Channel Myanmar

2007

Frontier(s) (2007) 6.3
Frontier(s) (2007)   Ultra-violet လို့တင်စားခံထားရတဲ့ အရမ်းသည်းထိတ်ရင်ဖိုကြည့်ရမည့် Slasher ကားတစ်ကား ကို Saw, Texas Chainsaw, Wrong Turn, The Hill Have Eyes စသည့် စူပါအကြမ်းဇာတ်ကားမှ ကြိုက်ပါတယ်ဆိုတဲ့ ပရိတ်သတ်ကြီး အတွက် ရွေးခြယ်ဘာသာပြန်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းက စထွက်ခြင်းမှာပဲ ဝေဖန်အကြံပေးသူတွေရဲ့ အားပေးမှု့ကို တစ်ခဲနက် ရရှိထားပါတယ်။ IMDb 6.5 ရရှိထားပါတယ်။ International film festival ပွဲတွေမှာလည်း ပွဲထုတ်ပြသခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်ကွက်ကလည်း သမရိုးကျ လူသတ်ကားတွေနဲ့မတူပဲ ထူးထူးခြားခြားလေး တည်ထားပါတယ်။ ပဲရစ်မှာ ဒုတိယအကြိမ် သမ္မတရွေးကောက်ပွဲကြီးစတင်ပါပြီ။ အဲဒီအချိန်မှာပဲ ပြည်သူတွေမုန်းတီးမလိုလားတဲ့ အမတ်တစ်ယောက်က စပြီးအာဏာကိုအလွဲသုံးစားလုပ်ကာ မဲတွေကိုကလိန်ကျပါတယ်။ ဒါကိုပြည်သူတွေက သိရှိသွားပြီး အပြင်းအထန်ကန့်ကွတ်ဆန္ဒပြလာကြပါတယ်။ ပြည်သူတွေ တစ်ခဲနက် အုံကြွမှု့ကြီးဖြစ်ပေါ်လာပြီး ရဲတွေနဲ့ တိုက်ခိုက်မှု့တွေအထိရှိလာပါတယ်။ မြို့ကြီးက ပရမ်းပတာအခြေနေကို ရောက်ရှိလာပါတယ်.. ဒါကို အခွင့်ကောင်းယူပြီး ပွဲလန့်တုန်းဖျာခင်းတဲ့ သူခိုးတစ်စုကတော့ ခိုးရာပါပစ္စည်းတွေနဲ့ အထိကရုန်းကြားမှာ သက်စွန့်ဆံဖျား ပြေးလွှားနေပါတယ်။ တစ်နေရာအရောက်မှာတော့ ထိုသူခိုးထဲမှ တစ်ယောက်ကိုသေနတ်ထိမှန်သွားပြီး လူစုကွဲသွားပါတယ်။ ပြန်ဆုံပေမဲ့လည်း သေနတ်ဒဏ်ရာကအခြေနေက ဆိုးနေပြီဖြစ်ဖို့ ဆေးရုံကို လူစုခွဲပြီး ...
6.3
IMDB: 6.3/10 21,771 votes
movie

Frontier(s) (2007)

2007
American Gangster(2007) 7.8
American Gangster(2007) IMDB...7.8 Rotten...87% American Gangster ဟောလိဝုဒ်ရဲ့အကောင်းဆုံးရုပ်ရှင်စာရင်းထဲမှာ ထည့်ကိုထည့်ရမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အမေရိကန် ဗီယက်နမ် စစ်ပွဲကာလအတွင်းက အမေရိကန် နိုင်ငံရဲ့ ကာလကို အခြေတည်ရိုက်ထားတဲ့ ဒီဇာတ်ကားက သုံးနာရီနီးနီးလောက်ကြာမြင့်ပေမယ့် ဘယ်လိုမှငြီးငွေ့မသွားအောင် ဖမ်းစားနိုင်ခဲ့ပါတယ်။ အထူးသဖြင့် မင်းသားကြီး Denzel Washingtonရဲ့  အန္တိမ သရုပ်ဆောင်ချက်တွေသာ မပြောင်မြောက်ခဲ့ရင်ဒီဇာတ်ကားကြောင်းကို ပြန်တင်ပြစရာအကြောင်းမရှိပါဘူး။စုံထောက်တစ်ယောက်အဖြစ် မင်းသားကြီး Russell Croweကလည်း အကောင်းဆုံး တင်ဆက်သွားခဲ့ပေမယ့် Denzelနဲ့ယှဉ်လိုက်ရင်တော့ အနည်းငယ်မှေးမှိန်သွားရပါတယ်။ 1969ဝန်းကျင်အမေရိကန်နိုင်ငံက လာဘ်စားမှု တွေ ဒုစရိုက်မှု တွေ မူးယစ်ဆေးဝါး ဘိန်းစတဲ့ မကောင်းမှု တွေနဲ့ ရှု ပ်ထွေးပွေလီနေပါတယ်။ ဟားလမ်းဆိုတာကလည်း ဒုစရိုက်မှု တွေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုပါ။အဲဒီနေရာမှာ Frank Lucas(Denzel)ရဲ့ ဆရာက သြဇာအာဏာရှိပြီး အားလုံးရဲ့ လေးစားမှု ကို ခံရတဲ့သူတစ်ဦးပါ။သူက Frankကို တပည့်ရင်းတစ်ဦးအဖြစ်ထားရှိပြီး သူသေသွားရင် သူ့နေရာမှာ လျာထားဖို့ ရည်ရွယ်ထားသူပါ။Frank မှာ ရိုးသားခြင်း သစ္စာရှိခြင်း ကတိတည်ခြင်း ရဲရင့်ခြင်း ပါးနပ်ခြင်းစတဲ့ ယောက်ျားကောင်းတစ်ဦးမှာရှိထိုက်တဲ့အရည်အသွေးတွေအကုန်ရှိပါတယ်။အဲဒါကို ...
7.8
IMDB: 7.8/10 343,561 votes
movie

American Gangster(2007)

2007
Underground Rendezvous (2007) 6.0
Underground Rendezvous (2007) အခုမိတ်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ၂၀၀၇ ခုနှစ်ကထွက်ခဲ့တဲ့Underground Rendezvous ဆိုတဲ့ ကိုရီးယားကားလေးပါ ဒီထဲမှာ တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားဆိုပြီး ကွဲမသွားခင်က အခုနယ်စပ်နေရာမှာ ရှိတဲ့ရွာလေးက မိသားစုလေးအကြောင်းကို အခြေခံရိုက်ကူးထားတာပါ ကိုရီးယားနိုင်ငံ နှစ်ပိုင်းကွဲသွားတဲ့အခါ မိသားစုတွေ ခွဲတာခံလိုက်ရပါတယ် တစ်နေ့တော့ တောင်ကိုရီးယားဘက်က ရွာမှာ စာသင်ဖို့ ကျောင်းဆရာတစ်ယောက်ရောက်လာတာကနေဇာတ်လားစလာပါတယ် သူဟာ အဲရွာကသူကြီးကို သူ့ခယ်မနဲ့ညကြီးအချိန်မတော်တွေ့လိုက်တဲ့အခါအထင်လွဲမှုတွေဖြစ်ပေါ်လာခဲ့ပါတယ် ဒီအထင်လွဲမှုတွေကို သူတို့ဘယ်လိုဖြေရှင်းကြမလဲb သူကြီးရဲ့ ခယ်မကရော ဘယ်ကလဲ ဘယ်သူလဲ ကွဲသွားတဲ့ မိသားစုတွေရဲ့ ဇာတ်သိမ်းကရော ဘယ်လိုဖြစ်မလဲ ကျောင်းဆရာကရော သူ့မွေးရပ်ကိုပြန်နိုင်မလားဆိုတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ကားလေးပါ IMDb 6 အထိရထားတဲ့ ဟာသဇာတ်လမ်းလေးပါ ဇာတ်ကားရဲ့ မြှုပ်ကွက်လေးတွေကို မပျင်းစေရဘဲ ဟာသလေးတွေနဲ့ဝေဝေဆာဆာရိုက်ကူးထားပြီး ဇာတ်သိမ်းပိုင်းထိ ပရိသတ်ကို ဆွဲခေါ်သွားမယ့်ဇာတ်ကားလေးပါ   (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ မေသရဖီလွင်ပါ)   File Size : (900 MB) and (450 MB) Quality : WEB-DL 720p Running Time : 1hr 47min Format : Mp4 Genre :Comedy, Drama, War Subtitle ...
6.0
IMDB: 6.0/10 6 votes
movie

Underground Rendezvous (2007)

2007
My Tutor Friend 2 (2007) 6.2
My Tutor Friend 2 (2007)   ဒီတစ်ကားကတော့ မတူညီတဲ့ plot တွေ ကွဲပြားတဲ့ မင်းသား မင်းသမီးတွေနဲ့ My tutor Friend 1 ရဲ့ အဆက်အဖြစ် CJ ENTERTAINMENT က တင်ဆက်လိုက်တာပါ အဓိက ဇာတ်ကောင်တွေအနေနဲ့ကတော့ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုတောင်းနဲ့ ပြည့်စုံပြီး တစ်ချက်ပြုံးရင် ကြယ်ကြွေလောက်တဲ့ မင်းသားချော Park Ki woong နဲ့ ဘယ်လိုနေနေ ချစ်စဖွယ် မမေ့နိုင်စဖွယ် အမူအရာလေးတွေနဲ့ မင်းသမီးချောလေး Lee Chung ah တို့က ပါဝင် သရုပ်ဆောင်ထားပါတယ် ကိုရီးယားကို Student exchange နဲ့ ကျောင်းလာတတ်တဲ့ ဂျပန်မလေး ဂျွန်ကို ဟာ သူမရဲ့ Crush ဖြစ်တဲ့ ဝူဆန်းကို ကိုရီးယားမှာ လိုက်ရှာချင်ခဲ့ပါတယ် သူမတည်းခိုရာ ဧည့်ဂေဟာ ပိုင်ရှင်ဧ။်သားဖြစ်သူကတော့ လူငယ်ဆန်ဆန် ရွတ်နောက်နောက် နေတတ်ပြီး ပိုက်ဆံကို ရရင်ရသလို ရှာတတ်သူပါ ဒီအပျော်လွန်တတ်တဲ့ ...
6.2
IMDB: 6.2/10 327 votes
movie

My Tutor Friend 2 (2007)

2007
Hostel: Part II 5.5
Hostel: Part II   ပုရိတ်သတ်ကြီးအတွက် တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့ပြီး ဝက်ဝက်ကွဲအောင်မြင်ကျော်ကြား ခဲ့တဲ့ ဒါရိုက်တာကြီး Eli Roth ရဲ့ဇာတ်ကားကောင်းတွေကို တင်ဆက်လိုက်ပါတယ်။ အမှန်တော့ Hostel ဇာတ်ကားတွေက ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာမဟုတ်ပါဘူး။ ဒါပေမဲ့ အပိုင်းသုံးပိုင်းထဲက အပိုင်းတစ်ခုဟာထိုင်းမှာ အလားတူသဏ္ဍန် တစ်ခုဖြစ်သွားခဲ့တဲ့အတွက် ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ကိုအခြေခံထားတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ...... လူတွေဆိုတာ အခက်သားကလား။ သာယာမှု့ဆိုတာကို လူတိုင်းလက်ခံသဘောကြ ကြပါတယ်။ နာကြင်မှု့ကိုတော့ ကြားတောင်မကြားချင်ကြပါဘူး။ ဒီဇာတ်ကားက အဲဒီခံစားချက်နှစ်မျိုးရဲ့ အချိတ်ဆက်ကို ဖော်ပြပေးသွားမှာပါ။ မူမှန်တဲ့ လူတွေအတွက် ပျော်စရာ ကလပ်တွေရှိနေသလို မူမမှန်တဲ့သူတွေအတွက်လည်း ပျော်စရာ ကလပ်တွေ ရှိနေပါတယ်။ မူမမှန်သူတွေကတော့ လူ့အသက်တွေနဲ့ အကြောက်တရားတွေကို ငွေကုန်ကြေးကျခံပြီး ကစားကြသူတွေပါ။ ဇာတ်ကားရဲ့အခြေခံကတော့ မြို့တွေကို ပျော်ရွင်စရာတွေနဲ့ သုခဘုံအလားဖန်တီးထားပြီးနိုင်ငံခြားသား/သူ တွေကို အစဖျောက်ဖမ်းခေါ်ပြီးမူမမှန်တဲ့ သူတွေဆီကို ပိုက်ဆံယူပြီး ဝကွက်အပ်လိုက်တာပါပဲ။ ပိုက်ဆံအတွက် အသတ်ခံကြရသလို ပိုက်ဆံအတွက် သတ်ကြရပါတယ်။ လျှင်သူစားစတမ်းပေါ့ဗျာ... (ဘာသာပြန်သူကတော့ ကိုအေးမင်းဦးပါ)   File Size : (700 MB) and (300 MB) Quality : 720p ...
5.5
IMDB: 5.5/10 74,418 votes
movie

Hostel: Part II

2007
[18+] Lust, Caution (2007) 7.6
[18+] Lust, Caution (2007) IMDb Rating (7.6) Rotten Tomatoes (73%) ---------------------------- Lust Caution (2007) အဝေးက လရိပ်မျှင်မျှင် လေးသည် မှန်ပြတင်းကိုဖြတ်လျက် အခန်းထဲကို တိုးဝင်နေသည်။ အခန်းထဲတွင် လရောင်လင်းရိပ်သာရှိပြီး အခန်းလေးသည် မှုန်ရီ ဝိုးဝါးနေ၏။ မှန်ပြတင်းနားတွင် မိန်းကလေးတစ်ယောက် မတ်တပ်ရပ်ပြီး အဝေးကိုငေးကြည့်နေသည်။သူမ၏မျက်ဝန်းကလေးများသည် သောက်ရှုးကြယ်များသဖွယ် အမှောင်ထဲမှာပင် လင်းလက်နေသည်။နှုတ်ခမ်းနှစ်မွှာသည် တုန်ရီလျက်ရှိနေလေသည်။ယောကျာ်းပျိုတစ်ဦး သူမအနားကို ရောက်လာပြီး ပုခုံးလေနှစ်ဘက်ကို ယုယစွာ ဆုပ်ကိုင်လိုက်၏။မိန်းကလေးသည် လည်ပြန် ငဲ့ကြည့်လိုက်ပြီး သူတို့၏မျက်ဝန်းများ နှုတ်ခမ်းများသည် ချစ်ဆိပ်ရည် တို့ဖြင့်ပြည့်ကျံနေကာ တုန်ရီလျက်ရှိနေကြသည်။လရိပ်သည် အရောင်ဖျော့စပြုလာပေပြီ။ သူတို့နှစ်ဦး၏ ရမ္မက်အဆိပ်ငွေ့များကမူ တစ်စထက်တစ်စအရောင်တောက်လာပြီ။ 1938ခုနှစ်။ Wong chia chi(Tang Wei)သည် ဟောင်ကောင်တက္ကသိုလ်မှ ကျောင်းသူတစ်ဦးဖြစ်သည်။အချိန်ကာလကား ဂျပန်တို့သည် အာရှတစ်ခွင်စိုးမိုးနေသည့်ကာလဖြစ်ပြီး တရုတ်ပြည်မကြီးကနေ ဟောင်ကောင်ကျွန်းကိုပါ သိမ်းပိုက်ရန်ကြံစည်နေသည့်အချိန်ကာလဖြစ်၏။ဟောင်ကောင်တွင် ဗြိတိသျှ အလိုတော်ရိများ ။အရေးမလှ၍ ဆုတ်ခွာရန်ပြင်နေသည့် ဗြိတိသျှ အရာရှိများ။ ဟောင်ကောင်ကိုသိမ်းပိုက်ရန် နည်းလမ်းအမျိုးမျိုး သုံးလျက်ရှိသည့် ဂျပန်စပိုင်များ အလိုတော်ရိများဖြင့် ...
7.6
IMDB: 7.6/10 32,253 votes
movie

[18+] Lust, Caution (2007)

2007
The Bucket List (2007) 7.4
The Bucket List (2007)   ဒီကားဟာ ဘာသာပြန်သူအရမ်းကြိုက်တဲ့ ဇာတ်ကားပါ ဒီဇာတ်ကားကနေ ဘ၀အတွက် အတွေးတစ်ခုခုရမယ်ဆိုတာ အသေအချာပါပဲ ကင်ဆာရောဂါသည်တွေဖြစ်တဲ့ ဘီလီယံနာ အက်တ်ဝေါ့ကိုးလ် နဲ့ စက်ပြင်ဆရာ ကတ်တာချိန်ဘာတို့ဟာ ဆေးရုံခန်းတစ်ခန်းထဲ တူတူမနေရခင်အထိ လုံးဝသူစိမ်းနှစ်ယောက်ပါပဲ သူတို့ဟာ သူတို့ကိုယ်သူတို့ရှာတွေ့ဖို့နဲ့သူတို့မသေခင် လုပ်ချင်တာတွေ လုပ်သွားဖို့ ဆန္ဒကြောင့် ဆရာဝန်တွေတားတာတောင်မမှုပဲ ဆေးရုံက ထွက်သွားပြီး ဘယ်လိုတွေ စွန့်စားကြလဲ ဘ၀အဓိပ္ပာယ်နဲ့သူတို့ကို သူတို့ရှာတွေ့သွားကြမှာလားဆိုတာကို ဇာတ်လမ်းမှာ ကြည့်ကြည့်လိုက်ပါ   (ဘာသာပြန်သူကတော့ အဉ္ဇလီ သန်းထိုက် ပါ)   File Size : (700 MB) and (320 MB) Quality : 720pBluray Running Time : 1hr 37minutes Format : Mp4 Genre : Adventure, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Inzali ThanHtike Encode by Jessica
7.4
IMDB: 7.4/10 198,085 votes
movie

The Bucket List (2007)

2007
The Babysitters(2007) 5.7
The Babysitters(2007) IMDb 5.7 ......... ချာလေလိုင်နာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ Alfred E.Groves အထက်တန်းကျောင်းမှာပညာသင်ကြားနေတဲ့ကျောင်းသူလေးတစ်ယောက်ပါ ကျောင်းတစ်ဘက်နဲ့အလုပ်တစ်ဘက်ပေါ့ တစ်နေ့တော့ ဘလ်ထရန်မိသားစုကနေ ကလေးထိန်းဖို့ သူမကိုငှားခဲ့တယ် ကလေးတွေထိန်းပေးတဲ့အလုပ် လုပ်ရင်းနဲ့ သူမအတွက် မမျှော်လင့်တဲ့အဖြစ်တစ်ခုကြုံရတယ် အဲ့ဒါကတော့ကလေးတွေရဲ့ဖခင် မစ္စတာ ဘယ်ထရန်နဲ့ သံယော်ဇဉ်တွယ်မိကြတယ် သူတို့က အပျော်ရှာကြရုံအဆင့်ဆိုပေမဲ့ တဖြည်းဖြည်းခံစား ချက်တွေကလေးနက်လာခဲ့တယ်.... 18+ခန်းတစ်ချို့အတော်လေးပါဝင်ပေမဲ့ သိပ်အဆိုးဝါးကြီးတော့ မဟုတ်ပါဘူး အိမ်ထောင်ရေးမှာ တစ်ချို့သောယောင်္ကျားတွေရဲ့အဖြစ်ကို ပုံဖော်ထားတဲ့ကားလေးပါ ဘ၀ရဲ့အနှစ်သာရဟာဘာလဲ ပျော်ရွှင်မှုဆိုတာဘာလဲေ၀၀ါးနေတဲ့အချိန် မိသားစုကိုရွေးမှာလား ငယ်ရွယ်လှပတဲ့မိန်းကလေးတစ်ယောက်ကိုရွေးချယ်ပြီး လက်ရှိပိုင်ဆိုင်တဲ့မိသားစုကိုစွန့်ပစ်မှာလားဆိုတာကို တော့ ခံစားကြည့်လိုက်ပါဦး အိမ်ထောင်ရေးပညာပေးကားလေးမို့ ခံစားကြည့်လိုက်ပါဦးခင်ဗျ...... ဇတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကို Pyae Xeinn Sett ပါ   File Size…(759MB) and (246MB) Quality…720p Format…mp4 Duration…01:28:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Phyo Pyae Translated by Pyae Xeinn Sett
5.7
IMDB: 5.7/10 9,147 votes
movie

The Babysitters(2007)

2007
P2 5.9
P2 ဒီကားမှာတော့ မင်းသမီးချော Rachel Nichols အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် သူ့မှာဟာ လုပ်ငန်းရှင်တစ်ဦးပီပီ အလုပ်များပါတယ်..နှစ်သစ်ကူးရက်ရောက်တော့ ဘယ်လိုပင်အလုပ်တွေရှုတ်နေပါစေ မိသားစုနဲ့အချိန်ကုန်ဆုံးဖို့ ဆုံးဖြတ်ထားတယ် ဒါပေမဲ့ အလုပ်ပြန်နောက်ကျတဲ့အပြင် ပြန်ဖို့ကားကလည်း ပျက်နေတယ် အဆောက်အဦး လုံခြုံရေးက လိုက်လံကူညီပေးပေမဲ့ ပြန်ဖို့အဆင်မပြေဖြစ်နေတယ်...နောက်ဆုံး သူ့ကို ကူညီပေးတဲ့ လုံခြုံရေးဝန်ထမ်းက စိတ္တဇလူသတ်သမားတစ်ယောက်ဖြစ်နေတော့ သူမ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာကိုရင်တစ်ဖိုဖိုနဲ့စောင့်ကြည့်လိုက်ပါဦး.......... File Size…(699MB) Quality…BluRay 720p Format…mp4 Duration…01:38:00 Encoder…Phyo Pyae Translated by John La Young
5.9
IMDB: 5.9/10 27,240 votes
movie

P2

2007
3:10 to Yuma (2007) 7.7
3:10 to Yuma (2007)   ၂၀၀၇ ခုနှစ်ကထွက်ရှိထားပြီး IMDb 7.7 ရထားတဲ့ ခပ်လန်းလန်း Cowboy ကားလေးတစ်ကားကို တင်ဆက်ပေး လိုက်ပါတယ် Walk The Line ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ James Mangold က ရိုက်ကူးခဲ့တာဖြစ်ပြီး ပါဝင် သရုပ်ဆောင်ထားတဲ့ မင်းသားတွေကတော့ Russell Crowe, Christian Bale တို့ပဲ ဖြစ်ပါတယ်။ ဒီကားလေးက အော်စကာ ဆု၂ဆု အတွက်နာမည်စာရင်းပါခဲ့ပြီး တခြား ရုပ်ရှင်ဆု ၃ ဆုနဲ့ ဆုပေါင်း ၃၀ ရရှိခဲ့ပါတ်ယခပ်ကြမ်းကြမ်း အက်ရှင်ကားလေး ဖြစ်တာမို့ Cowboy ပရိတ်သတ်တွေအနေနဲ့ကတော့ လက်လွတ်မခံသင့်တဲ့ကားလေးပါဗျ ဇာတ်လမ်းအကျဉ်းလေးကတော့ Rancher Dan Evans ဟာသူ့ ရဲ့မြေယာပြသနာအတွက် Bisbee ကိုလာခဲ့ပြီး မထင်မှတ်ပဲ Ben Wade ဦးဆောင်တဲ့ ဒါးပြမူ နဲ့ကြုံလိုက်ရပါတယ် သိပ်မကြာခင်မှာပဲ Wade ဟာ အဖမ်းခံလိုက် ရပြီး Wade ...
7.7
IMDB: 7.7/10 251,000 votes
movie

3:10 to Yuma (2007)

2007
Transformers (2007) 7.1
Transformers (2007) ပထမ Transformer ဇာတ်လမ်းအဓိကကျောရိုးက All Spark ကိုလိုတာနဲ့ စပါတယ်။ Transformer အမည်ခံစက်ရုပ်များဟာ သူတို့နေထိုင်တဲ့ Cybertron ဆိုတဲ့ဂြိုဟ်မှာ Autobots နဲ့ Decepticons တွေ တိုက်ပွဲဖြစ်ခဲ့ပြီး Decepticons ခေါင်းဆောင် Megatron ရဲ့ ဖျက်ဆီးမှုကြောင့် Cybertron ဂြိုဟ်ပျက်စီးခဲ့ပါတယ် ။ ( All Spark ဆိုတာ ပထမ Transformer movie မှာတွေ့ရတဲ့ ကုဗတုံးတစ်ခုပါ ) Autobots တွေဟာ All Spark ကို ပြန်လည်ရှာဖွေပြီးတော့ သူတို့မူလဂြိုဟ်ဟောင်း Cybertron ကို ပြန်လည်တည်ဆောက်ချင်ပါတယ် ။ Decepticons တွေကတော့ All Spark ကို ရှာဖွေပြီး စကြ၀ဠာကို စိုးမိုးချင်သူများပါ ။ Decepticons ခေါင်းဆောင် Megatron ဟာ ကမ္ဘာဂြိုဟ်ပေါ်မှာ All Spark ရှိနေတယ်ဆိုတဲ့ သတင်းကို ကြားလျှင်ကြားချင်း ကမ္ဘာပေါ်သက်ဆင်းရာမှာ အခန့်မသင့် ...
7.1
IMDB: 7.1/10 538,195 votes
movie

Transformers (2007)

2007
Meet The Robinsons (2007) 6.9
Meet The Robinsons (2007) ဥာဏ်အလွန်ထက်တဲ့၁၁နှစ်သားမိဘမဲ့ကလေး ရော်ဘင်ဆင်ဟာ ပစ္စည်းအသစ်တွေတီထွင်လိုစိတ်ရှိသူတစ်ယောက်ပါ ... မိဘမဲ့ကျောင်းမှာနေထိုင်ရင်း သူ့ကိုမွေးစားမယ့်မိဘတွေကိုမျှော်လင့်နေပေမယ့် ကံမကောင်းချင်တော့မွေးစားချင်သူမပေါ်လာခဲ့ပါဘူး... ဒါကြောင့်ရော်ဘင်ဆင်လေးဟာ လောကမှာ သူ့ကိုလိုချင်တာသူ့အမေတစ်ယောက်ပဲရှိလိမ့်မယ်လို့တစ်ထစ်ချမှတ်ယူပြီး(ကလေးဆိုတော့လည်း) ငယ်ငယ်ကသူ့ကိုမိဘမဲ့ကျောင်းမှာစွန့်ပစ်ခဲ့တဲ့ မိခင်ကိုပြန်ရှာဖို့အတွက်မိခင်ရဲ့ရုပ်ပုံလွှာကိုပြန်ဖော်နိုင်မယ့် မှတ်ဥာဏ်ဖော်စက်ကိုတီထွင်ခဲ့ပါတယ်.. တီထွင်မှုတွေမှာကျရှုံးနေကျဖြစ်တဲ့အတွက် သိပ္ပံပြပွဲမှာသူ့ရဲ့စက်အလုပ်မဖြစ်ခဲ့တဲ့အပေါ် ကိုယ့်ကိုယ်ကိုသာဒေါသထွက်နေမိတာပေါ့.. တကယ်တမ်းတော့ သူ့စက်ဟာအောင်မြင်ခဲ့ပြီး မသမာသူတစ်ဦးကြောင့် ပျက်ခဲ့ရတယ်ဆိုတာမရိပ်မိခဲ့ပါဘူး… စက်ကိုလာရောက်ခိုးယူခဲ့တဲ့မသမာသူက နှယ်နှယ်ရတော့မဟုတ်ဘူး… အနာဂတ်ကလာတာ ကဲ ဘာလို့အနာဂတ်ကတောင်လာပြီး ကလေးရဲ့စက်ကိုခိုးရတာလဲ ... ဒီကလေးကအနာဂတ်မှာဘာများဖြစ်နေလို့ပါလိမ့်ပေါ့နော်... သိချင်ရင် ဒေါင်းသာကြည့်လိုက်ကြပါလို့ Quality…..BluRay 1080p Duration…..01:35:00 Format…Mp4 File Size…(738 MB , 561 MB) Encoder…..Moe Myint Lwin Translator…..May Thazin Myint  Download with Openload Download with Openload (Small Size)  
6.9
IMDB: 6.9/10 votes
movie

Meet The Robinsons (2007)

2007
Big Stan (2007) 6.2
Big Stan (2007) အိမ်ခြံမြေအကျိုးတော်ဆောင်တယောက်ဖြစ်တဲ့စတန်မင်တန်တယောက်လိမ်လည်မှုနဲ့ထောင်နန်းစံရမယ့်အဖြစ်ကိုရောက်လာခဲ့ပါတယ်။   ထောင်ထဲမှာထောင်သားအချင်ချင်းမုဒိန်းကျင့်တဲ့အကြောင်းတွေကြားဖူးနေတဲ့စတန်ဟာသူ့ထောင်ကျရတော့မှာ   ကိုတွေးပြီးကြောက်နေပါတော့တယ်။ထောင်မကျမှီအချိန်အတွင်းကြံမိကြံရာကြံရင်းစတန်တယောက်သူ.   ကိုဘက်စုံတိုက်ခိုက်ရေးကျွမ်းကျင်သူအဖြစ်သင်ပေးမယ့်ဆရာတယောက်နဲ့တွေ့ခဲ့ပါတယ်။   အဲဒီဆရာကျေးဇူးနဲ့ပဲထောင်ထဲရောက်တဲ့အခါအားနည်းသူတွေအကူအညီလိုသူတွေကိုကူညီတိုက်ခိုက်ပေးရင်းဆရာကြီး   တပါးဖြစ်လာပါတယ်။   ထောင်တွင်းအနိုင်ကျင့်မှုတွေကိုကာကွယ်ရင်းထောင်သားတွေရဲ့လေးစားမှုကိုရလာခဲ့ပါတယ်။   ဒါပေမယ့်တဖက်မှာလည်းအကျင့်ပျက်ထောင်ဝန်ထမ်းတဦးရဲ့အမြတ်ထုတ်ဖို့ကြံစည်နေတာကလည်းစတန်   အတွက်ဘေးကြပ်နံကြပ်ဖြစ်နေပါတယ်။   အဲတော့စတန်တယောက်ဘယ်လိုရှေ့ဆက်နိုင်မလဲဆိုတာကတော့ပေါ့ပေါ့ပါးပါးနဲ့ဟာသလေးတွေနှောထားတဲ့   BigStanဇာတ်ကားလေးကိုကြည့်လိုက်ရအောင်ဗျာ။   ထောင်တွင်းအနိုင်ကျင့်မှုအထူးသဖြင့်မုဒိန်းကျင့်မှုကိုရှုံ့ချဖို့ဦးတည်ပြီးဟာသလေးတွေနဲ့တင်ဆက်ထားတာပါ။   ညအားလပ်ချိန်တွေကိုရယ်ရင်းမောရင်းအပန်းဖြေလိုက်ရအောင်ပါ။   ဒီကားလေးကို၂၀၀၇ခုနှစ်မှာထုတ်ဝေခဲ့ပြီးဝင်ငွေ၈.၇သန်းရရှိခဲ့ပါတယ်။   ညစ်ညမ်းတဲ့အသုံးအနူန်းတွေပါရှိလို. မိသားစုနဲ.အတူကြည့်ဖို့မသင့်တော်ပါဖူးခင်ဗျာ   (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Fridays ပဲဖြစ်ပါတယ်) File Size : 850 MB / 400 MB Quality : Bluray 720P Running Time : 1hr 45minutes Format : Mp4 Genre : Action, Comedy Translator : Fridays Encoder :Thanhtike Zaw Download Here Yoteshin Link   Download Here Bluray 720p (850 MB) Openload Link   Download Small File Size 360p (400 MB) Openload Link 
6.2
IMDB: 6.2/10 35,623 votes
movie

Big Stan (2007)

2007
Shattered (2007) 6.7
Shattered (2007) 2007 ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb 6.7 ရထားတဲ့ ဇတ်ကားလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီးကတော့ Pierce Brosnan ဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ ပျော်ရွင်စရာ ကောင်း တဲ့ မိသားစုလေးတစ်စု လေးကို ပိုင်ဆိုင်ထားတဲ့ နေးလ် ဟာ ချီကာဂို က ကြော်ငြာအေဂျင်စီ တစ်ခုမှာ အလုပ်လုပ်တဲ့သူပါ သူဟာ စွန်းလန်းတဲ့ ဆက်စီ ကျတဲ့ မိန်းမ အက်ဘ်ဘီ နဲ့ သမီးချောလေး ဆိုဖီ နဲ့ အတူ ပျော်ရွင် စရာမိသားစုလေးကိုတည်ဆောက်နေပြီး သူ့အလုပ်ကို တိုးတက်ရာတိုးတက် ကြောင်းအမြဲစဉ်းစားနေသူပါ ဒီလိုနဲ့ တစ်နေ့မှာ  ပြန်ပေးသမားက ကလေးထိန်း နဲ့ ပေါင်းပြီး အကြပ်ကိုင်တဲ့ အခါမှာတော့ ........ Download Large File Download Small File
6.7
IMDB: 6.7/10 26,184 votes
movie

Shattered (2007)

2007
Flash Point (2007) 6.8
Flash Point (2007) 2007 ခုနှစ်ကထွက်ရှိခဲ့ပြီး မင်းသားကြီး ဒယ်နီယန်း ရဲ့ အက်ရှင် ဇာတ်ကြမ်းကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ် IMDb မှာတော့ 6.8 ထိရရှိထားပြီး R rated ပေးထားတယ် ဆိုတော့ အသတ်အပုတ်တွေ သွေးထွက်သံယိုခန်းတွေ မနည်းမနောကြီး ပါနေလို့ပဲဖြစ်မယ်ထင်ပါတယ်ဗျပြီးတော့ ဗီလိန်နေရာမယ်သရုပ်ဆောင် တွေကလဲ ပရိတ်သတ်ကြီးနဲ့ ရင်းနှီးနေပြီးသား ဆိုတော့ ကောင်းမကောင်း သိပြီးသားဖြစ်မှာပါဗျ ဇာတ်လမ်းအကျဉ်းလေးကတော့ ဗီယက်နမ် တရုတ်ဂိုဏ်းကြီးကိုဖြိုခွဲဖို့ အင်စပက်တာ Ma Jun ဟာ ဂိုဏ်းခေါင်းဆောင် ညီအစ်ကို၃ယောက်ကို ဖမ်းဆီးရာမှာ အစ်ကိုအကြီးဆုံး ဖြစ်သူ Wei Cha ဟာအဖမ်းခံ ခဲ့ရပါတယ် ဒီလိုနဲ့ wei cha ရဲ့  ရီးစား Qui Di ဟာသက်သေခံဖို့ သဘောတူလိုက်ရာမှ ကောင်မလေး ကအသက်အန္တရာယ်ရှိလာတဲ့အခါမှာတော့ တရားမျှတမူအတွကဘယ် လိုတွေဆက်လက် ဖြစ်ပျက်ကြမလဲဆိုတာကိုတော့ ဘာသာပြန်ကတော့ကျော်မျိုးသူပါ Download Large File Download Small File
6.8
IMDB: 6.8/10 10,857 votes
movie

Flash Point (2007)

2007
Hensel And Gretel (2007) 6.8
Hensel And Gretel (2007)   အိပ်ရာဝင် နတ်သမီးပုံပြင်ကို ခြောက်ခြားဖွယ်ရာ ဇာတ်လမ်းအဖြစ် ပြောင်းလဲထားတဲ့ Hansel and Gretel ကိုရီးယား horror movie ဖြစ်ပါတယ် အဝေးပြေးလမ်းမမှာ ကားမတော်တဆမှုဖြစ်ပြီး သတိမေ့သွားခဲ့တဲ့ အွန်းဆို... ဒဏ်ရာတွေနဲ့ သတိပြန်ရလာချိန်မှာတော့ တောအုပ်ထဲကိုရောက်နေပြီး လက်ဆွဲမီးအိမ်ကိုင်ထားတဲ့ ကလေးမလေးတစ်ယောက်နဲ့ ဆုံတွေ့ ခဲ့ပါတယ် အကူအညီယူရန် ကလေးမလေးအိမ်ကိုလိုက်သွားခဲ့ပြီး သူမရဲ့ အစ်ကို နဲ့ ညီမလေး အဖေနဲ့ အမေ ဖော်ရွေပြီးပျော်စရာကောင်းတဲ့မိသားစုလေးက အွန်းဆို ကိုသူတို့ အိမ်မှာတည်းခိုခွင့်ပေးခဲ့ပါတယ် နောက်နေ့ မနက်မိုးလင်းချိန်မှာတော့ အရာအားလုံးဟာ အွန်းဆို ထင်သလိုမဟုတ်ခဲ့ရုံ သာမက ဒီတောအုပ်ကြီးထဲက လွတ်မြောက်ဖို့ လမ်းမရှိဘူးဆိုတာကိုပါ သိလိုက်ချိန်မှာတော့... ချစ်စရာကောင်းတဲ့ ကလေးလေးတွေရဲ့ နောက်ကွယ်က ခြောက်ခြားစရာ အမှန်တရားက ဘာလဲ... အွန်းဆိုရော ဒီတောအုပ်ကြီးထဲက လွတ်မြောက်နိုင်ပါ့မလား .. ကြောက်ကြောက်လန့် လန့် ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်.... Quality.....BluRay 1080p Duration.....01:56:00 Format...Mp4 File Size...(838 MB , 498 MB) Translator.....Nway Khin Khin Encoder.....Moe Myint Lwin   Download with VIP Link   Download with Pcloud   Download with Pcloud (Small Size)  
6.8
IMDB: 6.8/10 3,395 votes
movie

Hensel And Gretel (2007)

2007
Timecrimes (2007) 7.2
Timecrimes (2007) ဒီကားကို အစကထင်ထားတာ ကြမ်းကြမ်းရမ်းရမ်းလူသတ်ကားပေါ့ သို့ပေမဲ့ imdbကိုကြည့်တော့လဲ  7.2 rotten tomatoes ကျတော့လည်း 88%ဆိုတော့ မဟုတ်သေးပါဘူးဆို ဇာတ်လမ်းကို စတင်ခံစားလိုက်တာပေါ့ဗျာ... ဇာတ်လမ်းအကြောင်း.... လာပါပြီ ဇာတ်ကားရဲ့ မိနစ်၂၀လောက်အရောက်မှာ သိသိသာသာကြီးကို  ကိုယ်ကဇတ်လမ်းထဲရောက်သွားသလိုပဲ ဘာလို့ဆို ကျွန်တော်တို့လက်ခံလို့ရလောက်တဲ့ ဖြစ်နိုင်ချေတစ်ခုကို ဇာတ်လမ်းထဲပြထားတယ်  Time travel လို့ဆိုရမလားပဲ သို့မဟုတ် ဖန်ဆင်းထားမှုတစ်ခုလား သို့တည်းမဟုတ် ထူးကြယ်ဆန်းပြားမှုလား ဇာတ်လမ်းအပြီးထိ တော်တော်စိတ်ဝင်တစားနဲ့ကြည့်ခဲ့ရတာပါ ဥပမာ ပြောရရင်....... ကျွန်တော်တို့ တစ်ခါမှ မလုပ်ဖူးတဲ့အလုပ်တစ်ခုကိုဒီနေ့စလုပ်ပြီဆိုပါစို့.... ဒါပေမဲ့....အဲဒီအလုပ်ကိုလုပ်နေတုန်း ငါအရင် လုပ်ဖူးသလိုပဲ အဲဒီလိုတွေ တွေးဖူးကြပါလိမ့်မယ် ပြောချင်တာက ဒီဇာတ်လမ်းကလည်း အဲဒီလိုသဘောတရားကို နည်းနည်းသက်ရောက်မှုရှိတယ်ဗျ အားလုံးကိုခြုံပြီးပြောရရင် တောစပ်နားကအိမ်ကြီးမှာ လာနေတဲ့.လင်မယားနှစ်ယောက်ဆီမှာ အပေါ်ကကျွန်တော်ဆိုခဲ့သလို ဖြစ်ရပ်ဆန်းကြီးကြုံခဲ့ရတာပါ.... တစ်ခါ တစ်ခါ အညွန်းကိုဒီလိုလေး  မတင်း မလျှော့လေးပဲ ညွန်းတာကောင်းပါတယ် ကြည့်လိုက်ကြဦးနော်..... Quality...BluRay 720p File size…(660MB)  Format…mp4 Duration….01:32:21 Subtitle….Myanmar Subtitle (Hardsub) Translator…John La Yaung Encoder….Moe Myint Lwin   Download with VIP Link   Download ...
7.2
IMDB: 7.2/10 43,344 votes
movie

Timecrimes (2007)

2007
War (2007) 6.3
War (2007)   ကဲဒီတစ်ခါတော့ ပရိတ်သတ် အကြိုက် ဇာတ်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား တွေကလည်း အကြမ်းအရမ်း အလန်းတွေကြီးပဲမို့ လက်မလွတ်သင့်တာတော့ အမှန်ပါဗျ ပြီးတော့ IMDb rating ကလည်း 6.3 ထိရရှိထားတာမို့ပရိတ်သတ်ကြီး ကပဲ ဆက်လက်ကြည့်ရှူလိုက်ပါတော့နော် ဇာတ်လမ်း အကျဉ်းလေးကတော့ ဂျက်လီဟာ  ကြေးစားလူသတ်သမား ရော့အဖြစ်သရုပ်ဆောင်ထားပြီး ဂျေဆန်စတန်ရဲ့ သူငယ်ချင်းမိသားစုကို လုပ်ကြံသတ်ဖြတ်သွား ရာမှ ဂျေဆန်စတန်က လိုက်လံ လက်စားချေတာကို အလန်းစား အသတ်အပုတ်တွေနဲ့ ရိုက်ပြထားတာကြောင့် ပရိသတ်သတ်ကြီးအနေနဲ့ကတော့ မထတမ်းကြည့်ရှူကြမယ့် ဇာတ်ကားကောင်းတစ်ကား လို့ပဲ ပြောလိုက်ပါရစေတော့ ဗျာ ဘာသာပြန်သူကတော့ Nge Hein Jr ဖြစ်ပါတယ်ဗျ :D Download From V.I.P Link   Download Large File From Pcloud   Download Small File From Pcloud
6.3
IMDB: 6.3/10 74,136 votes
movie

War (2007)

2007

Genres

Like Us!