Channel Myanmar

2002

A Walk to Remember(2002) 7.4
A Walk to Remember(2002) A Walk to Remember(2002) IMDb....7.4 “A Walk to Remember” သို့ ပြန်တမ်းတခြင်း …။ မြန်မာပရိသတ်တွေအနေနဲ့ Nicholas Sparks ကို သိချင်မှသိမှာပေမယ့်၊ romance ကြိုက်သူတိုင်းရဲ့ playlist ထဲမှာ မပါမဖြစ်တဲ့ The Notebook, The Lucky One, Dear John, The best of me စတဲ့ ဇာတ်ကားတွေဟာ သူ့ရဲ့ဝတ္ထုတွေကို ပြန်အသက်သွင်းထားတာပါ။ အခု A Walk to Remember ဟာ ဒီကားတွေထက် စောပြီး 2002 ခုနှစ်ထဲက ထွက်ရှိခဲ့တာဖြစ်ပါတယ်။ အချစ်ဆိုတာ ဘယ်လိုမျိုးလဲ.. အချစ်က ကျွန်တော်တို့အတွက် ဘယ်လောက်အရေးပါလဲ။ တစ်နည်းအားဖြင့် အချစ်ကို ကျွန်တော်တို့ ဘယ်လိုသတ်မှတ်ကြလဲ။ Beauford ဆိုတဲ့ သိပ်လှတဲ့ ကမ်းနားမြို့လေးက ဇာတ်လမ်းတစ်ပုဒ်...။ အဖေက သူတို့ကိုပစ်ပြီး နောက်မိန်းမယူသွားလို့ လောကကြီးကို အရွဲ့တိုက်ဆိုးပေနေတဲ့…၊ မျှော်လင့်ချက်၊ ယုံကြည်ချက်၊ ပန်းတိုင်၊ မေတ္တာ ...
7.4
IMDB: 7.4/10 179,522 votes
movie

A Walk to Remember(2002)

2002
The Pianist(2002) 8.5
The Pianist(2002)  'The pianist(2002) IMDb...8.5.,,,,,Rotten......95 ဒီဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာဖြစ်ပျက်ခဲ့တဲ့ စန္ဒယားဆရာတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ.. .ဆိုးယုတ်မှုဆိုတာ နေရာတိုင်းမှာရှိတဲ့ဆိုပေမယ့် နာဇီတို့ ဂျူးတွေကို သတ်ခဲ့တဲ့ အကြောင်းကတော့ ကမ္ဘာသမိုင်းမှာ အထင်ရှားဆုံး ဆိုးယုတ်မှုပါပဲ... စန္ဒယားဆရာဟာ ဂျူးတစ်ယောက်..သူတို့ ဂျူးမိသားစုဟာ စစ်အတွင်း အသက်ရှင်သန်ဖို့အရေးရုန်းကန်မှုတွေကို ရိုက်ပြထားတာပါ.. . စန္ဒယားဆရာဟာ သူရဲကောင်းလည်းမဟုတ် အာဏာဖီဆန်ပြီး ပုန်ကန်သူလည်းမဟုတ်ပါဘူး.. အသက်ရှင်သန်ဖို့အရေး  သူတတ်နိုင်သမျှ ဥာဏ်စွမ်း ပညာစွမ်းနဲ့ အသည်းအသန်ပြေးလွှားနေရတဲ့ သာမန်လူတစ်ယောက်ပါပဲ.. သူတတ်စွမ်းတဲ့ စန္ဒယားလက်သံလေးဟာ သူ့ရဲ့အသက်ကိုကယ်သွားပါတယ်... .ဒီကားက ကိုယ်တိုင်ရေးအတ္ထုပတ္တိကို မှီငြိမ်းရိုက်ကူးထားတာပါ... အရှိအတိုင်းကို သရုပ်ဖော်တဲ့ကားတွေထဲမှာ လက်ရာအမြောက်ဆုံးဇာတ်ကားဆိုပြီးချီးကျူးခံရတဲ့ကားပါ.. .ဒီကားဟာ ဒါရိုက်တာ၊သရုပ်ဆောင်နဲ့ ဇာတ်ညွှန်းဆု ဆိုပြီး အော်စကာ (၃)ဆုတာင်ရရှိထားပါတယ်.. ..ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ariel ဖြစ်ပါတယ်... File Size : (850 MB) and (386 MB) Quality : Blu-Ray 720p Format…mp4 Duration…02:30:00 Genre :  Biography, Drama, Music Subtitle : Myanmar Subtitle (Hard Sub) Translated  Ariel Encoded by Phyo Pyae 
8.5
IMDB: 8.5/10 583,384 votes
movie

The Pianist(2002)

2002
S1m0ne 6.1
S1m0ne လွန်ခဲ့တဲ့ ၁၀ နှစ် ၀န်းကျင်ခန့်က မြန်မာစာတန်းထိုးတွေ ခေတ်မစားခင် Simone ဆိုတဲ့ ရုပ်ရှင်ကားကို E လို မတက်တစ်ခေါက်လေးနဲ့ ကြည့်ခဲ့ရတယ် အတော်လေးကို  သဘောကျခဲ့တာ အဲ့ဒါပြီးပြန်တော့ 5 Movie စပေါ်တဲ့အချိန် Simone ကို မြန်မာစာတန်းထိုးနဲ့ အနှစ်အရသာအပြည့် ပြန်ကြည့်ခဲ့ရပြန်တယ်... ဒီလိုနဲ့ ပြီးခဲ့တဲ့ နှစ်က ကျနော် ဒီ ရုပ်ရှင်ကားကိုတော့ဖြင့် CM မှာ  တင်မယ်ပေါ့ ဆိုပြီး စိတ်ကူးတယ် အလုပ်တွေလဲ ရှုပ်ရင်းနဲ့ ထပ်မေ့သွားတယ်... အခုတော့ အကြောင်းတိုက်ဆိုင်စွာ သေချာ ဘာသာပြန်ပြီး တင်ပေးမယ်ဆိုပြီး Online မှာ English စာဖိုင်ကို လိုက်ရှာရင်း မြန်မာတစ်ယောက် ဘာသာပြန်ထားတဲ့ Simone ကို ရေကန်အသင့်ကြာအသင့် ရှာတွေ့ခဲ့ပြီး ဘာသာပြန်လဲ ကောင်းမွန်တဲ့အတွက် ပိုင်ရှင်ကို Facebook မှာ လိုက်ရှာပြီး ခွင့်တောင်း CM ကနေ ပြန်လည်တင်ဆက်လိုက်ပါတယ်... ဒီဇတ်လမ်းလေးရဲ့ အကြောင်းကို နည်းနည်းပြောပြချင်ပါတယ်... ဗစ်တာထရန်စကီး ဆိုတဲ့ ရုပ်ရှင်ဒါရိုက်တာကြီးဟာ သူအရမ်းဖီးလ်ဖြစ်တဲ့ ဇတ်လမ်းတစ်ခုကို ရိုက်ဖို့ ပြင်ဆင်နေပါတယ် အဲ့ ရုပ်ရှင်ကား ရဲ့ အရှေ့မှာ ရိုက်ခဲ့သမျှ ဟာလဲ အရှုံးပေါ်ခဲ့ပြီးသားပါ ပြောရရင်တော့ ဒေ၀ါလီ ...
6.1
IMDB: 6.1/10 54,548 votes
movie

S1m0ne

2002
The Sum of All Fears(2002) 6.4
The Sum of All Fears(2002) The Sum of All Fears(2002) IMDb......6.4 ဒီကားမှာပါဝင်သရုပ်ဆောင်ထားတာက Ben Affleck, Morgan FreeYman, တို့ဆိုပေမယ့် imdb အနေအထားအရ အားမရချင်သလိုဖြစ်မိတော့ စိတ်မပါသလိုကြည့်မိတယ်.... သို့သော် ကျွန်တော့် အထင်အနဲ့အမြင် ဟာ ၁၀ မိနစ်တောင်မခံပါဘူး ..ကားက စကထဲက စိတ်ဝင်စားစရာတွေဆွဲခေါ်သွားတယ်... .ဒီကားထဲမှာ morgan freeman က စီအိုင်အေဒါရိုက်တာ...Ben Affleck က သမိုင်းပညာရှင်.... တစ်နေ့ ရုရှားသမ္မတ ရုတ်တရက်ဆုံးသွားတော့ သမ္မတသစ်တက်လာတယ်.... အမေရိကန်သမ္မတက ရုရှားသမ္မတသစ်တက်တယ်ဆိုတော့ သမ္မတသစ်ရဲ့အခြေအနေကို သိလိုတယ်...ဒါကြောင့် စီအိုင်အေဒါရိုက်တာက ရုရှားကိုသွားတယ် ...သွားတဲ့နေရာမှာ ရုရှားခရီးစဉ်အဆင်ပြေစေဖို့ နောက်တက်မယ့် ရုရှာ သမ္မတအကြောင်းရေးသားတာမှန်နေတဲ့ စာရေးဆရာ Ben Affleckကိုခေါ်သွားတယ်.. ...သူတို့ခရီးစဉ်ကပြန်လာပြီး သိပ်မကြာဘူး အမေရိကန်မှာ မမျှော်လင့်ဘဲ နျူကလီးယားဗုံး တစ်လုံးမြို့တစ်မြို့မှာပေါက်သွားတယ်.... ..ကိုင်းဆက်ပြောရင် spoilerဖြစ်သွားမို့စိုးလို့ ခံစားကြည့်လိုက်ပါဦးလို့...သေချာတယ်ခင်ဗျားတို့ ဒီကားကြည့်ပြီးရင် IMDb...6.4ကို နည်းလိုက်တာလို့ ရေရွတ်မိမှာသေချာတယ်... File Size…(850MB) and (402MB) Quality…BluRay 720p Format…mp4 Duration…01:30:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by ...
6.4
IMDB: 6.4/10 91,902 votes
movie

The Sum of All Fears(2002)

2002
Phra Apai Mani (2002) 5.4
Phra Apai Mani (2002)   ငယ်ငယ်ကနားထောင်ခဲ့ရဖူးတဲ့ပုံပြင်လေးရှိတယ် မင်းသားလေးကို ဘီလူးမကမြင်မြင်ချင်းချစ်မိပြီး မစားရက်ပဲ ကလေးရတဲ့အထိပေါင်းသင်းနေထိုင်ခဲ့ကြတဲ့ ပုံပြင်လေးပါ့ ဒီဇတ်ကားမှာ မင်းသား၂ပါးကိုသူတို့ရဲ့ဖခမည်းတော်က တိုင်းပြည်ကနေအကြောင်းတစ်ခုကြောင့်နှင်ထုတ်လိုက်ပြီ မင်းသား၂ပါးဟာလည်းခြေရာတည့်ရာသွားရင်း အစ်ကိုဖြစ်သူဟာ သူ့ရဲ့လက်စွဲတော်ပုလွေကို မှုတ်လိုက်ချိန်မှာ ဘီလူးမဟာကြားမြင်ပြီး မြင်မြင်ချင်းချင်းပဲ ချစ်မိသွားပါတယ် ညီဖြစ်သူမှာလည်း ပုလွေသံကြောင့်အိပ်ပျော်သွားတယ် ဒီတော့ဘီလူးမဟာ အစ်ကိုဖြစ်သူကိုဖမ်းခေါ်သွားပြီးသူနဲ့အတူနေထိုင်စေတယ် ညီဖြစ်သူဟာလည်း ဘုရင်တစ်ပါးရဲ့အပါးမှာစစ်သူကြီးအဖြစ်နဲ့ခစားရပါတယ် ဒီလိုနဲ့အနှစ်နှစ်လ အလလကြာပြီးနောက် ဘီလူးမနဲ့အစ်ကိုဖြစ်သူဟာကလေးတစ်ယောက်ရလာပါလေရော ဘီလူးမလက်ထဲကနေသည်နေ့ထိတိုင်လွတ်ဖို့ကြိုးစားနေတဲ့အစ်ကို လွတ်အောင်ကြိုးစားပေးနေတဲ့ ရေသူမမိသားစုဟာလည်း ဘီလူးမရဲ့တန်ခိုးတွေကိုတော်လှန်နိုင်ပါ့မလား အစ်ကိုဖြစ်သူအသက်မှရှင်သေးရဲ့လားလို့ စစ်သူကြီးနှလုံးသားနဲ့ပူပင်သောကရောက်နေရတဲ့ညီဖြစ်သူ အစွမ်းထက်လွန်းတဲ့ဘီလူးမကိုဘယ်လိုတော်လှန်မလဲ ဘယ်လိုမျိုးပြန်ဆုံကြမလဲဆိုတာ ကြည့်ရှု့ခံစားကြပါဦး   Qty - DVD Rip Duration - 1hr 33min Gern -Fantasy/ Drama Translator - S0e La Yaung Encoder - Kyaw Ye Aung
5.4
IMDB: 5.4/10 48 votes
movie

Phra Apai Mani (2002)

2002
Lilo & Stitch (2002) 7.2
Lilo & Stitch (2002) စတစ်ခ်ျလို့ပြောလိုက်တာ နဲ့ ပြာတာတာ နဲ့ နားရွက်ကြီးကြီး ပြူးကြောင်ကြောင် ကောင်လေးကို အားလုံးမျက်စိထဲ ပြေးမြင်မိကြမှာပါ။ ဒီလောက် နှစ်ပေါင်းများစွာ ကြာခဲ့တာတောင် စတစ်ခ်ျ အရုပ်လေးတွေ စတစ်ခ်ျ အင်္ကျီလေးတွေက လူတွေကြားမှာ ရေပန်းစားနေဆဲပါပဲ။ ခု CM ပရိတ်သတ် ကြီးအတွက် ဒီ စတစ်ခ်ျကားလေးကို ပြန်လည် ခံစားလို့ရအောင် တစ်ဖန် ပြန်တင်ဆက်ပေးလိုက်ရပါတယ်ဗျာ။ အော်စကာဆန်ခါတင် ခဲ့ပြီး IMDB 7.2 ဆိုတော့က ဇာတ်လမ်း ဘာညာ အနေအထားကတော့ ပြောစရာ လိုမယ်လို့မထင်ပါဘူးဗျာ။ ဇာတ်လမ်း ကို အနည်းငယ် ပြန်မိတ်ဆက်ပေးရရင် လီလို ဆိုတာ ဟာဝေယံ ခလေးမလေးတစ်ဦးပါ ချစ်စရာ ဂျစ်ကန်ကန် လူဆိုးမလေးပေါ့ဗျာ။ တစ်ရက်တော့ သူက ခွေးတစ်ကောင် မွေးဖို့အတွက် သူ့အစ်မနဲ့ ညီအစ်မနှစ်ယောက်သား ခွေးထိန်းသိန်းရေးစခန်းကို သွားပါတယ်။အဲ့မှာ လီလို တစ်ယောက် ပြာတာတာ နဲ့ ရယ်စရာခွေးလေး ...
7.2
IMDB: 7.2/10 133,275 votes
movie

Lilo & Stitch (2002)

2002
The Way Home (2002) 7.9
The Way Home (2002)   " ပျင်းတိပျင်းခြောက်နဲ့ စိတ်ဝင်စာစရာကောင်းတယ့် အနုပညာဖန်တီးမှု " ချစ်စရာ ၊နားရင်းအုပ်ချင် စရိုက်နှစ်ခုကို သရုပ်ဆောင်ထားတယ့် ကလေးနဲ့ ပျင်းခြောက် ခြောက်ဇာတ်လမ်းကို တန်ဖိုးတစ်ခုရှိ အောင်ဖန်တီးခဲ့တယ့် ဒါရိုက်တာတို့ရိုက်ထားတယ့်ကားပါ။ တစ်ဇာတ်ကားက ဟိုအရင်ကထွက်ထားတယ့်ကားလေးကို ကြည့်စေချင်လို့ေ ရွှးချယ်ထားပါတယ်။ ၂၀၀၂ ကထွက်ရှိထားခဲ့တယ့် ကိုရီယား ဒရာမာ အမျိုးအစားကားလေးဖြစ်ပါတယ်။IMDb Rating 7.9 နဲ့ Rotten Tomatoes 75% ရှရှိထားပါတယ်။ Philadelphia Inquirer က Steavem Rea ကလဲ ၄ မှာ ၃.၅ပေးထားပါတယ်။ Rating ပိုင်းမှာတော်တော်မြင့်မြင့်တွေ ရရှိထားပါတယ်။ တစ်ကားလုံး ၈၇ မိနစ် ကြာပြီးတော့ ကိုရီယားနိုင်ငံရဲ့  အကောင်းဆုံးဇာတ်ကားတွေ ကို ထုတ်လုပ်ပေးတက်တယ့် သမိုင်းရှိတဲ့ CJ Entertainment ကထုတ်လုပ်ထားပါတယ်။ Box Office မှာ ကန်ဒေါ်လာ ၂၄၀ ကျော်ရရှိထားခဲ့ပါတယ်။ ဒါရိုက်တာ Lee Jeong-hyang ရိုက်ကူးထားပြီး Kim Eul-boon နဲ့ Yoo Seung-ho တို့သရုပ်ဆောင်ထားပါတယ်။ ဒီကလေးသရုပ်ဆောင်က အခု နာမည်ကြီးကိုရီးယားမင်းသားဖြစ်နေပါပြီ။ တော်တော်များများလဲသိပါလိမ့်မယ်။ ဒီဇတ်ကားက ကိုရီးယား Oscar လို ...
7.9
IMDB: 7.9/10 4,199 votes
movie

The Way Home (2002)

2002
City of God(2002) 8.7
City of God(2002) IMDb....8.7 Rotten......90% အော်စကာ....၄ဆု ဒီကားဇတ်လမ်းလေးအစမှကောင်လေး ၂ယောက်လမ်းလျှောက်လာတယ် တစ်ယောက်က ကင်မရာလေးတစ်လုံး လွယ်ထားတယ် သူတို့လမ်းလျှောက်ရင်းပြောတဲ့စကားတွေက ဓာတ်ပုံရိုက်ရင် အန္တရယ်များလို့ အသတ်ခံရနိုင်တဲ့ အကြောင်း တစ်ယောက်ကလည်း ဒါမှသူအလုပ်ရနိုင်တဲ့အကြောင်းအခြေအတင်ပြောလာကြတယ် အဲ့ဒီအချိန်မှာပဲ အဖွဲ့တစ်ဖွဲ့က ကြက်တစ်ကောင်ကိုသေနတ်နဲ့လိုက်ပစ်ဖမ်းနေတယ် ကောင်လေး ၂ယောက်ရှေ့မှာ ကြက်ကရောက်နေတော့ သေနတ်ကိုင်အဖွဲ့ရဲ့ခေါင်းဆောင်ကလှမ်းအမိန့်ပေးလိုက်တယ် ကြက်ကိုဖမ်းလိုက်စမ်းတဲ့ တစ်ချိန်ထဲမှာပဲ သေနတ်ကိုင်အဖွဲ့ကို ဖမ်းဖို့ ရဲအဖွဲ့က ကောင်လေး ၂ယောက်ရဲ့ နောက်မှာ ရောက်လာတယ်....လက်နက်ကိုင်၂ဖွဲ့ကြားမှ ကောင်လေး ၂ယောက် ........သူတို့ ၂ယောက်ဟာ ဘာလုပ်ရမှန်းမသိတဲ့ အနေအထား .......ကောင်လေးက သူတို့နယ်မြေရဲ့အကြောင်းကိုဆက်ပြောပြတယ် ကျွန်တော်တို့ဆီမှာ ပြေးရင်လည်း သူတို့ကလိုက်ဖမ်းမိမယ် ရပ်နေရင်လည်း သူတို့ကဖမ်းမှာပဲတဲ့........ ဒါကဇတ်လမ်းအစ....... လူတစ်ယောက်ဟာ ပတ်ဝန်းကျင်အနေအထားရဲ့လွှမ်းမိုးမှု အမှောင်ရိပ်ဟာ တစ်ချိန်လုံးလွှမ်းခြုံခံနေရရင် ရုန်းထွက်ဖို့ခက်ပါတယ် ဒီလိုအနေအထားမှာ အမှန်တရားဆိုတာဘာလဲ မေးခွန်းထုတ်နိုင်ဖို့ရယ် အဖြေရယ်ရှာဖို့ရာ အတော်ကိုမလွယ်ပါဘူး......ဘရာဇီးရဲ့ City of god မှာ ဒီလိုအဖြစ်အပျက်တွေပါ သေနတ်တွေအလွယ်တကူရတယ် ငွေရှာဖို့ လုတယ် မူးယစ်ဆေးရောင်းဝယ်ဖောက်ကားတယ် လူသတ်တတ်မှ ဆေးခြောက်ရှုတတ်မှ လူရာဝင်တဲ့နေရာမျိုး ....ကလေးငယ်တွေရဲ့ အနာဂတ်ဟာ အနက်ရောင်တွေ ထုံလွှမ်းနေတယ်.... နေရာစုံမယ် ကိစ္စဟူသမျှကို သေနတ်တရမ်းရမ်းနဲ့ဖြေရှင်းတယ်.....ကျွန်တော်ဟာ လူကောင်းတစ်ယောက်ပါဆိုတဲ့အသုံးအနှုန်းဟာ ဟာသဆန်နေတယ်... ဒီလိုပတ်ဝန်းကျင်မှာ ...
8.7
IMDB: 8.7/10 580,310 votes
movie

City of God(2002)

2002
Devdas (2002) 7.6
Devdas (2002)   တည်ငြိမ်နေတဲ့ ပတ်ဝန်းကျင်နဲ့ ထည်ဝါလွန်းတဲ့ အိမ်တော်ကြီး တစ်ခုမှာ ထူးထူးခြားခြား ဆူညံပွက်လောရိုက်လာတယ် ဘာကြောင့်လဲဆိုတော့ ဒေ့ဗ်ဒါးစ် ပြန်လာမယ်လို့ စာရေးလိုက်လို့ ဒေ့ဗ်ဒါးစ် ဆိုတာ ငယ်စဉ်ကတည်းက လန်ဒန်ကို ပညာသင်လွှတ်လိုက်တဲ့ ဒီအိမ်တော်ကြီးရဲ့ သခင်လေး သားကိုတွေ့ရတော့မှာမို့ ပျော်လွန်းလို့ မျက်ရည်ကျနေတဲ့ အမေ ဘာလုပ်လို့ ဘာကိုင်ရမသိဖြစ်နေတဲ့ အစေခံတွေ "ငါ့သားလေးကို ငါအရင်တွေ့ပါရစေ အားလုံး မျက်လုံးတွေ မှိတ်ထားပေးကြပါ " ============================================ "နင် လန်ဒန်ကို ရောက်နေတော့ ငါ့ကို သတိရလား တစ်ခါမှ မရပါဘူး ငါ့မှာတော့ အကြိမ်ပေါင်း ၂၈၅၀ လောက်စာတွေ ရေးခဲ့တယ် နင့်အတွက် ရည်စူးပြီး ထွန်းညှိထားတဲ့ ဆီမီးတိုင်က ၈၇၆၀၀ နာရီလောက်ကြာအောင် တောက်လောင်နေတာ နင့်ကို သတိရတဲ့ တစ်ချိန်တော့ ရှိပါတယ်ဟာ ငါ့ အသက်တစ်ကြိမ် ရှုလိုက်တိုင်းမှာပေါ့" ****************************************** အမေဖြစ်သူမှာ အရင်တွေ့ချင်ပေမယ့် မြင်တွေ့ခွှင့်မရပဲ ဘေးအိမ်က ပါရိုစီကို အပြေးသွားခဲ့လေသူ ဒေ့ဗ် သားဖြစ်သူရဲ့ ဦးစားပေးမှုကို လုယူုခံလိုက်ရလို့ ပါရိုကို သမီးတစ်ယောက်လို ချစ်ပေမယ့် အမုန်းကြီး မုန်းခဲ့တော့တယ် လူကြီးချင်း မည်မျှပင် ရင်းနှီးခဲ့ပေမယ့် ...
7.6
IMDB: 7.6/10 29,744 votes
movie

Devdas (2002)

2002
The Time Machine (2002) 5.9
The Time Machine (2002)       အချိန် ဆိုတာ လူတွေအတွက် အရေးပါတဲ့ အရာတစ်ခုပါ။လူတွေ အချိန်တွေကို ဖြတ်သန်းလာကျတယ်။ ကျော်ဖြတ်သွားကျတယ်။နောက်တစ်နေ့ရောက်တဲ့ အခါမှာ အရင်နေ့က အမှားတွေရဲ့ အကျိုးဆက်တွေ ရလာဒ်တွေကို ကြုံရတဲ့ အခါ ငါ အရင် အချိန်တွေကို ပြန်သွားလို့ရရင် ကောင်းမှာ ဆိုပြီး တွေးတက် ကျပါတယ်။အဲ့အတွေးတွေကနေ စပြီး Time Travel အချိန်ခရီးသွားခြင်း ဆိုတဲ့ စိတ်ကူးစိတ်သန်းတွေ ဖြစ်လာပါတယ်။နှစ်ပေါင်းများစွာ ခေတ်ပေါင်းများစွာ ဖြတ်သန်းပြီးတာတောင် ဒီနေ့အထိ လူတွေ စိတ်ကူးယဉ်နေကျဆဲ ပါပဲ။ H.G Wells ရဲ့ နာမည်ကျော် ၀တ္ထု ကို ပြန်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ဆိုရင်လည်း Time Travel အကြောင်းကို ရိုက်ကူးထားတာပါ။ပါမောက္ခ အလက်ဇန္ဒား ဟာဆိုရင် ထူးချွန်တဲ့ အလုပ်ကြိုးစားတက်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ပါ။သူ့ဘ၀ဟာအေးဆေး ဆိတ်ငြိမ်ပြီး သူ့ကျောင်းသားတွေ သူ့သုတေသနတွေ နဲ့ ပျော်မွေ့နေတက်သူပါ။သူဟာ မကြာခင်မှာသူချစ်ရတဲ့ ချစ်သူဖြစ်တဲ့ အမ်မာ ကို ...
5.9
IMDB: 5.9/10 107,624 votes
movie

The Time Machine (2002)

2002
Die Another Day 6.1
Die Another Day 007 ကားတွေဆို လူတိုင်းသိကြမှာပဲဖြစ်ပါတယ်.... ဒီကားကတော့ 007 မင်သား Pierce Brosnan ရဲ့စတုတ္တမြောက်နဲ့နောက်ဆုံးသရုပ်ဆောင်တဲ့ကားဖြစ်ပါတယ်... 007 ကားတွေဟာ လူတိုင်းရဲ့ရင်ဘတ်ထဲမှာရောက်ခဲ့သလို အားပေးမှု့အများဆုံးရရှိခဲ့တဲ့ Action ကားတွေဆိုလည်းမမှားပါဘူး....ဒီကားဟာ 007ကားတွေထဲမှာ အကောင်းဆုံးကားဖြစ်ခဲ့သလို ရေခဲပြင်မှာတိုက်ခိုက်တဲ့ခန်းတွေ လက်နက်ဆန်းတွေအမြဲအသုံးပြုနေကျဖြစ်တဲ့ 007 မင်းသားရဲ့ စီးတော်ယာဉ် ကိုယ်ပျောက်ကားကိုလည်းတွေ့ရမှာဖြစ်ပါတယ်.... စုံထောက်ကားပီပီ တိုက်ခိုက်ခန်းတွေ လက်နက်ဆန်းတွေနဲ့ပရိယာယ်ဆင်မှု့တွေကတော့ 007 ရဲ့လူတွေကိုစိတ်ဝင်စားစေတဲ့အချက်တွေပဲဖြစ်ပါတယ်... ဒီကားကို ငယ်ငယ်က DVD Quality နဲ့သာကြည့်ရှု့ခဲ့ရပေမယ့် အခုတော့ Bluray Version နဲ့အပြည့်ဝခံစားလို့ရအောင်တင်ဆက်ပေးလိုက်ပါတယ်.... Quality…..BluRay 720p Duration…..02:13:00 Format…Mp4 File Size…(951 MB , 476 MB) Translator…..Wai Yan Htun Encoder…..Moe Myint Lwin Download with Yoteshin Link Download with Openload Download with Openload (Small Size)  
6.1
IMDB: 6.1/10 178,130 votes
movie

Die Another Day

2002
Insomnia (2002) 7.2
Insomnia (2002) IMdb 7.2 ရထားပြီး ၂၀၀၂ ခုနှစ်ကထွက်ခဲ့တဲ့သဲထိပ်ရင်ဖို ကားတစ်ကား ကိုတင်ဆက်ပေးခြင်ပါတယ် ဇာတ်ကားလေးးကတော့ ခပ်ကြမ်းကြမ်းတော့မဟုတ်ဘူး ဆိုပေမယ့် ဒရာမာ အချိုးလေးတွေနဲ့ မထင်မှတ်ထားတဲ့ ဇာတ်လမ်း အလှည့်အပြောင်းလေး တွေက တော့ ပရိတ်သတ်ကြီးကို တကားလုံး မထတန်းကြည့်အောင် ဆွဲဆောင်သွားမှာပါ ဇာတ်လမ်းး အကျဉ်းလေးကတော့ အလက်စကာ မြို့ကို အပို့ခံလိုက်ရတဲ့ စုံထောက်ကြီးဟာ တစ်နေ့မှာ မိန်းကလေး တစ်ယောက်အသတ်ခံရတဲ့ အမှုကိုလိုက်ရင်း မတော်တဆ သူ့ တွဲဖက်ကို သေနတ်နဲ့ ပစ်လိုက်မိပါတယ် ဒါပေမဲ့စုံထောက်ဟာ သူ့အပြစ်ကို ၀န်ခံရမယ် အနေအထားကနေ မထင်မှတ်ထားတဲ့ အလီဘိုင် တစ်ခုကိုပြနိုင်ခဲ့ပြီး အပြစ်ကနေလွတ်သွားပါတယ် ဒါပေမဲ့ သူ့ဟာ သူ့ကို သူတော့ လိပ်ပြာမသန့်ခဲ့ပါဘူး ဒီလိုနဲ့ တစ်နေ့မှာ သူ့ အကြောင်းတွေကို သိထားတဲ့ တစ်ယောက်က သူ့ကို ခြိမ်းခြောက်အကြပ်ကိုင်လာတဲ့ အခါမှာတော့ ကဲ စုံထောက်ကြီး ဘယ်လိုတုံ့ပြန်မလဲ နောက်ကွယ်က သူကကော ဘယ်သူလဲ ဘယ်လို အရှုပ်ထုတ်တွေကြောင့် သမိုင်းရှုပ်နေလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက မထတမ်းကြည့်ကြရမှာပါ ဘာသာာပြန်ကတော့ ပြည့်စုံဇော်ဖြစ်ပါတယ် ဗျာ  
7.2
IMDB: 7.2/10 233,596 votes
movie

Insomnia (2002)

2002
BlueRay 720p
Treasure Planet (2002) 7.1
Treasure Planet (2002) ဒီဇာတ်လမ်းလေးဟာ 2002 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး Disney ရဲ့ အသပ်ရပ်ဆုံးသော Animation တွေထဲက တစ်ကားလို့ တင်စားခံထားရပါတယ် မူရင်းဇာတ်လမ်းကတော့ "Treasure Island" တဲ့ခင်ဗျ... ဒီမှာ ထူးခြားသွားတာက ဇာတ်ကွက်တွေကို အာကာသထဲ ပြောင်းလိုက်ပြီး ဂြိုဟ်သားတွေ၊ နဂါးငွေ့တန်းတွေနဲ့ အသက်သွင်းထားတာပါ အဲ့လိုနဲ့ ဇာတ်လမ်းလေးက "Treasure Planet" ဆိုပြီး ဖြစ်သွားတယ်ပေါ့ဗျာ Rating တွေအနေနဲ့ကြည့်ရင်လည်း IMDb 7.1 Tomatoes 69% နဲ့ခင်ဗျ ဝေဖန်သူတော်တော်များများရဲ့ Positive Review တွေ ရထားတဲ့ ဇာတ်လမ်းလေး ဆိုပါတော့... ကလေးဘဝက အိပ်ရာဝင်ပုံပြင်တွေ၊ အာကာသ စွန့်စားခန်းတွေ၊ ဒရာမာကို ခုံမင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပါ အသက် ၁၅ နှစ်အရွယ် ချာတိတ်ကလေး ဂျင်မ်ဟော့ကင်းန်စ်ရဲ့ မဟာစွန့်စားခန်းကြီးတစ်ခု... ငယ်ငယ်ကတည်းက အာကာသ ခရီးသွားတစ်ယောက် အရမ်းဖြစ်ချင်ခဲ့သူ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြံဖန်ပြီး ကောင်းကင်ပျံဝဲလေ့ရှိတဲ့ ချာတိတ်ကလေး ယာဉ်စည်းကမ်းတွေကို (တမင်မဟုတ်တောင်) ...
7.1
IMDB: 7.1/10 76,496 votes
movie

Treasure Planet (2002)

2002
Undisputed (2002) 6.2
Undisputed (2002)   ထောင်တွင်းသတ်ကွင်းတွေအစပြုခဲ့ရာဇာတ်ကားတစ်ကားပါ။ နာမည်ကြီးကမ္ဘာ့ဟဲဗီးဝိတ်ဘောက်ဆင်ချန်ပီယံ ဂျော့ဂ်ျအိုက်စ်မန်းချိန်ဘာတစ်ယောက် မုဒိန်းမှုနဲ့စွပ်စွဲခံလိုက်ရပြီး ကန္တာရထဲမှာဆောက်ထားနဲ့ ဆွိဝါတာအကျဉ်းထောင်ကိုပို့ဆောင်ခြင်းခံလိုက်ရပါတော့မယ်။ ဆွိဝါတာအကျဉ်းထောင်ထဲမှာ ချန်ပီယံတစ်ယောက်ရှိနှင့်ပြီးသားကို ချိန်ဘာတစ်ယောက်သိရှိသွားပြီးနောက်မှာတော့ ဂူတစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင်မအောင်းနိုင်ဘူးဆိုတဲ့စကားအတိုင်း ချန်ပီယံရာထူးကိုလုကြပါတော့တယ် အဆုံးသတ်မှာ ဘယ်သူက တကယ့်ချန်ပီယံဖြစ်မလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပါ (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Ye Man Aung ပဲဖြစ်ပါတယ်) File Size : 750 MB / 280 MB Quality : Bluray 720P Running Time : 1hr 34minutes Format : Mp4 Genre : Action, Crime, Drama Translator : Ye Man Aung Encoder :Thanhtike Zaw Download Here Yoteshin Link   Download Here Bluray 720p (750 MB) Openload Link   Download Small File Size 360p (280 MB) Openload Link   
6.2
IMDB: 6.2/10 22,801 votes
movie

Undisputed (2002)

2002
Return to Never Land (2002) 5.8
Return to Never Land (2002)   ဒီကားလေးကတော့ အားလုံးသိကြတဲ့အတိုင်းပဲ Disney ရဲ့အကောင်းဆုံး Animation ကားတွေထဲက တစ်ကားပဲဖြစ်ပါတယ်... ဖယ်ရီဆိုတဲ့ တင်ကာဘဲလ်နတ်သမီးလေးနဲ့အတူ ပီတာပန်ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းတင်ဆက်ထားတာပဲဖြစ်ပါတယ်... အပိုင်း ၂ ပိုင်းထွက်ရှိထားတာပဲဖြစ်ပါတယ်...ဒီကားလေးကတော့ ၂ ဖြစ်ပါတယ်... ဒီကားထဲမှာတော့ ၀န်ဒီဟာအသက်ကြီးသွားပြီးတော့ ကလေးလေးတွေတောင်ရနေပြီပဲဖြစ်ပါတယ်... ပျောက်ဆုံးနေပြီဖြစ်တဲ့ ပီတာပန်ဟာလည်း အိပ်ရာဝင်ပုံပြင်အနေနဲ့သာ ယုံတမ်းစကားဖွယ်ရှိပါတော့တယ်... ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင် ကာလအားဖြင့် စစ်ဖြစ်နေသောအချိန်ဖြစ်ပါတယ်... ယောကျာင်္းသားများဟာ တိုင်းပြည်ကာကွယ်ဖို့စစ်ထဲဝင်နေရတဲ့အချိန်ဖြစ်တဲ့အတွက် ၀င်ဒီရဲ့ခင်ပွန်းဖြစ်သူလည်း စစ်ထဲဝင်ရပါတယ်... ဒါကြောင့် အစိုးရကနေ ကလေးငယ်များဘေးကင်းဖို့အတွက် စစ်နဲ့လွတ်ကင်းရာနေရာတွေကို အလှည့်ကျရွေ့ပြောင်းပေးနေရပါတယ်...ဒီထဲတွင် ၀န်ဒီရဲ့သမီးလေး ဂျိမ်းနဲ့သားငယ်လေး ဒန်နီရယ်တို့လည်းပါနေပါတယ်.. ဂျိမ်းဟာ အမေဖြစ်သူဝန်ဒီပြောပြာနေကျ အိပ်ရာဝင်ပုံပြင်ဖြစ်တဲ့ ပီတာပန်အကြောင်းကိုမယုံပါဘူး.. ဒါကြောင့် အိပ်ရာဝင်ပုံပြင်တွေကိုသူမမုန်းခဲ့ပါတယ်.. တစ်ညမှာသူမအိပ်ပျော်သွားတော့ သူမတို့ရဲ့အိမ်ကို ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး ကပ္ပတိန်ဟွတ်တို့ ပင်လယ်ဓားပြအဖွဲ့ရောက်လာပြီးသူမကို NeverLand ကိုဖမ်းဆီးခေါ်သွားပါတော့တယ်... အဲ ကပ္ပတိန်ဟွတ်ဆိုရင် လူတိုင်းသိကြမှာပါ...ကလေးဘ၀ထဲက အကြိုက်ဆုံးနဲ့အရယ်ရဆုံး ဇာတ်ကောင်ကြီးလေ.. အဲတော့  ဂျိမ်းတစ်ယောက် NeverLand လို့ခေါ်တဲ့ နိုင်ငံလေးထဲကိုရောက်သွားတဲ့အခါ ဘာတွေဖြစ်လာမလဲ... သူမတကယ်မရှိဘူးလို့ထင်နေတဲ့ ပီတာပန့်ကကော တကယ်ပဲ အဲ့နိုင်ငံလေးထဲမှာရှိနေမလား... Disney ရဲ့ကောင်းမွန်လှတဲ့ ရှု့ခင်းလေးတွေနဲ့အတူ ကြည်နူးဖွယ်ခံစားရမှာပဲဖြစ်ပါတယ်... ဒီကားလေးဟာ ကလေးများအိပ်ရာဝင်တဲ့အချိန်အကောင်းဆုံး အိပ်ရာဝင်ပုံပြင်အဖြစ်သတ်မှတ်ခြင်းခံရတဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်.... Quality…..BluRay 1080p Duration…..01:12:00 Format…Mp4 File Size…( 520 MB) Encoder…..Moe Myint Lwin Translator…..Moe Myint Lwin Download ...
5.8
IMDB: 5.8/10 14,043 votes
movie

Return to Never Land (2002)

2002
Equilibrium (2002) 7.5
Equilibrium (2002) Christian Bale ကိုကျနော့် fav မင်းသားစာရင်းထဲပါလာစေခဲ့တဲ့ ရုပ်ရှင်ပါ ကျနော်တို့ နေထိုင်တဲ့လောကကြီးမှာ စစ်ပွဲတွေ ဒေါသတွေ အာဃာတ တရားတွေ မနာလိုမှုတွေ အချစ် အမုန်း စတဲ့ ခံစားချက်တွေမရှိတော့ရင် ဘယ်လိုဖြစ်သွားနိုင်သလဲ အသက်ရှင်ရပ်တည်ဖို့အတွက် စားဝတ်နေရေးအပြင် ခံစားမှု  ခံစားချက်  တွေကဘယ်လိုတောင်အရေးပါသလဲ ဒါတွေကို Sci- Fi ရုပ်ရှင်တခုအနေနဲ့ ရှုထောင့်တမျိုးကနေ ပြောပြသွားပါတယ် 2002 ခုနှစ်ထွက်ရှိခဲ့ပီး IMDb rating 7.5 ရှိပါတယ် ‌နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ (YeWai LynnHtut မှဘာသာပြန် ခံစားတင်ဆက်ထားတာပါ။)   File size…(700MB) and (310MB) Quality…BluRay Rip 720p Format…mp4 Duration….01:47:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung     Download and Watch 720p HD (VIP Link) (or) Download 720p HD (pCloud)   Download Small File 360p (310MB)      
7.5
IMDB: 7.5/10 269,488 votes
movie

Equilibrium (2002)

2002
Sex is Zero (2002) 6.7
Sex is Zero (2002) ဒီဇာတ်ကားဟာ နာမည်ကြီး ကိုရီးယားကျောင်းသား ဟာသဇာတ်ကားဖြစ်ပါတယ်။ မင်းသား Im Chang‑jung  ရဲ့မှတ်တိုင်ဇာတ်ကားဖြစ်သလို မင်းသမီး ဟာဂျီဝန်ရဲ့ နာမည်ကျော်ဇာတ်ကားလဲဖြစ်ပါတယ်။ ခပ်ပေါပေါခပ်ချာချာ လုပ်ချင်ရာလုပ် နေချင်သလိုနေတတ်ပေမယ့် သာမန်လူသားတွေထက် နူးညံ့တဲ့နှလုံးသားနဲ့ Eun Sik... ငွေကြေးနဲ့ရုပ်ရည်မှာနှစ်မြောပြီး တစ်ဘဝလုံးပေးဆပ်ခဲ့ပေမယ့် လူသားမဆန်တဲ့လူတစ်ယောက်ကြောင့် ဒုက္ခတွေ့ရတဲ့ Eun‑hyo Lee.. သူတို့နှစ်ယောက်ရဲ့ပတ်သက်မှုတွေ...သူတို့နှစ်ယောက်ရဲ့ အံသြဖွယ် ဂန္တဝင်သူငယ်ချင်းတွေနဲ့ ကျောင်းသားဘဝ...စတာတွေကိုအခြေပြုလို့ ချစ်ခြင်းကိုမေးခွန်းထုတ်ပေးခဲ့တဲ့ဇာတ်ကား.........။ ကျွန်တော့်အတွက်တော့ အမြဲသတိရနေမယ့်ဇာတ်ကား... ကိုရီးယားဇာတ်ကားတွေကို စတင်နှစ်သက်စေခဲ့တဲ့ဇာတ်ကား.... ဒီဇာတ်ကားကို ကျွန်တော်ပဲရမ်းသမ်းဘာသာပြန်ပြီးတင်ဆက်လိုက်ပါတယ်။ အားပေးကြည့်ရှုကြပါဦး။   File size…(900MB) Quality…DVDRip Format…mp4 Duration….01:36:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung      
6.7
IMDB: 6.7/10 5,091 votes
movie

Sex is Zero (2002)

2002

Genres

Like Us!