာမည်ကြီး လူကြိုက်များခဲ့လို့ နောက်ထပ်အဆက်ဇာတ်ကားတွေ ထွက်ခဲ့တဲ့အထိပါပဲ။ မင်းသမီး Eun-Kyung Shin ရဲ့ မှင်သေသေ သရုပ်ဆောင်ချက်တွေ Action တွေက ရသတစ်မျိုးနဲ့ ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဂိုဏ်းစတားအဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်ဖြစ်နေတဲ့ ဂျစ်ကန်ကန်ကောင်မလေးတစ်ယောက် အိမ်ထောင်ပြုရတော့မယ့်ဆိုတဲ့အခါ.....။ Action, Romance, Comedy အမျိုးအစားဖြစ်ပြီး ခံစားအားပေးကြည့်ပါဦး။ My Wife is a Gangster ဇာတ်ကားတွေကို  မှာရှာပါ။   File Size...(850MB) and (360MB) Quality...DVD-Rip Format...mp4 Duration...01:47:00 Subtitle...Myanmar Subtitle(Hardsub) Encoder...Nyeinsaeya Aung Translated by Missy Win    
6.5
IMDB: 6.5/10 2,750 votes
movie

My Wife Is a Gangster (2001)

2001
DVD-Rip 720p
Not Another Teen Movie (2001) 5.7
Not Another Teen Movie (2001) ကဲအားလုံးပဲစောင့်မျှော်နေကြတဲ့ChrisEvansပါဝင်သရုပ်ဆောင်ထားတဲ့အမေရိကန်ကျောင်းသားဟာသကားအမြူးလေးပါ။ ၂၀၀၀ခုနှစ်ကထွက်ရှိခဲ့ပြီးBoxOffice 66.5သန်းရရှိခဲ့ပါတယ်။ American Pieကားတွေလိုမျိုးကျောင်းသားလူငယ်ဟာသကားဆိုတဲ့အတိုင်း၁၈++လေးတွေပါဝင်တယ်။ ရယ်လည်းရယ်ရတယ်ပေါ့နော်။ဇာတ်လမ်းလေးကတော့ ဂျွန်ဟူးဆိုတဲ့အထက်တန်းကျောင်းလေးမှာအခြေတည်ထားတာပါ။ ကျောင်းမှာနာမည်ကြီးCheerleaderဖြစ်တဲ့ပရစ်ဆယ်လာနဲ့တွဲနေတဲ့ကျောင်းနာမည်ကြီးဘောလုံးကစားသမားဖြစ်တဲ့ ဂျိတ်ခ်ဝိုင်လာ(ChrisEvans)တယောက်ရုတ်တရတ်အခြားအူကြောင်ကြောင်ကျောင်းသားတယောက်ကြောင့်ရည်းစားဖြတ်တာခံလိုက်ရပါတယ်။ အဲဒါနဲ့ဂျိတ်ခ်ရဲ့သူငယ်ချင်းတယောက်ဖြစ်သူကကျောင်းမှာရိုးအအလူရာသိပ်မသွင်းတဲ့ကျောင်းသူတယောက်ကိုQueenဖြစ်အောင်လုပ်ပေးဖို့လောင်းကြေးထပ်ပါတယ်။ အဲဒီကစပြီးဂျိတ်တယောက်ဂျေနီဘရစ်ဆိုတဲ့ကောင်မလေးနဲ့နီးစပ်ဖို့အမျိုးမျိုးကြံပါတော့တယ်။ သို့ပေမယ့်ကြားထဲမှာသူ့ကိုဇွတ်ကြိုက်ချင်နေတဲ့အစ်မဖြစ်သူကတ်သရင်းရော၊ဂျေနီရဲ့လူမသိသူမသိအချစ်ဆုံးသူငယ်ချင်းရစ်ကီလစ်မန်းရော၊ သူ့ရဲ့အတိတ်ကဘောလုံးပွဲအတိတ်ဆိုးတွေကပါအနှောင့်အယှက်ပေးနေခဲ့တာကြုံနေရပါတယ်။ အစ်မဖြစ်သူကတ်သရင်းကတော့သူ့မောင်ကိုတဖြေးဖြေးကူညီပေးရင်းဂျေနီကိုပုံစံလုံးဝပြောင်းပေးပြီးအလန်းလေးလုပ်ပေးလိုက်ပါတယ်။ ဒီကြားထဲဂျေနီရဲ့မောင်လေးမစ်ခ်ျနဲ့သူ့သူငယ်ချင်းတွေရဲ့ပေါက်ကရလုပ်တာတွေဟာသတွေအမေရိကန်ကျောင်းသား ဟာသကားတွေရဲ့ထုံးစံတွေလိုပေါက်ကရတွေလုပ်တာတွေ[(၁၈+)တွေလည်းပါတာပေါ့နော်] လူငယ်ဆန်ဆန်ပုံစံတွေကိုလည်းတွေ့ရမှာပါ။ကြည့်ရတာတန်စေမှာဖြစ်ပြီညအေးဆေးအချိန်ထိုင်ခွီလိုက်ရအောင်ဗျာ။ဇာတ်ကားကတော့စစချင်းကိုခွီရမှာငိငိ။ ဆိုတော့နောက်ပိုင်းကျွန်တော်တို့ဇာတ်လိုက်ကြီးChirsEvanဘယ်လိုအခွီတွေနဲ့ရှေ့ဆက်မလဲဆိုတာတော့ဇာတ်ကားကိုအဆုံးထိကြည့်လိုက်ရအောင်ဗျာ (အဆုံးသတ်မှာပါသေးတယ်နော်)။ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့  Fridays ပဲဖြစ်ပါတယ်) File Size : 750 MB/300MB Quality : Bluray 720P Running Time : 1hr 29minutes Format : Mp4 Genre : Comedy,Adult Translator : Fridays Encoder :Thanhtike Zaw   Download From Yoteshin link    Download Here Bluray 72op (750 MB) CM  Link   Download Here Bluray 720p (750 MB) Openload Link   Download Small File Size 360p (300 MB) CM Link   Download Small File Size 360p (300 MB) Openload Link  
5.7
IMDB: 5.7/10 83,034 votes
movie

Not Another Teen Movie (2001)

2001
Kiss of the Dragon (2001) 6.6
Kiss of the Dragon (2001) 2001 ခုနှစ်ကထွက်ခဲ့ပြီး IMDb မှာ 6.6 ရထားတဲ့ ကွန်ဖူးမင်းသားကြီးဂျက်လီရဲ့ အက်ရှင်ဇာတ်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းကို ဂျက်လီ က ကိုယ်တိုင် ရေးသားထားတဲ့ ဇာတ်ညွန်းနဲ့ ကိုယ်တိုင်သရုပ်ဆောင်ပြီး ပြင်သစ် ပါရီမြို့မှာ သွားရောက်ရိုက်ကူးထားတာဖြစ်ပါတယ်ဗျ ဇာတ်လမ်း အကျဉ်းလေးကတော့ Lui Jian ဟာတရုတ်ရဲတပ်ဖွဲ့က အရာရှိတစ်ယောက်ဖြစ်ပြီး ပြင်သစ်က မူးယစ်ဆေးဂိုဏ်းနဲ့ ချိတ်ဆက်နေတဲ့ တရုတ်မူးယစ်ဆေးဂိုဏ်းရာဇာကို ဖမ်းဆီးဖို့ လိုက်လံစုံစမ်းရင်း ပါရီမြို့ကို ရောက်ရှိလာပါတယ် ဒီလိုနဲ့ Jian ဟာ ပြင်သစ်က အချိတ်အဆက်ကိုစုံစမ်း ရင်း ပြည့်တန်ဆာမလေး Jassica နဲ့ တွေ့ဆုံမိပါတယ် Jassica ရဲ့ ဂေါင်း Richard ဟာ Jassica ကို သူ့သမီးနဲ့အပိုင်ခြိမ်း ခြောက်ထားတာဖြစ်ပြီး Richard ကိုယ်တိုင်က ဖာဂေါင်းသာမကပဲ မူးယစ်ဂိုဏ်းရဲ့ ဂျိတ်တခု ဖြစ်နေတဲ့အခါမှာတော့....................။ ဒီဇာတ်ကားကိုဘာသာပြန်ပေးခဲ့တာကလည် ကိုကွန်ပိုက် ပါပဲခင်ဗျ Download Large File Download Small File
6.6
IMDB: 6.6/10 54,302 votes
movie

Kiss of the Dragon (2001)

2001
Mulholland Drive (2001) 8.0
Mulholland Drive (2001) “Mulholland Drive” (2001) ~~~ ~~~ ~~~ ~~~ ~~~ ~~~ Hollywood က ငွေရောင်ပိတ်ကားတွေထက်မှာ အထင်ပေါ်ဆုံးသူဖြစ်ဖို့၊ အကျော်ကြားဆုံးနဲ့ အရည်အချင်းအရှိဆုံး မင်းသမီးအဖြစ် လူတွေဝိုင်းရံနေတဲ့ ကော်ဇောနီတွေပေါ်မှာ လျှောက်လှမ်းနိုင်ဖို့။ ဒါတွေက အိမ်နဲ့ဝေးရာ California က ရုပ်ရှင်ကမ္ဘာကို အရောက်လာခဲ့တဲ့ Betty Elms ရဲ့ စိတ်ကူးအိပ်မက်တွေပဲ။ City of Angels လို့ သမုတ်ကြတဲ့ဒီမြို့တော်က သူ့အဒေါ်ရဲ့နေအိမ်ကို Betty ရောက်တဲ့အချိန်မှာ၊ သူမမျှော်လင့်ထားတဲ့ အံ့သြစရာတစ်ခုက အဆင်သင့်စောင့်ကြိုနေတယ်။ အဲဒါကတော့၊ အိမ်ထဲမှာ ကြိုရောက်နေတဲ့၊ အတိတ်မေ့နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံရတာပဲ။ သူ့ရဲ့အဒေါ်နဲ့လဲ ဆက်စပ်မှုမရှိ၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုလဲ မေးမရပေမယ့်၊ ရှင်းပြလို့မရနိုင်တဲ့ ခံစားချက်တစ်ခုကြောင့်၊ Rita လို့ သူ့ကိုယ်သူ နာမည်ပေးထားတဲ့ ဒီကောင်မလေး ဘယ်သူဆိုတာကို သိရအောင်ကူညီပေးဖို့ Betty ဆုံးဖြတ်လိုက်တယ်။ သူစိတ်ဝင်စားနေတဲ့ ရုပ်ရှင်ဇာတ်ရုပ်တစ်ခုမှာ သရုပ်ဆောင်ရမယ့် ...
8.0
IMDB: 8.0/10 244,555 votes
movie

Mulholland Drive (2001)

2001

Genres

Like Us!