Channel Myanmar

2003

{18+} Nurse Sisters (2003) 6.5
{18+} Nurse Sisters (2003) ပရိသတ်ကြီးအတွက် ဂျပန်ခေတ်ရွှေဇာတ်ကားလေးတစ်ခုကိူ တင်ဆက်ပေးချင်ပါတယ်...သူနာပြုဆရာမလေးတွေဖြစ်တဲ့ ချီကာကို နဲ့ ဝါကာကို ညီမနှစ်ယောက်ဟာ ငယ်စဉ်ကတည်းက ဖခင်ရဲ့ပစ်ထားခြင်းခံရခဲ့တော့ အိမ်ထောင်ပြုဖို့ကြောက်နေခဲ့ပြီး အမဖြစ်သူ ချီကာကိုက လက်ထပ်ခွင့်တောင်းခံရတာတောင်တွေဝေနေခဲ့တယ်ညီမဖြစ်သူ ဝါကာကိုကတော့ ဆေးခန်းက အိမ်ထောင်သည်ကလေးအဖေ ဆရာဝင်နဲ့အမြဲခိုးစားနေပြီး အိမ်ထောင်ပြုဖို့စိတ်ကူးလုံးဝမရှိပါဘူး သူတို့နှစ်ယောက်ရဲ့ခက်ခဲတဲ့ဘဝကိုဘယ်လိုရုန်းကန်ကြမလဲ စိတ်ဒဏ်ရာတွေဘယ်လိုပြေပျောက်သွားကြမလဲဆိုတာ 18+ ခန်းတွေနဲ့ ရင်သက်ရှုမောဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်ဂျပန် 18+ ကားတွေထဲမှာမှ IMDb 6.5 ထိရရှိခဲ့တဲ့ကားလေးလဲဖြစ်ပါတယ် တကယ့်အပြင်မှာလဲ ညီအမအရင်းတွေဖြစ်တဲ့ 18+ မင်းသမီးချောလေးတွေဖြစ်တဲ့ Yumika Sasaki နဲ့ Nikki Sasaki တို့ရဲ့ လှပလွန်းတဲ့ကောက်ကြောင်းလေးတွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ် အားပေးကြဖို့ ထိုက်တန်တဲ့ကားလေးတစ်ခုပါပဲလို့ ညွှန်းဆိုမိလိုပါတယ်......... File size…1.02GB / 434MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Andrew Mason
movie

{18+} Nurse Sisters (2003)

2003
My Wife Is A Gangster 2 (2003) 6.1
My Wife Is A Gangster 2 (2003) My Wife Is a Gangster ရုပ်ရှင်တွေဟာ ကိုရီးယားရုပ်ရှင်လောကကို တစ်ခေတ်ထွန်းစေခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်များဆီက ရသစုံတဲ့ ဇာတ်လမ်းအမျိုးအစားတွေထဲက တစ်ခုပါပဲ။ အဲ့ဒီခေတ်က တင်ဆက်ပုံမျိုးက အစပိုင်းမှာ ရီနေရမယ် ပြီးရင် ငိုရမယ် ပြီးရင် စွဲငြိသွားစေရမယ်ဆိုတဲ့ Taste မျိုးဖြစ်ပြီး ဒီရုပ်ရှင်ကလဲ အဲ့လိုအရသာမျိုးနဲ့ နာမည်ကြီး လူကြိုက်များခဲ့ပြီး နောက်ထပ်အဆက်ဇာတ်ကားတွေ ထွက်တဲ့အထိအောင်မြင်ခဲ့ပါတယ်။မင်းသမီး Eun-Kyung Shin ရဲ့ မှင်သေသေ သရုပ်ဆောင်ချက်တွေ Action တွေက ဇာတ်ကောင်တွေရဲ့ ထူးခြားတဲ့ဇာတ်ရုပ်တွေနဲ့လိုက်ဖက်ပြီး ကွဲပြားတဲ့ ဇာတ်အိမ်ကြောင့်လဲပိုမိုအသက်ဝင်ခဲ့ပါတယ်။My Wife Is A Gangster 2 (2003) ဒီဇာတ်လမ်းကိုတော့ ရှေ့က ပထမဇာတ်ကားရဲ့အဆက်အနေနဲ့ ဆက်စပ်ထားပါတယ်။မင်းသမီးနဲ့လူဆိုးဂိုဏ်းတွေဟာ ပထမကားက ရန်ကြွေးလက်ကျန်တွေကို ဆက်လက်ဖြေရှင်းကြမှာပါ။တစ်ခုကတော့ မင်းသမီးဟာ ဇာတ်လမ်းအစမှာကတည်းက ဒဏ်ရာပြင်းထန်စွာရရှိပြီးတော့ အတိတ်မေ့သွားခဲ့တာပါ။အတိတ်ကိုသတိရဖို့ကြိုးစားနေတဲ့ သူမနဲ့ ပထမဇာတ်လမ်းက ရန်ညိုးတွေဘယ်လိုဖြေရှင်းကြမယ်ဆိုတာ....။IMDb ...
movie

My Wife Is A Gangster 2 (2003)

2003
Terminator 3: Rise of the Machines (2003) 6.3
Terminator 3: Rise of the Machines (2003) တတိယမြောက်ဇာတ်ကားဖြစ်ပေမဲ့ ကန်မရွန်း လက်ရှောင်သွားတဲ့ ဇာတ်ကားပေါ့။ ဒါပေမဲ့ အရှိန်နဲ့တော့ ဆက်လိမ့်သွားတာပါပဲ။ Terminator 2 ကို အပြီးသတ်အနေနဲ့ ရိုက်ကူးခဲ့တယ်ဆိုပေမဲ့ 3 ရောက်အောင် ဆွဲရိုက်လိုက်တယ်။ သူ့ရှေ့ကကားတွေလောက်တော့ ဟိုးဟိုးကြော် မဖြစ်ခဲ့ပါဘူး။ ဒီဇာတ်ကားက နာမည်အတိုင်းပဲ စက်တွေက အနိုင်ယူသွားတာမျိုးပါ။ အဆင့်မြင့်နည်းပညာတွေကို အိုက်ဒီယာကောင်းကောင်း၊ ရုပ်ထွက်လှလှနဲ့ ရိုက်ကူးထားနိုင်ပါတယ်။ ခေတ်မီလာတော့ ခေတ်ဆန်သွားတာပေါ့လေ။ ဂျွန် ကော်နာ တို့တသိုက် တရားစီရင်ရာနေ့ကို တားမြစ်နိုင်ပြီလို့ ထင်နေဆဲမှာပဲ တီအက်ခ်စ် စက်ရုပ်တစ်ရုပ် အတိတ်ကို ပြန်ရောက်ရှိလာတယ်။ ဒီတစ်ခါတော့ အမျိုးသမီးအသွင်နဲ့ စက်ရုပ်ပေါ့လေ။ သူက တည်နေရာ ရှာမရတဲ့ ဂျွန် ကော်နာ ကို သတ်ဖို့အဓိကလာတာမဟုတ်ပါဘူး။ သူ့ရဲ့ အားထားရတဲ့ လက်ထောက် ဗိုလ်လေးတွေကို လာသတ်တာပါ။ လူသားတွေဘက်ကလည်း မော်ဒယ် ၈၅၀ စက်ရုပ်တစ်ရုပ်ကိုဖမ်း၊ အစီအစဉ်ပြန်လည်ရေးသွင်းပြီး ဂျွန် ကော်နာ ...
movie

Terminator 3: Rise of the Machines (2003)

2003
[18+] Sukdulan (2003) 6.7
[18+] Sukdulan (2003) Sukdulan (2003)အီလိန်းနဲ့အော်လေတို့ဟာ ချစ်ခင်လို့ယူခဲ့ကြတဲ့လင်မယားဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ အော်လေရဲ့အိပ်ယာပေါ်က စွမ်းဆောင်ရည်ကြောင့် အကြိတ်အခဲတစ်ချို့ဖြစ်နေခဲ့ပါတယ်။ အော်လေဟာ ဇနီးချောဇနီးလှလေးကိုရထားပေမယ့်လည်း အပြာကားကြည့်မှပဲ စိတ်ထပြီးယောက်ျားကိစ္စ စွမ်းဆောင်နိုင်တဲ့အနေအထားဖြစ်နေတာပါ။ခင်ပွန်းသည်ကိုချစ်ခင်ပေမဲ့ မျိုသိပ်ထားရတဲ့ အီလိန်းရဲ့ဆန္ဒတွေဟာ သူ့ကို အိမ်ထောင်ရှိမှန်းသိရက်လာကြောင်တဲ့ သူဌေးသားလူလည် မီဂယ်နဲ့အတွေ့မှာ ပေါက်ကွဲထွက်ကုန်တော့တာပါပဲ။ မဖြစ်သင့်မှန်းသိပေမယ့် ရှေ့ဆက်တိုးရင်း တဖြည်းဖြည်းရုန်းမထွက်နိုင်ဖြစ်လာတဲ့အခါမှာတော့...။အခုချိန်မှာအမေခန်းရိုက်နေပြီဖြစ်ပေမဲ့ လှသွေးကြွယ်တုန်းဖြစ်တဲ့ Katya Santos ရဲ့ငယ်မူငယ်သွေးအလှအပတွေကိုတွေ့မြင်ရမယ့် ဂန္ထဝင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.85GB, 790MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 43Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB
movie

[18+] Sukdulan (2003)

2003
Fake (2003) 6.5
Fake (2003) အတုအယောင် (၂၀၂၃)ဘေး ဘိုး စုန်င်လို့ ခေါ်တဲ့ လူငယ်လေးသုံးယောက်က ဘန်ကောက်က တိုက်ခန်းလေးတစ်ခုမှာ သူငယ်ချင်းသုံးယောက်စုနေကြတယ် ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့တစ်ဦးတစ်ယောက်ချင်းစီရဲ့ အချစ်ဇာတ်လမ်းလေးတွေကိုယ်စီဖြစ်လာကြတယ်တိုက်ဆိုင်တာတစ်ခုက သူတို့ချစ်ကြိုက် အသဲကွဲဝမ်းနည်းနေကြတဲ့ သူငယ်ချင်းသုံးယောက်နဲ့ပတ်သက်နေတဲ့ကောင်မလေးကလည်း ခွန်နာဆိုတဲ့မိန်းကလေးတစ်ယောက်တည်းနဲ့ပဲသက်ဆိုင်နေတယ်နောက်ဆုံးမှာ သူငယ်ချင်းသုံးယောက်ရဲ့ အချစ်ဇာတ်လမ်းလေးတွေ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှူအားပေးကြပါဦးနော်ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Laila ဖြစ်ပါတယ်Genre..... Drama, Romance Quality…. 1080p | 720p File size… 3.9GB | 1.1GB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Laila Encoder ..... Aaron
movie

Fake (2003)

2003
Shanghai Knights (2003) 6.2
Shanghai Knights (2003)  ဂျက်ကီချန်း ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးပါရစေShanghai Knights ဇာတ်ကားဟာ 2003 ခုနှစ်ကထွက်ရှိထားတဲ့ တရုတ်အမေရိကန်အက်ရှင်ကားတစ်ကားဖြစ်ပါတယ် IMDb rating 6.2/10 ရရှိထားပြီး Jackie Chan ၊ Owen Wilson ၊ Donnie Yan ၊ Aaron Taylor စတဲ့သရုပ်ဆောင်ကြီးတွေပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့Chon Wang ဟာ အမိမြေတရုတ်နိုင်ငံကိုစွန့်ခွာပြီး အမေရိကန်နိုင်ငံ Carson မြို့လေးမှာ အရာရှိတစ်ယောက်အဖြစ်အသက်မွေးဝမ်းကျောင်းသူပါ....ဖခင်ဖြစ်သူကတော့ တရုတ်တော်ဝင်နန်းတွင်းတံံဆိပ်ကိုထိန်းသိမ်းရသူတစ်ဦးဖြစ်ပြီး သားလုပ်သူကိုမနှစ်မြို့သူတစ်ဦးဖြစ်ပါတယ်....တော်လှန်ပုန်ကန်မှုတွေဖြစ်တဲ့အချိန်မှာ သူပုန်တွေက Chon Wang အဖေ့ကိုသတ်ပြီး တံဆိပ်တုံးလုယူသွားခဲ့ပါတယ်.....ဒီဖြစ်ရပ်ကြောင့် Chon Wang ဟာ ပါတနာRoy O'Bannonနဲ့ပူးပေါင်းပြီး လူသတ်သမားတွေထွက်ပြေးရာလန်ဒန်ကို လိုက်သွားပါတော့တယ်.....နောက်ဆုံးမှာ အဖေ့အတွက်ကလဲ့စားချေနိုင်မှာလား....တရားခံတွေကရောဘယ်သူတွေလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါ.... File size…(2.1 GB)/(1.2 GB) Quality….. Blu-Ray 1080p / 720p Format…mp4 Duration….01:54:00 Genre...Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min ...
movie

Shanghai Knights (2003)

2003
Please Teach Me English (2003) 6.5
Please Teach Me English (2003) Please teach me English (2003)*****************************2003 ခုနှစ်က ထွက်ရှိခဲ့တဲ့ မင်းသားကြီး Jang Hyuk နဲ့ မင်းသမီး Lee Na Young တို့ရဲ့ဟာသအချစ်ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။မင်းသား Jang Hyuk ရဲ့ သရုပ်ဆောင်ကောင်းချက်ကို လူတိုင်းသိပြီးသားဖြစ်မှာပါ။ဒီဇာတ်ကားမှာလည်း သူ့ရဲ့ပိုင်နိုင်လှတဲ့ သရုပ်ဆောင်ချက်တွေကို အခွီတစ်လိုင်းနဲ့ကြည့်ရှုရမှာပါ။၂၀၀၃ ခုနှစ်၊ ကိုးရီးယားမှာ လူတိုင်းဟာ အင်္ဂလိပ်စာကို လေ့လာနေကြပြီးတော့အင်္ဂလိပ်စကားနည်းနည်းမှမပြောတတ်ရင် လူရာမဝင်တဲ့ကာလဖြစ်လာပါပြီ။လျှပ်စစ်မီတာရုံးမှာအလုပ်လုပ်နေတဲ့ နာယောင်းဂျူဟာလည်းရုံးကအထက်လူကြီးရဲ့ဖိအားပေးမှုကြောင့် အင်္ဂလိပ်စာသင်တန်းတက်ဖို့ဖြစ်လာပါတယ်။နာယောင်းဂျူဟာ အချစ်မှာလွယ်လွယ်ကျရှုံးတတ်ပြီးတော့သူ့ရဲ့ဖူးစာဖက်မင်းသားလေး အိမ်မက်ဆန်ဆန်ရောက်လာဖို့ကို မျှော်လင့်နေတဲ့သူဖြစ်ပါတယ်။သင်တန်းမှာ ပလေးဘွိုင်းဘတ်မွန်းဆူနဲ့တွေ့ပြီးတော့ ဘတ်မွန်းဆူကို ချစ်မိသွားပါတော့တယ်။ဘတ်မွန်းဆူဟာ မိန်းမမြင်မနေနိုင် နှာထတတ်ပြီးတော့သူ့ကိုလူအထင်ကြီးအောင် အရမ်းဟိတ်ဟန်ထုတ်တတ်တဲ့သူဖြစ်ပါတယ်။ဘတ်မွန်းဆူဟာ အစပိုင်းမှာတော့ မပြင်တတ်မဆင်တတ်တဲ့ နာယောင်းဂျူကိုမိန်းကလေးလိုမမြင်ခဲ့ပေမဲ့ သင်တန်းမှာ အင်္ဂလိပ်စာအတူသင်ရင်းနာယောင်းဂျူရဲ့အလွဲတွေလုပ်တတ်တဲ့ပုံစံမှာ ကျရှုံးသွားပါတော့တယ်။အင်္ဂလိပ်စာသင်ရင်းနဲ့ အလွဲတွေကြားကနေဖြစ်ပေါ်လာတဲ့သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါး၊ ဟာသဆန်ဆန်ရိုက်ကူးထားတာမလို့ကြည့်ပြီးခွီလိုက်ကြပါဦးခင်ဗျာ။Movie: Please Teach Me English Genres: Comedy, Romance Country: South Korea Release Date: ...
movie

Please Teach Me English (2003)

2003
Basic (2003) 6.4
Basic (2003) Basic (2003)ဒီ Basic ဆိုတဲ့ ရုပ်ရှင်ကတော့ မိတ်ဆက်ပေးစရာမလိုဘဲ အားလုံးသိပြီးကြပြီဖြစ်တဲ့ မေမေ့အချစ်တော် မင်းသားကြီး Samuel Jackson နဲ့အတူ သူ့ရဲ့ခေတ်ပြိုင်ဆိုသလို သူငယ်ချင်းလည်းဖြစ်တဲ့ ဝါရင့်မင်းသားကြီး John Travolta တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၀၃ ခုနှစ်ထွက် အက်ရှင် ဒရာမာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင် မင်းသားကြီး John Travolta က ဇာတ်ဆောင်တွမ်ဟာဒီ၊ မင်းသားကြီး Samuel ကတော့ ဇာတ်ပို့ တပ်ကြပ်ဝက်စ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။~ ဇာတ်လမ်းအကျဉ်း ~တွမ်ဟာဒီဆိုသူဟာ အရင်က စစ်တပ်ရဲ့ရိန်းဂျားဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ သူဟာ ဒီအီးအေလို့ခေါ်တဲ့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှာ သူလျှိုအဖြစ်လုပ်ကိုင်နေပါတယ်။ တစ်နေ့မှာ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ အခြေစိုက်စခန်းမှာ ညွှန်းကြားရေးမှူးအဖြစ်လုပ်ကိုင်နေတဲ့ သူ့ရဲ့ရိန်းဂျားတပ်ဖွဲ့ဝင်ဟောင်း သူငယ်ချင်းတစ်ယောက်က အတော်လေးရှုပ်ထွေးတဲ့အမှုတစ်ခုကို ကူညီဖြေရှင်းပေးဖို့ အကူအညီတောင်းလာခဲ့ပါတယ်။မုန်တိုင်းပြင်းထန်နေတဲ့တစ်နေ့မှာ တပ်ကြပ်ကြီးဝက်စ်ဟာ သူ့ရဲ့တပ်သားတွေနဲ့အတူ လေ့ကျင့်ရေးခရီးစဉ်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ မုန်တိုင်းကြောင့် ဝက်စ်တို့တပ်ဖွဲ့ပြန်လာရမယ့်အချိန်က နောက်ကျသွားပြီး ...
movie

Basic (2003)

2003
The Last Samurai (2003) 7.8
The Last Samurai (2003) The Last Samurai ဆိုပဲ Tom Cruise ဆိုပဲ ပြီးတော့ ဆာမူရိုင်းချပ်ဝတ်တန်ဆာကြီးနဲ့ ပိုစတာကြီးမြင်တာနဲ့ ဒီဇာတ်ကားဘယ်လိုလဲဆိုတာ မြန်မာဇာတ်သိမ်းပိုင်းအတိုင်း ခန့်မှန်းရလွယ်လွန်းပါတယ် ************ အဲ့မှာ သောက်ဂွကျတာပဲ တက်တက်စင်အောင်လွဲ မြန်မာကားလိုဘာညာ အထင်သေးမိခဲ့တဲ့ ကျွန်တော် အခု all time fav ထဲ ထည့်ရမလို့ဘာညာဖြစ်နေပြီ ယောက်ျားတန်မယ့် ငိုကြီးချက်မ မဖြစ်ရုံတမယ်မျက်ရည်ပေါက်ပေါက်နဲ့ တကယ်တော့ The Last Samurai ဆိုတာ ဘယ်သူ့ကိုရည်ညွှန်းတယ်ဆိုတာ ဇာတ်ကားကိုညဘက် နားကြပ်တပ်ပြီး အပြည့်အဝ ခံစားပြီးမှ သိခဲ့ရတာ။ ဟိုး၂နှစ်လောက်တုန်းက ဒီကားreviewရေးဖူးတယ် အဲ့reviewကို ပြန်တင်ထားလိုက်တယ်The plot - ဇာတ်အိမ်တည်ထားတဲ့ အချိန်ကာလဟာ Meji restoration (or) Westernization in Japan လို့အဓိပ္ပါယ်ရတဲ့ Meji အစိုးရအသွင်ပြောင်းလဲခြင်း (သို့) အနောက်လူနေမှုအဆင့်အတန်းများ ဂျပန်သို့ရောက်လာခြင်း ဖြစ်တဲ့ ၁၈ရာစုနှောင်းပိုင်း ၁၈၆၀ခုနှစ်ကာလများ...ခရစ်နှစ် 1603ခုနှစ်ကနေစပြီး တည်တံ့လာတဲ့ Edo era ကြီးဟာ အမေရိကန်တွေ ခေတ်မှီလက်နက်ကိရိယာမျိုးစုံ စစ်သဘော်ကြီးတွေနဲ့ ဂျပန်ဆိပ်ကမ်းကိုလာရောက်ဆိုက်ကပ်ခြင်းကစပြီး ပျက်သုဉ်းခြင်းဆီကို တဖြည်းဖြည်းဦးတည်လာခဲ့တယ်။ ဂျပန်ဆိပ်ကမ်းကိုအသုံးပြုမယ် ကုန်သွယ်မယ် စစ်ခုံရုံးတွေမှာပါဝင်စွက်ဖက်မယ် ဂျပန်တွေတစ်သီးတခြားနေထိုင်အုပ်ချုပ်နေတာတွေရပ်တန့်ရမယ်ဆိုတဲ့ လက်နက်အမိန့်စကားသံတွေဟာ ဂျပန်ပြည်ကြီးရဲ့ ...
movie

The Last Samurai (2003)

2003
4K HEVC
(21+) The Erotic Misadventures of the Invisible Man (2003) 4.4
(21+) The Erotic Misadventures of the Invisible Man (2003) ငယ်ငယ်တုန်းက စိတ်ကူးယဉ်ခဲ့ရသလို အတွေးကို လက်တွေ့ပုံဖော်ရိုက်ကူးထားတဲ့ Adultကားပဲဖြစ်ပါတယ်....ငယ်ငယ်တုန်းက ဘော်ဒါတွေစုံရင်ပေါက်ကရပြောကြတဲ့အခါ ငါသာကိုယ်ပျောက်ရင်ဆိုတဲ့ အတွေးမျိုးနဲ့ ပြောခဲ့ကြတာတွေ ညဘက်စိတ်စွဲပြီးမက်တဲ့ wet dreamတချို့ကလို ဒီထဲက MCဟာလဲ အရည်တမျိုးနဲ့ထိတွေ့ပြီး ကိုယ်ပျောက်သွားပါတယ်...နဂိုတည်းက မှောင်တတ်တဲ့ဇလေးရှိတော့ လှပျိုဖြူတွေထဲ ကိုယ်ပျောက်ကောင်ဘာတွေဆက်လုပ်မလဲဆိုတာကိုတော့(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…467MB Quality…HD DVD RIP Format…mp4 Duration….1h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie

(21+) The Erotic Misadventures of the Invisible Man (2003)

2003
Finding Nemo (2003) 8.1
Finding Nemo (2003) Finding Nemo (2003) IMDb - 8.1/10_______Rotten - 99% Won 1 Oscar. Another 48 wins & 62 nominations  အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းလေးကို မမှီဘူးဆိုတဲ့ စကားလေးအတိုင်းပါပဲ ဒီတစ်ခါတော့ CM ပရိတ်သတ်ကြီးအတွက် အဟောင်းထဲက အကောင်းလေး တစ်ကားကို ပြန်လည် တင်ဆက်လိုက်ပါတယ် ... နီမို (Nemo) ဆိုရင် မသိသူမရှိသလောက်ပါပဲ ... အောင်မြင်မှုများစွာကိုလည်း ရရှိခဲ့တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ခဲ့ပါတယ် ... ဇတ်လမ်းအကျဉ်းလေးကတော့ Clown fish လေး ဖြစ်တဲ့ မိတဆိုးသားလေး နီမိုတစ်ကောင် သူနေထိုင်ရာ သမုဒ္ဒရာကြီးထဲကနေ လူတစ်ချို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံလိုက်ရတဲ့အခါ ဖခင်ဖြစ်သူက လိုက်လံရှာဖွေတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်... ဒီသားပျောက်ရှာပုံတော်မှာ စွန့်စားခန်းတွေ တစ်လှေကြီးပါဝင်ပြီး ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်းနဲ့ စိတ်ဝင်စားစရာလည်းကောင်းတာမို့ ပရိတ်သတ်တွေ သဘောကျနှစ်ခြိုက်ကြမှာ အသေအချာပါပဲ ... ဒီတော့ အားပေးကြပါဦး.. ဘာသာပြန်သူနဲ့အညွှန်းရေးသူကတော့ ရဲကျော်ထက်ဖြစ်ပါတယ်     File size…  6.5 GB / 2.7 GB / 1.3 GB Quality… BluRay 4k / ...
movie

Finding Nemo (2003)

2003
4K HEVC
Old School (2003) 7.0
Old School (2003) ဒီဇာတ်ကားလေးကိုကြည့်ရင်း ကျွန်တော်သတိရမိတာကSuperbad တို့ American Pie တို့လိုကျောင်းသား comedy ကားတွေကိုပါပဲ။ တစ်ခုရှိတာက အဓိကဇာတ်ဆောင်တွေက ကျောင်းသားတွေမဟုတ်ကြဘူး၊ ဒါပေမယ့် ကျောင်းသားဟာသကားပါပဲ။ ဇာတ်လမ်းက မစ်ချ်မာတင်လို့ခေါ်တဲ့ သတ်လတ်ပိုင်းလူတစ်ယောက် အိမ်ကိုစောစောစီးစီးပြန်လာတဲ့အခါ ‌ အရိုးရဲ့ ‌‌‌အော်ပရာသီချင်းကိုလက်တွေဘဝမှာကြုံလိုက်ရပါတော့တယ်၊ ပိုတောင်ဆိုးသေးတယ်ဗျ သူ့မိန်းကလိင်စိတ်တော်တော်ပြင်းပြတော့ ယောကျ်ားခရီးသွားတိုင်းအဖွဲ့လိုက်ကြီးလုပ်နေကျ။ အဲဒီလိုနဲ့ စိတ်ဒဏ်ရာရသွားတဲ့ မစ်ချ်ကို သူ့သူငယ်ချင်းတွေကအရာအားလုံးကို‌မေ့နိုင်အောင်ကူညီဖို့ကြိုးစားကြတဲ့အခါ ဘယ်လိုပြဿနာတွေတက်ကြမလဲ၊ ဘယ်လိုတွေကူညီကြမှာလဲဆိုတာကိုအလွဲအချော်လေးတွေနဲ့ တင်ဆက်ထားလို့ အတော်ကိုရယ်ရပါတယ်ခင်ဗျာ။ ‌ ဇာတ်ဆောင်တွေအနေနဲ့ကလဲcomedyချစ်သူပုရိတ်သတ်နဲ့မစိမ်းတဲ့ Charlie's Angel,Death at a funeral, Idiocracy တို့မှမင်းသားLuke Wilson ပါမက Step Brothers, Anchor Man,Zoo Lander တို့မှမင်းသား Will Ferrell အပြင်ကိုWedding Crushers, The Watch, Zoo Lander တို့မှVince Vaughn တို့လို ဟာသကျော်ကြီးတွေသုံးယောက်ပေါင်းဘယ်လိုလောင်းကျော်ထားမလဲဆိုတာကိုကြည့်ရမှာဖြစ်တဲ့အပြင် IMDB 7.0 တောင်ရထားတာဆိုတော့မြည်းစမ်းကြည့်ကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ File size…  3 GB ...
movie

Old School (2003)

2003
House of 1000 Corpses (2003) 6
House of 1000 Corpses (2003) House of 1000 Corpses (2003)​Halloween ပွဲ​တော်လည်း​ရောက်​​​​တော့မယ်ဆို​တော့ Halloween Theme နဲ့ရိုက်ထားတဲ့ ဇာတ်ကား​တွေထဲက ကြည့်ရှုသူကို ဆွဲ​ခေါ်သွား​ပေးနိုင်တဲ့ ဇာတ်ကား​လေးတစ်ခုဖြစ်တဲ့ ၂၀၀၃ ခုနှစ်ကထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖိုကား​လေး House of 1000 Corpses ကို တင်ပေးလိုက်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~အရာရာကို စူးစမ်းချင်တဲ့ ​ဘေလ်၊ ဂျယ်ရီ၊ မယ်ရီ နဲ့ ဒယ်နီးဆိုတဲ့ သူငယ်ချင်း​​လေး​ယောက် ​တစ်​နေ့ အ​မေရိကန်နိုင်ငံရဲ့ လူသွားနည်းလမ်းကားလမ်း​​မကြီး​တွေ​ဘေးက ဆွဲ​ဆောင်မှုရှိတဲ့ ​နေရာ​တွေအ​ကြောင်း စာအုပ်​ရေးဖို့ လိုက်ရှာရင်း ​ဟောလိုဝင်း​နေ့ကြီးမှာ ကပ္ပတိန်စ​​ပေါတင်းဆိုတဲ့​နေရာ​လေးကို​ရောက်သွားပါတယ်။အဲဒီ​နေရာ​လေးက​နေ မြို့ရဲ့ ​ပျောက်ဆုံး​နေတဲ့ ​ဒေါက်တာ​စေတန်အ​ကြောင်း လိုက်ရှာမယ်ဆိုပြီးထွက်အသွား ​သူစိမ်းကောင်မ​လေးတစ်​ယောက် လမ်းကြုံအကူအညီ​​​တောင်းတာကိုကူညီရင်း ​​သူစိမ်းအိမ်ကို​ရောက်သွားပါတယ်။ အဲဒီအိမ်ကြီးကို ​ရောက်ပြီး​နောက်ပိုင်း သူငယ်ချင်းလေး​ယောက် ဘယ်လိုမူမမှန်မှု​တွေ ထိတ်လန့်​ခြောက်ခြားစရာ​တွေ... အဲဒီအိမ်ကြီးမှာ ဘာ​​တွေဖြစ်ပျက်ခဲ့လဲ... ဆိုတာ​တွေကို သည်းထိတ်ရင်ဖိုကြည့်ရှုရမယ့်ကား​လေးပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

House of 1000 Corpses (2003)

2003
Owning Mahowny (2003)
Owning Mahowny (2003) Owning Mahowny (2003) ==================ဆုသုံးဆုရဖူးထားပြီး ငါးကြိမ် nomination ဝင်ထားတဲ့ ဖြစ်ရပ်မှန်အခြေခံ ကားဟောင်းလေးပါ။ ဘဝမှာ ကိုယ့်ကိုအရမ်းချစ်တဲ့ ချစ်သူရှိမယ်။ အလုပ်မှာ လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ထူးချွန်လို့ အားကိုးခံရတဲ့သူဖြစ်မယ်ဆိုရင် ဒီဘဝ က သူများတွေ အားကျချင်စရာဘဝမျိုး ဖြစ်မှာပါ။ ဒါပေမဲ့ မက်ဟော်နီဆိုတဲ့ ဘဏ်လက်ထောက်မန်နေဂျာလေးကတော့ လောင်းကစားကိုပဲ အစွဲကြီးစွဲ နေပါတယ်။ရတဲ့လစာကနေ အကြွေးတင်အောင်လောင်းမိတော့ အကြွေးဆပ်ဖို့အတွက် ဘဏ်ကနေ ငွေလိမ်ပါတော့တယ်။ လူရိုးလူအေး အလုပ်သရဲလေးလို့ သတ် မှတ်ခံရတဲ့မက်ဟော်နီအတွက် ငွေလိမ်ရတာက အသက်ရှူရသလိုပါပဲ။ ဒီလိုနဲ့ မက်ဟော်နီတစ်ယောက် ကာစီနိုရုံကြီးတွေထိပါသွားပြီး မအိပ်မနေ မစားမ သောက် လောင်းကစားလုပ်ပါတော့တယ်။မက်ဟော်နီကို "လောင်းကစားကနေ ရတဲ့ စိတ်လှုပ်ရှားမှုကို တစ်ကနေ တစ်ရာ ထိသတ်မှတ်ရင် ဘယ်လောက်သတ်မှတ်ချင်လဲ" ဆိုတော့ "တစ်ရာ" ပါတဲ့။ "လောင်းကစားမလုပ်ဘဲ ဘဝမှာ ဘယ်လောက်ထိ စိတ်လှုပ်ရှားခဲ့ရဖူးလဲ" လို့ မေးတဲ့အခါမှာတော့ "နှစ်ဆယ်" လို့ဖြေပါတယ်။ မက်ဟော်နီက သူ့ကျန်တဲ့ တစ်ဘဝလုံးကို "နှစ်ဆယ်" နဲ့နေသွားရလည်း အဆင်ပြေပါတယ်တဲ့။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(1.17 GB) / ...
movie

Owning Mahowny (2003)

2003
Stitch! The Movie (2003) 6.1
Stitch! The Movie (2003) Stitch! The Movie (2003) ================== IMDb Rating - 6.1/10Stitch ကို 626 လို့လည်း ခေါ်ကြတာ Lilo and Stitch fan တိုင်း သိကြမယ်ထင်ပါတယ်။ သုတေသန 626 ဆိုတဲ့နာမည်ဟာ သာမန် နံပါတ်တစ်ခုမဟုတ်ဘဲ Stitch ကိုထွင်ခဲ့တဲ့ ဒေါက်တာ Jumba ရဲ့ သုတေသနအရေအတွက်အလိုက်ပေးထားတာပါ။ ဒီအချက်ကိုတော့ ရုပ်ရှင်ပထမပိုင်းမှာ မဖော်ပြထားခဲ့လို့ Stitch ရဲ့ နံပါတ်လေးကို အထူး တလည်သတိထားမိသူ မရှိခဲ့ကြပါဘူး။ Turo ဂြိုလ်ပေါ်ကို ပြန်မလိုက် ရဘဲ နယ်နှင်ဒဏ်ပေးခံလိုက်ရတဲ့ Stitch တို့သုံးယောက် Lilo အိမ်မှာ သောင်တင်နေချိန်ပေါ့။တစ်ချိန်တည်းမှာပဲ ဒေါက်တာ Jumba ရဲ့ သုတေသနပေါင်း ၆၂၅ ကောင် ကို အပိုင်သိမ်းဖို့ကြံနေတဲ့ ရန်သူဟောင်းတစ်ယောက်လည်းရှိနေပါသေး တယ်။ Stitch တို့ကျေးဇူးနဲ့ အလုပ်ပြုတ်သွားတဲ့ ကပ္ပတိန် Gantu က သုတေ သနအကောင်လေးတွေခိုးဖို့ ကမ္ဘာကိုဆင်းလာခဲ့ချိန်၊ တစ်သက်လုံး ကိုယ့် ကိုယ်ကို အဖော်မဲ့တစ်ကောင်ကြွက်လို့မှတ်ထားတဲ့ Stitch ...
movie

Stitch! The Movie (2003)

2003
Atlantis: Milo’s Return (2003) 5.0
Atlantis: Milo’s Return (2003) Atlantis Milo’s Return (2003) Genre – Animation, Action, Adventure၂၀၀၁ ခုနှစ်တုန်းက Disney ကနေ ထွက်ရှိပြီးလူကြိုက်များခဲ့တဲ့ Atlantis The Lost Empire ရဲ့အဆက်ရုပ်ရှင် ဖြစ်ပါတယ်။ဒီကားလေးမှာတော့ ပထမကားတုန်းက အဖြစ်အပျက်တွေပြီးတော့မိုင်လိုကလည်း အတ္တလန်တစ်မှာ ကီဒါနဲ့ အတူနေနေကြပါတယ်ကီဒါကလည်း ဘုရင်မ အဖြစ်ကို ရောက်ရှိနေပါပြီ။အဲဒါနဲ့ နှစ်ယောက်သားအတူတူ ပုံဆောင်ခဲစွမ်းအင်ကိုအသုံးချပြီး သူတို့မြို့လေးကို ပြန်ပြုပြင်တည်ဆောက်လျက်ရှိပါတယ်။ဒီလိုနဲ့ တစ်နေ့ကျ ပထမကားတုန်းက မိတ်ဆွေဟောင်းတွေဖြစ်တဲ့မစ္စတာဝှစ်မောတို့ ဗင်နီတို့ သြဒရီတို့ မိုးလ်တို့ အတ္တလန်တစ်ကိုရောက်လာကြပြီး ကုန်းမြေကမ္ဘာမှာ အတ္တလန်တစ်နဲ့ ဆက်နွယ်နေနိုင်လောက်တဲ့အန္တရာယ်တွေကျရောက်နေပြီ ဖြစ်လို့ အတ္တလန်တစ်ကျွမ်းကျင်သူမိုင်လို့ကို လာ အကူအညီတောင်းကြပါတော့တယ်။ဒီလိုနဲ့ ဘုရင်မဖြစ်နေတဲ့ ကီဒါကပါ ဒါကလည်း သူ့အဖေ လက်ထက်တုန်းကစနက်တွေ ကင်းရဲ့လား သံသယဖြစ်မိတာကြောင့်အတူလိုက်ပါမယ်ဆိုပြီး အုပ်စုလိုက် ခရီးထွက်ခဲ့ကြတဲ့အခါမှာတော့ရန်စွယ်ဟာ တစ်ခုတည်း မဟုတ်ပဲ ၃ ခုလောက် ဖြစ်နေပြီးအကုန်လုံးက ကမ္ဘာပျက်လောက်တဲ့အထိ ဆိုးဝါးနေခဲ့တော့မိုင်လိုတို့တသိုက် ...
movie

Atlantis: Milo’s Return (2003)

2003
Taxi 3 (2003) 5.8
Taxi 3 (2003) Taxi 3 (2003)IMdb Rating (5.8) / Rotten Tomatoes (51%)Taxi ဇာတ်ကားလို့ ဆိုလိုက်တာနဲ့  ပြင်သစ်က အူကြောင်ကြားရဲနဲ့ မာဆေးလမ်းမတွေပေါ်က မြန်နှုန်းမြင့် လန်ပျံနေတဲ့ တက္ကစီသမားတို့ကို ပြေးမြင်ကြမှာပါ။Taxi ဇာတ်ကားတွေဟာ အက်ရှင်ဟာသရုပ်ရှင်ကားတွေထဲ Rating မြင့်ပြီး တကယ်လဲရယ်ရတဲ့ဇာတ်ကားတွေပါ...ပြင်သစ်က ရိုက်ကူးထားတဲ့ Taxi ဇာတ်ကား ၅ ကားရှိပြီး ၁ ကနေ ၄ ထိကတော့ မင်းသား၊မင်းသမီး၊ဇာတ်ပို့တွေက အတူတူပါပဲ။ပြင်သစ်မင်းသားတွေဖြစ်ကြတဲ့ Samy Naceri,Frédéric Diefenthal,Bernard Farcy ၊ မင်းသမီး Marion Cotillard,Emma Wiklund တို့ပါဝင်ထားပြီး တခါတလေ နာမည်ကြီးဧည့်သည်သရုပ်ဆောင်တချို့ ပါလာတတ်ပါတယ်။Taxi-5 မှာတော့ လူတွေပြောင်းရိုက်ထားပြီး Theme လောက်ပဲ တူတော့သလိုဖြစ်တာကြောင့် သိပ်မကြိုက်ကြပါဘူး။၁ ကနေ ၄ ထိကတော့ တကယ်ကိုရယ်ရတဲ့ ဗရုတ်သုတ်ခဇာတ်ကားတွေဖြစ်ပြီး တစ်ကားနဲ့တစ်ကားဆက်စပ်မှုရှိပါတယ်...ဇာတ်လမ်းက ပေါ့ပေါ့ပါးပါးနဲ့ ...
movie

Taxi 3 (2003)

2003
1080p HEVC
Mona Lisa Smile (2003) 6.5
Mona Lisa Smile (2003) Mona Lisa Smile (2003) ================= IMDb Rating - 6.5/10၁၉၅၃ / ၅၄ ခုနှစ်တွေဆီက အမျိုးသမီး အခန်းကဏ္ဍ၊ သူတို့ရဲ့ ပညာသင်ယူရေး၊ အိမ်ထောင်ရေးတို့ရဲ့ ရှေးရိုးစွဲအခြေအနေတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင် တင်ပြထားတဲ့ ဇာတ်လမ်းကောင်း တစ်ခုပါ။ အဲဒီခေတ်တွေဆီက အမျိုးသမီးတွေ ပညာသင်ယူခွင့် ရတာကိုပဲ ဘုရားပေးတဲ့ဆုလို့ ခံယူရတဲ့အချိန်ပေါ့။ ကောလိပ်တက်၊ ဘွဲ့ယူဆိုတဲ့ မဟာ့မဟာ အခွင့်အရေးကြီး ရကာစ။အင်္ဂလန်ဆိုတာ ကိန်းကြီးခန်းကြီးနိုင်တဲ့နေရာမှာ သိပ်ကို နာမည်ကြီး တယ်ဗျ။ ညစာကို မိသားစုအချင်းချင်း စားဖို့အရေးတောင်မှ လည်စည်း မပါဘဲမစားရတာ၊ ညနေ ၅ နာရီ အမီစားရတာ ဘာညာ။ အဲဒါကိုမှ လူကုံတန်အသိုင်းအဝိုင်းဆိုရင်တော့ ပိုဆိုးပြီသာမှတ်။ အဲဒီလိုနိုင်ငံ၊ အဲဒီ စနစ်ကို ရေရှည်တည်မြဲရေးလုပ်ပေးနေတဲ့ ကောလိပ်တစ်ခုကိုမှ လွတ်လပ် ပြီး တက်ကြွတဲ့ ဆရာမလေး ‌အမေရိကားကနေ ရောက်လာခဲ့တယ်။ ဘွဲ့ ရတဲ့အထိ လွှတ်ပေးထားပြီး ဘွဲ့ရတာနဲ့ ခင်ပွန်းသည်အတွက် ညအိပ်ပြည့် တန်ဆာ၊ အိမ်မှာ အစေခံတစ်ယောက်ဖြစ်သွားတဲ့အိမ်ထောင်ရေးထဲ ဆွဲ သွင်းလိုက်ကြရောတဲ့။ အဲဒီလိုအဖြစ်တွေကို မကြည့်နိုင်တဲ့ ဆရာမလေး ဟာ ...
movie

Mona Lisa Smile (2003)

2003