Channel Myanmar

2011

The Girl with the Dragon Tattoo 7.8
The Girl with the Dragon Tattoo ငယ်စဉ်ကစပြီး ကြမ်းတမ်းတဲ့ဘဝတစ်ခုမှာနေထိုင်ဖြတ်သန်းလာရတဲ့ နဂါးရုပ်ပုံဆေးမင်ကြောင်နဲ့ မိန်းကလေးတစ်ယောက်ဟာ မိသားစုမရှိ အုပ်ထိန်းသူမရှိပဲ တိုင်းပြည်ရဲ့ထောက်ပံမှုနဲ့ ဘဝကို ဆိုးပေတေရင်း ဖြတ်သန်းနေခဲ့ပြီး တစ်ဖက်မှာတော့သူဟာ ထက်မြက်တဲ့စုံစမ်းရေးစိတ်ကို ပိုင်ဆိုင်ထားတဲ့ အလွတ်စုံထောက်တစ်ဦးဖြစ်ပါတယ် ဂျာနယ်လစ်မီကယ်ဘလွန်းကစ်အဖြစ် သရုပ်ဆောင်ထားတဲ ဂျိမ်းစ်ဘွန်းမင်းသား ဒန်နီယယ်ခရိတ် ကတော့ဒီဇာတ်လမ်းမှာ နိုင်ငံရဲ့အကြီးမားဆုံးငွေကြေးအလွဲသုံးစားလုပ်မှုကို သက်သေမခိုင်ပဲဖော်ထုတ်မိလို့ အသရေဖျက်မှုနဲ့ရင်ဆိုင်နေရသူတစ်ဦးဖြစ်ပါတယ် ကျွန်းတစ်ကျွန်းပေါ်မှာနေထိုင်တဲ့ ဆွီဒင်ရဲ့အချမ်းသာဆုံးမိသားစုတစ်ခုက သူဋ္ဌေးကြီးတစ်ယောက်ဟာ လွန်ခဲ့တဲ့အနှစ်၄၀ကဖြစ်ပွားခဲ့တဲ့ လက်သည်မပေါ်ခဲ့တဲ့ မိသားစုအတွင်းလူသတ်မှုတစ်ခုကို သူ့ဘဝလက်ကျန်အချိန်တွေမှာအဖြေသိရဖို့ မီကယ်ဘလွန်းကစ်ကိုငြင်းဆန်လို့မရတဲ့ကမ်းလှမ်းမှုနဲ့ အဖြေရှာပေးဖို့ ကမ်းလှမ်းလိုက်ပါတော့တယ် ထိုအမှုဟာ ဘလွန်းကစ်ရဲ့ဂုဏ်သိက္ခာကိုပြန်လည်ဆယ်ယူဖို့ တိုင်းပြည်ရဲ့အကြီးမားဆုံး ငွေကြေးအလွဲသုံးစားလုပ်မှုတို့နဲ့ ပတ်သက်နေခဲ့ပြီး ဘလွန်းကစ်နဲ့အတူ နဂါးရုပ်ဆေးမင်ကြောင်နဲ့မိန်းကလေးပါ စုံစမ်းရေးထဲကို ပါဝင်လာတဲ့အခါမှာတော့.... Millennium Trilogy ရဲ့အောင်မြင်ခဲ့တဲ့ပထမဆုံးဝတ္တု ဖြစ်တဲ့ The girl with the dragon tattoo ဝတ္တု ကိုရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာလည်းအောင်မြင်ခဲ့ပြီး Imdb7.8နဲ့ RT86%ရရှိထားတဲ့ crime flim အမျိုးအစားဖြစ်ပါတယ် actionခန်းတွေပါဝင်မှုနည်းပြီး action ဇာတ်လမ်း ...
7.8
IMDB: 7.8/10 368,585 votes
movie

The Girl with the Dragon Tattoo

2011
The Sorcerer and the White Snake 5.9
The Sorcerer and the White Snake နာမည်ကြီးမင်းသားဂျက်လီနဲ့ကားဆိုတာနဲ့တင်ပြောစရာကိုမလိုတော့ပါဘူး.. ဒီကားကတော့ ကြည့်ဖူးသမျှဂျက်လီရဲ့ကားတွေထဲမှာ အကောင်းဆုံးနဲ့ အမိုက်ဆုံးကားတစ်ကားဆိုရင်လည်းမမှားပါဘူး... ၂၀၁၁ ကရိုက်ခဲ့တဲ့ကားပေမယ့် CGI Effect တွေကတော့ဒီနေ့အထိ ကောင်းမွန်ဆဲလို့ပြောရမှာပါပဲ... မိစ္ဆာတွေကိုလိုက်ဖမ်းတဲ့ကျောင်းတိုင်ဘုန်းတော်ကြီးဖအိုင် အဖြစ် ဂျက်လီကိုမြင်ရမှာဖြစ်ပါတယ်... သူဟာမိစ္ဆာပေါင်းစုံကိုလိုက်လံနှိမ်နင်းဖမ်းဆီးပြီးတော့ ကျောင်းဆောင်အပေါ်ထပ်မှာချုပ်နှောင်ထားရပါတယ်.. သူအဲလိုလိုက်လံဖမ်းဆီးနေတဲ့အချိန် တခြားအရပ်မှာတော့  မိစ္ဆာမြွေမလေး ၂ ယောက်ထဲက အမဖြစ်သူ စုစုဟာ လူသားယောကျာင်္းလေးတစ်ယောက်ကို ရုတ်တရက်မြင်မိရာကနေ ချစ်ကြိုက်မိသွားပါတယ်... အဲဒီအချိန်မှာဇာတ်လမ်းကစတော့တာပါပဲ... အချစ်မှာ မျက်စိမရှိဘူးဆိုပေမယ့် လူသားတစ်ယောက်နဲ့မိစ္ဆာတစ်ကောင်ဟာ အတူတူပေါင်းစည်းဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား... ပေါင်းစည်းလို့ရခဲ့ရင်တောင်မှ အခက်ခဲတွေအများကြီးရှိမှာပါ.. ဒါပေမယ့် ဒီကားလေးမှာကတော့ အချစ်ကြီးတဲ့ မိစ္ဆာမြွေဖြူမလေးတစ်ယောက်ရဲ့ နှလုံးသားဖြူဖြူလေးကို အသေချာမြင်တွေ့ရမှာပါ.. တစ်ကားလုံးနီးပါး စိတ်ဝင်တစားကြည့်ရမှာဖြစ်ပြီးတော့  လူသားကောင်လေးတစ်ယောက်နဲ့ မိစ္ဆာမြွေမလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းဟာ အားလုံးရဲ့စိတ်ကိုအဆုံးထိဆွဲဆောင်သွားမှာကလည်း ဒီဇာတ်ကားရဲ့ထူးခြားချက်တစ်ခုလိုပါပဲ... ဖိုက်တင်မင်းသားကြီးဂျက်လီဇာတ်ကားတိုင်းမှာ ဖိုက်တင်အလန်းတွေနဲ့ ကြည့်ရမှာဆိုပေမယ့်လည်း ဒီဇာတ်ကားကတော့ သနားစရာအချစ်ဇာတ်လမ်းလေး တစ်ခုကို ဇာတ်အိမ်တည်ပြီးတော့ ရေးသားထားတာကြောင့် ဖိုက်တင်ကားကြိုက်သူများတောင် ၀မ်းနည်းသွားစေရမယ့်ရသကို အပြည့်ဝခံစားရမှာပဲဖြစ်ပါတယ်.... ဒါကြောင့် ကိုရီးယားအချစ်ဇာတ်ကားတွေကိုကြည့်ပြီး ခံစားချင်တဲ့လူတွေအတွက် ဒီ တရုတ်ကားလေးကိုကြည့်ကြည့်ပါ... အိမ်မှာနေပြီးတော့ ဖီးလ်းအပြည့်ဝယူချင်သူများအတွက် ဒီကားလေးကြည့်ပြီး ဘ၀အမောများပြေနိုင်မှာပါ.... ဒီကားလေးကြည့်ပြီး အချစ်ကြီးသူများဖြစ်ကြပါစေလို့ဆုတောင်းပေးပါတယ်.... File Size : (1 GB) and (264 MB) Quality : BluRay 720p Running Time : 1hr 40min Format : Mp4 Genre : Action,Fantasy,Romance Subtitle : Myanmar Subtitle (Hard Sub) Source : BluRay 1080p Translated by ...
5.9
IMDB: 5.9/10 7,400 votes
movie

The Sorcerer and the White Snake

2011
Blu-Ray 1080p
White: The Melody of the Curse 6.0
White: The Melody of the Curse ဒီတစ်ခါမိတ်ဆက်ပေးမယ့် ခြောက်ခြားစရာဇာတ်လမ်းလေးကတော့ Kpop မိန်းကလေးအဖွဲ့လေးတစ်ခုရဲ့  သီချင်းလေးတစ်ပုဒ်ကိုဆိုလိုက်ရင်းကနေ နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ အသည်းပျက်ဖွယ်ရာ ထိတ်လန့်ကြောက်စရာ ဖြစ်ရပ်များကို ရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ်... သရဲ တစ္ဆေဆိုတာကို လူတိုင်းယုံကြည်ကြပါတယ်... ဒါပေမယ့် မယုံတဲ့လူတွေလည်းရှိပါတယ်... တချို့သေသွားတဲ့ လူတွေက အမျှလိုချင်လို့ ခြောက်လန့်ကြတယ်... တချို့ကျတော့လည်း နေရာလိုချင်လို့ ခြောက်လန့်ကြတယ်... အသိပေးကြတယ်... ဘယ်လိုပဲဖြစ်နေပါစေ ခြောက်တာကခြောက်တာပဲမဟုတ်ဘူးလား... ဒီဇာတ်လမ်းလေးထဲမှာတော့ အဲလိုမဟုတ်ပါဘူး.. သီချင်းလေးတစ်ခုကို စွဲလမ်းရင်းကနေ အဲသီချင်းလေးထဲမှာပဲ စိတ်ကရှိနေတာကြောင့် ဒီသီချင်းကိုဆိုတဲ့ လူမှန်သမျှဟာ အသေဆိုးနဲ့သေကြတာပါပဲ... ဘာလို့လဲဆိုတော့ အဲသီချင်းလေးထဲမှာရှိနေတဲ့ ကောင်မလေးဟာလည်း သနားစရာ ဇာတ်သိမ်းနဲ့ မတရားခံရပြီး အဆုံးသတ်သွားရလို့ပါ.. သူဟာ သူ့သီချင်းကိုပြီးအောင်မဆိုသွားခဲ့ရပဲ သေဆုံးသွားခဲ့ရတယ်.. ဘယ်လိုတွေသေဆုံးရတယ်ဆိုရင် ကိုယ့်ကိုကိုယ်သတ်သေသွားရလောက်တဲ့အထိ ဝေဒနာတွေခံစားသွားရလို့ပါ... သူမဆိုခဲ့ရတဲ့ သီချင်းကို နောက်လူတွေဆိုတဲ့အခါမှာ အဖြစ်ဆိုးတွေကြံလာကြတော့တာပါပဲ... အဲဒီအချိန်မှာမအောင်မြင်သေးတဲ့ မိန်းကလေးအဆိုတော်အဖွဲ့လေးက ဒီသီချင်းလေးကိုတွေ့ရှိပြီး ဆိုလိုက်ကြပါတယ်.. ဒီသီချင်းကြောင့်လည်းအရမ်းကိုအောင်မြင်လာကြပါတယ်... ဒါပေမယ့် သူတို့မသိလိုက်တာတစ်ခုကတော့ ဒီသီချင်းဆိုပြီးနောက်ပိုင်းမှာ သူတို့တွေ ရင်ဆိုင်ရမယ့် အဖြစ်ဆိုးကြီးတွေကိုပါပဲ... တချို့သောလူတွေက အစွဲလမ်းအရမ်းကြီးကြပါတယ်.. ဒီအစွဲလမ်းကြောင့်ပဲ သေသွားတဲ့အခါ သူတို့ကိုယ်တိုင်ဒုက္ခများစွာကို ခံစားရပါတယ်.. ဒီကားလေးမှာကတော့ အစွဲလမ်းကြီးတဲ့ တစ္ဆေကောင်မလေးတစ်ယောက်ကြောင့် လူသားအဆိုတော်မိန်းကလေး လေးယောက်ရဲ့ ကြောက်လန့်ခြောက်ခြားဖွယ်ရာ အဖြစ်ဆိုးကြီးတွေကို တစ်ကားလုံးမွန်းမွန်းကြပ်ကြပ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ်... Rating 6 ရရှိထားပါတယ်... Horror ကားကြိုက်တဲ့လူတွေအဖို့ကတော့ တကယ်ကိုကောင်းတဲ့ကားလေးဖြစ်ပါတယ်... ကြောက်စရာကောင်းလားလို့ မေးမယ်ဆိုရင်တော့ တော်တော်ကြောက်ဖို့ကောင်းပါတယ်... (ကြောက်တတ်တဲ့လူများတစ်ယောက်တည်းကြည့်ဖို့မသင့်တော်ပါဘူး...)   File Size : (770 MB) and (304 MB) Quality : 720p HDRip Running Time : 1hr 46min Format : Mp4 Genre : Horror, Music, Mystery Subtitle : Myanmar ...
6.0
IMDB: 6.0/10 1,116 votes
movie

White: The Melody of the Curse

2011
Battle: Los Angeles 5.8
Battle: Los Angeles စစ်ကားတွေထဲမှာမှ အမေရိကန်နဲ့ ဂြိုလ်သားတွေရဲ့စစ်ပွဲတွေဟာ မဆန်းတော့ပါဘူး.. ဒါကြောင့် ဒီကားကလည်း Independence Day တို့လိုပဲ ကမ္ဘာမြေပေါ်ကို ကျူးကျော်နယ်ချဲ့ထွင်လာတဲ့ ဂြိုလ်သားတွေနဲ့ အမေရိကန်စစ်တပ်တို့ရဲ့အပြင်းအထန်တိုက်ခိုက်တာတွေကို ဖော်ပြထားပါတယ်... စစ်တစ်ခုဖြစ်လာတဲ့အခါအများဆုံးထိခိုက်ရတာကတော့ ပြည်သူတွေပဲဖြစ်ပါတယ်...နောက်ပြီးတော့ ဒီလူတွေကိုကာကွယ်ဖို့အတွက် သစ္စာဆိုထားတဲ့ စစ်သားတွေရဲ့ရင်းနှီးမှု့တွေကလည်းမသေးပါဘူး... ဒါပေမယ့် သူတို့ရင်ဆိုင်နေတဲ့အရာတွေက သာမာန်ထက်လွန်ကဲနေတဲ့ သတ္တ၀ါတွေဖြစ်နေတဲ့အတွက်ကြောင့် အမေရိကန်လို စစ်အင်အားကြီးခေတ်မီလက်နက်တွေတပ်ဆင်သုံးစွဲနေတဲ့ နိုင်ငံတောင် ဆုံးရှုံးမှု့တွေကြီးလှပါတယ်... အမည်မသိ ဘာအမျိုးအစားမှန်းလည်းမသိတဲ့ သတ္တ၀ါတွေကြောင့် ပြည်သူတွေကို ကယ်ဆယ်ထုတ်ဖို့သွားရန်အတွက် အမိန့်ပေးခြင်းခံရတဲ့ တပ်စုတစ်စု ကယ်ဆယ်ဖို့သွားရင်းကနေ သူတို့ပါ ရန်သူတွေရဲ့ သတ်ကွင်းမှာ ဓားစားခံတွေလိုပိတ်မိနေကြပါတယ်... အချက်ပေါင်းများစု ပစ်သတ်လည်း မသေတဲ့ ဒီသတ္တ၀ါတွေကြောင့် ဒီတပ်စုလေးတစ်စုဟာ ဒီအန္တရာယ်တွေကြားထဲကနေ ပြည်သူတွေကို အသက်ရှင်လျက်နဲ့ဘယ်လိုကယ်ဆယ်ထုတ်မလဲဆိုတာ  စိတ်ဝင်စားစရာပါပဲ... စတေးမှု့တွေမရှိပဲ စစ်ဆိုတာ ပြီးဆုံးသွားမှာမဟုတ်ပါဘူး... ဒီကားလေးထဲမှာလည်း စစ်တကယ်တမ်းဖြစ်လာရင် ဘယ်လိုဆုံးရှုံးမှု့တွေ ဖြစ်လာတယ်ဆိုတာကို ရိုက်ပြထားတာကြောင့် စစ်ကားကြိုက်သူများလက်လွတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ကားလို့ပြောပါရစေ... File Size : (831 MB) and (381MB) Quality : Blu-Ray 1080p and 360p Running Time : 1hr 56min Format : Mp4 Genre : Action , Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : Blu-Ray 1080p Translated ...
5.8
IMDB: 5.8/10 163,042 votes
movie

Battle: Los Angeles

2011
Desi Boyz 5.9
Desi Boyz ဒီကားလေးကတော့ Bollywood ကားတွေထဲမှာ Old But Gold လို့ ပြောလို့ရတဲ့အထိကောင်းတဲ့ကားလေးတစ်ကားဖြစ်ပါတယ်... ဇာတ်လမ်းအညွှန်းကတော့ နစ်နဲ့ဂျယ်ရီဆိုတဲ့ အလွန်ချစ်တဲ့သူငယ်ချင်းနှစ်ယောက်ရှိပါတယ်.. သူတို့ဟာ တစ်အိမ်ထဲမှာအတူတူနေကြပြီးတော့ တစ်ယောက်ကိုအလုပ်တစ်ခုစီနဲ့အောင်မြင်အောင်ကြိုးစားနေကြသူတွေလည်းဖြစ်ပါတယ်.. နစ်ကတော့ စီးပွားရေးဘွဲ့တစ်ခုရပြီးတော့ အထက်တန်းကျကျအလုပ်တစ်ခုမှာ အလုပ်လုပ်နေပါတယ်... ရိုးသားတဲ့ ဂျယ်ရီတစ်ယောက်ကတော့ ကြုံရာကျပန်းလုပ်တဲ့သူဖြစ်ပြီးတော့ ကျောင်းပြီးအောင်ဆက်မတက်တော့တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်.... သူတို့နှစ်ယောက်စလုံးရဲ့ဘ၀တွေဟာ အလုပ်တွေရှိစဉ်အချိန်က တောက်တောက်ပြောင်ပြောင် ဖြစ်နေပေမယ့် သူတို့နှစ်ယောက်ကံဆိုးစွာနဲ့ အလုပ်လက်မဲ့ ဖြစ်လာတဲ့အခြေနေမှာတော့ နှစ်ယောက်စလုံးအကျပ်ရိုက်ကုန်ကြပါတော့တယ်... နစ်လည်းသူ့ကောင်မလေးကို မင်္ဂလာဆောင်ဖို့တောင်အနိုင်နိုင်ဖြစ်သွားခဲ့ရပြီး ဂျယ်ရီတစ်ယောက်မှာလည်း သူအရမ်းချစ်ရတဲ့ကလေးလေးကို  ပိုင်ဆိုင်ခွင့်ဆုံးရှုံးရမယ့် အခြေနေကိုရောက်လာပါတော့တယ်... ဒီအချိန်မှာ သူတို့နှစ်ယောက်အတွက် လက်တစ်စုံဟာကျရောက်လာပါတယ်... ဒါကတော့ Desi Boyz ပိုင်ရှင်ဟာ သူတို့ရဲ့ တောင့်တင်းလှတဲ့ ကိုယ်အရွယ်အစားတွေကိုမျက်စိကျသွားတာကြောင့်ပါ.... Desi Boyz ဆိုတဲ့ အသုံးအနှုန်းကိုနားမလည်သူတွေအတွက် ပြောပြပါရစေ.. Desi Boyz ဆိုတာ ဆွဲဆောင်မှု့ရှိတဲ့ အမျိုးသားတွေကအလိုဆန္ဒရှိတဲ့ အမျိုးသမီးတွေအတွက် Personal Privacy လုံခြုံမှု့ရှိတဲ့ဖျော်ဖြေရေး ၀န်ဆောင်မှု့ဖြစ်ပါတယ်...(18+ လုံးဝမပါပါ....) ဒီလိုမိန်းကလေးတွေနဲ့ပျော်ပါးနေရတဲ့ အလုပ်ကို နစ်ရဲ့ကောင်မလေးသိသွားတဲ့အခါ ပြသနာတွေ အကုန်စလာပါတော့တယ်.... Bollywood ကားတွေရဲ့ထုံးစံအတိုင်း သီချင်းတွေကတော့ တကယ်ကိုအမိုက်စားတွေပါ... ခဏခဏပြန်နားထောင်ရတဲ့အထိကိုကောင်းလွန်းပါတယ်... မိသားစုနဲ့အတူတူ ရယ်မောရင်းနဲ့ အချိန်တွေကိုကုန်ဆုံးချင်တယ်ဆိုရင်တော့ ဒီကားလေးကို ညွှန်းပါရစေ... အားလုံးကြိုက်နှစ်သက်ကြမယ့် ကားကောင်လေးတစ်ကားဖြစ်ပါတယ်.... File Size : (871 MB) and (238 MB) Quality : BluRay 720p Running Time : ...
5.9
IMDB: 5.9/10 10,995 votes
movie

Desi Boyz

2011
Your Highness (2011) 5.5
Your Highness (2011) အခုတစ်ခါတော့ ၂၀၁၁ က ထွက်ထားတဲ့ စုန်းကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးကတော့ ဥရောပရဲ့ အမှောင်ခေတ် စုန်း ကဝေ တွေ ကြီးစိုးတဲ့ ကာလကို အခြေခံထားတာဖြစ်ပြီးတော့ အဲ့ဒီခေတ်က စုန်းကဝေ တွေနဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်ကြား ဘူဇွာလူတန်းစားတွေကြားထဲက ပဋိမက္ခလေးတွေကို ရိုက်ကူးပြထားတာဖြစ်ပါတယ် ဒီဇာတ်ကားက သောက်ပျင်းတစ်တဲ့ မင်းသားနဲ့ သူ့ရဲ့ စူပါ ဘရားသားတို့ တယောက် တိုင်းပြည်ကြီးကို ကယ်တင်ကြပုံတွေကို ရိုက်ကူးပြထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ စုန်းဘဲကြီးတစ်ပွေက ဘုရင်ကြီးကို ဖမ်းသွားပြီးတော့ စုန်းဘဲကြီးက ဘုရင်ကြီးရဲ့ တိုင်းပြည်ကို သိမ်းဖို့ကြံပါတော့တယ် အဲ့ဒီမှာ အကြီးဆုံး သား အိမ်ရှေ့မင်းသားက သောက်ပျင်းပါ သူ့ညီကတော့ အစွမ်းအစရှိပါတယ် ဂေါ်တယ်ပေါ့နော် အဲ့ဒီမှာ သောက်ပျင်းမင်းသားနဲ့ သူ့ညီတို့ စုန်းဘဲကြီးကို သတ်ပီး တိုင်းပြည်ကို ကယ်တင်နိုင်မလား နောက်ဆုံးမှာ ရွှေမင်းသမီးလေးနက်တော့ ဘယ်သူက ငြားမှာလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ကြရမှာဖြစ်ပါတယ် ဒီကားက Rated R ဖြစ်ပြီးတော့ PG 18  အထက်ပါ ရှေးခေတ်ကားမို့ ဖော်ချွတ်ခန်းတွေပါပါတယ် ဆိုတာ ကြိုပြောလိုက်ပါရစေ   Qty - 720p Bluray Duration - 1hr 50min Gern - Comedy / Fantasy / Action Translator ...
5.5
IMDB: 5.5/10 90,405 votes
movie

Your Highness (2011)

2011
The Ages of Love (2011) 5.9
The Ages of Love (2011) အီတလီဇာတ်ကားဖြစ်ပြီးတော့ Manuale d'amore 3 (Manual of Love 3) လို့လဲ နာမည်တွင်တဲ့ဇာတ်ကားပါ။ အီတလီနာမည်ကျော် မင်းသား၊မင်းသမီးတွေပါဝင်ထားကြပြီး ပုရိသတို့အသည်းစွဲ မင်းသမီးကြီး Monica Bellucci လဲပါဝင်ထားပါတယ်။ (သူနဲ့ပတ်သက်လို့ အံ့သြစရာက အသက်အရွယ်ကြီးမြင့်ခြင်းက သူ့ရဲ့အလှတရားတွေကို မဖျက်စီးနိုင်ဘူးဆိုတာပဲ..ဤကားစကားချပ်။) ဇာတ်လမ်းကတော့ မြှားနတ်မောင်ဇာတ်လမ်းပါ...မြင်နေကျ မြှားနတ်မောင်ဇာတ်လမ်းတွေနဲ့မတူတာက ဒီထဲမှာပါတဲ့ မြှားနတ်မောင်ကတော့ သောက်တလွဲပဲ ပစ်တတ်တဲ့ကောင်ပါ။ ဒီကောင်ပစ်လိုက်တာနဲ့ သောက်ပြသနာတသီကြီးတက်ပြီလို့ပြောရလောက်အောင် ချောက်ချတတ်တဲ့မြှားနတ်မောင်ပါ။ ရင့်ကျက်တည်ငြိမ်သူတွေတောင်မှ လဗြောင်းသတ်သွားတတ်တဲ့ မြှားနတ်မောင်ရဲ့မြှားသုံးချောင်းအကြောင်းကို ခံစားကြည့်ကြပါဦး။ (Dark Side Production မှတင်ဆက်သည်။)   File size…(900 MB) and (480MB) Quality…Blu-Ray Rip 720p Format…mp4 Duration….02:07:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by BaBa YaGa    
5.9
IMDB: 5.9/10 3,399 votes
movie

The Ages of Love (2011)

2011
You Are the Apple of My Eye (2011) 7.7
You Are the Apple of My Eye (2011) အချစ်အကြောင်းတွေ မျိုးစုံအောင် နားရည်ဝဝ ကြားဖူးခဲ့ကြမယ်... ပေးဆပ်ခြင်းတွေ ရယူခြင်းတွေ အတ္တတွေကြားညှပ်ပြီး ဝါဒဆန်ဆန်လဲ ထူးဆန်းဖူးခဲ့ကြမယ်... ခမ်းနားခြင်း ချမ်းသာခြင်း ဆင်းရဲခြင်းတွေကြားက ရောင်စုံအချစ်တွေအကြောင်းလဲ  တရားကျဖူးခဲ့ကြမယ်... အံ့သြစရာကတော့ ကြားဖူးသမျှနဲ့ ခံစားရတာက တခြားစီ ဖြစ်နေမယ်ဆိုတာပဲ.... တကယ်တော့ အချစ်မှာ ရိုးသားဖြူစင်တာကလွဲလို့ ကျန်တဲ့ဘယ်ကဏ္ဍမှ မပါဘူးလို့ ဒီဇာတ်ကားလေးက သက်သေပြနေမယ်... တချို့ငြိမ်းချမ်းရေးတွေက ဆွေးနွေးစရာမလိုတဲ့အချိန်မှာ ရလိမ့်မယ်.... ချစ်ခြင်းလဲအတူတူပါပဲ...သူ့အလိုလို နေရင်းထိုင်ရင်း တဖြေးဖြေးကျွံကျ နစ်ဝင်သွားတာမျိုး.... သတိထားမိတဲ့အချိန်မှာ အချစ်ဆိုတာဘာလဲလို့ အဓိပ္ပါယ်ဖွင့်စရာမလိုအောင် ကိုယ်တိုင်က ချစ်ခြင်းဖြစ်နေလိမ့်မယ်... အပိုတွေကို သိပ်တော့လဲ အံ့သြစရာမရှိပါဘူး...စကားလုံးတွေကြား လူသားတွေညှပ်နေတာ ကြာခဲ့ပြီကော... ဒါပေမယ့် ဖြေသိမ့်စရာက ချစ်ခြင်းဆိုတာကို အဓိပ္ပါယ်ဖွင့်ခံစားဖို့ ဒီလိုဇာတ်ကားလေးတွေ ကျန်နေသေးတယ်။ ဒီဇာတ်ကားကို ဘယ်လိုမှ လက်လွတ်မခံပါနဲ့ မိတ်ဆွေ... ကိုယ့်နှလုံးသားကို ကိုယ်ပြန်မြင်ရဖို့အခွင့်အရေးကို မိမိရရဆုပ်ကိုင်ထားပါ။ IMDb Rating (7.7) ရရှိထားတဲ့ ထိုင်ဝမ်အချစ်ဇာတ်ကားစစ်စစ်လေးပါ။   File size…(999 MB) and (450MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:50:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by ...
7.7
IMDB: 7.7/10 7,162 votes
movie

You Are the Apple of My Eye (2011)

2011
Red Riding Hood (2011) 5.4
Red Riding Hood (2011) ဒီဇာတ်ကားကို စာရေးဆရာမ Sarah Blakley-Cartwright ရဲ့နာမည်ကျော် Red Riding Hood စာအုပ်ကိုအခြေခံပြီး ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးခဲ့ပါတယ်။ Drama, Horror အမျိုးအစားဖြစ်ပြီးတော့ အားလုံးရဲ့အချစ်တော်မင်းသားကြီးLeonardo DiCaprio ကထုတ်လုပ်သူအဖြစ်ပါဝင်ခဲ့ပါတယ်။ ဇာတ်ကားရဲ့ဒါရိုက်တာကတော့ Catherine Hardwicke ဖြစ်ပြီးခေါင်းဆောင်မင်းသမီးအဖြစ် မင်းသမီးချော Amanda Seyfried ကပါဝင်သရုပ်ဆောင်ထားပြီး မင်းသားချော Lukas Haas နဲ့ မကြာသေးခင်ကမှ Oscar ဆုကိုရှရှိခဲ့တဲ့ မင်းသားကြီး Gary Oldman တို့က ဇာတ်ပို့သရုပ်ဆောင်များအဖြစ်ပါဝင်ထားပါတယ်။ Horror Genre ဖြစ်လို့ ရုပ်ရှင်အကဲဖြတ်တွေအကြား ရေပန်းမစားခဲ့ပေမယ့်လည်း တကယ်ကြည့်လို့ကောင်းတဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ----------------------------- Valerie ဟာ Daggerhorn လို့ခေါ်တဲ့ ရွာလေးမှာနေထိုင်တဲ့ မိန်းမပျိုလေးတစ်ဦးဖြစ်ပြီးတော့ အဲဒီရွာဟာ သမန်းဝံပုလွေတစ်ကောင်ရဲ့ နှောင့်ယှက်ခြင်းကိုခံနေရပါတယ်။ သူဟာ မိဘမဲသစ်ခုတ်သမားလေး Peter နဲ့ရည်ငံနေပေမယ့် မိဘဖြစ်သူတွေက ချမ်းသာကြွယ်ဝတဲ့ပန်းပဲဆရာကြီးတစ်ဦးရဲ့သားဖြစ်သူ Henry Lazar နဲ့လက်ထက်ထိမ်းမြားဖို့ ကြောင်းလမ်းထားပြီးဖြစ်ပါတယ်။ ဒါကြောင့်သူတို့ချစ်သူနှစ်ဦးက မခွဲနိုင်တာကြောင့် အတူထွက်ပြေးကြတဲ့ညမှာပဲ သမန်းဝံပုလွေဟာ Valerie ရဲ့အစ်မဖြစ်သူ Lucie ...
5.4
IMDB: 5.4/10 97,820 votes
movie

Red Riding Hood (2011)

2011
Puss in Boots (2011) 6.7
Puss in Boots (2011)   ဒီနေ့အတွက်တော့ ကြောင်ချစ်တတ်သူတွေ အတွက် ချစ်စရာ အမူအရာလေးများနဲ့ ပုံဖော်ထားတဲ့ ကြောင်ကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက IMDb 6.7 ....RT(84%) ရရှိထားပြီး ကြောင်ချစ်တတ်တဲ့သူတွေအနေနဲ့ ကြည့်သင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်ဗျ။ ဇာတ်လမ်း အကျဉ်းလေးကတော့ ဥပဒေဘောင် အပြင်က ကြောင်အပေအတေလေးရယ် သူ့ငယ်သူငယ်ချင်း ကြက်ဥလေးရယ်နဲ့ ချီးထုပ်ကြောင်မလေးတို့ရဲ့ ရွှေဥဥ တဲ့ ငန်းရှာပုံတော်ဖြစ်ပြီး သူတို့ခိုးလာတဲ့ငန်းပေါက်လေးရဲ့ အမေက လိုက်လာတဲ့ အခါမှာတော့ ဆက်လက် ကြည့်ရှူလိုက်ပါတော့ဗျာ။   File size…(800 GB) and (300 MB) Quality…Blu-Ray 1080p Format…mp4 Duration….01:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung  
6.7
IMDB: 6.7/10 117,042 votes
movie

Puss in Boots (2011)

2011
The Rum Diary (2011) 6.2
The Rum Diary (2011) မင်းသားကြီး ဂျွန်နီဒပ်ကိုယ်တိုင်သရုပ်ဆောင် ထုတ်လုပ်သူအဖြစ် ဖန်တီးထားတဲ့ဇာတ်ကားပါ။ ခေတ်သစ်ဂျာနယ်လစ်လောကကို ပြောင်းလဲစေခဲ့သူအဖြစ် နာမည်ကောင်းနဲ့ကျော်ကြားသလို တာတေလန်အောင်ဆိုးတဲ့ ဆိုးကွက်တွေနဲ့လဲ နာမည်ကြီးလှတဲ့ အမေရိကန် ဂျာနယ်လစ် Hunter S Thompson ရဲ့စာအုပ်ကို ရုပ်ရှင်ရိုက်ကူးထားတာဖြစ်ပါတယ်။Thompson ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ကျွန်တော့်အတွက်တော့ ထူးခြားနေခဲ့ပါတယ်။ ဘာလို့ဆို ကျွန်တော်တို့ပုရိသယောင်္ကျားထုရဲ့ နတ်သမီးလေး Amber Heard ဆိုတဲ့မင်းသမီးလေးကို  ဘိုးတော်ကြီးဂျွန်နီဒပ်ဟာ ဒီရုပ်ရှင်မှာခေါ်ရိုက်ပြီး လက်ထပ်ပစ်လိုက်တာပါ။ ဘိုးတော်နဲ့ အဲ့မင်းသမီးက အသက်နှစ်ဆယ်လောက်ကွာပါတယ်...so sad....ထားပါတော့...ခုတော့ဖြင့် သူတို့အတွဲလဲ ပြတ်ပြီး နောက်အတွဲတွေနဲ့ ကိုယ့်လမ်းကိုယ်လျှောက်နေကြပါပြီ။ ကျွန်တော့်မှာသာ ယောင်ရင်တောင် Amber Heard လို့ထယောင်တုန်း....သြော်..နှင်းပျောက်တဲ့နွေ။   File size…(999 MB) and (380 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:57:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
6.2
IMDB: 6.2/10 91,695 votes
movie

The Rum Diary (2011)

2011
Like Crazy (2011) 6.7
Like Crazy (2011) ဒီတစ်ခါမှာတော့ ၂၀၁၁ ခုနှစ်ထွက် Drama, Romance ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ IMDb rating 6.7 နဲ့Rottentomatoes မှာ 72% ရရှိတဲ့ အချစ်ဇာတ်ကားကောင်းလေးကိုဒါရိုက်တာ Drake Doremus ရိုက်ကူးပြီးတော့ မင်းသားချော Anton Yelchin နဲ့ Theory of everything,Star War: Rouge One တို့ရဲ့ခေါင်းဆောင်မင်းသမီးဖြစ်တဲ့ Felicity Jones က Anna အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ အင်္ဂလန်ကောလိပ်ကျောင်းသူတစ်ဦးဖြစ်တဲ့ Anna က အမေရိကန်ကိုခေတ္တအလာလည်ရာမှာ အမေရိကန်ကျောင်းသားတစ်ဦးဖြစ်တဲ့ Jacob နဲ့ရည်ငံမိပါတယ်။ သို့ပေမယ့် Anna ဟာ ဗီဇာသက်တမ်းကုန်ဆုံးတဲ့အထိနေထိုင်ခဲ့တဲ့အတွက်အမေရိကန်မှထွက်ခွာဖို့အကြောင်းဖန်လာတဲ့အခါမှာတော့......။ စိတ်ဝင်စားစရာကောင်းပြီး ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းတဲ့အချစ်ကားလေးကိုတော့ကိုယ်တိုင်ပဲဆက်လက်ရှုစားလိုက်ကြပါခင်ဗျာ။   File Size : (700 MB) and (330 MB) Quality : Blu-Ray 720p Running Time : 1hr 26min Format : Mp4 Genre :Drama, Romance Subtitle ...
6.7
IMDB: 6.7/10 52,927 votes
movie

Like Crazy (2011)

2011
Blu-Ray 720p
7 Khoon Maaf (2011) 6.2
7 Khoon Maaf (2011) မိန်းမတိုင်းဟာ တစ်သက်မှာ တစ်ခါတော့ သူတို့ ယောက်ျားတွေကို သတ်ပစ်ဖို့ စဉ်းစားဖူးတယ် တဲ့ ..... ခင်ဗျားဟာ အိမ်ထောင်သည်ဆိုရင် ခင်ဗျားရဲ့မိန်းမကို မေးကြည့်ပါ ။ အနည်းဆုံး တစ်ကြိမ်တော့ ခင်ဗျားကို သတ်ဖို့ နည်းလမ်းတစ်ခုတော့ သူစဉ်းစားဖူးလိမ့်မယ်တဲ့ ..... ကဲ .. ဒါဆို ဘာလို့ ခင်ဗျား အခုထိ အသက်ရှင်နေလဲ သိလား? "ကလေး" ကလေးတစ်ယောက်လောက် ရလိုက်ရင် မိန်းမတွေဟာ ယောက်ျားကို ပိုပြီး သည်းခံလာနိုင်လာတယ်တဲ့ ... ဒါကြောင့် ခင်ဗျား အခုချိန်အထိ အသက်ရှင်နေတာပေါ့ ..... ဆူဆန်နာ အန်နာမရင်း ဂျိုဟန်နာ ဆိုတဲ့ သူဌေးမ တစ်ယောက် ယောက်ျား ၆ ယောက်ထိ ယူခဲ့တယ် အကုန်သေကုန်တယ် ။ တကယ်တော့ ဆူဆန်နာဟာ သူ့ဘဝသက်တမ်း တစ်လျှောက်လုံး ထာဝရအချစ်ကို ရှာဖွေခဲ့တာပါ ၊ အရမ်းအထီးကျန်ခဲ့ရပါတယ် ။ သူ မွေးကင်းစအရွယ်မှာပဲ သူအမေ ဆုံးပါးသွားခဲ့တယ် ။ ပြီးတော့ သူအရွယ်မရောက်ခင်မှာဘဲ သူ့အဖေ ...
6.2
IMDB: 6.2/10 4,533 votes
movie

7 Khoon Maaf (2011)

2011
Cabaret Desire(2011) 4.6
Cabaret Desire(2011) 2011 ခုနှစ်​ကထွက်​ရှိခဲ့တဲ့ 21+ ကား​လေးတစ်​ကားကိုတင်​ဆက်​​ပေးလိုက်​ပါတယ်​ ဒီကား​လေးက BDSM လို နည်းနည်း ခပ်​ကြမ်းကြမ်း scence ​လေး​တွေပါ​နေတယ်​ဆိုတာကို​တော့ ပရိတ်​သတ်​ကြီးက ပိုစတာကို ကြည့်​တာနဲ့ တန်းသိမှာပါ ဒီကား​လေးက​တော့ Desire ဆိုတဲ့ ဆန္ဒအ​ကြောင်း​လေးကို ရိုက်​ပြထားတာဖြစ်​ပြီး​တော့ လူတိုင်းမှာ မိမိကိုယ်​တိုင်​ မသိတာ​ရော အရှက်​တရား​ကြောင့်​​ရောပါ ဖုံးကွယ်​ထားတတ်​ကြတဲ့ အ​ကြောင်းတရား​လေး​တွေ ရှိပါတယ်​ ဇာတ်​လမ်း အကျဉ်း​လေးက​တော့ လူ​တွေ ညကျရင်​သွားတတ်​ကြတဲ့ ​နေရာ​လေး​တွေမှာ ထူးခြားတဲ့​နေရာ​လေးတစ်​ခုရှိပါတယ်​ အဲ့ဒီ​နေရာ​လေးက​တော့ ဇာတ်​လမ်း​လေး​တွေနဲ့​ပြောပြပြီး ​ဖောက်​သည်​​တွေရဲ့ ပုန်းလျှိုး​နေတဲ့ ဆန္ဒ​တွေကို ​ဖြည့်​ဆီး​ပေးတဲ့​နေရာ​လေးပါ အဲ့​နေရာ​လေးမှာ ဇာတ်​လမ်းက ​လေးခုပဲရှိပါတယ်​ The Two Alexes, My Mother, In Wonderland, Wet sheets ဆိုတဲ့ ပုံပြင်​​လေးပုဒ်​ပါ ဇာတ်​ ရှိန်​တက်​လာတာနဲ့ အမျှ သင်​ဟာ မိန်းမလှ​လေး​တွေကသင့်​ရဲ့ လိုအင်​ဆန္ဒ​တွေကို ဖြည့်​ဆီးပြီး ​မျှော်​လင့်​ခြင်းကွင်းပြင်​ ...
4.6
IMDB: 4.6/10 265 votes
movie

Cabaret Desire(2011)

2011
Source Code (2011) 7.5
Source Code (2011) "သေပြီးတာတာင် တိုင်းပြည်တာဝန်ထမ်းဆောင်နေရတာ ဂုဏ်ယူစရာပဲ" ဒီစကားကို သင်လက်ခံပါရဲ့လား ? လွတ်လပ်မှုကို ဘယ်အချိန်ထိ ထိန်းချုပ်ထားကြမှာလဲ သူတပါးဦးနှောက်ကို သွင်းချင်ရာသွင်း ဖျက်ချင်သလိုဖျက် SD Card လိုသဘောထားနေကြတာဟာ တရားရောဝင်ရဲ့လား ? ဒီအတွေးတွေနဲ့အတူ ရသမျိုးစုံပေးသွားမယ့် Source Code ဆိုတဲ့ဇာတ်ကားမှာ စွယ်စုံရမင်းသားကြီိး Jake Gyllenhaalက ဦးဆောင် ပါဝင်ထားပါတယ် IMDb 7.5 နဲ့ RT 91% ဆိုတော့ CM ပရိသတ်တွေ အတွက်တော့ အချိန်ပေးကြည့်ရတာတန်မှာပါ ဇာတ်လမ်းအစမှာတော့ ချီကာဂိုမြို့ပတ်ရထားပေါ်မှာ နိုးထလာသူတစ်ယောက် ကိုယ်မသိတဲ့ ကောင်မလေးတစ်ယောက်က ရင်းရင်းနှီးနှီး စကားတွေလာပြော ကိုယ်မကြားဖူးတဲ့ နာမည်နဲ့ ကိုယ့်ကိုခေါ် မှန်သွားကြည့်တော့လည်း ကိုယ့်မျက်နှာမဟုတ် ပိုက်ဆံအိတ်ထဲက အိုင်ဒီကဒ်ကလည်း ကိုယ့်ကဒ်မဟုတ် ရထားပေါ်ကို ဘယ်လိုရောက်လာတာလဲ ဘာရည်ရွယ်ချက်နဲ့ ပို့ဆောင်ခံရတာလဲ ဇာတ်လမ်းအကျဉ်း မသိထားလေ ပိုကောင်းလေမို့ ကြည့်ဖြစ်အောင်သာကြည့်ပါလို့ တိုက်တွန်းလိုက် ပါတယ်.... File Size : (667 MB) and (350 MB) Quality : Blu-Ray 1080p Running Time : 1hr 33min Format : Mp4 Genre :Mystery, Romance, Sci-Fi Subtitle ...
7.5
IMDB: 7.5/10 422,657 votes
movie

Source Code (2011)

2011
[18+] Step Up Love Story [Futari Ecchi] (2011) 5.2
[18+] Step Up Love Story [Futari Ecchi] (2011) Dark Side Production မှတင်ဆက်သည်။ ဇာတ်လမ်းကတော့.... အချစ်ကို အချစ်လို့သာသိပြီး အဘာကြီးဘာနေကြတဲ့ သူငယ်ချင်းတွေကြား ဘာအတွေ့အကြုံမှ မရှိသေးတဲ့ စုံတွဲလေးအကြောင်းကို သာသာယာယာလေး ပြသွားမယ့် ဇာတ်လမ်းလေးကို ချပြလတ်ပါပြီ..... Living Together ခေတ်ကြီးမှာ... ခုတွေ့ ခုချစ် ခုယူ ဖြစ်သွားခဲ့တဲ့ မာကိုတိုတို့ စုံတွဲဟာ မီးဖိုချောင် ကိစ္စကအစ အိမ်ထောင်ရေး သုခအဆုံး နကန်းတစ်လုံးမှ မသိကြသေးပါဘူး... ဒါကို ရိပ်မိကြတဲ့ အပေါင်းအသင်းတွေက သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ သင်တန်းပို့ချပေးကြပါတယ်.. ကောင်မလေးဖက်က သူငယ်ချင်းကလည်း ထိုနည်း၎င်း လမ်းပြကြတယ် ဆိုပါတော့... ကြားသမျှလေးတွေနဲ့ လက်တည့်စမ်းတဲ့ မာကိုတိုနဲ့ အကြံပေးတိုင်း လိုက်လုပ်ရှာတဲ့ သူ့ချစ်ဇနီးလေးတို့ အဆင်ပဲပြေကြမလား၊ အောင့်အီးသည်းခံတွေပဲ ဖြစ်မလား ဆိုတာကတော့ ကိုယ့်လူတို့ လက်တွေ့ဒေါင်းကြည့်လိုက်ကြတော့ဗျာ...။   File Size…(800 MB) and (360 MB) Quality…HDRip Format…mp4 Duration…01:13:00 Subtitle…Myanmar Subtitle(Hardsub) Encoder…RGB Translated by Dark Cloud    
5.2
IMDB: 5.2/10 31 votes
movie

[18+] Step Up Love Story [Futari Ecchi] (2011)

2011

Genres

Like Us!