Channel Myanmar

2009

More Than Blue (2009) 7.6
More Than Blue (2009)       Friendzone  နာမည်လေးတော့ ကြားကောင်းတယ်နော် ခံစားရတဲ့သူကျ အသေအကြေပဲဗျ... ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ More than Blue လို့ခေါ်တဲ့ Melodrama ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်... ဘဝမှာ အသက်ရှင်ရမယ့်ရက်တွေ ဘယ်နှရက်များ ရှိမှာလဲ? နေ့တိုင်းဟာ ကိုယ့်ရဲ့ နောက်ဆုံးနေ့ ဖြစ်နေနိုင်ပါတယ်... ကိုယ်မရှိတော့တဲ့အခါ ကိုယ်သိပ်မြတ်နိုးရတဲ့သူကို ကာကွယ်မပေးနိုင်တော့မှာကို သိပ်ကြောက်ပါတယ်... ကိုယ့်ဘဝရဲ့ နေဝင်ချိန် မရောက်ခင်မှာ သူ့ကို လုံခြုံစေချင်မိတယ်... သူ့အကြောင်းကို ကိုယ့်ထက် ဘယ်သူကများ နားလည်ပါ့မလဲ စိုးရိမ်မိတယ်... ဒီလို ခံစားချက်တွေက လူတိုင်းမှာရှိကြပါတယ်... ယခု ဇာတ်လမ်းလေးထဲမှာလည်း ဒီနေ့လား မနက်ဖြန်လား မသေချာတဲ့ မင်းသားဟာ သူငယ်စဉ်ကတည်းက မြတ်နိုးချစ်ခင်ခဲ့ရတဲ့ မိန်းကလေးအတွက် အစွန့်လွှတ် အနစ်နာခံကာ သူ့ရဲ့နေဝင်ချိန်တွေကို စိတ်ချချင်ခဲ့ပါတယ်... ဒါအတွက် သူဘာလုပ်မလဲ? ဖြူစင်လွန်းတဲ့ချစ်ခြင်းကရော ဘာလဲ တကယ်ရှိလား? နာမည်ကျော်မင်းသား မင်းသမီးတွေဖြစ်တဲ့ Kwon Sangwoo နဲ့ Lee Boyoung တို့က ဒီဇာတ်လမ်းလေးကနေ တဆင့်ဖြေပေးပါလိမ့်မယ် Qty - 720p DVD rip Duration - 1hr 45 min Gern - Drama / Romance Translator ...
7.6
IMDB: 7.6/10 1,745 votes
movie

More Than Blue (2009)

2009
Thirst (2009) 7.2
Thirst (2009) IMDb Rating 7.2 ထိ ရရှိထားတဲ့ ကိုရီယားသွေးစုတ်ဖုတ်ကောင်ကားအလန်းစားလေးနဲ့မိတ်ဆက်ပေးပါရစေ။ Park Chan-wook ရဲ့ ဇာတ်ကားလို့ ဆိုလိုက်တာနဲ့ ကိုရီယားရုပ်ရှင်ပရိသတ်တွေ ချက်ချင်း တန်းကြည့်ချင်စိတ် ဖြစ်သွားမှာအမှန်ပါ။ သမားရိုးကျ ဇာတ်အိမ်တွေကနေ ခွဲထွက်ပြီး ရိုက်ကူးလေ့ရှိတဲ့ သူ့ဇာတ်လမ်းတွေက တကားကို ရသတစ်မျိုးစီပေးစွမ်းနိုင်တာ အသေအချာပါပဲ။ လူအများစု မခံစားရဲတဲ့ ရှောင်ကျဉ်လေ့ရှိတဲ့ ရောဂါဝေဒနာ ခံစားမှု ။ စိတ်ဝေဒနာခံစားမှု ။ မှားယွင်းနေကြတဲ့ လိင်စိတ်ပူးကပ်နေမှု တွေကို သူ့ရုပ်ရှင်အများစုမှာ တွေ့ရပါလိမ့်မယ်။ အဲဒီ စက်ဆုပ်ဖွယ်ပြသာနာတွေကို လှပတဲ့ ရိုက်ချက်တွေ။သာယာညိမ့်ညောင်းလှတဲ့ နောက်ခံ တေးဂီတတွေနဲ့ ပေါင်းစပ်ပြလေ့ရှိပါတယ်။ အပြာဇာတ်အိမ်တွေကို ခံစားနေကြမရှိတဲ့ ရုပ်ရှင်ပရိသတ်တွေအတွက်တော့ အနည်းငယ် နားလည်ရခက်နိုင်ပါတယ်။ အဲဒီလို ဖန်တီးတင်ဆက်နိုင်မှု ကပင် သူ့ရဲ့ မှော်ဆန်တဲ့ ပါရမီတွေပါပဲ။ ပရိသတ်နောက်မလိုက်တဲ့ တင်ပြချက်တွေ။ ဇာတ်လမ်းမဆန်တဲ့ ဇာတ်အိမ်ဖွဲ့မှု တွေကို အသစ်တစ်ခုအနေနဲ့ တွေ့ကြရပါလိမ့်မယ်။ ဆန်းပြားလှတဲ့ လက်တွေ့လောကမှာ လက်ခံနိုင်ဘွယ်ရာ မရှိတဲ့အရာတွေကိုလည်း လှပတဲ့အဖြစ်အပျက်ကလေးတွေနဲ့ ပေါင်းစပ်ထားတာတွေ။ အနုပညာဟာ ။ဘောင်မရှိ။အကန့်အသတ်မရှိ။ဟန်ချက်ညီမျှမှု။လူသားဆန်မှု ။လူသားမဆန်မှု ။စံပြဖြစ်စေမှု ...
7.2
IMDB: 7.2/10 34,099 votes
movie

Thirst (2009)

2009
The Message (2009) 7.4
The Message (2009) IMDb Rating (7.4) ရရှိထားတဲ့ ဒီတရုတ်ကားမှာ မင်းသား Huang Xiaoming ...မင်းသမီး Li Bingbing နဲ့ Zhou Xun တို့ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့...... 1942 ခုနှစ်၊ နန်ကျင်းအခြေအနေ... ဂျပန်တွေထိန်းချုပ်ထားတဲ့ ရုပ်သေးအစိုးရတာဝန်ရှိသူများအပေါ် တရုတ်တော်လှန်ရေးတပ်တွေရဲ့ လုပ်ကြံမှုအစီအစဉ်ပြီးနောက်  ဂျပန်ထောက်လှမ်းရေးအကြီးအကဲတွေက သူတို့ဌာနမှာ သူလျှိုရှိနေတာကို သိသွားတဲ့အတွက် သူလျှိုကို ဖော်ထုတ်ဖို့ သတင်းတုကို ဖန်တီးပြီး လွှင့်လိုက်ပါတော့တယ်။ အဲ့ဒီသတင်းတုနဲ့ပတ်သက်ပြီး ဌာနအတွင်းက တရုတ်တော်လှန်ရေးတပ်တွေရဲ့ သံသယရှိသူတွေကို သူတို့ရဲ့ကိုယ်ပိုင်အိမ်တော်တစ်ခုမှာ ထိန်းသိမ်းပြီး တရားမ၀င် စုံစမ်းမေးမြန်ကြတယ်။ အခြေအနေတင်းမာနေတဲ့ အချိန်မှာ တရုတ်ဝှက်စာဖော်ထုတ်ရေးအရာရှိတွေက ဒီအရေးကြီးသတင်းကို အပြင်ဖက်ရောက်စေဖို့ နည်းပေါင်းစုံနဲ့ အစွမ်းကုန် ကြိုးစားကြတဲ့အခါ..........။ တရုတ် - ဂျပန် စစ်ပွဲနောက်ခံနဲ့ ဖန်တီးရိုက်ကူးထားပြီး Crime, Drama, Thriller ရသစုံမို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကတော့ Aung Myat Shwe ပါ။)   File Size…(999 MB) and (350 MB) Quality…BluRay Rip 720p Format…mp4 Duration…02:01:00 Subtitle…Myanmar ...
7.4
IMDB: 7.4/10 2,562 votes
movie

The Message (2009)

2009
[18+] Tokyo Train Girls: Private Lessons (2009) 5.2
[18+] Tokyo Train Girls: Private Lessons (2009)   ဒီတစ်ခါတော့ ပရိတ်သတ်ကြီးအတွက် 2009 ခုနှစ်က ထွက်ရှိထားတဲ့ ဂျပန် ၁၈+ ကားလေးတင်ဆက်လိုက်ပါတယ်။ ဒီဇာတ်ကားကို ကြည့်ပြီးရင် ရင်ထဲမှာ နှမြောတသတွေ ထင်ကျန်ခံစားစေရမယ်လို့ စာရေးသူရဲရဲကြီးအာမခံတယ် ဘာလို့လဲ ဆိုတော့ဒီကားထဲက မင်းသမီးလောက် ပြည့်စုံတဲ့ အကြည့်၊ ရုပ်ရည်၊ မယ်ရှုံးလောက်တဲ့ခန္ဓာကိုယ် 18+ လောကမှာ ခပ်ရှားရှားရယ်။ ပိုတယ် ဆိုမှာစိုးလို့ ထပ်ပြီးမတင်စားတော့ပါဘူး။ ကျောင်းဆရာမဖြစ်ချင်တဲ့ ကာဝါဆာကီ တစ်ယောက် ကောလိပ်ကို မဖြစ်မနေ ကြိုးစားတက်ခဲ့ရပါတယ် ကောလိပ်မှာ သူငယ်ချင်းအသစ်တွေရခဲ့ပါတယ် သူငယ်ချင်းတွေက ငွေကြေးတက်နိုင်သူတွေဖြစ်နေပါတယ် သူမဟာ သူတို့နဲ့ အပြိုင် သုံးရင်း ကျောင်းတက်လာလိုက်တာ အကြွေးတွေန ပတ်လည်ဝိုင်းသွားပါတော့တယ်။ ဒီလိုနဲ့ သူမဟာကျောင်းပြီးသွားခဲ့ပြီး ကျောင်းဆရာမအလုပ်ကို ကျောင်းရဲ့ အညံ့ဆုံးအခန်းမှာ စာသင်ရပါတယ်။ သူမရဲ့အကြွေးတွေက များလွန်းတာကြောင့် ကျောင်းဆရာမလစာနဲ့ဘယ်လိုမှမကြေပါဘူး။ ဒါကြောင့်သူမဟာ အိမ်မှာနေရင်း ၀င်ငွေကောင်းတဲ့ Video Chatting အလုပ်ကို စတင်လုပ်ပါတော့တယ်...။ သူမဟာမျက်နှာဖေါ်မပြပဲ နာမည်အသစ်နဲ့ အကောင့်ကိုသုံးခဲ့ပေမဲ့ သူမရဲ့ အတန်းသားတစ်ယောက်က သိသွားပါတယ်...... ဘာတွေဘယ်လို ဆက်ဖြစ်မလဲဆိုတာတော့ 18+ ပရိတ်သတ်ကြီးသိတဲ့အတိုင်းပဲ...။   File Size ...
5.2
IMDB: 5.2/10 39 votes
movie

[18+] Tokyo Train Girls: Private Lessons (2009)

2009
Splice(2009) 5.8
Splice(2009)   အလ်ဆာနဲ့ကလိုက်ဗ်လို့ခေါ်တဲ့ ဇီဝဗေဒသိပ္ပံပညာရှင်၂ယောက် ရောဂါကာကွယ်တိုက်ဖျက်ရန်မျိုးဗီဇတွေပေါင်းစပ်ကာ မျိုးစိတ်သစ်တစ်ခုကိုတီထွင်လိုက်ပါတယ်။ ထိုပရောဂျက်ကို ကုမ္ပဏီကထောက်ပံ့ပေးဖို့အခက်အခဲတွေရှိလာတဲ့အခါမှာတော့ အလ်ဆာနဲ့ဖရက်တို့ဟာ ထိုမျိုးစိတ်သစ်မှာ လူသားမျိုးဗီဇကိုပါထည့်ပြီး သန္ဓေသားလောင်းတစ်ခုဖမ်းတီးဖို့ကြိုးပမ်းပါတော့တယ်။ ထိုသို့ဖန်တီးရင်း ထူးခြားဆန်းပြားတဲ့မျိုးစိတ်တစ်မျိုးဟာ ကြီးထွားနှုန်းလျှင်မြန်စွာနဲ့အရွယ်ရောက်လာပါတော့တယ်။ ထိုမျိုးဗီဇပေါင်းစပ်ဖန်တီးထားတဲ့သတ္တဝါလေးဟာ သိပ္ပံပညာရှင်တွေဖြစ်တဲ့ ကလိုက်ဗ်နဲ့အလ်ဆာတို့ကို အကျိုးပြုမလား ဒုက္ခပေးမလားဆိုတာကို ဇာတ်ကားလေးကြည့်ရှုရင်း ခံစားကြည့်ကြပါ ဘာသာပြန်နဲ့ အညွန်းကတော့ ရဲမာန်အောင်ပါ Qty - Blu ray 720p Duration - 1hr 47min Subtitle - Myanmar Hardsub Format - Mp4 (×264) Gern - Horror/ Sci- fi Translator - Ye Mann Aung Encoder - Kyaw Ye Aung
5.8
IMDB: 5.8/10 83,103 votes
movie

Splice(2009)

2009
My Girlfriend Is an Agent (2009) 6.4
My Girlfriend Is an Agent (2009)   ဒီတစ်ခါမှာတော့ ပရိတ်သတ်ကြီးကိုချပြပေးချင်တဲ့ ကားလေးကတော့ မင်းသား Kang Ji-hwan နှင့် မင်းသမီးချော Kim Ha-neulတို့အဓိက သရုပ်ဆောင်ထားတဲ့ ဟာသ၊ Action ဇာတ်မြူးကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ IMDb rating 6.4 ရထားပြီး 2009ခုနှစ်ကထွက်ရှိထားတဲ့ ကားကောင်းထဲကတစ်ခုဆိုလဲမမှားပါဘူး။ ဒီကားထဲမှာ မင်းသမီးချော Kim Ha-neul( Soo Ji)က Agentတစ်ယောက်အဖြစ်ပြီး ပေါကြောင်ကြောင်Kang Ji-hwan(Lee Jae Joon)ရဲ့ချစ်သူ အမြဲတမ်းအလုပ်ရှုပ်နေတတ်တဲ့အမျိုးသမီး တစ်ယောက်လဲဖြစ်ပါတယ် မင်းသားကတော့ သူ့ကို Agent မှန်းမသိရှာပါဘူး။ Soo Ji ရဲ့အထူးတာဝန်က Russian လူဆိုးဂိုဏ်းတစ်ဖွဲ့ကနေ သိပ္ပံဆိုင်ရာစမ်းသတ်ချက်တွေနဲ့ထုပ်လုပ်ထားတဲ့ လေထုထဲမှာပျံ့နှံ့နိုင်စွန်းရှိတဲ့ဗစ်တီးရီးယားဆေးပုလင်းကို Koreanလူဆိုးဂိုဏ်း တွေနှင့်လဲလှယ်ပြီးလူသားတွေကိုဒုက္ခမပေးနိုင်အောင် တားဆီးနှိမ်နှင်းရမဲ့တာဝန်ပဲဖြစ်ပါတယ်။ တစ်နေ့မှာ မင်းသားက သူ့ချစ်သူနဲ့အဆင်မပြေဖြစ်ပီး နိုင်ငံခြားထွက်သွားခဲ့ပါတယ်။ နောက်တော့ မင်သားဟာ Agent တစ်ယောက်အဖြစ် ကိုရီးယားနိုင်ငံကိုပြန်လည် ရောက်ရှိလာပါတယ်။ သူတို့အဖွဲ့ရဲ့ အဓိကတာဝန်ကလဲ ...
6.4
IMDB: 6.4/10 1,803 votes
movie

My Girlfriend Is an Agent (2009)

2009
New York (2009) 6.8
New York (2009) တခါတလေတော့လည်း တချို့အဖြစ်ပျက်တွေက ဘယ်သူ့ကိုမှအပြစ်တင်လို့မရဘူး။ ကိုယ့်ခံယူချက်နဲ့ကိုယ်တော့အာလုံးကမှန်နေကြတာပါဘဲ။ ဒီဇာတ်လမ်းလေးကတော့ အမေရိကန်နိုင်ငံကို အိန္ဒိယကနေ စကော်လာရှစ်ဆုရလို့ ကျောင်းလာတက်တဲ့ကောင်လေး အိုမာ (Neil Nitin Mukesh) သူ့ရဲ့ပထမဆုံး ပြည်ပကိုထွက်ဖူးတာပါ။ နယူးယောက်ကော်လိပ်မှာရောက်တော့ မာရာ(Katrina Kaif) တို့ ဆမ်း(John Abraham) တို့နဲ့သူငယ်ချင်းတွေဖြစ်လာကြပါတယ်။ သူတို့ရဲ့အိမ်မက်တွေကို ပုံဖော်ဖို့ စိတ်အားထက်သန် နေကြတဲ့အချိန်လေးပေါ့။ သူ့တို့သူငယ်ချင်းသုံးယောက်ရဲ့ပျော်ရွှင်မှုတွေ၊အိမ်မက်တွေကို ဖျက်ဆီးပစ်မယ့်အရာပေါ်လာပါတော့တယ်။ 9/11 ဆိုတဲ့ World Trade Center ကြီးကို အကြမ်းဖက်မှုကြီးတစ်ခုအပါဝင်ပေါ့။ "ငါခုံးမတစ်ကောင်ကြောင့်တလှေလုံးပုတ်" ဆိုတဲ့အတိုင်း ရဲတွေကမသင်္ကာတဲ့လူမှန်းသမျှ အကုန်ဆွဲစိကြတာပေါ့။ ပြီးတော့ နည်းမျိုးစုံနဲ့နှိပ်စက်၊ စစ်မေးတာပေါ့ ဘယ်သူ့ကိုအမှုပတ်မလဲ....... နောက်ပြီး ပြန်လွှတ်လာတော့သူတို့ရဲ့ဘ၀တွေအရင်လိုလှပနိုင်ပါမလား? နောက်ထပ်ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ကိုယ်တိုင်ဘဲကြည့်ရှုကြပါ။ သရုတ်ဆောင်ပိုင်းအရမ်းကောင်းတဲ့ Ifra Khan က FBI အေးဂျင့်အဖြစ်နဲ့ ပါဝင်ထားတာပါ။ သူငယ်ချင်းသံယောဇဉ်တွေ 9/11 ပြီးတော့ရွှေ့ပြောင်းအခြေချနေထိုင်တဲ့အိန္ဒိယသားတွေအပေါ်ဆက်ဆံမှုတွေကို ဇာတ်ရှိန်အတက်အကျ၊ရင်တမမနဲ့ကြည့်ရှုရမှာပါ။   (ဘာသာ ပြန် နဲ့ အညွန်းကတော့ ကို Min Zin Thant ဖြစ်ပါတယ်။)   File Size ...
6.8
IMDB: 6.8/10 8,846 votes
movie

New York (2009)

2009
Exam (2009) 6.9
Exam (2009)   2010 ကထွက်တဲ့ Deadpoolမင်းသား Ryan Reynolds သရုပ်ဆောင်ထားတဲ့ Buriedဆိုတဲ့ကားလေးကိုလဲ ကြည့်ဖူးကြမှာပေါ့ ပြသချိန် ၁နာရီခွဲခန့်ရှိတဲ့ ဇာတ်ကားတစ်ကားလုံးကို အခေါင်းလေးတစ်လုံးထဲမှာပဲ လှည့်ပတ်ရိုက်ပြသွားတယ် အခုဒီ Exam ဆိုတဲ့ကားလေးလဲ အဲ့လိုမျိုးပါပဲ အခန်းလေးတစ်ခန်းထဲမှာပဲ တစ်ကားလုံးပြီးသွားတာပါ 2009 ကထွက်ခဲ့တဲ့ ဒီindieကားလေးဟာ 600,000 USD သာ ကုန်ကျခဲ့ပါတယ် တစ်ကားလုံးကို အခန်းလေးတစ်ခန်းထဲမှာပဲပြီးသွားခဲ့ပေမဲ့ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ ဒီကားလေးဟာ ဆုတွေလဲ ဆွတ်ခူးခဲ့ပါတယ် ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်...... တစ်ကမ္ဘာလုံးမှာ ကူးစက်ရောဂါတစ်မျိုး ကပ်ရောဂါအသွင်ဖြစ်ပွားနေချိန် လူတွေက ရောဂါအကူးမခံရဖို့ကိုသာ အာရုံစိုက်နေရပြီး အလုပ်အကိုင်တွေလဲရှားပါးလာတဲ့အခြေအနေမျိုးမှာ ကုမ္ပဏီတစ်ခုက အလုပ်ခေါ်တဲ့အကြောင်းလေးပါ အလုပ်လိုချင်တဲ့လူပေါင်းမြောက်များစွာထဲကမှ နောက်ဆုံးစကာတင် ရှစ်ယောက်ပဲကျန်တယ် အဲ့ရှစ်ယောက်ကို နောက်ဆုံးစမ်းသပ်မှုတစ်ခုထပ်ဖြေခိုင်းတယ် သတ်မှတ်ထားတဲ့စည်းကမ်းချက် ၃ချက်ထဲရှိတယ် စည်းကမ်းဖောက်ရင် အထုတ်ခံရမယ် ဖြေဖို့သတ်မှတ်ချိန် မိနစ် ၈၀ပေးထားတယ် သူတို့အတွက်စားပွဲပေါ်မှာပေးထားတာက ခဲတံလေးတစ်ချောင်းစီနဲ့ စာရွက်တစ်ရွက်စီ အားလုံးက မေးခွန်းစာရွက်လို့ထင်နေပေမဲ့ တကယ်တမ်း စဖြေလို့ရပါပြီဆိုတဲ့အချိန်မှာ ကြည့်လိုက်တော့ စာရွက်က အလွတ်ကြီး! အဲ့တော့ ဘာကိုဖြေခိုင်းတာလဲ? သာမန်စာမေးပွဲလို စာရေးရမှာမဟုတ်ရင် ဘာတွေလုပ်ရမှာလဲ? ဘာလို့ဒီကုမ္ပဏီက အလုပ်လေးတစ်ခုခန့်ဖို့ကို အဲ့လောက်ထိရှုပ်ထွေးနေရတာလဲ? သာမန်ရွေးချယ်မှုလေးမဟုတ်ရင် ဒီအလုပ်က ဘယ်လောက်အထိတောင် အရေးကြီးနေလို့လဲ? အဲ့ကုမ္ပဏီကလဲ အမှန်တကယ်က ဘာကုမ္ပဏီလဲ? ရှစ်ယောက်ထဲကဘယ်သူက လျှို့ဝှက်ချက်တွေကိုဖော်နိုင်ပြီး အလုပ်ရသွားမလဲ? ပြသချိန် ...
6.9
IMDB: 6.9/10 81,172 votes
movie

Exam (2009)

2009
G.I. Joe: The Rise of Cobra (2009) 5.8
G.I. Joe: The Rise of Cobra (2009)   ၁၆ ရာစုနှစ် ပြင်သစ်ဘုရင် လူဝီ ၁၃ လက်ထက်မှာ ဂျိမ်းစ် မက်ကောလင်း လို့ခေါ်တဲ့ စကော့တလန်လူမျိုး တစ်ဦးကို သံမီးဖုတ် မျက်နှာစွပ်ပေးပြီး အပြစ်ဒဏ် ပေးခဲ့တယ် ။ သူ့ရဲ့ အပြစ်ကတော့ လူဝီဘုရင်ကို လက်နက်တွေ တီထွင်ပေးပြီး တစ်ခြားရန်သူတွေကိုလည်း လက်နက် ရောင်းတဲ့ သစ္စာဖောက်မှုပေါ့ ။ လက်နက်တီထွင်သူဆိုတာ ဘက်တစ်ဘက်တည်းကိုပဲ တီထွင်ပေးရတယ် နှစ်ဘက်ခွ တီထွင်ပေးရင် သစ္စာဖောက်ပေါ့ ။ ဒီဘက်မျက်မှောက်ခေတ်ဘက်ရောက်လာတော့ ဂျိမ်းစ်မက်ကောလင်းရဲ့ မျိုးဆက်တွေဟာ ကာဇတ်စတန်နိုင်ငံမှာ မားစ် ဆိုတဲ့ နာမည်နဲ့ လက်နက်ကုမ္ပဏီ ဖြစ်လာခဲ့ကြတယ် ။ အဲဒိကုမ္ပဏီက NATO ရဲ့ အထောက်အပံ့နဲ့ လက်နက်သစ်တစ်မျိုး စမ်းသပ်အောင်မြင်သွားတယ် ။ အဲဒိလက်နက်ကတော့ သတ္ထုတွေကို စားပစ်တဲ့ နာနိုမိုက်လို့ ခေါ်တဲ့ ဗိုင်းရပ်ပဲပေါ့ ။ နာနိုမိုက် ဒုံးကျည်ကို ပစ်လိုက်တဲ့အခါ ပစ်မှတ်ကို ထိမှန်ရင် နာနိုမိုက်တွေဟာ ...
5.8
IMDB: 5.8/10 181,153 votes
movie

G.I. Joe: The Rise of Cobra (2009)

2009
Solomon Kane (2009) 6.1
Solomon Kane (2009)   မိစ္ဆာတွေ စွန့်စားခန်းတွေ တိုက်ပွဲတွေ မှော်ပညာပါတဲ့ ဇာတ်လမ်းတွေကိုမှ အားပေးချင်ပါတယ်ဆိုတဲ့ ပုရိတ်သတ်ကြီးအတွက်ဆော်လမွန်ကိန်း လာပါပြီ။ ဇာတ်လမ်းကျောရိုးလေးကို နားလည်ထားမှ ဇာတ်ကားလေးက ကြည့်ရတာအရသာရှိနေတာကြောင့် တင်ပြလိုပါတယ်။ တစ်ချိန်တုန်းက ကမ္ဘာကြီး မိစ္ဆာအမှောင်ထုရဲ့ ကြီးစိုးမှု့အောက်ရောက်ရှိခဲ့ပါတယ် မှော်ဆရာတွေ မိစ္ဆာတွေ မကောင်းဆိုးရွားတွေ သူတစ်လူ ငါတစ်မင်း သောင်းကျန်းချင်တိုင်းသောင်းကျန်း နေတဲ့ခေတ်တစ်ခေတ်ပါပဲ။ အားလုံးက အတည်တကျမဖြစ် ကျီးလန့်စာစားနေနေကြရပါတယ်။ ကိုယ့်ကိုယ်ကိုမပြောနဲ့ ကိုယ့်ဝိဥာဉ်ကိုယ်တောင်မပိုင်တဲ့ ခေတ်ကြီးပါပဲ။ ၀ိဥာဉ်ကို မိစ္ဆာတွေနဲ့ အလဲထပ် အလောင်းစားလုပ်လို့ရနေပြီး ကတိဆိုတာ မရှိသလောက်ဖြစ်နေပါတယ်။ ဆော်လမွန်ကိန်းတစ်ယောက် ဖခင်ရဲ့စေတနာကို နားလည်မှု့လွဲပြီး ဆန့်ကျင်ဘက်တွေလုပ်ရာမှ သူ့ဝိဥာဉ်ကို မိစ္ဆာနဲ့အလောင်းစားလုပ်ပြီး ဆိုးချင်တိုင်းဆိုး မိုက်ချင်တိုင်းမိုက်နေခဲ့ပါတယ်။ မိစ္ဆာကလည်း အချိန်စေ့တာကတစ်ကြောင်း မနိုင်တော့တာလဲတစ်ကြောင်းမို့ ၀ိဥာဉ်ပြန်လာနှုတ်ပါတယ်။ ဒါပေမဲ့ ဆော်လမွန်ကိန်းက ပြန်မပေးပဲ အပြန်လှန်တိုက်ခိုက်ရာမှ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ ဆော်လမွန်ကိန်းတစ်ယောက် ပြေးရင်းပြေးရင်းမှ မိစ္ဆာတွေရဲ့ စက်ကွင်းလွတ်ရာ ဘုန်းတော်ကြီးကျောင်းထဲမှာ ရက်ရှည်လများစွာခိုအောင်းရင်း ဆိုးမိုက်မှု့တွေကိုစွန့်လွှတ်ကာ အေးချမ်းစွာနေထိုင်နေပါတယ်။ တစ်နေ့မှာတော့ ဘုန်းတော်ကြီးက သူ့မွေးရပ်ဇာတိကို ပြန်ပြီးအမွေဆက်ခံဖို့စေလွှတ်ပါတော့တယ်။ အေးဆေးနေချင်တဲ့ ဆော်လမွန်ကိန်းတစ်ယောက် မငြင်းသာတော့ပဲ ခရီးရှည်ကြီးကို စတင်ရပါတော့တယ်။ လမ်းခရီးကမိတ်ဆွေတွေရှိနေသလို မိစ္ဆာတွေနဲ့ပြည့်နေတဲ့ ခယောင်းလမ်းကြီးပါပဲ။ ကျိန်စာသင့် ၀ိဥာဉ်နဲ့ ဆော်လမွန်ကိန်းတစ်ယောက် အိမ်အပြန်ခရီးကို ...
6.1
IMDB: 6.1/10 61,506 votes
movie

Solomon Kane (2009)

2009
BlueRay 720p
The Collector (2009) 6.4
The Collector (2009) Desperate to repay his debt to his ex-wife, an ex-con plots a heist at his new employer's country home, unaware that a second criminal has also targeted the property, and rigged it with a series of deadly traps. ကြောက်မက်ဖွယ်ရာလူသတ်အက်ရှင်ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ချေ့စ်မိသားစုဟာဆိုရင် ဒက်ထရွိုက် မှာရှိတဲ့ အိမ်တစ်လုံးကို ပြောင်းရွှေ့ကျပါတယ်။ဒီလို ပြောင်းရွှေ့တဲ့အခါမှာဆိုရင် အာကင်ဆိုတဲ့ လူကို တံခါးပေါက် ပြတင်းပေါက်တွက် တပ်ဆင် ပေးဖို့အတွက်ငှားရမ်းလိုက်ပါတယ်။အာကင်ရဲ့ အမျိုးသမီးဟာဆိုရင် အကြွေးတွေ နစ်နေပြီး ငွေကို အရေးတကြီးလိုအပ်နေပါတယ်။အာကင် ရဲ့ လုပ်ခကလည်း အကြွေးပေးရအောင် မလုံလောက်ပြန်ပါဘူး။ဒီအချိန်မှာ ကြံရာမရတဲ့အဆုံး အာကင်ဟာ ချေ့စ်မိသားစုရဲ့ မီးခံသေတ္တာကို ဖောက်ထွင်းဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။အစီအစဉ်ချ ...
6.4
IMDB: 6.4/10 46,434 votes
movie

The Collector (2009)

2009
BlueRay 720p
Monsters vs Aliens (2009)
Monsters vs Aliens (2009) IMDB Rating 6.5 ရရှိထားတဲ့ Animation ကားဖြစ်ပါတယ်..... ဆူစန်မာဖီလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက် သူ့ချစ်သူနဲ့လက်ထပ်ခါနီးဆဲဆဲမှာ ဥက္ကာပျံထိမှန်ခံခဲ့ရပြီး ဧရာမလူသားတစ်ဦးအသွင်ပြောင်း လဲသွားပါတယ်။ သူ့လိုထူးဆန်းသတ္တဝါတွေကို ထိန်းချုပ်တဲ့စခန်းတစ်ခုမှာ အထိန်းချုပ်ခံထားရပြီး တစ်ရက်မှာ ဂြိုဟ်သားစက်ရုပ်တစ်ရုပ် အေ မရိကန်မှာ လာရောက်သောင်းကျန်းခြင်းတို့ကြောင့် ဆူစန်နဲ့အပေါင်းအပါတို့ကို သုတ်သင်ချေမှုန်းစေပြီး ပြန်လည်လွှတ်ပေးခဲ့ပေမယ့် သူမရဲ့ ချစ်သူဟာ သူမကိုလက်မခံတော့ပါဘူး။ ဂဲလက်ဆာအမည်ရှိတဲ့ ဂြိုဟ်သားစက်ရုပ်များကို ထိန်းချုပ်သူဟာ သူမကိုဖမ်းဆီးသွားပြီး သူမရဲ့စွမ်းအင်များကို ထုတ်ယူလိုက်ပြီး သူမရဲ့အပေါင်းအပါလေးများက သူမကို လာကယ်တင်ပုံတို့ကို ဇာတ်လမ်းဖွဲ့ရိုက်ကူးထားသည့် Animation ကား ကောင်းတစ်ကားဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ Monster လေးများနဲ့ပါဝင်ရိုက်ကူးထားတာဖြစ်တဲ့အတွက် Animation ကြိုက်တဲ့သူများလက်မလွှတ်သင့်တဲ့ကားလေးလည်းဖြစ်ပါတယ်.... Quality…..BluRay 1080p Duration…..01:34:00 Format…Mp4 File Size…(744 MB , 466 MB) Encoder…..Moe Myint Lwin Translator…..Htet Htet Tin Zar   DownLoad with Yoteshin Link Download with CM Cloud Download with Openload Download with ...
IMDB: /10 votes
movie

Monsters vs Aliens (2009)

2009
Wanted (2009) 6.7
Wanted (2009) အိန္ဒိယအက်ရှင်ကားပါ။ ဆလ်မန်းခန်းပရိသတ်တွေအကြိုက်တွေ့စေမယ့်ဇာတ်ကားပါ။ မွန်ဘိုင်းမြို့ရဲ့လူဆိုးဂိုဏ်းတွေ ထိန်းမနိုင်သိမ်းမရဖြစ်လာတဲ့အခါမှာ ဘယ်လိုတွေဖြိုခွဲသလဲ ဘယ်လိုတွေအခက်အခဲတွေနဲ့တွေ့ကြုံရလဲ ဘယ်လောက်တောင်စတေးမှုတွေပြုလုပ်ရသလဲဆိုတာကို ရိုက်ပြထားတာပါ။ ထုံးစံအတိုင်း အရင်တုန်းကထွက်ထားတဲ့ကုလားကားဆိုတော့ အိုဗာအက်ရှင်တွေကိုတော့သည်းခံပြီးကြည့်ပေးကြပါခင်ဗျာ (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Ye Man Aung ပဲဖြစ်ပါတယ်) File Size : 0.99 GB / 600 MB Quality : Bluray 720P Running Time : 2hr 27minutes Format : Mp4 Genre : Action, Comedy, Crime Translator : Ye Man Aung Encoder :Thanhtike Zaw   Download Here Yoteshin Link   Download Here Bluray 720p (0.99 GB) Openload Link   Download Small File Size 360p (600 MB) Openload Link 
6.7
IMDB: 6.7/10 14,537 votes
movie

Wanted (2009)

2009
Ninja (2009) 5.5
Ninja (2009) ကဲ အခုတခါတော့ ကောင်မလေး ချောချောလေးတွေပါတဲ့ နင်ဂျာကား လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဒုတိယ ကားကိုတော့ တင်ပေး ပြီးသားမို့ ကျိခြင်သပဆို ကွကို ဆိုက်ထဲမှာရှာကြည့်လိုက်ပါ ပြီးတော့ ပိုစတာ အောက်ဘယ်ညာမှာ ပြထားတဲ့ ၁၈ တွေက ရိုးရိုး သားသား ၁၈ တွေမို့ မိသားစုနက်လဲ ကျိလို့ရပါတယ်လို့ ဇာတ်လမ်း အကျဉ်းလေးကတော့ ကတ်ဆီ နဲ့ မာဇဆူကာ တို့ဟာ ဂျပန်က ဆရာတယောက်ဆီမှာ နင်ဂျစ်စု ကိုဆည်းပူးနေကြတဲ့ သူတွေပါ သူတို့ ဆရာဆီမှာ သမိုင်းဝင် ကျဉ်ခံအင်္ကျီနဲ့လက်နက်များရှိပါတယ် မာဇဆူကာဟာယှဉ်ပြိုင်တိုင်း ကတ်ဆီကို မြဲတမ်းရှုံးနိမ့်ရသူပါ တစ်နေ့မှာတော့ မာဇဆူကာက သစ္စာဖောက်သွားတဲ့အခါမှာတော့ ကဲပရိတ်သတ်ကြီးကပဲဆက်ကြည့်လိုက်ကြတော့ဗျ :) ဘာသာပြန်ကတော့ ကိုစိုးထွေးပါ Download Large File Download Small File
5.5
IMDB: 5.5/10 9,930 votes
movie

Ninja (2009)

2009
Chernaya Molniya (2009) 5.8
Chernaya Molniya (2009) ကဲအခုတစ်ခါတော့ I Tune Store မှာ rating 3.8/5 တောင် ရထားတဲ့ ရုရှား super hero ဇာတ်ကား တစ်ကားကိုတင် ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားဟာ စံကာတင်စာရင်း၂ခါတောင် ၀င်ခဲ့ပါသေးတယ်ပြီးတော့ ၂၀၀၉ ခုနှစ်ကထွက်ခဲ့တာဆိုတော့ အခုလက်ရှိ ရုရှား Superhero ကား Gurdian မလာခင်လေး ကြိုကြည့်ထားကြပေါ့နော့ :P ဇာတ်လမ်းအကျဉ်းလေးကတော့ သက္ကရာဇ် 2K4 မှာရုရှားသူဌေး Kuptsov ဟာ မော်စကိုမြို့အောက်မှာ စိန်သိုက်ကြီးကိုတွေ့ ခဲ့လို့ လောဘတကြီးတူးပါတော့တယ် မဆင်မခြင်တူးယူကြောင့်သူဟာ သုံးမကုန်အောင်ချမ်းသာ လာပြီး အနာဂတ်မှာ သူ့ရဲ့ စက်တွေကိုမောင်းနင်ဖို့အတွက် စွမ်းအင် အရင်းအမြစ်အသစ်ကိုထပ်မံရှာဖွေဖို့ လိုအပ်လာပါတော့တယ် ဒီလိုပဲမြို့ရဲ့တဖက်ခြမ်းမှာတော့ ကောလိပ်ကျောင်းသားDIMA ဟာကားတစ်စီးရဖို့စိတ်ကူးယဉ်အိမ်မက်မက်နေပြီး သူတဖက်သတ်ကြိုက် နေရသူ Nasty ကို ကားနဲ့တင်ပြီးလျှောက်လည်ခြင်နေသူပါ ကံဆိုးစွာနဲ့ပဲ Nasty ဟာမာစီးဒီး ဘန့်ဇ် နောက်ကောက်ကောက်ပါအောင် လိုက်သွားတဲ့အခါမှာတော့ Demi တယောက်ပဆံရဖို့ကြိုးစားရာမှမြို့ တဖက်ခြမ်းက သဌေးကြီးနဲ့ဆုံတွေ့မိတဲ့အခါမှာတော့ ဘာတွေဆက်ဖြကြ မလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်လိုက်ပါတော့ (အမှန်က Demi က nano catalyst စမ်းတာ failပြီး black lightning ဖြစ်သွားတာ နော် ) Download Large File From Pcloud Download Small ...
5.8
IMDB: 5.8/10 3,670 votes
movie

Chernaya Molniya (2009)

2009
Red Cliff 2 (2009) 7.6
Red Cliff 2 (2009)   ပထမကား မှာ အောင်မြင်မှုရရှိခဲ့ပြီး နောက် ဒုတိယ ကားကို ၂၀၀၉ ခုနှစ်မှာပဲ ထပ်မံထွက်ရှိလာခဲ့ပါတယ် ဇာတ်လမ်းကတော့ ပထမကား ကိုပဲ ဆက်လက်ရိုက်ကူးထားပြီး ပထမကားကို သာ ကြည့်ပြီးမှ ဒီကားကိုဆက်ကြည့်မှသာ ဇာတ်ရည်လည်မှာပဲဖြစ်ပါတယ် ဒီကားကတော့ IMDb rating 7.6 ထိရရှိထားပြီး သိုင်းကား ရှေးရာဇ၀င်စစ်ကားကိုကြိုက်နှစ်သက်သူတွေ အနေနဲ့ကတော့ လက်မလွှတ်သင့်တဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ချောင်ချောက်ရဲ့ ကုန်းတပ်စစ်ဦးကို အနိုင်တိုက်ပြီးနောက်မှာ အင်အားသောင်းချီတဲ့ ရေတပ်ကြီးကို ကျိုးယွီနဲ့ ခုံးမင်တို့ ဘယ်လို ဆက်ရင်ဆိုင်ကြမလဲဆိုတာ...... Download Large File From V.I.P   Download Small File From V.I.P    Download Large File From Pcloud   Download small File From Pcloud
7.6
IMDB: 7.6/10 19,645 votes
movie

Red Cliff 2 (2009)

2009
Shinjuku incident (2009) 7.1
Shinjuku incident (2009)   ဂျက်ကီချမ်းရဲ့အကောင်းဆုံးဇတ်ကားတွေထဲကတစ် ကားကိုမိတ်ဆက်ပေးချင်ပါတယ်ပရိတ်သတ်တောင်းဆို မှုလည်းအတော်များတဲ့ကားလေးပါပဲဂျပန်နိင်ငံမှာ တရားမဝင်အလုပ်လာရောက်လုပ်ကိုင်ကြတဲ့ တရုတ်လူမျိုးတွေရဲ့ဒုက္ခဆင်းရဲရောက်ပုံကိုရိုက်ကူးပြထားတာပါ တရုတ်လူမျိုးတို့ရဲ့အနိမ်ခံဘဝယာကူဇာဂိုဏ်းများရဲ့ အနိင်ကျင့်နိပ်စက်ပုံများကိုမင်းသားကြီး ဂျက်ကီချမ်းကကောင်းမွန်သေသပ်စွာသရုပ်ဆောင် ထားပါတယ်မိမိရဲ့လူမျိုးတွေကိုကာကွယ်စောင့်ရှောက်ဖို့အတွက် ယာကူဇာဂိုဏ်းထဲဝင်အနစ်နာခံပြီးသရုပ်ဆောင်ထားတဲ့ ဂျက်ကီချမ်းရဲ့ဇတ်ကောင်ဟာအလွန်သနားစရာကောင်းသလို လေးစားစရာလည်းကောင်းပါတယ်တရုတ်တွေနဲ့ဂျပန် ယာကူဇာဂိုဏ်းတို့ရဲ့တိုက်ပွဲရယ်အဲဒီခေတ်အခါကဂျပန် နိင်ငံရဲ့ယာကူဇာတွေရဲ့အရှိန်အဝါကိုထင်ရှားစွာမြင်ရ မယ့်ဇတ်ကားပါပဲဒီဇတ်ကားကိုပရိတ်သတ်တွေအကြိုက် တွေ့မယ်လို့လည်းမျော်လင့်ပါတယ်တစ်ကားဆိုတစ် ကားပီပြင်အောင်ရိုက်ကူးနိင်တဲ့ဂျက်ကီချမ်းရဲ့ဇတ်ကား ကောင်းတွေထဲကတစ်ကားဖြစ်တဲ့ဒီဇတ်ကားကိုကျွန် တော်တို့ပရိတ်သတ်တွေအတွက်တင်ဆက်လိုက်ရပါတယ် ဘာသာပြန်သူက တော့ အေးငြိမ်းသူ နဲ့ အညွန်းကတော့ ကိုစိုးထွေးပါ ) DOWNLOAD LARGE FILE DOWNLOAD SMALL FILE
7.1
IMDB: 7.1/10 9,515 votes
movie

Shinjuku incident (2009)

2009

Genres

Like Us!