Channel Myanmar

2012

Rigodon (2012) 5.9
Rigodon (2012) (18+) Rigodon (2012)2012 ခုနှစ်မှာ ထွက်ရှိခဲ့တဲ ဖိလစ်ပိုင် အိမ်ထောင်ရေးကားလေးပါRigodon ဆိုတာက စပိန်ကနေ ဆင်းသက်လာတဲ့ စကားဖြစ်ပြီးတော့ ဖိလစ်ပိုင်လိုကတော့ "ကချေသည်" လို့ ဆိုလိုတာပါ။ ဘဝ ဆိုတာက တီးလုံးနဲ့လိုက်ပြီး ကနေရတဲ့ ကချေသည်လိုပါပဲ နိမ့်ချည်တစ်ခါ မြင့်ချည်နဲ့တစ်လှည့်နဲ့ပေါ့။ ရစ်ကီဆိုတဲ့ လူငယ်တစ်ယောက်ဟာ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ခါနီး အိမ်ထောင်စောစောစီးစီးကျပြီးတော့ ကိုယ့်ရဲ့ အိပ်မက်နောက် မလိုက်နိုင်ခဲ့ပဲ လမ်းပျောက်နေခဲ့တယ်။ ဒါပေမဲ့လဲ သူဟာ သူ့ရဲ့သရုပ်ဆောင်ဘဝကို ပြန်လိုချင်ပြီး လုပ်မိလုပ်ရာ လုပ်ခဲ့မိပါတယ်။ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းဟာလဲ သူ့လို အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ လူတစ်ယောက်အတွက် နေရာဆိုတာ မရှိခဲ့ပါဘူး။ နောက်ဆုံးတော့ အိမ်ထောင်ရေးကို လျစ်လျှူရှုကာ မိမိ ငယ်ဘဝက မလုပ်ခဲ့ရတာ မဖြစ်ခဲ့ရတာတွေကို ပြန်လည်အကောင်ထည်ဖော်ရင်း ရစ်ကီရဲ့ နောက်ကွယ်က ဘဝဟာ ဘယ်လိုလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။*** တစ်ခုသတိချပ်စရာရှိတာက အိမ်ထောင်ရေးကားဆိုပေမဲ့ အဖော်အချွတ်နဲ့ ကုတင်ပေါ်ကအခန်းတွေ ပါဝင်တဲ့အတွက် မိသားစုနဲ့တော့ ကြည့်ရှုလို့ မသင့်တော်ပါဘူး။ အကြံပေးတဲ့အနေနဲ့ မြသန်းတင့် ဘာသာပြန်ထားတဲ့ "စစ်နဲ့ငြိမ်းချမ်းရေး" စာအုပ်ထဲက ...
movie

Rigodon (2012)

2012
Frankenweenie (2012) 6.9
Frankenweenie (2012) Frankenweenie (2012)~ IMDb - 6.9/10, Rotten Tomatoes - 87% ~ဂေါ့သစ်ဆရာကြီး Tim Burton ရဲ့ နောက်ထပ် အဟောင်း‌အကောင်း ဂေါ့သစ်ကားတစ်ကားပါပဲ။ ဖရန်ကင်စတိန်းလိုမျိုးဇာတ်ပေါ့။ ဖရန်ကင်ဝီးနီပါ။ ဝီးနီဆိုတဲ့ ရှည်မျောမျောခွေးပုမျိုး ခွေးလေးတစ်ကောင်ကို ဖရန်ကင်စတိန်းလို ပြန်အသက်သွင်းလိုက်လို့ ဒီနာမည်ပေးထားတာ‌ပေါ့။ဒီရုပ်ရှင်ထဲက ခွေးပိုင်ရှင် ဗစ်တာဟာ Corpse Bride ထဲက ဗစ်တာနဲ့အတူတူပဲလို့လည်း Rumor တွေရှိပါတယ်။ မင်းသမီးကတော့ ဘာတန်အစောပိုင်းကားတွေကတည်းက တော်တော်ပါတဲ့ Winona Ryder ပါပဲ။ ဒီရုပ်ရှင်အတွက် အန်နီမေးရှင်းဆွဲ သရုပ်ဖော်ဖို့ အန်နီမိတ်တာဟာ Classic Monster တွေကိုပါ လေ့လာခဲ့ရတာမို့ ကလပ်စစ်ဆန်ဆန်အရသာလည်းရမှာပါ။ ထူးထူးခြားခြား သရီးဒီကိုမှ အဖြူအမဲနဲ့ပုံဖော်ထားတဲ့ကားလည်းဟုတ်ပါတယ်။ တင်ဘာတန်ဟာ ဒီရုပ်ရှင်ကို ၆၀ခုနှစ်က ကလပ်စစ် မွန်းစတားကားတွေကို Homage ပေးတဲ့အနေနဲ့ ရိုက်ချင်ခဲ့တာပါ။ ဒီထဲကခွေးလေးဟာလည်း တင်ဘာတန်ငယ်ငယ်က ...
movie

Frankenweenie (2012)

2012
Inescapable (2012) 5.2
Inescapable (2012) Inescapable (2012) ==============၂၀၁၂ က ထွက်ရှိခဲ့တဲ့ နိုင်ငံရေးနောက်ခံပြုထားတဲ့ Drama, Thriller ဇာတ်ကားတစ်ကားကို တင်ဆက်ပေး လိုက်ပါတယ်။ MCU ရဲ့ Spider-man သုံးကားထဲမှာ အန်တီမေအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Marisa Tomei ရဲ့ အလှအပ တွေကိုလည်း ခံစားရဦးမှာပါ။အာဒိဒ်ဟာ ကနေဒါ နိုင်ငံ တိုရန်တိုမှာ ဇနီးတစ်ယောက်၊ သမီးနှစ်ယောက်နဲ့ အခြေတကျ နေထိုင်ရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းလာခဲ့သူပါ။ သူ့သမီး ဖြစ်သူ နှစ်ယောက်ကတော့ သူ့အဖေရဲ့ ‌အတိတ်ကို သိချင်ပေမယ့် အာဒိဒ်ဟာ ပြောမပြခဲ့ပါဘူး။  တစ်နေ့မှာတော့ သမီးအကြီးဖြစ်သူ မူနာ ဟာ ဆီးရီးယားနိုင်ငံ ဒက်မာစကတ်မြို့မှာ ပျောက်ဆုံးသွားပါတော့တယ်။ သမီးအကြီးက ဂရိနိုင်ငံကနေ ဓာတ်ပုံရိုက်ကူးရေးလုပ်ရင်း ကနေဒါကို ပြန်မလာဘဲ သူ့အဖေအကြောင်းကို စုံစမ်းချင်တဲ့အတွက် ဆီးရီးယားနိုင်ငံကို အဖေမသိအောင် ခိုးသွားခဲ့တာပါ။အာဒိဒ်လည်း သတင်းရရချင်း သမီးဖြစ်သူကို ကယ်ဆယ်ဖို့ ဆီးရီးယားနိုင်ငံကို ပြန်သွားခဲ့ရင်း သူ ချန်ထားခဲ့ပြီ ဖြစ်တဲ့ သူ့ဘဝအဟောင်းက ဇာတ်လမ်းတွေ ပြန်လိုက်ပါတော့တယ်။ သမီးကို ကယ်တင်ချင်စိတ်ကြီးနေတဲ့ အာဒိဒ် ...
movie

Inescapable (2012)

2012
Red Tails (2012) 5.9
Red Tails (2012) Red Tails (2012) ================ Red Tailsဟာ STARWAR , Indiana Jonesတို့ရဲ့ ပဲ့ကိုရှင် LEGENDကြီး ဂျော့လူးကပ်စ်ရဲ့ lucas filmကို ဒစ္စနေးကို မရောင်းပစ်ခင် လူးကပ်စ် နောက်ဆုံး လွတ်လွတ်လပ်လပ် စီစဉ်ထုတ်ဝေခဲ့တဲ့ ရုပ်ရှင်ပါ။ သူကိုယ်တိုင် ဒီဇာတ်ကို အစပြုခဲ့တာလည်း ဟုတ်ပါတယ်။ Red Tailsကို လူးကပ်စ်ဟာ ၁၉၈၈လောက်မှာ သူ့သူငယ်ချင်းဆီကနေ Tuskegee လေတပ်သားတွေအကြောင်းကြားရတော့ စပြီး ရိုက်ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ဟိုလုပ် ဒီလုပ်နဲ့ ၂၀၁၂မှ ထွက်လာပါတယ်။ ဂျော့လူးကပ်စ်လည်း တစ်ချို့နေရာတွေရိုက်ခဲ့ပေမဲ့ အများစုကိုတော့ Anthony Hemingway ကိုပဲ လွှဲပေးထားခဲ့ပါတယ်။ဇာတ်ကြောင်းကတော့ Tuskegee airmenလို့ခေါ်တဲ့ အာဖရိကန် အမေရိကန်ပိုင်းလော့ တွေရဲ့ ဒုတိယကမ္ဘာစစ်အတွင်း လေသူရဲလုပ်ခဲ့တဲ့အကြောင်းကို ရိုက်ထားတာပါ။ လူမဲတွေကိုနေရာမပေးချင်တာတွေ လူမျိုးရေးတွေကြားကနေ လေသူရဲအစစ်တွေ ဖြစ်လာပြီး ဘာလင်ကိုပါ ဗုံးကြဲရာမှာ ပါဝင်ခဲ့တဲ့ ပထမဆုံးလူမဲပိုင်းလော့တွေအကြောင်းပါ။တကယ့်ဖြစ်ရပ်ပေါ်အခြေတည်ပြီး စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့ ပေါင်းစပ်ရိုက်ကူးထားပါတယ်။ ကောင်းကွက်နဲ့ဆိုးကွက်တော့ရှိပါတယ်။ ဆိုးကွက်ကတော့ ဒီရုပ်ရှင်ကိုဝေဖန်တဲ့ သူတော် တော်များများက saving the private ryanလို ဒရာမာပိုထည့်သင့်တယ်ပြောကြပါတယ်။ လေကြောင်းတိုက်ခိုက်ခန်း ...
movie

Red Tails (2012)

2012
Men in Black 3 (2012) 6.8
Men in Black 3 (2012) ဒီ MIB 3 မှာလဲ အရင်လို Agent K နဲ့ J ကို ပြန်မြင်ကြရအုံးမှာပါပဲ အရမ်းဆိုးရွားလွန်းလို့ အာကသ ထဲမှာ အဆင့်ဆင့် ပိတ်လှောင်ထားတဲ့ အကျဉ်းထောင်ထဲက ဘိုးရစ် ဆိုတဲ့ ဂြိုလ်သားတစ်ကောင် ရှိပါတယ် သူနဲ့ အေးဂျင့် ကေ မှာ ရန်ညိုး ရန်စ တစ်ခု ရှိနေတယ်...အေးဂျင့် ကေ ကြောင့် ဘိုးရစ် ရဲ့ လက်တစ်ဖက် ပြတ်သွားဖူးပါတယ် နောက်ဆုံးမှာ အေးဂျင့်ကေ က မသတ်ပဲ အရှင်ဖမ်းပြီး အကျဥ်းထောင်မှာ လုံခြုံရေး တင်းကျပ်စွာ ချူပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်...တစ်ရက်မှာတော့ ဘိုးရစ် တစ်ယောက် အပြင်က အကူအညီ နဲ့ အကျဉ်းထောင်က လွတ်မြောက်သွားပြီး အေးဂျင့် ကေ ကို လက်စားချေဖို့ ကြံစည်ပါတော့တယ်...သူလက်စားချေမယ့် အစီအစဉ်ကတော့ အေးဂျင့် ကေ ဘိုးရစ်ကို မဖမ်းခင် အချိန်ကို ပြန်သွားပြီး သတ်ဖို့ပါပဲ... ဘိုးရစ် ရဲ့ အစီအစဉ် အောင်မြင်သွားတယ် ...
movie

Men in Black 3 (2012)

2012
4K HEVC
The Dark Knight Rises (2012) 8.5

The Dark Knight Rises (2012)

2012
4K HEVC IMAXHDR
Safe (2012) 6.5
Safe (2012) Safe (2012)မိုင် လို့ခေါ်တဲ့ တရုတ်မလေးက တစ်ခါမြင်ထားလိုက်ရင် ဘယ်တော့မှ မမေ့တော့အောင်အထိကို မှတ်ဉာဏ်တအားကောင်း လွန်းတဲ့သူပါ။ ဒီလို ဉာဏ်ကောင်းတဲ့အတွက်လည်း ဒုစရိုက်ဂိုဏ်းအချို့နဲ့ လုပ်ငန်းရှင်အချို့က မိုင်ကို အပြိုင်အဆိုင် အလို ရှိနေကြပါတယ်။တစ်ရက်မှာတော့ တရုတ်လုပ်ငန်းရှင်ကြီးတစ်ယောက် က မိုင်ကို ပြန်ပေးသွားပြီး သူ့ရဲ့ ဒုစရိုက်လုပ်ငန်းတွေမှာ အသုံးချဖို့ နယူးယော့ခ်မြို့က တရုတ်တန်းဆီကို ခေါ်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ လုခ်ရိုက် က ရုရှားမာဖီယားတွေ နဲ့ တိုက်ခိုက်ရင်း တစ်ဖက်လူကို သတ်မိလိုက်တာကြောင့် မာဖီယားတွေက လုခ် ရဲ့ ဇနီးသည်ကိုသတ်ပြီး လက်စားချေသွားပါတယ်။ ဇနီးသည်ဆုံးရှုံးလိုက်ရတဲ့ လုခ်လည်း အရက်သမားလုံးလုံးဖြစ်ပြီး အိမ်ခြေယာမဲ့အနေနဲ့ လေလွင့်နေပါတော့တယ်။ဒီလိုနဲ့ တစ်နေ့မှာ တရုတ်လုပ်ငန်းရှင်ကြီး က မိုင်ကို နံပါတ်တွဲအရှည်ကြီးတစ်ခု မှတ်ခိုင်းပြီး သိပ်မကြာခင်မှာပဲ ရုရှားမာဖီးယားတွေက မိုင့်ကို ထပ်ပြီး ပြန်ပေးဆွဲသွားခဲ့ပါတယ်။အခွင့်အရေးရတုန်း မာဖီးယားတွေလက်ကနေ ပြေးလာတဲ့ မိုင် နဲ့ လုခ်တို့ ...
movie

Safe (2012)

2012
Contraband (2012) 6.4
Contraband (2012) Contraband (2012)ခရစ်က မူးယစ်ဆေးတွေ ပိုက်ဆံအတုတွေ မှောင်ခိုကူးသူတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီလောကမှာ ခရစ်က တကယ့်ကို ကမ္ဘာ့အဆင့်မီလို့ ပြောရလောက်အောင် အကျော်အမော်တစ်ယောက်ပေါ့။ဒါပေမဲ့ ဖခင်ဖြစ်သူ ထောင်ကျပြီး သားနှစ်ယောက်ရပြီးချိန်မှာတော့ ခရစ်တစ်ယောက် အဲဒီလောကကနေ အပြီးပိုင်အနားယူပြီး လုံခြုံရေး အချက်ပေးစနစ် တပ်ဆင်ရေးလုပ်ငန်းနဲ့ပဲ အသက်မွေးပါတော့တယ်။ မှောင်ခိုကူးတာ သူနဲ့ မသက်ဆိုင်တော့ဘူးလို့ ထင်မှတ်ထားရာက ယောက်ဖဖြစ်သူ အန်ဒီရဲ့ တလွဲလုပ်မှုတွေကြောင့် ရှုပ်ထွေးပွေလီတဲ့ လောကထဲ သူ တဖန်ခြေချရချိန် ရောက်လာခဲ့ပြန်ပါပြီ။ဒီတစ်ကြိမ်မှာတာ့ ကံမကောင်းစွာနဲ့ပဲ သူတည်ဆောက်ထားခဲ့တဲ့ မိသားစုဘဝလေးပါ အန္တရာယ်ရှိလာတဲ့အခါ ...ခရစ် တစ်ယောက် ဘာတွေ ဘယ်လို ကုလားဖန်ထိုးမလဲ? ဆိုတာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။)File Size : 3GB, 826MB & 449MB Quality : 1080p WEB-DL AC3 ...
movie

Contraband (2012)

2012
John Carter (2012) 6.6
John Carter (2012) WALL-E , Finding Dory ,Toy Story တို့လို Animation ကောင်းတွေရိုက်ကူးတတ်တဲ့ ဒါရိုက်တာ Andrew Stanton ရဲ့ Live Action ဇာတ်ကားဖြစ်ပါတယ်။ Walt Disney က ထုတ်လုပ်ထားတာဖြစ်ပြီး Action Scene တွေ မိုက်တာကြောင့်ရယ် မားစ်ဂြိုဟ်ပေါ်က ရှုခင်းတွေရယ် ထူးဆန်းတဲ့အကောင်ဗလောင်တွေရယ်ကြာင့် ဒီဇာတ်ကားက ကြည့်ဖူးသူတိုင်း အမှတ်ရမိတတ်တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...ဂျွန်ကာတာဆိုသူဟာ အမေရိကန်ပြည်တွင်းစစ်တုန်းက ပါဝင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတစ်ယောက်ပေါ့...သူဟာ အတိတ်ကဖြစ်ရပ်ဆိုးတစ်ခုကြောင့် အခုချိန်မှာ အပူမရှာဘဲ အေးအေးဆေးဆေး နေချင်တဲ့ သူတစ်ယောက်ပေါ့။ ဒါပေမယ့် အေးဆေးမနေရဘဲ သူ့ကို စစ်မှုပြန်ထမ်းခိုင်းရာကနေစပြီး သူ့ဘဝကိုလုံးဝပြောင်းလဲသွားစေတဲ့ ဖြစ်ရပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။သူဟာ စစ်ပွဲထဲမှာ အင်ဒီးယန်းလူနီတွေရဲ့ လက်ကလွတ်မြောက်ဖို့ ပုန်းအောင်းရာကနေ ဂူတစ်ခုထဲမှာ ထူးဆန်းတဲ့ လူတစ်ယောက်နဲ့တွေ့ပါတယ် အဲ့လူ ရွတ်ဆိုတဲ့ ဂါထာကို သူပါ ရွတ်ဆိုလိုက်တဲ့အခါမှာ ရုတ်တရက်မေ့မျောသွားပါတော့တယ်။ သူပြန်သတိရတဲ့ အချိန်မှာတော့ ...
movie

John Carter (2012)

2012
1080p HEVC
Memorial Day (2012) 6.1
Memorial Day (2012) Memorial Day (2012)================IMDb Rating - 6.1/10ဒီဇာတ်ကားဟာ ပစ်တယ်၊ ခတ်တယ်၊ လူတွေ သေတယ်ဆိုတဲ့သာမန်ရိုးကျ စစ်ကားတစ်ကားမဟုတ်ပါဘူး။ စစ်ပွဲ တစ်ပွဲမှာပါဝင်ဆင်နွှဲခဲ့ကြပြီး စစ်ပြန် စစ်သားဟောင်းတွေရဲ့ နောက်ကွယ်ကခံစားချက်တွေကို ‌ဖော်ပြပေးနေတဲ့ စစ်ပွဲနောက်ခံပြု ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ အီရတ်မှာ တာဝန်ထမ်း‌ဆောင်နေတဲ့ ဆာဂျင် ကိုင်းလ် ဗိုဂယ်ဟာစစ်ဆင်ရေးလုပ်ဆောင်ရင်း အမှတ်တရပစ္စည်းတွေ စုဆောင်းတတ်သူတစ်ယောက်ပါ။ တစ်နေ့မှာ စစ်ဆင်‌ရေးလုပ်ဆောင်ရင်း ကိုင်းလ်တစ်ယောက် ဒဏ်ရာရပြီး ဆေးရုံတက်လိုက်ရပါတော့တယ်။ဆေးရုံတက်ရင်း အဘိုးဖြစ်သူပြောပြခဲ့တဲ့ ဇာတ်လမ်းများကိုပြန်ပြောင်းပြောဖို့ ဖြစ်လာပါတော့တယ်။ ကိုင်းလ်ရဲ့ အဘိုးဖြစ်သူ ဘက်တ်ဗိုဂယ်ဟာ ဒုတိယကမ္ဘာစစ်မှာတိုက်ပွဲဝင်ခဲ့တဲ့ စစ်သားဟောင်းကြီး တစ်ယောက်ပါ။ ဘက်တ်ဟာစစ်ပွဲအတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူ့ကိုမှပြန်မပြောဘဲအမှတ်တရပစ္စည်းများကိုသာ သိမ်းထားပါတယ်။ ကိုင်းလ် ငယ်စဥ်က တူတူပုန်းတမ်းကစားရင်း အဘိုးရဲ့ ပစ္စည်းတွေ သိမ်းထားတဲ့သေတ္တာကြီးကို တွေ့သွားပါတော့တယ်။ ထိုသေတ္တာကြီးကို တွေ့ရာမှအဘိုးဖြစ်သူရဲ့ လျှို့ဝှက်ထားတဲ့ စစ်ပွဲအတွင်း အဖြစ်အပျက်တွေကိုကိုင်းလ် နားဆင်ရပါတော့တယ်။  စစ်ပွဲဆိုတာ ခေတ်သာ ပြောင်းသွားတယ် အဖြစ်အပျက်တွေက ...
movie

Memorial Day (2012)

2012
Girls Gone Dead (2012) 4.5
Girls Gone Dead (2012) Girls Gone Dead (2012)=================(18+ Warning ......သွေးသံတရဲရဲတွေ၊ အဖော်အချွတ်တွေ၊ ညစ်ညမ်းတဲ့ အသုံးအနှုန်းတွေ ပါဝင်သည့်အတွက် အသက် ၁၈ နှစ်ပြည့်ပြိးမှသာ ကြည့်ရန်နှင့် မိသားစုနှင့်အတူ ကြည့်ရန် မသင့်ပါ။)၂၀၁၂ ခုနှစ်က ထွက်ရှိထားတဲ့ Thriller ကားလေးကို တင်ဆက် ပေးလိုက်ပါတယ်။ သွေးသံတရဲရဲနဲ့ လူသတ်မယ်၊ မိန်းကလေး လှလှလေးတွေရဲ့ အလှအပကို မြင်ရမယ် အဲလို သမာရိုးကျ လူသတ်ကားမျိုးကို ကြိုက်နှစ်သက်တွေအတွက်တော့ ကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲ။ဇာတ်လမ်းအကျဥ◌်းလေးပြောပြရရင် သူငယ်ချင်း ၆ ယောက်ဟာ ‌ နွေရာသီအားလပ်ရက် ကောလိပ်ပိတ်ရက်မှာ ခရီးတစ်ခုကို ထွက်ခဲ့ ကြပါတယ်။ ရေဘက္ကာဟာ ဘာသာရေးကိုင်းရှိုင်းတဲ့ အမေဖြစ်သူထံမှ ခွင့်ပြုချက်တောင်းပြီး အဆိုပါခရီးစဥ်မှာ လိုက်ပါလာခဲ့ပါတယ်။ သူငယ်ချင်းတစ်စုဟာ အိမ်တစ်အိမ်မှာတည်းခိုရင်း ပျော်ကြပါးကြနဲ့ အပန်းဖြေနေရင်း လူတစ်ယောက်က သူတို့ကို စောင့်ကြည့်နေတာ ကိုတော့ မသိခဲ့ကြပါဘူး။မျက်နှာဖုံးစွပ်ထားတဲ့ လူတစ်ယောက်ဟာ အလယ်ခေတ်က စစ်ပွဲတွေမှာ ကိုင်ဆောင်တဲ့ တူနဲ့ ပုဆိန်တွေကို အသုံးပြုပြီး အဆိုပါ ကောင်မ‌လေးများကို အမဲလိုက်သလို လိုက်လံသတ်ဖြတ်ပါတော့တယ်။ ဒါကြောင့် ရေဘက္ကာတို့ သူငယ်ချင်းတစ်စု အသက်ရှင်နိုင်ပါ့မလား။ အသက်ရှင်ဖို့ ...
movie

Girls Gone Dead (2012)

2012
(18+)Dirty Blondes from Beyond(2012) 4.1
(18+)Dirty Blondes from Beyond(2012) မိန်းကလေးတွေချည်းပဲရှိတဲ့ဂြိုလ်တွေ စကြာဝဠာကြီးထဲမှာရှိနေပါတယ်အဲဒီထဲမှာ Vulvian ဂြိုလ်နဲ့ Byfrexia ဂြိုလ်က ပြိုက်ဖက်ဂြိုလ်တွေဖြစ်နေပါတယ်တစ်နေ့မှာတော့ Byfrexia ဂြိုလ်ကရာသီဥတုဆိုးရွားတဲ့ဒါဏ်ကို အပြင်းထန်ခံစားရပါတယ်Byfrexia ဂြိုလ်အရှင်သခင်မက ပြိုင်ဖက်ဂြိုလ် Vulvian သခင်မဆီနည်းပညာအကူညီလှမ်းတောင်းပါတယ်Vulvian သခင်မကလည်းအကူညီပေးမယ်ဆိုပြီး ကတိပြုလိုက်ပါတယ်တကယ်တော့ အဲဒီကတိက လိမ်ညာကတိပါပဲသူ့ရဲ့ရည်ရွယ်ချက်ရှိနေပါတယ် အဲဒါကတော့ Byfrexia ဂြိုလ်ကိုကျူးကျော်ပြီးမင်းသမီးကိုလိုချင်လို့ပါပဲByfrexia ဂြိုလ်သခင်မကတော့ သူထင်သလိုဖြစ်မလာပဲ တိုက်ခိုက်ခံရမှန်းသိလာတော့ခြေဦးတည့်ရာ ပြေးရပါတော့တယ်ပြေးရင်းပြေးရင်းပဲ ယာဉ်ချို့ယွင်းပြီး ကမ္ဘာဂြိုလ်ပေါ်ဆင်းသက်လိုက်ရပါတော့တယ်အဲဒီအချိန်မှာပဲ သူတို့ မမြင်ဖူးပဲ ကြားဖူးနားဝရှိတဲ့ပေါင်သုံးချောင်းမျိုးစိတ်နဲ့စတွေ့ပါတော့တယ်တစ်ဖက်မှာလည်း သူတို့နောက်ကို သဲကြီးမဲကြီးလိုက်နေတဲ့Vulvian ဂြိုလ်သူမအဖွဲ့ကလည်း ရှိနေပြန်ပါတယ်ယာဉ်ပျံပြင်ဖို့ ပစ္စည်းတွေရှာရင်း မျိုးစိတ်သစ်နဲ့ ထူးဆန်းတဲ့အရာတွေကိုတဝကြီး လေ့လာတဲ့ အကိတ်ဂြိုလ်သူမတွေသူတို့ရဲ့ ထူးခြားတဲ့ခံယူမှုသူတို့ရဲ့အမြင် တွေက လိင်ပိုင်းဆိုင်ရာကိုဦးစားပေးထားခြင်းဖြစ်လို့ မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်ပါဘူး File size…1.3GB / 575MB Quality…1080p / 720p Format...mp4 Duration…. 1h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder…X Cross Translated by Ki Mu Chi
movie

(18+)Dirty Blondes from Beyond(2012)

2012
[18+] Jan Dara: The Beginning (2012) 5.7
[18+] Jan Dara: The Beginning (2012) ဒီဇာတ်ကားကတော့ ထိုင်းမင်းသားမာရီယို နုစဉ်ကာလက ရိုက်ကူးထားတဲ့ 18+ Erotic Drama ထိုင်းရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်...မွေးဖွားတုန်းက မိခင်ဆုံးပါးသွားတာကြောင့် ဖခင်ဖြစ်သူရဲ့ မုန်းတီးခြင်းကိုခံခဲ့ရတဲ့ ဂျန် အဘွားဖြစ်သူရဲ့ ကယ်တင်မှုကြောင့် မွေးမွေးပြီးခြင်း အသက်ဘေးကလွတ်ခဲ့ရတဲ့ ဂျန် မိခင်ဖြစ်သူရဲ့ ညီမဝမ်းကွဲ အဒေါ်ဖြစ်သူရဲ့ ပြုစုစောင့်ရှောက်မှုကြောင့် လူလားမြောက်ခဲ့ရတဲ့ ဂျန် ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းပေါ့။၁၉၁၅ ခုနှစ် မုန်တိုင်းထန်တဲ့ ညတစ်ည ဘန်ကောက်မြို့ ဗလန်ပူးအိမ်တော်ကြီး မှာ ပျားပန်းခေတ်မျှအလုပ်ရှုပ်နေကြတဲ့ အလုပ်သမားများနဲ့ မခံမရပ်နိုင်နာကျင်မှုကို အံတုပြီး မိမိရဲ့ ရင်သွေးကို မွေးဖို့ ကြိုးစားနေတဲ့ အိမ်တော်ရဲ့ သခင်မ ဒါရာဟာ သူမရဲ့သားလေး ဂျန်ကို မွေးမွေးပြီးခြင်း လောကကြီးကို ကျောခိုင်းစွန့်ခွာသွားခဲ့ပါတယ်။ မိန်းမဖြစ်သူကို ဆုံးရှုံလိုက်ရတဲ့ ဖခင်ဖြစ်သူ ဝစ်စနန်ဒီချာက ဂျန်ကို သတ်ပစ်ဖို့အထိ မိုက်လုံးကြီးခဲ့ပေမယ့် ဘွားအေဖြစ်သူ၏ကယ်တင်မှုကြောင့် လောကကြီးမှာ ဆက်လက်ရှင်သန်ခွင့်ရခဲ့သလို ဖခင်ဖြစ်သူရဲ့ အမုန်းတရားကိုပါ မွေးမွေးပြီးခြင်းလက်ခံရရှိလိုက်ပါတော့တယ်။ မိခင်ရဲ့ ညီမဝမ်းကွဲ အဒေါ်ဖြစ်သူ ဝက်ဒ်ရဲ့ ပြုစုမှုနဲ့သာ ဂျန်ဟာ လူလားမြောက်ခဲ့ရပါတယ်။ဖခင်ဖြစ်သူ ဝစ်စနန်ဒီချာဟာ မိန်းမဖြစ်သူ သေဆုံးပြီး အစောပိုင်းမှာ ငြိမ်နေခဲ့ပေမယ့် ဗလန်ပူးအိမ်တော်ကြီးရဲ့ ...
movie

[18+] Jan Dara: The Beginning (2012)

2012
(18+)House With A Nice View (2012) 7.6
(18+)House With A Nice View (2012) အိမ်ခြံမြေလောကမှာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ မမတစ်ယောက်အောင်မြင်ဆိုသူ့ရဲ့ မားကတ်တင်းစနစ်က အရမ်းကောင်းတယ်ဒါပေမဲ့ သူက အချစ်ရေးမှာတော့ ခပ်ပေါ့ပေါ့မိန်းမသားပါအချစ်ဆိုတာကို ဟာသတစ်ခုလို့ထင်နေသူအချစ်ကြောင်းပြောရင် သူလက်သည်းနီ အရောင်လောက်တောင်စိတ်မဝင်စားသူ့ကို ကြိုက်လွန်းလို့ အသည်းသန်လိုချင်နေသူသာမောသွားမယ်သူကတော့အရေးမလုပ်တက်သူရိုင်းရိုင်းနှိုင်းရရင် စားဆော်ကြီးဗျသူနဲ့ဆန့်ကျင်ဖက် ဝန်ထမ်းတစ်ယောက်ရှိနေပြန်ပါတယ်မီယာ သူကတော့ အခုမှကုမ္ပဏီကိုစဝင်လာတဲ့ အရောင်းဝန်ထမ်းမလေးသူကျတော့ အချစ်ကို ဘုရားတစ်ဆူလို ကိုးကွယ်နေသူအချစ်ကြောင်းပြောရရင် ထမင်းမေ့ဟင်းမေ့ပြောရရင် ဘာမှမသိပဲနဲ့ စာတိုလေးတစ်ဆောင်ရရင်တောင်ရင်ခုန်နေသူသူတို့နှဦးရဲ့ အချစ်ပေါ် ခံယူတက်ခြင်းမတူတာလေးတွေကိုဇတ်ကွက်များစွာဖန်တီးပြီးတော့ အသက်သွင်းထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်အချစ်ကို ခံယူချက်ချင်းမတူသူနှယောက် အချစ်ကိုဘယ်လိုဘယ်ပုံတွေ့ရှိမှာလဲတချို့က အချစ်ဆိုတာ အနားမှာရှိပေမဲ့ တန်ဖိုးမထားတက်တာမျိုးတချို့က အချစ်ကို တကူးတကရှာဖွေနေတာမျိုးဘယ်လိုပဲတွေ့ရှိပါစေ တန်ဖိုးထားတက်ဖို့ မီးမောင်းထိုးပြတဲ့ကားကောင်းလေးပါပဲအိမ်ခြံမြေအကျိုး‌ဆောင်က ဘယ်လောက် ဝန်ဆောင်မှုကောင်းသလဲဆိုရင်ကုတင် ငြိမ့်ညောင်းတာကို လက်တွေ့စမ်းသပ်ပြတာတွေပါနေတော့မိသားစုနဲ့ အတူမကြည့်ဖို့ သတိ အထူးပေးလိုပါတယ်  File size…988MB Quality…720p Format…mp4 Duration….1h 32m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mi Chi
movie

(18+)House With A Nice View (2012)

2012
Gangs of Wasseypur – Part 2 (2012) 8.6
Gangs of Wasseypur – Part 2 (2012) လမ်းမတော်ဖိုးတုတ်တို့လို လူမိုက်ဇာတ်လမ်းတွေကြိုက်တယ်ဆိုရင် ဒီဇာတ်ကားက အနှစ်ပါပဲ။ဘောလိဝုဒ်ရဲ့အကောင်းဆုံးဇာတ်ကားများစာရင်းကိုပြုစုမယ်ဆိုရင် Gangs of Wasseypur က မပါမဖြစ်ပါ။မှတ်မှတ်ရရဆိုရရင် Oscar ရထိုက်သော Bollywoodကားများ စာရင်းထဲမှာလည်း GOW ဟာ ထိပ်ဆုံးက ပါဝင်နေတာပါ။IMDB 8.6/10 နဲ့Rotten Tomatoes 96% ထိ ရရှိထားပါတယ်။2012လိုခုနှစ်မျိုးမှာ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေကြားထဲကမှ မျက်နှာသစ်အများစုနဲ့ပွဲထုတ်ခဲ့ပြီး အမှန်အကန် အောင်မြင်မှုတွေရရှိခဲ့ကာ Bollywood ရုပ်ရှင်လောကကို တစ်ဆင့်မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ပဲ ပြောရပါမယ်။အဲ့တုန်းက မျက်နှာသစ်သရုပ်ဆောင်တွေဟာ GOW ရဲ့ အောင်မြင်မှုအရှိန်နဲ့အစလိုက်ပြုလိုက်တာ ခုချိန်မှတော့ အောင်မြင်တဲ့သရုပ်ဆောင်တွေအဖြစ် ရပ်တည်နိုင်ခဲ့ကြပါပြီ။ဒီဇာတ်လမ်းမှာ သရုပ်ဆောင်ပိုင်းတွေ၊ ဇာတ်လမ်းအသွားအလာတွေ နောက်ခံသီချင်းတွေ၊ သွေးအေးအေးနဲ့ လူသတ်ရဲတဲ့ အက်ရှင်ခန်းတွေ၊ အထူးသဖြင့် Casting ပိုင်းပေါ့======================================================1942 ကနေ 2004 ခုနှစ်ထိ အိန္ဒိယနဲ့ဘင်္ဂလားနယ်စပ်က Wasseypur မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး အကောင်းဆုံး ပုံဖေါ်ခဲ့တာဖြစ်ပါတယ်။ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားပုံအတိုင်း အင်္ဂလိပ်အစိုးရလက်ထက်မှာ ကျောက်မီးသွေးတွေက အဓိကသွင်းအားစုဖြစ်နေတဲ့ အချိန် နေရာတကာမှာ ကျောက်မီးသွေးလုပ်ငန်းတွေ ...
movie

Gangs of Wasseypur – Part 2 (2012)

2012
Gangs of Wasseypur – Part 1 (2012) 8.6
Gangs of Wasseypur – Part 1 (2012) လမ်းမတော်ဖိုးတုတ်တို့လို လူမိုက်ဇာတ်လမ်းတွေကြိုက်တယ်ဆိုရင် ဒီဇာတ်ကားက အနှစ်ပါပဲ။ဘောလိဝုဒ်ရဲ့အကောင်းဆုံးဇာတ်ကားများစာရင်းကိုပြုစုမယ်ဆိုရင် Gangs of Wasseypur က မပါမဖြစ်ပါ။မှတ်မှတ်ရရဆိုရရင် Oscar ရထိုက်သော Bollywoodကားများ စာရင်းထဲမှာလည်း GOW ဟာ ထိပ်ဆုံးက ပါဝင်နေတာပါ။IMDB 8.6/10 နဲ့Rotten Tomatoes 96% ထိ ရရှိထားပါတယ်။2012လိုခုနှစ်မျိုးမှာ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေကြားထဲကမှ မျက်နှာသစ်အများစုနဲ့ပွဲထုတ်ခဲ့ပြီး အမှန်အကန် အောင်မြင်မှုတွေရရှိခဲ့ကာ Bollywood ရုပ်ရှင်လောကကို တစ်ဆင့်မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ပဲ ပြောရပါမယ်။အဲ့တုန်းက မျက်နှာသစ်သရုပ်ဆောင်တွေဟာ GOW ရဲ့ အောင်မြင်မှုအရှိန်နဲ့အစလိုက်ပြုလိုက်တာ ခုချိန်မှတော့ အောင်မြင်တဲ့သရုပ်ဆောင်တွေအဖြစ် ရပ်တည်နိုင်ခဲ့ကြပါပြီ။ဒီဇာတ်လမ်းမှာ သရုပ်ဆောင်ပိုင်းတွေ၊ ဇာတ်လမ်းအသွားအလာတွေ နောက်ခံသီချင်းတွေ၊ သွေးအေးအေးနဲ့ လူသတ်ရဲတဲ့ အက်ရှင်ခန်းတွေ၊ အထူးသဖြင့် Casting ပိုင်းပေါ့======================================================1942 ကနေ 2004 ခုနှစ်ထိ အိန္ဒိယနဲ့ဘင်္ဂလားနယ်စပ်က Wasseypur မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး အကောင်းဆုံး ပုံဖေါ်ခဲ့တာဖြစ်ပါတယ်။ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားပုံအတိုင်း အင်္ဂလိပ်အစိုးရလက်ထက်မှာ ကျောက်မီးသွေးတွေက အဓိကသွင်းအားစုဖြစ်နေတဲ့ အချိန် နေရာတကာမှာ ကျောက်မီးသွေးလုပ်ငန်းတွေ ...
movie

Gangs of Wasseypur – Part 1 (2012)

2012
The Hobbit: An Unexpected Journey (2012) 7.9
The Hobbit: An Unexpected Journey (2012) The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the ...
movie

The Hobbit: An Unexpected Journey (2012)

2012
4K HEVCHDR
ATM: Er Rak Error (2012) 7.2
ATM: Er Rak Error (2012) မင်းသား Chantavit Dhanasevi နဲ့ မင်းသမီးချော Preechaya Pongthananikorn  တို့ အဓိက ပါဝင်ထားကြပြီး အခြားဟာသသရုပ်ဆောင်များစွာနဲ့ရိုက်ကူးထားတဲ့ Comedy, Romance အမျိုးအစား နာမည်ကြီးထိုင်းဇာတ်ကားဖြစ်ပါတယ်။ တစ်ခုနဲ့တစ်ခုကိုချိတ်ဆက်ပြီး ဟာသရသမြောက်အောင် စိတ်ကူးကောင်းကောင်းနဲ့ပုံဖော်ထားပါတယ်။ IMDb Rating (7.2/10) အထိရရှိထားပြီး ထိုင်းဇာတ်ကားတွေလဲ နိုင်ငံတကာရုပ်ရှင်ဈေးကွက်ကို ထိုးဖောက်နိုင်ခဲ့ပြီဆိုတာ တွေ့ရမှာပါ။ မိသားစုနဲ့ အနားယူရင်း အပန်းဖြေ ကြည့်ရှုသင့်တဲ့ ဟာသဇာတ်ကားကောင်းလေးပါ။ (မြန်မာစာတန်းထိုးကိုတော့ "မိုးစက် ရမ်းသမ်းဘာသာပြန်သည်။" မှ တင်ဆက်ထားပါတယ်။) ဖေဖော်ဝါရီ ၁၄ ရက်နေ့ (V-Day နေ့)ဟာဆိုရင် ဇာတ်ကားထဲက အဓိကမင်းသမီးလေး Ice Preechaya ခေါ် Preechaya Pongthananikorn ရဲ့ မွေးနေ့လည်းဖြစ်ပါတယ်...ပျော်ရွှင်စရာ ချစ်သူများနေ့ဖြစ်ပါစေ.........။)File size...(2.4 GB)/(900 MB) Quality...WEB-DL 1080p 5.1 /720p Format...mp4 Duration....01:57:08 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung Translated by မိုးစက်
movie

ATM: Er Rak Error (2012)

2012
Sinister (2012) 6.8
Sinister (2012) Sinister (2012) ~ IMDb - 6.8/10, RT - 63% ~ဒီတစ်ခါမှာ ​ကျောချမ်းချမ်းနဲ့ ကြည့်ရမယ့် Horror ကား​ကောင်းလေးကို တင်ဆက်လိုက်ပါတယ်။ ၂၀၁၂မှာ ထွက်ရှိခဲ့ပြီး IMDb 6.8 ထိရခဲ့တဲ့ကားပေါ့။ ကြည့်​ရှုတဲ့အခါ အ​သေးစိတ် details ​လေး​တွေကို လိုက်ရှာပြူးပြဲကြည့်ရင်း ​ကြောက်ကြဖို့ အသိပေးပါရ​စေ။ဇာတ်လမ်းလေးကို​တော့ မိသားစု၄​ယောက် သစ်ပင်တစ်ပင်က​နေ ကြိုးဆွဲချခံရတဲ့ အခန်းနဲ့ စတင်ထားပါတယ်။ ဇာတ်လိုက်ဖြစ်တဲ့ မှုခင်းစာ​ရေးဆရာ ​အော့စ်ဝဒ်ဟာ ဒီဖြစ်ရပ်ကို သိရှိထားပြီး မိသားစုကိုပါခေါ်ပြီး တစ်ကိုယ်​ကောင်းဆန်စွာ ​မှုခင်းဖြစ်ပွားရာအိမ်ကို ပြောင်း​ရွေ့လာခဲ့ပါတယ်။သူဒီလိုလုပ်တာဟာ ပထမဆုံးအကြိမ်မဟုတ်​​တော့ မိန်းမလုပ်သူကလည်း စိတ်ညစ်စပြု​နေ​ပြီ။ သူ့ရဲ့နာမည်ကြီး မှုခင်းစာအုပ် တစ်အုပ် အောင်မြင်ပြီး​ ၁၀နှစ်ကြာတဲ့အထိ ထပ်မထွန်း​ပေါက်လာတဲ့အတွက် ​နောက်ထပ်​အောင်မြင်မှုတစ်ခုကိုရဖို့ ဒီဖြစ်ရပ်ဆိုးတွေနဲ့ကြုံခဲ့တဲ့ အိမ်ကြီးရဲ့အမှုအ​ကြောင်း ​လေ့လာ​ရေးသားဖို့ ​ပြောင်းလာပါ​တော့တယ်။အိမ်​ပြောင်းတဲ့ ​နေ့မှာပဲ ရဲမှူးကြီးက ​ချက်ချင်းပြန်​ပြောင်းဖို့ သတိ​ပေး​ပေမဲ့ နားမ​ထောင်ခဲ့ဘူး။ ထပ်ခိုးမှာ ဘယ်ကမှန်းမသိတဲ့ ဘူးတစ်ဘူးထဲက​နေ ...
movie

Sinister (2012)

2012
The Amazing Spider-Man (2012) 7.0
The Amazing Spider-Man (2012) ဒီ The Amazing Spiderman ပထမကားလေးမှာတော့ကျွန်တော်တို့ရဲ့အချစ်တော်ပီတာSpiderman စတင်ဖြစ်လာတဲ့အချိန်လေးကိုရိုက်ထားတာပါ။အောင်မြင်မှုများစွာရရှိခဲ့တဲ့ကားလေးလည်းဖြစ်ပါတယ်။ရုံဝင်ငွေဒေါ်လာ၇၅၇.၉သန်းထိရရှိခဲ့တဲ့ကားလေးပါ။၂၀၀၀ခုနှစ်ပီတာတယောက်ကလေးဘဝမှာဖခင်ဖြစ်သူရဲ့စာကြည့်ခန်းဖောက်ထွင်းခံရတာနဲ့စပြီးသူတို့မိသားစုလေးတကွဲတပြားစီဖြစ်သွားခဲ့ရပါတယ်။မိဘဖြစ်သူတွေထူးဆန်းစွာပျောက်ဆုံးသွားပြီးပီတာတယောက်အန်တီမေနဲ့ဦးလေးဘန်တို့ရဲ့စောင့်ရှောက်မှုအောက်မှာပဲကြီးပြင်းခဲ့ရပါတယ်။နှစ်များစွာကြာပြီးနောက်ပီတာလည်းအထက်တန်းကျောင်းသားကြီးဖြစ်နေပါပြီ။အဖေ့သွေးပါသူဖြစ်တော့ဉာဏ်ထက်မြက်သူတယောက်ဖြစ်ပါတယ်။အဲဒီမှာပဲဂွမ်န်စတေစီဆိုတဲ့ကောင်မလေးနဲ့ဇာတ်လမ်းစတင်ခဲ့တာပေါ့။တနေ့အိမ်မှာနေရင်းပီတာတယောက်ဖခင်ဖြစ်သူရဲ့အိတ်တအိတ်ကိုတွေ့ပြီးသုတေသနစာရွက်စာတမ်းဟောင်းတွေဓာတ်ပုံတွေကိုတွေ့ရှိသွားပါတယ်။အဲဒီဓာတ်ပုံကနေတဆင့်ဖခင်ဖြစ်သူနဲ့အတူအလုပ်လုပ်ခဲ့တဲ့ သိပ္ပံပညာရှင်ဒေါက်တာကာ့ကော်နာစ်တယောက်OScorpဆိုတဲ့ မျိုးစိတ်ဗီဇတွေကိုသုတေသနလုပ်နေတဲ့နေရာမှာ အလုပ်လုပ်နေကြောင်းသိလိုက်ရပါတယ်။အဲဒါနဲ့ပဲ ဖခင်အကြောင်းတွေကိုသိချင်နေတဲ့ပီတာတယောက်Oscorpထဲကိုခိုးဝင်ရာကစပြီးSpidermanဆိုတဲ့ဇာတ်ကောင်စတင်ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။လက်တွေ့ကျကျပြန်လည်မွမ်းမံပြီးထုတ်လုပ်ထားတဲ့အတွက်ဒီကားလေးဟာတော်တော်အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။အဲတော့နောက်ပိုင်းSpidermanပေါက်စ ဘာတွေဘယ်လိုလူသားအကျိုးဆောင်ရွက်မလဲဆိုတာတော့ဇာတ်ကားလေးကိုပြန်စားမြုပ်ပြန်လိုက်ကြရအောင်ပါ။ File size…(4.9 GB)/(2.2 GB)/(900 MB) Quality….BluRay 4K HEVC/ DS4K 1080p HEVC / 720p Format…mkv/mp4 Duration….02:16:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mr.Anderson
movie

The Amazing Spider-Man (2012)

2012
4K HEVC