Channel Myanmar

2013

The Face Reader (2013) 6.8
The Face Reader (2013) အရာအားလုံးကဖြစ်ဖို့ကံပါလာရင် ဘယ်အရာကမှတားဆီးလို့မရပါဘူး။ ကင်နမ့်ဂျောင်းဟာ လူတစ်ယောက်ရဲ့မျက်နှာကိုကြည့်လိုက်တာနဲ့ အဲ့လူတစ်ယောက်ရဲ့စိတ်အခြေအနေတွေ အမူအကျင့်တွေအနာဂတ်မှာဖြစ်နိုင်တာတွေကိုပြောနိုင်တဲ့ Face Reader ကြီးပါ။ လူသတ်မှုတစ်ခုကိုဖော်ထုတ်ပေးရာကနေ ဘုရင်ကခေါ်တွေ့ပြီး ထီးနန်းလုနိုင်တဲ့လူတွေကိုမျက်နှာကိုဖတ်ပြီးဖော်ထုတ်ခိုင်းပါတော့တယ်။ ကင် ဘယ်လိုအခက်အခဲတွေတွေ့မယ်။ သြဇာအာဏာကြီးတဲ့လူနှစ်ယောက်ဖြစ်တဲ့ ကင်ဂျောင်ဆိုနဲ့မင်းသားဆုရန်းကြားမှာဘယ်လိုတွေဆုံးဖြတ်မလဲဆိုတာတော့ဇာတ်လမ်းထဲမှာကြည့်ပေါ့ဗျာ။ ဝင်ငွေအရအောင်မြင်ခဲ့တဲ့ဇာတ်ကားဆိုလည်းမမှားပါဘူး။ IMDb rating လည်း 6.8/10 ရရှိထားပါတယ်။ အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးသရုပ်ဆောင်ဆုတွေနဲ့အတူဆုပေါင်း ၅ဆုကိုအကြိမ် ၅၀မြောက် Grand Bell Awards မှာရရှိထားတာဖြစ်ပါတယ်။   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  Saw Wuua ပါ)   File Size : (1.1 GB) and (500 MB) Quality : Blu-Ray 720p Running Time : 2hr 22min Format : Mp4 Genre : Drama, History Subtitle : Myanmar Subtitle (Hard Sub) Source : LIMITED 720p BluRay x264 GiMCHi Translated by Saw Wunna Encoded by Thanhtike Zaw
6.8
IMDB: 6.8/10 1,476 votes
movie

The Face Reader (2013)

2013
Blu-Ray 720p
[18+] Don Jon (2013) 6.6
[18+] Don Jon (2013)     IMDb (6.6) / Rotten Tomatoes (80%) မင်းသမီးစကားလက်ဂျိုဟန်ဆန် ၊ Julianne Moore နဲ့ မင်းသား Joseph Gordon-Levitt တို့ပါဝင်ထားပြီး 18+ ပညာပေးဇာတ်ကားပါ။ လူငယ်တွေမှာဖြစ်တတ်တဲ့ အပြာကားစွဲလမ်းတဲ့အခြေအနေတစ်ခုကို ရိုက်ကူးထားတာပါ။ (ကိုယ့်သူငယ်ချင်းတွေထဲက အဲ့လိုဖြစ်နေတဲ့လူတွေကို mention ပြီး ဒီဇာတ်ကားကို ပြလိုက်ကြပါ...:P )   ကျွန်​​တော်​တို့နိုင်​ငံမှာ​ရော အပြာကားကို ဘိန်းစွဲသလို စွဲ​နေတဲ့သူ​တွေ ​ပေါများ​နေပြီလား....... အပြာကားထဲက မင်းသမီး​တွေ ဇာတ်​​ဆောင်​​တွေရဲ့ အပြင်​မှာမဖြစ်​နိုင်​တဲ့ ဇာတ်​လမ်း ဇာတ်​ကွက်​​တွေကို လက်​​တွေ့ဘဝနဲ့ နှိုင်းယှဉ်​ပြီး စိတ်​ဓာတ်​ကျ​နေတဲ့ သူ​တွေ​ရောရှိလား....... .............................................................. အခု Don Jon ဆိုတဲ့ဇာတ်​ကားက သူတို့နိုင်​ငံက လူငယ်​​တွေမှာ အဖြစ်​များ​နေတဲ့ " အပြာကားစွဲတဲ့ စိတ်​​ရောဂါ "တစ်​မျိုးကို ဟာသ​လေး​တွေ​နှောပြီး ရိုက်​ပြထားတာပါ ဒီကားက စစကြည့်​ချင်းမှာ 18+အခန်း​တွေကို ခပ်​ကြမ်းကြမ်းပြထားပါတယ်​ dialogue​တွေကလဲ အရမ်းရိုင်းပါတယ်​ ဒါ​ပေမယ့်​ တစ်​ဖြည်းဖြည်းနဲ့ ဇာတ်​ကားက​ပေးချင်​တဲ့ message ကို ပရိသတ်​​တွေဆီ​ရောက်​​အောင်​ ...
6.6
IMDB: 6.6/10 208,421 votes
movie

[18+] Don Jon (2013)

2013
Turbo 6.5
Turbo   17 July 2013 က ထွက်ရှိထားတဲ့ Animation Cartoon ရုပ်ရှင်ဖြစ်ပါတယ်... Animation | Adventure | Comedy | Family | Sport အမျိုးအစား ကာတွန်းရုပ်ရှင်ဖြစ်ပြီး မဖြစ်မနေကြည့်ရှုသင့်တဲ့ အတွေးအခေါ်တစ်ခုခု ရရှိစေမယ့် ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်... ဇတ်လမ်း အစ မှာတော့ အိမ်တစ်ခု ရဲ့ ဥယဉ်အတွင်းမှာ မှီတင်းနေထိုင်ကြသော ဥယဉ်ခရုများအနက် တာဘို နှင့် ၄င်း၏ အကိုဖြစ်သူ ချက် တို့လဲ ပါဝင်ပါတယ် ဥယဉ်ခရုတို့ သဘာဝ မနက်ထ အလုပ်လုပ် အစာစား တစ်နေကုန် ခရုသံသယာ ဘ၀ လည်နေသောလဲ တာဘို တွင်မှု ရည်မှန်းချက်ကြီးကြီးမားမားရှိနေပါတယ် ၄င်းနေထိုင်ရာ ခြံအတွင်း မှ ပိုင်ရှင်ဖြစ်သူ၏ တီဗီတွင်လာသော နိုင်ငံတကာ ကားပြိုင်ပွဲများကို ကြည့်ပြီး ၄င်းကို၎င်း ပြိုင်ကားအမှတ်ဖြင့် ကြိုးစားနေသူ ဖြစ်ပါတယ်... ထိုကဲ့သို့ ပြိုင်ကား စိတ်ဓါတ် စွဲဝင်နေသူ တာဘို ကို အကိုဖြစ်သူ ချက် က ဆုံးမသော်လဲ ...
6.5
IMDB: 6.5/10 69,973 votes
movie

Turbo

2013
Blu-Ray 1080p
Special 26 (2013) 8.0
Special 26 (2013) အားလပ်ချိန်မှာ ပေါ့ပေါ့ပါးပါးလေးနဲ့ Bollywood ဇာတ်ကားကောင်းကို ကြည့်ရှုခံစားချင်ရင်တော့ IMDB 8/10 အထိရရှိထားတဲ့ ဒီဇာတ်ကားလေးကို မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားမှာတော့ အဂျေး နဲ့ အပေါင်းအပါတွေရဲ့ လိမ်လည်မှုပညာ တွေကို အဓိက တင်ဆက်ထားပြီး လူလိမ်နဲ့ ရဲကြား အားပြိုင်မှုကို ဖော်ပြထားပါတယ်။ ဒီနေရာမှာ အဂျေးနဲ့ အပေါင်းအပါတွေဟာ ခေသူတွေမဟုတ်ပါဘူး။ ၀န်ကြီးချုပ်ကိုတောင် လိမ်လည်နိုင်စွမ်းရှိခဲ့သူတွေပါ။ သူတို့တွေ ဘယ်သူတွေကို ဘယ်လို လိမ်ခဲ့ကြမှာလဲ။ ရဲတွေလက်ကနေ ဘယ်လောက် ဖောက်ထွက်နိုင်မလဲ / အလွန်တော်တဲ့ စုံထောက်တွေကရော ဖမ်းဆီးနိုင်မလား ဆိုတာ ရင်ခုန်ခံစားရမှာပါ။ အဂျေး အဖြစ် မင်းသားကြီး အရှေးကူးမားက ပါဝင်သရုပ်ဆောင်ထားပြီး Bollywood ဇာတ်ကားကောင်းတို့၏ ထုံးစံအတိုင်း ပဉ္စလက်ဆန်ဆန် လှည့်ကွက်တွေနဲ့ ဆွဲဆောင်သွားစေမှာ ဖြစ်လို့ ကြည့်ရှုအားပေး ခံစားကြည့်ကြစို့လားခင်ဗျာ။   File Size         : 1 GB Quality           : Blu ray 720P Running Time : 2hr ...
8.0
IMDB: 8.0/10 41,121 votes
movie

Special 26 (2013)

2013
Blu-Ray 720p
The Book Thief(2013) 7.6
The Book Thief(2013) The Book Thief(2013) IMDb....7.6 စာရေးဆရာ Markus Zusak ရေးသားခဲ့တဲ့ The Book Thief စာအုပ်ဟာ Bestseller စာရင်းဝင်ခဲ့ပြီး   ဘာသာစကေားပေါင်းများစွာစွာနဲ့ ပြန်လည်ထုတ်ဝေခဲ့ပါတယ်... လက်ရာမြောက်ဒီစာအုပ်ကို ရုပ်ရှင်အသွင် ၂၀၁၃ မှာပြန်လည်ရိုက်ကူးခဲ့ပါတယ်. .. ဝတ္ထုဇာတ်လမ်းလေးကို ရုပ်ရှင်အဖြစ်ပြောင်းလဲရာတွင်လည်း ဆုပေါင်းများစွာဆွတ်ခူးနိုင်ခဲ့ပါတယ် ... ဒုတိယကမ္ဘာစစ်အတွင်း  ဂျာမနီနိုင်ငံရဲ့ စစ်တစ်လင်းအောက်မှာရှိခဲ့တဲ့ သာမန်လူတစ်စုကိုအခြေခံပြီးရိုက်ကူးထားပါတယ်... လင်မယား (၂)ယောက်ရှိတယ်...သားသမီးမရခဲ့တဲ့သူတို့လင်မယား(၂)ယောက်ဟာ လီဆယ်မီမင်ဂါဆိုတဲ့ ကောင်မလေးကိုမွေးစားခဲ့ပါတယ် ..စာမရေးတတ် မဖတ်တတ်တဲ့ လီဆယ်ကို မွေးစားဖခင်က  ဝတ္ထုစာအုပ်တွေဖတ်ပြပြီး သင်ပေးခဲ့ရာမှ လီဆယ်တစ်ယောက် စာအုပ်တွေကိုသဘောကျသွားခဲ့တယ်. ..ဒီကလေးမလေးရဲ့ပတ်ဝန်းကျင်မှာ စစ်ဘေးဒဏ်ခံနေရတဲ့လူတွေအများကြီး.. .သူမဟာ အသက်ငယ်ပေမယ့် ဒီလူတွေကိုတတ်နိုင်တဲ့ဘက်က အားပေးနှစ်သိမ့်ပေးချင်တယ်.. .ဒီတော့ အဲ့ဒီကလေးမလေးဟာစာအုပ်တွေအများကြီးပိုင်တဲ့ မြို့တော်ဝန်အိမ်က စာအုပ်တွေခိုးယူဖတ်ပြီး စစ်ဘေးဒဏ်ခံလူတွေကို ပုံပြင်လေးတွေပြောပြရင်း အားပေးနှစ်သိမ့်ပါတယ်....နောက်ပြီး လီဆယ်တို့ မိသားစုဟာ   ဂျူးလူမျိုးတစ်ယောက်ကို ကယ်တင်မိပြီး သံယောဇဉ်တွယ်ခဲ့ရာမှ အခက်အခဲတွေကြုံတွေ တစ်သီကြီးကြုံရပါတော့တယ်.... ဒီကားထဲက ကလေးသရုပ်ဆောင်Sophie Nélisse ဟာ ၂၀၁၃ခုနှစ်ရဲ့ အကောင်းဆုံးကလေးသရုပ်ဆောင်ဆုကိုဒီကားနဲ့ရရှိခဲ့ပါတယ်. ..အခြားဆု(၈)ခုရရှိခဲ့ပြီး ဆန်ကာတင်ဆုစာရင်းမှာ (၁၄)ခုတောင်ဝင်ခဲ့ပါသေးတယ်.. ..ကိုင်းခံစားကြည့်လိုက်ပါဦးခင်ဗျ.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lyric Lynn Khant ဖြစ်ပါတယ်... File Size : (900 ...
7.6
IMDB: 7.6/10 113,391 votes
movie

The Book Thief(2013)

2013
R.I.P.D. 5.6
R.I.P.D. ဒီကားကတော့ ၁၉ ၉ ၀ ကျော်ကထွက်ရှိခဲ့တဲ့ Man In Black နဲ့ပုံစံတူတဲ့ကားဖြစ်ပါတယ်... Deadpool မင်းသားဖြစ်တဲ့ Ryan Reynolds ကရဲအရာရှိတစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့လက်တွဲဖော်လုပ်ကြံမှု့ကြောင့် စစ်ဆင်ရေးတစ်ခုမှာသေဆုံးသွားခဲ့ပါတယ်... သူသေဆုံးသွားတဲ့အချိန်မှာ သူ့ကို R.I.P.D လို့ခေါ်တဲ့ Rest In Peace Department ကနေ သူ့ကို အမှု့လိုက်ဖို့အတွက်ပြန်လည်ဆင့်ခေါ်လိုက်ပါတယ်... R.I.P.D ရဲ့အမှု့တွေကတော့ ငရဲပြည်ကနေလွတ်လာတဲ့ လူယောင်ဆောင်ထားတဲ့ မကောင်းဆိုးဝါးတွေကို လိုက်လံဖမ်းဆီးနှိမ်နင်းရတာပဲဖြစ်ပါတယ်... ဒီလိုလိုက်လံစုံစမ်းရင်း ထူးဆန်းတဲ့ အကောင်တွေ ကမ္ဘာမြေပြင်ကို ကျလာမှာကို နောက်ဆုံးမှာတော့ တားဆီးရပါတော့တယ်.... သူတို့ဟာ တကယ့်လူ့ဘ၀ထဲကိုဝင်တဲ့ အခါ လက်ရှိရုပ်သွင်ပြင်နဲ့ဝင်ရတာမဟုတ်ပဲနဲ့ သူတို့ရဲ့ ID Card မှာပါတဲ့ ရုပ်နဲ့ဝင်ရပါတယ်... ဒါကြောင့် သူများတွေအမြင်မှာတော့ သူတို့ဟာ တခြားပုံဖြစ်နေတတ်ပါတယ်.. အက်ရှင်ကားအမျိုးအစားဖြစ်ပြီးတော့ အိမ်မှာနေရင်းပိတ်ရက်မှာအပျင်းဖြေဖို့အတွက် သင့်တော်တဲ့ကားဖြစ်ပါတယ်... File Size : (756 MB) and (280 MB) Quality : BluRay 1080 p Running Time : 1hr 36min Format : Mp4 Genre : Action,Adventure,Comedy Encoded by ...
5.6
IMDB: 5.6/10 103,262 votes
movie

R.I.P.D.

2013
Bluray 1080P
Steal My Heart (2013) 6.4
Steal My Heart (2013) Steal My Heart(2013) သင့်crush ဒါမှမဟုတ် သင့်ချစ်သူက သင်ထင်သလိုလူကောင်းမဟုတ်ဘဲ လူဆိုးတစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင် သူ့ကိုဆက်ချစ်နေဦးမလား။ သူ့ကိုစိတ်ပျက်ပြီးစွန့်လွှတ်လိုက်မှာလား။ လူတိုင်းကချစ်တတ်ကြပေမယ့် ချစ်ရသူရဲ့အမှောင်ခြမ်းကို လက်ခံပေးနိုင်ဖို့ဆိုတာခက်ခဲပါတယ်။ ဇာတ်လမ်းအညွှန်း လီဟိုထယ်ဟာအရမ်းတော်ပြီး ရာထူးတိုးဖို့အလားအလာရှိတဲ့ရဲတစ်ယောက်ပါ။တစ်နေ့မှာတော့သူဟာ သူနဲ့ဆယ်နှစ်တာကွဲကွာသွားတဲ့သူ့ချစ်သူဟောင်းကိုဖမ်းရမယ့်အခြေအနေကိုရောက် လာခဲ့ပါတယ်။ သူ့ချစ်သူဟောင်းကသူထင်သလိုလူကောင်းတစ်ယောက်မဟုတ်ဘဲ သူခိုးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ သူရဲ့ရဲတာဝန်ကတစ်ဖက် သူသိပ်ချစ်ခဲ့ရတဲ့ချစ်သူဟောင်းကတစ်ဖက် ဒီလိုအခြေအနေမှာသူဘာကိုရွေးချယ်မှာလဲ။ ရယ်စရာလေးတွေကိုပါထည့်သွင်းရိုက်ကူးထားတဲ့ Romantic Comedy ကားကောင်းလေးတစ်ကားပါ။ Imdb အနေနဲ့ 6.4/10ရရှိထားပါတယ်။ပါဝင်သရုပ်ဆောင်ထားသူတွေကတော့ နာမည်ကျော် YongPal ကားထဲကမင်းသားချော Joo Won နဲ့ မင်းသမီး Kim Ah Joong တို့ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်တင်ထားသူကတော့ Hsu Myat Noe Aung ပါ။)   File size…(999 MB) and (460 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:55:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Hsu Myat Noe Aung
6.4
IMDB: 6.4/10 458 votes
movie

Steal My Heart (2013)

2013
Kick-Ass 2 6.6
Kick-Ass 2 ဒီ Hero ကားလေးကိုတော့ အားလုံးနဲ့မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်... ၂၀၁၀ ကထွက်ရှိခဲ့တဲ့ Kick Ass ရုပ်ရှင်ဇာတ်ကားရဲ့  ၃ နှစ်အကြာမှာပြန်လည်ထွက်ရှိလာတဲ့ Kick Ass 2 ပဲဖြစ်ပါတယ်... နောက်ပြီးတော့ ဒီ Kick Ass 2 ရဲ့အဓိကဗီလိန်ကတော့ Kick Ass 1 မှာ ပါဝင်ခဲ့တဲ့ Red Mist ဟာ Mother Fucker ဆိုတဲ့ နာမည်အဆန်းကြီးနဲ့ ပြန်လည်မွေးဖွားလာလို့ပါပဲ... ( သူ့ဟာနဲ့သူတော့ဟုတ်နေတာပဲ... ဘာလို့လဲဆိုတော့ သူ့အမေကိုသူမတော်တဆသတ်မိလိုက်လို့တဲ့ဗျာ....) သူ့ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်... သူ့အဖေကို ဘစူကာကြီးနဲ့မညှာမတာပစ်သတ်ခဲ့တဲ့ Kick Ass ကို မသေမချင်းပြန်သတ်ဖို့ပါပဲ... ဒါကြောင့် ကြေးစားလူမိုက်တွေအကုန်လိုက်စုစည်းပြီးတော့  အကြီးမားဆုံးရာဇ၀တ်မှု့ကို ကျူးလွန်ကြတော့မှာပါ... ဒီ Kick Ass 2 မှာထူးခြားလာတာကတော့ Kick Ass တစ်ယောက်တည်း မျက်နှာဖုံးဝတ်တော့တာမဟုတ်ပါဘူး... Kick Ass 1 မှာတည်းက Kick Ass ကိုသဘောကျထောက်ခံတဲ့လူတွေအများစုက သူ့တို့ကိုယ်တိုင်လည်းမျက်နှာဖုံးတွေဝတ်ပြီးတော့ မကောင်းမှု့တွေကို လိုက်လံရှာဖွေနေကြတာကိုမြင်ရတော့မှာပါ... သူတို့ဟာ ဘာအစွမ်းအစမှမရှိပါဘူး...ဒါပေမယ့် သူတို့ရဲ့စံပြကြီး Kick Ass လိုမျိုးမျက်နှာဖုံးတပ်လိုက်တာနဲ့ သူတို့ကိုယ်သူတို့အားအင်တွေ ရှိလာကြမယ်ဆိုတာ သူတို့ကိုယ်တိုင်ယုံကြည်နေကြလို့ပါ.... (သူရဲကောင်းဆိုတာလက်ရုံးရည်မရှိလည်း နှလုံးရည်ရှိလည်းရတယ်ဆိုသလိုပေါ့..) နောက်ပြီးတော့ Kick Ass 1 မှာ ၁၃ နှစ်သာသာပဲရှိနေသေးတဲ့ ...
6.6
IMDB: 6.6/10 226,119 votes
movie

Kick-Ass 2

2013
Bluray 720p
47 Ronin 6.3
47 Ronin     #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ တစ်ချိန်က နာမည်ကြီးမင်းသား Keanu Reeves ပါဝင်သရုပ်ဆောင်ထားပြီး ဂျပန် ရဲ့ သမိုင်းဝင် သူရဲကောင်း ၄၇ ယောက်ရဲ့ တကယ့်အဖြစ်အပျက်တွေက နေ အိုင်ဒီယာယူပြီး Sci-Fi, Fantasy ဇာတ်ကားအနေနဲ့ တင်ဆက်ထားပါတယ်။ ဇာတ်လမ်းကိုမပြောခင်မှာ တစ်ခုကြိုပြောချင်တာက ဒီကားကို ကြည့်တဲ့အခါ ဒီကားက လက်ရှိကျွန်တော် တို့ ကမ္ဘာထဲမှာဖြစ်နေတာမဟုတ်ပဲ တစ်ခြား Parallel ကမ္ဘာတစ်ခုမှာ ဖြစ်နေတာလို့ သဘောထားပြီး ကြည့်ရင်ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဥပမာ ဟယ်ရီပေါ်တာတို့၊ Batman: The Dark Knight Return (Animation) တို့ လိုမျိုးပါ။ ဟယ်ရီပေါ်တာလို တကယ်မရှိတာကို စိတ်ကူးယဉ် ဆန်ဆန် လက်ရှိကမ္ဘာနဲ့ တွဲရိုက်ထားပြီး၊ Batman ကာတွန်းလို့ လက်ရှိ Batman Main stream ကာတွန်းမှာ မဟုတ်တဲ့ ဇာတ်လမ်းကို တစ်ခြားစင်္ကြာဝဠာတစ်ခု (Parallel Universe) အနေနဲ့ ရိုက်ကူးထားပါတယ်။ တစ်ချို့က ဒီကားကိုကြည့်ပြီး ...
6.3
IMDB: 6.3/10 127,591 votes
movie

47 Ronin

2013
Safe Haven (2013) 6.7
Safe Haven (2013) ဒီတစ်ခါတော့ ရိုမန်တစ်ဆန်ချင်တဲ့ RS တွေနဲ့ ရုပ်ရှင်ကြည့်ပြီး အားကျချင်တဲ့ FA တွေအတွက် Romance ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ဟာ နာမည်ကျော်စာရေးဆရာ Nicholas Sparks ရဲ့ Safe Haven ဆိုတဲ့ ၀တ္ထုကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Nicholas Sparks ကတော့ အားလုံးသိတဲ့ The Notebook, The Faults in Our Stars လို ရုပ်ရှင်တွေရဲ့ မူရင်းဝတ္ထုလက်ရာရှင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ကေတီဆိုတဲ့အမျိုးသမီးငယ်လေးဟာ မြောက်ကယ်ရိုလိုင်းနားကမ်းခြေမှာရှိတဲ့ မြို့ငယ်တစ်မြို့မှာ အခြေချပြီး ဘ၀သစ်တစ်ခုစတင်ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ စားပွဲထိုးတစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်ပြီး ဇာတ်မြုပ်နေခဲ့ပေမယ့် ဒီရပ်ကွယ် ဒီမြို့လေးက သူ့ကို ၀ိုင်းဝန်းစောင့်ရှောက်ပေးကြ၊ ချစ်ခင်ကြပါတယ်။ အထူးသဖြင့် မိန်းမဆုံးပါးသွားပြီးနောက် ကလေးတွေနဲ့ကျန်ရစ်ခဲ့တဲ့ အဲလက်စ်က သူ့ကိုအတော်လေး ဂရုစိုက်ပေးပါတယ်။ အဲလက်စ်နဲ့ သူ့ကလေးတွေကြောင့် ကေတီတစ်ယောက် လူတွေကို ပြန်ပြီး ယုံကြည်လာ၊ ချစ်တတ်လာပေမယ့် ထူးဆန်းတဲ့သူစိမ်းတစ်ယောက်က ...
6.7
IMDB: 6.7/10 89,980 votes
movie

Safe Haven (2013)

2013
Paper Moon (2013) 4.7
Paper Moon (2013) ကျွန်တော်တို့ အလွမ်းတွေ အုံ့မှိုင်းနေတတ်တဲ့အခါမျိုးမှာ တစ်ယောက်တည်း ဆွေးမြေ့နေရတာ ပြင်းရှတဲ့အရသာတစ်ခုပဲ။ အခုလဲ လူသူမသိတဲ့ ဟောင်ကောင်ဇာတ်ကားလေးတစ်ကားနဲ့ တိတ်တိတ်လေး ဆွေးမြေ့ကြရအောင်လား... ဒီဇာတ်ကားဟာ တိတ်ဆိတ်ကြေကွဲတဲ့အရသာတွေ တရစပ်ပေးနေရင်း အလွမ်းတွေ အုံလိုက် လှိုက်ခနဲ့ ရွာကျလာနိုင်တယ်... ကျွန်တော်တို့မှာ ခုံမင်တဲ့ ရူးသွပ်မှုတွေရှိပေမယ့် ဒါတွေကို သိုဝှက်ပြီး ကိုယ့်ကိုယ်ကိုယ် သူတစ်ပါးကြည့်ကောင်းအောင် ချပြနေရတဲ့ အခါတွေရှိတတ်တယ်....ဒီအခါမျိုးနဲ့ဒီဇာတ်ကားနဲ့ တိုက်ဆိုင်ရင်တော့ ရင်တစ်ခုလုံး ညှို့မှိုင်းသွားနိုင်တယ်.... ကြုံကြိုက်လို့ ဘဝမှာ တစ်ခုတည်းကိုပဲ ရွေးချယ်ရမယ်ဆို ကျွန်တော်တို့ဆုပ်ကိုင်မယ့် အရာဟာ ဒွိဟတွေနဲ့ လွန်ဆွဲနေမယ်... ချစ်ခြင်းမှာတော့ ပိုဆိုးပြီး သွပ်ချောင်ချောင်ဖြစ်စေနိုင်တာပဲ.....။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ကောင်းတယ် မကောင်းဘူး..Rating များတယ် မများဘူးဆိုတာ ပြောဖို့မလိုဘူး....... ပြောဖို့လိုမှာက ဘဝမှာ အချစ်ကိုတွေ့ဖူးရင် ဒီဇာတ်ကားကို နားလည်ပေးနိုင်မယ်။ အချစ်ဆိုတာဂျိုနဲ့လား ဆိုတဲ့လူတွေအတွက်တော့ ဒီဇာတ်ကားကိုကြည့်ဖို့မလိုပါ...သူတို့အတွက်တော့ လူရုပ်လေးတွေစကားပြောနေတဲ့သာမန်ရုပ်ရှင်လို့ပဲ ပြောချင်ပါတယ်....။   File size…(800 MB) and (390MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:47:20 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung      
4.7
IMDB: 4.7/10 31 votes
movie

Paper Moon (2013)

2013
How to Use Guys with Secret Tips (or) Mens Manual (2013) 6.7
How to Use Guys with Secret Tips (or) Mens Manual (2013) ဇာတ်ကားနာမည်က How to use guys with secret tips (သို့မဟုတ်) Men's Manual  ပါတဲ့။ နွားတစ်ကောင်အသုံးပြုနည်း..အဲလေ...ယောင်္ကျားတို့အားကိုင်တွယ်နည်းလို့ ဆိုရမပေါ့။ မင်းသမီးချော Lee Si-young က Choi Bo‑na အဖြစ်အဓိကသရုပ်ဆောင်ထားပြီး မင်းသား Oh Jung‑se , Ji Chang‑wook တို့ပါဝင်ထားပါတယ်။ ရိုးရိုးကုတ်ကုတ်နဲ့ အလုပ်ပဲလုပ်နေတတ်တဲ့ Choi Bo‑na တစ်ယောက် အချစ်ဦးကဆော်ပလော်တီးသွားလို့ အချစ်ဆိုတာကို ကြောက်နေခဲ့ပေမယ့် ယောင်္ကျားတို့အားကိုင်တွယ်နည်းလမ်းညွှန်ရသွားတဲ့အခါမှာ ဘာတွေပြောင်းလဲသွားမလဲဆိုတာ...။ IMDb Rating (6.6) ရရှိထားတဲ့ Comedy,Romance ဇာတ်ကားလေးဖြစ်ပါတယ်။   File size…(900 MB) and (380MB) Quality…HD Rip 720p Format…mp4 Duration….01:56:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Black Rose  
6.7
IMDB: 6.7/10 361 votes
movie

How to Use Guys with Secret Tips (or) Mens Manual (2013)

2013
[18+] Wish Taxi (Aka) Secret Travel (2013) 6.1
[18+] Wish Taxi (Aka) Secret Travel (2013)   2013 ခုနှစ်​​လေက်​တုန်းက​ပေါ့... ဆိုးလ်​မြို့မှာ အသက်​၃၀ ၀န်းကျင်​ အင်​မန်းဆိုတဲ့​ လူပျိုနုနုထွတ်​ထွတ်​​လေးတစ်​​ယောက်​ရှိပါသတဲ့။ အသက်​ကသာ ၃၀ တန်း​ပေမယ့်​ တစ်​ခါမှကို ရည်းစားမထားဖူး..ချစ်​သူမရှိဖူး.. အိမ်​​ထောင်​မပြုရ​သေးတဲ့ လူပျိုစစ်​စစ်​​ ရေမ​ရောတဲ့သူ​ပါတဲ့။ သူ့သူငယ်​ချင်း​တွေက ​ဆောင်​ကြာမြိုင်​​တွေ အနှိပ်​ခန်း​တွေ သွားကြရင်​လည်း ​ ငေးကြည့်​​နေရုံသာ ဆိုတဲ့အတိုင်း ပိုက်​ဆံ​ငွေကြေးမ​ပြေလည်​တဲ့​ကောင်​​လေး တစ်​​ယောက်​ပါ။ သူ့အလုပ်​က ညဘက်​တက္ကစီ​မောင်းပို့ရတဲ့အလုပ်​ပါ။ တစ်​​နေ့ညမှာ​တော့ "လီဂျီယွန်း"ဆိုတဲ့ညဉ့်​ငှက်​မ​လေးတစ်​​ယောက်​နဲ့အဘိုးကြီးတစ်​​ယောက်​ကို ဟိုတယ်​တစ်​ခုဆီလိုက်​ပို့​ပြီး.. အဲဒီ​​ကောင်​မ​လေးအပြန်​ကိုပါ လိုက်​ပို့လိုက်ရပါတယ်​။ အဲဒီညဉ့်​ငှက်​မက​လေးက တကယ်​​တော့ တက္ကသိုလ်​ဘွဲ့ရပညာတတ်​က​လေးပါ။ မိသားစု​ငွေ​ရေး​ကြေး​ရေး ပြဿနာ​တွေကို ​ဖြေရှင်း​ပေးဖို့ဆိုတဲ့ မွန်​မြတ်​တဲ့ ရည်​ရွယ်​ချက်​နဲ့ ပြည့်​တန်​ဆာမသာသာ ဘ၀​ရောက်​လာရသူ​လေး ဖြစ်​ပြီး လူ့ဘ၀ကိုစိတ်​ကုန်​​နေသူတစ်​​ယောက်​ပါ။ "မိမိဖာသာ ​သေ​ကြောင်းကြံစည်​ရန်​ကြိုးစားခြင်း" ဆိုတဲ့အပိုင်းကိုရောက်လာပါပြီ... ညဉ့်​ငှက်​မ​လေးက တက္ကစီသမား​လေးကို ​ပြောလိုက်​မိပါတယ်​။ "​သေ​ကြောင်းကြံစည်​ကြသူများအသင်း"ကိုဝင်​လို့ရမလားတဲ့...။ လီဂျီယွန်းကို ကာမဆန္ဒအတွက်​ အသုံးချဖို့ဆိုတဲ့ အကြံနဲ့ အင်မန်းက "​ပျော်​ရွှင်​စွာ ​သေ​ကြောင်းကြံစည်​ကြသူများအသင်း" ဆိုပြီး ဇာတ်လမ်းစလိုက်တဲ့အခါမှာတော့......။ Notice.....this movie is not the sort of erotical one,but within it there will be some erotic contents.Be careful...this ...
6.1
IMDB: 6.1/10 13 votes
movie

[18+] Wish Taxi (Aka) Secret Travel (2013)

2013
BlueRay-Rip 720p

Genres

Like Us!