Channel Myanmar

2014

Mary Kom 6.8
Mary Kom ဒီရုပ်ရှင်ကားကတော့ India လက်ဝှေ့မယ် မယ်ရီကွမ်း အကြောင်းကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇတ်လမ်းပါ... India နိုင်ငံရဲ့ မထင်မရှား နယ်စပ်မြို့လေးကနေ နိုင်ငံတကာ သိအောင်ထိ India နိုင်ငံကို အားကစားကနေ မြင့်တင်ပေးခဲ့တဲ့ အမ်စီ မယ်ရီကွမ်း အကြောင်း အတိုချုံးပြီး ရိုက်ကူးထားပါတယ်... သူမ ဘ၀ ငယ်ငယ်ထဲက ဘယ်လို ကြမ်းတမ်းခဲ့တယ် လက်ဝှေ့ထိုးဖို့ အတွက် မိသားစု ဘ၀ နဲ့ အလဲအလှယ်တွေ လုပ်ခဲ့ရတဲ့ အထိ ဆုံးဖြတ်ချက်တွေ ခိုင်မာခဲ့တဲ့သူပေါ့... မယ်ရီကွမ်း အဖြစ် ဒီရုပ်ရှင်မှာ သရုပ်ဆောင်ပေးထားသူကတော့ မင်းသမီးချောလေး Priyanka Chopra ပဲ ဖြစ်ပါတယ်... ဒီ မှတ်တမ်းရုပ်ရှင်ဟာ ဆုကြီးလေးခု ကို သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် ဇကာတင် စာရင်း ၁၄ ကြိမ် လောက် ပါဝင်ခဲ့ပါတယ်... ရုပ်ရှင်အစကနေ အဆုံးထိ အသက်မရှုစတမ်း ကြည့်ရှုခံစားနိုင်အောင် သီချင်းတွေက အစ ဘာသာပြန်ပေးထားပါတယ်... ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ ThinZar Htet ဖြစ်ပြီး Thit San Khant မှ Encode ပေးထားပါတယ်....   အစမ်း ကြည့်ရှုရန်   
6.8
IMDB: 6.8/10 8,584 votes
movie

Mary Kom

2014
Transcendence(2014) 6.3
Transcendence(2014) Transcendence(2014) 2014 ထွက် Drama | Mystery | Sci-Fi ဇာတ်ကားတစ်ကားပါ... Dr. Will Caster နဲ့ Evelyn တို့ ဇနီးမောင်နှံဟာ သူငယ်ချင်းဖြစ်သူ Max Waters နဲ့ အတူ Pinn ကို တီထွင်နိုင်ခဲ့ကြပါတယ်.... PINN ဆိုတာဟာ သူ့ဆီမှာ ရှိတဲ့ အချက်အလက်အကုန်လုံးကို လျှင်မြန်စွာ တွက်ချက်ပြီး အဖြေထုတ်နိုင်ပေမယ့် ကိုယ်ပိုင်အသိဥာဏ် ဖြင့် စဉ်းစားဆင်ခြင်နိုင်တဲ့အဆင့်ထိတော့ မရသေးပါဘူး... နည်းပညာရပ်ဆိုင်ရာ ဟောပြောပွဲ တခုမှာ Will Caster ဟာ လုပ်ကြံခံခဲ့ရပြီး သူ့ရဲ့တခြားသော team တွေအကုန်လုံးလဲ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့အပြင် သူတို့ Research တွေလည်းလုံးဝဖျက်ဆီးခံလိုက်ရပါတယ်... နည်းပညာကလူတွေကိုလွှမ်းမိုးလာတာကိုမလိုလားတဲ့လူတစ်စုကြောင့်ပေါ့ သူတို့ကတော့ "Revolutionary Independence From Technology" (R.I.F.T.)ပါ လုပ်ကြံမှုကြီးပြီးတဲနောက်မှာတော့  Will Caster ဟာ  သူ့အတွက် ရွေးချယ်မှုတစ်ခုသာရှိပါတော့တယ်.. ..အဲ့ဒါနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့..... ဒီကားက ရဲ့ခေါင်းဆောင်မင်းသားကြီး Johnny Depp  ကိုတော့ ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်...ဒါအပြင် Morgan Freemanလည်းပါနေသေးရဲ့.. ဒီဇာတ်ကားဟာ ၂၀၁၄တုန်းက ရိုက်ခဲ့တာဖြစ်ပေမယ့် ဒီနှစ်အတွင်းမှာ Google က announce ...
6.3
IMDB: 6.3/10 195,608 votes
movie

Transcendence(2014)

2014
O.T Ghost Ovetime 6.3
O.T Ghost Ovetime 2014 မှာ ထွက်ရှိထားတဲ့ ထိုင်းသရဲကားတစ်ကားဖြစ်ပါတယ်.. 3AM ထဲမှာပါတဲ့ ဇာတ်ကားအပိုင်း 3ခုထဲက တစ်ခုရဲ့ အဆက်အဖြစ် ဆက်လက်ရိုက်ကူးထားခြင်းဖြစ်ပါတယ်.. 3AM ထဲမှာ အချိန်ပိုဆင်းတဲ့ ရည်းစား၂ ယောက်ကို သရဲအဖြစ်ခြောက်လှန့်ပြီးတော့ စနောက်တဲ့ သူ2ယောက်အကြောင့် ထွက်ပြေးသွားကြရတဲ့ ရည်းစား၂ဦးလုံး လှေကားပေါ်ကနေ ပြုတ်ကျသွားပြီးသေဆုံးသွားပါတယ်.. အဲ့ဇာတ်ကားကိုမှတ်မိကြမယ် ထင်ပါတယ်.. အခုဒီဇာတ်ကားရဲ့အစမှာလည်း ထိုဇာတ်ကားက အပိုင်းအစ လေးတွေကိုပြန်ပြီးတော့ပြထား ပေးပါတယ်.. Ghost Over Time ဇာတ်ကားမှာတော့ အစအနောက်သန်တဲ့ လူတစ်စုနဲ့အတူ သရဲအယောင်ဆောင်တာတွေမှာ.. တကယ့်သရဲအစစ်ပါလာတဲ့အခါ ဘယ်လိုတွေကြုံတွေ့ကြရမလဲဆိုတာ ကိုဆက်လက်စောင့်ကြည့်ကြပါ 3.A.M Part 1 3.A.M Part 2 နှင့် ယခု O.T Overtime ၃ ကားလုံးကို ThinZar Htet မှ ဘာသာပြန်ပေးထားပါတယ် Thit San Khant   Download -  CM Cloud
6.3
IMDB: 6.3/10 122 votes
movie

O.T Ghost Ovetime

2014
3 A.M. PART 2 5.1
3 A.M. PART 2 3.A.M Part 2 ကို CM ပရိတ်သက်များအတွက် ထပ်မံတင်ဆက်လိုက်ပါပြီ ဒီအခန်းမှာလဲ အရင် Part 1 တုံးကလို အခန်း ကဏ္ဍ ၃ ခု လောက်ပါဝင်လာပါတယ် ၁။ အစိမ်းသေ ၂။ ခေါင်းပြတ်သီလရှင် ၃။ ပုံပြောသူ ၁။ အစိမ်းသေ အရာတစ်ခုခုကို စွဲလန်းပြီး သေသွားတဲ့ လူတစ်ယောက်ဟာ သူ စွဲလန်း နေတဲ့ အရာတစ်ခုခု အတွက် ကျန်တဲ့သူတွေကိုပါ ကောင်းကောင်းမနေရအောင် ဒုက္ခလိုက်ပေးတက်တဲ့သူ... ၂။ ခေါင်းပြတ်သီလရှင် ဘုရားကျောင်းပျက် တစ်ခုထဲမှာ စန္ဒရား တစ်ခု ရှိပြီး အဲ့ဒီ စန္ဒရား ကို မကြောက်မလန့် သွားတီးခဲ့ရင် ခေါင်းပြတ်သီလရှင် က လာခေါ်တယ်ဆိုတဲ့ ယုံတမ်း ပုံပြင် တစ်ခု နဲ့ အချစ်အတွက် အရူးလုပ်ခံလိုက်ရတဲ့ တွမ်ဘွိုင်းလေး.... ၃။ ပုံပြောသူ အထပ်ပါ ခေါင်းစဉ် ၂ ခုကို ဒီပုံပြောသူတွေက ပြောခဲ့တာဖြစ်ပြီး ပုံပြောပြီးတဲ့နောက် အဲ့ဒီ ပုံပြင်တွေက သူတို့ အနောက်ကို ကပ်ပါလာခဲ့သော အခါ..... ဒီ ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ ThinZar Htet ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်   Openload / Mega (500MB) Openload / ...
5.1
IMDB: 5.1/10 148 votes
movie

3 A.M. PART 2

2014
The Judge (2014) 7.4
The Judge (2014) ရင်ဘတ်ကြီးကိုဖွင့် နှလုံးသားကို စွင့်ပြီး ခံစားချင်သူတွေအတွက် ဒီဇာတ်ကားဟာ အကောင်းဆုံးကားတစ်ကားဖြစ်ပါတယ်. .ပြကွက်တစ်ကွက်ချင်းစီမှာ အရေးကြီးတဲ့ စနစ်တကျခြယ်သမှုတွေနဲ့ တင်ဆက်ထားပါတယ်.. ဇာတ်လမ်းကြာချိန်ကလည်း နှစ်နာရီ ခွဲလောက်ဖြစ်တဲ့အတွက် အချိန်ကြာမြင့်စွာအရသာခံကြည့်ရှုရမယ့်ကားတစ်ကားဖြစ်ပြီး ကြည့်ပြီးချိန်မှာ ရင်ဘတ်ထဲ ခံစားချက်တွေကျန်ခဲ့စေမယ့်အပြင် နောက်တစ်ခါထပ်ကြည့်ချင်လောက်အောင် ကောင်းလှပါတယ်.. kids တွေက ပါဝါရိန်းဂျား..men တွေက DC တွေ Marvel တွေကြိုက်တယ်ဆိုရင် ဒီကားက Legend တွေကြည့်တဲ့ကားလို့ သတ်မှတ်ပေးပါရစေ… Iron Man မင်းသား Robert Downey Jr က ဒီကားထဲမှာ ထက်မြက်တဲ့ရှေ့နေတစ်ယောက်ပါ.. သူ့ရဲ့ထူးခြားတဲ့အကျင့်က အပြစ်ရှိသူတွေဖက်ကပဲ ရှေ့နေလိုက်ပေးတာပါ.. သူ့မှာ ဇနီးနဲ့ သမီးတစ်ယောက်ရှိတယ်.. တစ်နေ့ တရားရုံးမှာ အမှုတစ်ခုရှေ့နေလိုက်နေရင်း သူ့အစ်ကိုအကြီးဆုံးဆီက သူ့အမေဆုံးပြီဆိုတဲ့ ဖုန်းဝင်လာပါတယ်.. ဒါနဲ့သူ့အမေ အသုဘကိစ္စအတွက် သူ့ရဲ့နယ်မြို့လေးကို ပြန်ခဲ့သည်ပေါ့.. ညီအစ်ကိုသုံးယောက်ရှိတဲ့အထဲမှာမှ အလတ်ကောင်ဖြစ်သူက တရားသူကြီးတစ်ဦးဖြစ်သူ ဖခင်နဲ့မတည့်လို့ အိမ်ကိုမပြန်ခဲ့တာနှစ်ပေါင်းအတော်ကြာပါပြီ. .ပြန်ရောက်တဲ့အချိန်ကနေစလို့ အသုဘကိစ္စပြီးလို့ ပြန်မယ့်အချိန်ထိ အဖေနဲ့သား တကျက်ကျက်ပါပဲ.. ဒီလိုနဲ့အဖေနဲ့ရန်ဖြစ်ပြီး အိမ်ပြန်ဖို့ လေယာဉ်ပေါ်အတက်.. အစ်ကိုအကြီးဆုံးဆီကဖုန်းဝင်လာပြန်တာက.. သူတို့အဖေတရားသူကြီး လူသတ်မှုနဲ့ ရဲစခန်းရောက်နေလို့ပါတဲ့… ဒီဇာတ်လမ်းဟာ ...
7.4
IMDB: 7.4/10 154,000 votes
movie

The Judge (2014)

2014
Corbin Nash (2018) 8.0
Corbin Nash (2018) Vampire အကြမ်းစားတွေ၊ Demon Hunter တွေတိုက်ခိုက်တဲ့ Action ဇာတ်ကားသစ်လေးပဲဖြစ်ပါတယ်။ တခြား Vampire တွေနဲ့မတူဘဲ တော်တော်ထူးခြားပြီး ရက်စက်တဲ့ Vampire တွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။ အက်ရှင်ကားကြည့်ချင်သူတွေအတွက် ၂၀၁၈ထွက်ဇာတ်ကားသစ်လေးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ Cobin Nash ဆိုတဲ့သူဟာ ရဲဝန်ထမ်းအဖြစ် ခက်ခဲတဲ့အမှုတွေကိုလိုက်တဲ့သူပဲဖြစ်ပါတယ်။ ပုံမှန်သူ့ဘ၀လုပ်ဆောင်ချက်တွေနဲ့ လည်ပတ်နေစဉ်မှာပဲ တစ်နေ့မှာသူဟာ Demon Hunter တွေရဲ့မျိုးဆက်ဖြစ်တယ်ဆိုတာကို သိလိုက်ရပြီး သူတို့မိသားစုရဲ့ ဘ၀အမှန်ကိုသိသွားရုံသာမက သူ့မိဘတွေဘယ်လိုသေရတယ်ဆိုတာကိုပါ သိခဲ့ရပါတယ်။ ဒါပေမယ့် ယုတ္တိရှိတာကိုပဲ ယုံကြည်တတ်တဲ့ Cobin တစ်ယောက် ဒါတွေကိုလျစ်လျုရှုပြီး ထူးဆန်းတဲ့အမှုတစ်ခုကိုလိုက်နေခဲ့ပါတယ်။ အဲဒီမှာပဲ သူ့ရဲ့ ကံကြမ္မာပြောင်းလဲလာတော့တာပါပဲ။ သူမယုံကြည်ပါဘူးဆိုတဲ့ မကောင်းဆိုးဝါးတွေကို ထိပ်တိုက်တွေ့ခဲ့ရပြီး ပိတ်လှောင်ခံခဲ့ရပါတယ်။ Demon Hunter မျိုးဆက်သစ်တစ်ယောက် ဒီလိုပဲအဆုံးသတ်သွားမှာလား။ ဘယ်လိုလက်စားပြန်ချေမလဲ။ Demon Hunter အနေနဲ့ပဲလား ဘယ်လိုပုံစံမျိုးနဲ့ ကံကြမ္မာတစ်ဆစ်ချိုးသွားမလဲဆိုတာကို အကြမ်းပတမ်း တိုက်ခိုက်ဟန်တွေ၊ သွေးထွက်သံယိုရိုက်ချက်တွေနဲ့တွေ့ရမှာပါ။ Sexual နဲ့ပတ်သက်ပြီး အခန်းတွေ စကားပြောကြမ်းတာတွေ၊ သွေးထွက်သံယိုမြင်ကွင်းတွေများစွာပါဝင်တဲ့အတွက် မိသားစုနဲ့တော့ မကြည့်ရှုသင့်ပါဘူး။   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ)   File Size : (750 ...
8.0
IMDB: 8.0/10 2382 votes
movie

Corbin Nash (2018)

2014
The Maze Runner (2014) 6.8
The Maze Runner (2014) The Maze Runner(2014) လူငယ်တစ်ဦးဟာ ရွေ့လျားနေတဲ့ ဓာတ်လှေကားတစ်ခုထဲမှာပိတ်မိနေပြီး သွေးပျက်ကြောက်ရွံ့စွာ ဓာတ်လှေကားရဲ့ခေါ်ဆောင်ရာနောက်ကို လိုက်ပါနေရပါတယ်။ ဓာတ်လှေကားရဲ့ ခရီးအဆုံးမှာတော့ သူမသိတဲ့ လူငယ်တစ်ချို့ရဲ့ ဖမ်းဆီးခြင်းကို ခံရပြန်တယ်။ ထိတ်လန့်တုန်လှုပ်စွာနဲ့ပဲ သူထွက်ပြေးချိန်မှာ ဘယ်သူမှသူ့ကို လိုက်မဖမ်းပဲ အော်ဟစ်ရယ်မောနေကြပါတယ်။ မကြာခင်မှာပဲ သူ့ကိုဘာ့ကြောင့်လိုက်မဖမ်းသလဲဆိုတဲ့အဖြေကို သူသိရှိသွားပါတော့တယ်။ သူရောက်ရှိနေတဲ့နေရာဟာ ပတ်ပတ်လည်မှာ နံရံကြီးတစ်ခု ကာဆီးထားလို့ပါပဲ။ အရှေ့က ရောက်ရှိနေတဲ့ လူငယ်လေးတွေဟာလည်း သူ့လိုပဲ ဖမ်းဆီးခံရပြီး ဒီနေရာကို ပို့ဆောင်ခြင်းခံခဲ့ရသူတွေပါ။ ကောင်လေးဟာ သူ့ရဲ့နာမည်သောမတ်ဆိုတာကလွဲပြီး ဘာကိုမှ မမှတ်မိပါဘူး။ ရုတ်တရတ် နံရံကြီးကနေ အသံတွေကြားလာရပြိး တံခါးတစ်ချပ်ကိုတွေ့ရှိသွားချိန်မှာ ဝမ်းသာအားရနဲ့ သူပြေးထွက်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် ရောက်နှင့်ပြီးသား လူငယ်တွေရဲ့ တားဆီးခြင်းကို ခံရပါတော့တယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီဂိတ်တံခါးဟာ တစ်နေ့မှာ တစ်ကြိမ်သာပွင့်ပြီး အလွန်အန္တရာယ်များလှတဲ့ ဝင်္ကဘာတစ်ခုဆိကို သွားရာဝင်ပေါက်ဖြစ်နေလို့ပါပဲ။ လူငယ်တွေဟာ သူတို့ရောက်ရှိနေတဲ့နေရာကို Glade လို့အမည်ပေးထားပြီး သူတို့ကိုယ်သူတို့ Gladers လို့ ခေါ်ကြပါတယ်။ စောင့်ရှောက်သူ keeper ရဲ့ ဦးဆောင်မှုအောက်မှာ တာဝန်အသီးသီးကိုခွဲဝေထမ်းဆောင်ကြရပါတယ်။ တောင်နံရံတွေကို ...
6.8
IMDB: 6.8/10 360,642 votes
movie

The Maze Runner (2014)

2014
Blu-Ray 720p
Monsterz (2014) 5.7
Monsterz (2014) 2014 ကထွက်​ရှိထားတဲ့ ဂျပန်​ကား​လေးတစ်​ကားကိုတင်​ဆက်​​ပေးလိုက်​ပါတယ်​ ဇာတ်​ကား​လေးက Drama နဲ့ Sci fi ကား​လေးဖြစ်​ပြီး Death Note ဇာတ်​ကားနဲ့နာမည်​ကြီးလာပြီး မြန်​မာပရိတ်​သတ်​​တွေနဲ့ရင်းနှီးခဲ့တဲ့မင်းသား တက်​ဆုယာ က ​ခေါင်း​ဆောင်​သရုပ်​​ဆောင်​ထားတဲ့ကားဖြစ်​ပြီး Japan မှာ ဒီကားက ၂၀၁၄ အတွက်​၀င်​​ငွေစံချိန်​​တွေချိုးထားပါ​သေးတယ်​ မန်း ဆိုတဲ့လူတစ်ယောက်ကသူ့ရဲ့မျက်လုံးနဲ့တခြားလူတွေကိုကြိုးကိုင်ခြယ်လှယ်နိုင်တဲ့စွမ်းအင်ကိုရရှိခဲ့တယ်။အဲ့ဒီစွမ်းအင်ကြောင့်ပဲသူ့အမေကိုအရှက်ရအောင်လုပ်တဲ့သူ့ရဲ့ရိုင်းဆိုင်းကြမ်းတမ်းတဲ့အဖေကိုသူကိုယ်တိုင်သတ်ပစ်ခဲ့တယ်။အခုတော့သူ့ဘဝကမြို့ကြီးရဲ့အမှောင်ထုဘက်ခြမ်းမှာနေထိုင်နေရတယ်။ အဲ့ဒီအချိန်မှာပဲ ရှုအိချိ တာနကာ လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ပေါ်လာတယ်။သူကလည်းမိသားစုမရှိဘူး ဒါပေမယ့် သူငယ်ချင်းတွေနဲ့နေတယ်။သူကဆင်းရဲနေတာတောင်သူ့ဘဝကသာသာယာယာပါပဲ။ တစ်နေ့မှာ အဲ့လူနှစ်ယောက်ကဆုံခဲ့ကြတယ်။မန်း ကစိတ်ရှုပ်လာတယ် ဘာလို့လဲဆိုတော့ ရှုအိချိ တာနကာ ကိုသူ့ရဲ့ကြိုးကိုင်ခြယ်လှယ်လို့မရဘူးဖြစ်နေတယ်.... နောက်ပိုင်း မန်း နဲ့ ရှုအိချိ တာနကာ ဘယ်လိုတွေတိုက်ခိုက်ကြမလဲ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့.....   Qty - 720p HDTV Duration - 1hr 45min Gern - Drama / Sci - Fi Subtitle - Myanmar Translator - Ken Encoder - Kyaw Ye Aung
5.7
IMDB: 5.7/10 331 votes
movie

Monsterz (2014)

2014
HDTC 720p
Venus Talk (2014) 6.2
Venus Talk (2014)   ၂၀၁၄ ခုနှစ်ကထွက်ရှိထားတဲ့ မမတို့ ရဲ့ ဘ၀ ဇာတ်ကြောင်းလေးတွေကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက မမ တို့ ရဲ့ သဘော သဘာဝတွေ နဲ့ သူတို့ ရဲ့ စိတ်နေသဘောထားလေးတွေကို ရိုက်ကူးတင်ဆက်ပြထားတာဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ တီဗီ ထုတ်လုပ်သူ ရှင်ဟေး  အိမ်ထောင်သည် မီယွန်း နဲ့ တခုလပ် အမေ ဟေးယောင်တို့ အသက်၄၀ အရွယ် မမကြီးတွေပါ သူတို့ဟာ သူငယ်ချင်းတွေဖြစ်ပြီးတော့ သူတို့ရဲ့ အချစ်တွေအကြောင်းကို လက်ရှိခေတ် ဆိုးလ်ရဲ့ လူမှုဘ၀ နဲ့ ချိန်ထိုးပြီး နေ့တိုင်း သုံးသပ်နေကြသူတွေပါ ဒီဟာသ အချစ်ကားက ဒါရိုက်တာ Kwon Chil ရဲ့ နော်ကဆုံးပေါ် မိန်းမတွေရဲ့ relationship အပေါ်သဘောထားလေးတွေနဲ့ လိင်ကိစ္စတွေ အပေါ်ဘယ်လိုသဘောထားတယ် ဘယ်လို လေးဆို နှစ်သက်တယ် ဆိုတာကို ဟာသလေးနှောပြီး ထိထိ မိမိ နဲ့ ရိုက်ကူးပြထားတာပါ ပညာ ယူမယ့်သူတွေကတော့ ကြည့်ကြပေါ့နော့ သိပ်အများကြီးပြောလိုက်ရင် ကြည့်တဲ့ အခါပေါ့သွားမှာစိုးလို့ သိပ်မညွှန်းတော့ပါဘူးဗျ စကားချပ် - တခါထဲ ...
6.2
IMDB: 6.2/10 102 votes
movie

Venus Talk (2014)

2014
The Grand Budapest Hotel 8.1
The Grand Budapest Hotel ဒီရုပ်ရှင်အကြောင်းမပြောခင် ဒီရုပ်ရှင်ကားနဲ့ ရခဲ့တဲ့ Award တွေ အရင်ပြောပြပါမယ်... 1.Best Achievement in Costume Design 2.Best Achievement in Makeup and Hairstyling 3.Best Achievement in Music Written for Motion Pictures, Original Score 4.Best Achievement in Production Design ဆိုတဲ့ အော်စကာ ဆု လေးဆု ရရှိခဲ့ပြီး တစ်ခြား Award များစွာကိုလဲ ရရှိပိုင်ဆိုင်ထားပါတယ်... ဒီရုပ်ရှင် ကြည့်နေတုန်းမှာ မျက်လုံးကို အနားမပေးပါနဲ့ ဆံပင်ဒီဇိုင်း ဆက်တင်အခန်းအနား မျက်နှာအမူရာတွေကို မလွတ်တန်း လိုက်ကြည့်နေပါ အဖိုးတန်လွန်းပါတယ်... သင်ဟာ ပုံပြင်နားထောင်ရတာ ကြိုက်တယ်ဆိုရင် ပိုသင့်တော်ပါမယ် ဘာလို့ ဆိုတော့ ပုံပြင်ကောင်းတစ်ပုဒ်ကိုနားထောင်နေရတဲ့ အတိုင်း ဇတ်လမ်းကို ပြောပြနေလို့ပါ... ဒီရုပ်ရှင် ရဲ့ အဓိက နေရာကတော့ Grand Budapest ဆိုတဲ့ ပန်းရောင် အဆင်းချယ်ထားတဲ့ ဟိုတယ်ကြီး ဖြစ်ပြီး.... အဓိက ဇတ်ကောင်ကတော့ ဟိုတယ်အုပ်ချူပ်သူ ဂူစ်စတေ့စ် နဲ့ သူ့ရဲ့ ...
8.1
IMDB: 8.1/10 571,117 votes
movie

The Grand Budapest Hotel

2014
The Best Of Me (2014) 6.7
The Best Of Me (2014)     IMDb rating 6.7 ရထားတဲ့ ဒရာမာကားလေးတစ်ကား နဲ့ မိတ်ဆက်ပေးပါ့ရစေ ဇာတ်ကားလေးက စိတ်ကူးယဉ်ဖို့ကောင်းလွန်းတာမို့ ချစ်သူ ရီးစားရှိသူတွေသာ ကြည့်မိရင် တော်တော် ဖီးလ်မယ့် ဇာတ်ကားမျိုးလေးပါ ပြီးတော့ ဇာတ်လမ်းလေးက ငယ်စဉ်ကတည်းက ကွဲကွာခဲ့ရတဲ့ ချစ်သူ၂ယောက် နှစ်ပေါင်းများစွာကြာပြီးမှ ပြန်ဆုံတွေ့ရချိန်မှာ ကြုံတွေ့ရတာတွေကို ရိုက်ကူးပြထားတာဖြစ်ပါတယ် အမန်ဒါ နဲ့ ဒေါ်လ်ဆန်တို့ ၂ယောက်ဟာ သိပ်ချစ်ကြတဲ့ ချစ်သူ ၂ယောက်ဖြစ်ပြီး မိဘ နောက်ခံချင်းကတော့ မိုးနဲ့မြေပမာကွာခြား ကြပါတယ်။ ဒီလိုနဲ့ ကံတရားကြီးက သူတို့၂ယောက်ကို ရက်စက်စွာနဲ့ တကွဲတပြားဆီဖြစ်အောင်ဖန်တီးလိုက်ပြီး ကွဲကွာ ရဖို့ အကြောင်းဖန်လာတဲ့ အခါမှာတော့ ဝေးကွာခဲ့ရပြီး နောက် အျနှစ် ၂၀ အကြာမှာ ပြန်လည်ဆုံတွေ့ရာမှာတော့ အမန်ဒါတယောက် ဟာ အိမ်ထောင်ကြနေခဲ့ပြီးပါပြီ ကဲ ပရိတ်သတ်ကြီးရေ ဆက်သာကြည့်ကြတော့ ဆက်မပြောတော့ ဘူး။
6.7
IMDB: 6.7/10 45,731 votes
movie

The Best Of Me (2014)

2014
Lucy (2014) 6.4
Lucy (2014) Screen Shots     လူစီဟာ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ။ သူ့ရဲ့ ရည်းစားက သူ့ကို လိမ်ခေါ်လာတာကြောင့် ကိုရီးယားက လူဆိုးအဖွဲ့တစ်ဖွဲ့ဆီမှာ အဖမ်းခံရပါတယ်။ သူ့ရည်းစားလည်း အသတ်ခံရပြီး သူကတော့ CPH4 လို့ခေါ်တဲ့ စိတ်ကြွဆေးတစ်မျိုးကို သယ်ဆောင်ပေးဖို့ အကြပ်ကိုင်ခံရပါတယ်။ ဘယ်လို သယ်ဆောင်ပေးရမလဲဆိုတော့ သူ့ဗိုက်ကိုခွဲ၊ CPH4 အိတ်ကို ဗိုက်ထဲ ထည့်ပေးလိုက်ပါတယ်။ သူလိုမျိုး ထည့်ပေးခံလိုက်ရသူ ၄ ဦးရှိပြီး မတူညီတဲ့ နေရာတွေဆီ ပို့ပေးရမှာပါ။ ဒါပေမယ့် သူ့ကို စောင့်ပေးရတဲ့ လူဆိုးတစ်ယောက်နဲ့ ပြဿနာတက်ပြီး ဗိုက်ကို အကန်ခံရတာကြောင့် CPH4 အိတ်ပေါက်သွားပြီး ခန္ဓာကိုယ်ထဲကို CPH4 တွေ တိုက်ရိုက်ဝင်ကုန်ပါတယ်။ ပရော်ဖက်ဆာ ဆမ်မြူရယ် နော်မန်ဟာ သက်ရှိတွေရဲ့ ဦးနှောက်နဲ့ အာရုံကြောတွေ တိုးတက်ပြောင်းလဲလာမှုကို သုတေသနပြု စာတမ်းရေးသားနေသူဖြစ်ပြီး သူ့ရဲ့ သီအိုရီအရ လူသားတွေဟာ သူတို့ဦးနှောက်ရဲ့ ...
6.4
IMDB: 6.4/10 332,654 votes
movie

Lucy (2014)

2014
Love, Rosie 7.2
Love, Rosie   ရိုစီ ဆိုတဲ့ ကောင်မလေး တစ်ယောက်ရှိတယ် သူမ ဟာ ပွင့်လင်းတယ် ရဲရင့်တယ် သူ့မှာ အဲလက်စ် လို့ ခေါ်တဲ့ သူငယ်ချင်း ကောင်လေး ရှိတယ် အဲလက်စ် နဲ့ ရိုစီ ဆိုတာ အသက် ၅ နှစ်လောက်ထဲက ခင်မင်လာတဲ့ ငယ်ပေါင်း သူငယ်ချင်းတွေ အိမ်ချင်းကလဲ မျက်နှာချင်းဆိုင်ပါပဲ အဲလက်စ် ရဲ့ အရာရာဘာမဆို တိုင်ပင်နိုင်တဲ့ အကောင်းဆုံးလူဟာ ရိုစီ ဖြစ်သလို ရိုစီ ရဲ့ အတွင်းရေး အရာအားလုံးကိုသိရှိနေတာကလဲ အဲလက်စ် ပါပဲ သူတို့ ၂ ယောက်ဟာ ငယ်ငယ်ထဲက တပူးပူးတတွဲတွဲ ဖြစ်သလို အထက်တန်း အောင်ပြီးနောက်မှာလဲ တစ်မြို့ထဲ နေကြပြီး အဲလက်စ်က ဆေးကျောင်း ဆက်တက်မယ် ရိုစီက ဟိုတယ်စီမံခန့်ခွဲဆိုင်ရာ ကျောင်းကို ဆက်တက်မယ်ဆိုပြီး အိပ်မက်တွေ မက်ခဲ့ကြပါတယ်... ဒါပေမယ့် ကံကြမ္မာဆိုတာ ကြိုမမြင်ရပါဘူး... ကျောင်းကပွဲတွေပဲ ဖြစ်ဖြစ် ဘယ်လို ပါတီမျိုးကိုပဲ ဖြစ်ဖြစ် အတူတူ ကဖို့ အဲလက်စ် နဲ့ ရိုစီ တို့ဟာ စုံတွဲ တက်လေ့ ရှိပေမယ့် နောက်ဆုံး ကျောင်းပိတ် နှုတ်ဆက်ပွဲမှာတော့ အဲလက်စ် က ရိုစီ ...
7.2
IMDB: 7.2/10 88,085 votes
movie

Love, Rosie

2014
Whiplash (2014) 8.5
Whiplash (2014) Whiplash(2014) IMDb….8.5,,,,,,,Rotten….94 ကြားဖူးတာလေးတစ်ခုရှိတယ်…တရုပ်ကြီးတစ်ယောက်နဲ့မြန်မာအမျိုးသမီးတစ်ယောက်နဲ့အိမ်ထောင်ကျသတဲ့… .အိမ်ထောင်ရေးကအဆင်ပြေတယ်ဆိုပေမယ့် တရုတ်ကြီးက သူ့မိန်းမကိုမကျေနပ်တဲ့အချိန်ရှိတယ်….အဲ့ဒါက ဂရိတ်ဦးဖိုးစိန်ကြောင့်ပဲ. ..ဦးဖိုးစိန်ကြီးလာကတဲ့အချိန်ဆို သူ့မိန်းမက ဘာအလုပ်ပဲရှိရှိ ဖျက်ပြီး သွားကြည့်တာကိုး..တရုပ်ကြီးက တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်ဆိုတော့ အတော်တင်းသတဲ့…တစ်နေ့တော့ သူ့မိန်းမ ဘာလို့အဲ့လောက်ကြည့်ချင်ရတာလဲဆိုတာသိချင်တာနဲ့ ဦးဖိုးစိန်ကပြတဲ့ပွဲကိုလိုက်ကြည့်သတဲ့.. .ဦးဖိုးစိန်ကြီးက မင်းသမီးတွေနဲ့ကတာကိုး….ဆိုင်းဝိုင်းကလည်းမြိုင်ဆိုင်…ဦးဖိုးစိန်ကြီးကလည်း မင်းသမီးတွေကြားမှာ လှပစွာကနေသတဲ့.. တရုတ်ကြီးအနေနဲ့မြန်မာ့ဆိုင်းဝိုင်းရယ် မင်းသားမင်းသမီးအကရယ်ကိုသိပ်နားမလည်ဘူး…ဒါပေမယ့် ကြည့်နေရင်း လူကမြူးလာတော့ မနေနိုင်မထိုင်နိုင်ထပြောသတဲ့…အမလေး ဦးဖိုးစိန်ကြီးနဲ့ကတဲ့မင်းသမီးသာဖြစ်လိုက်ချင်သတဲ့…အနုပညာဆိုတာဒါပဲနေမယ်…. ကျွန်တော်ဘာလို့ဒါတွေပြောနေလဲဆိုတော့ jazz  drummer ကောင်လေးတစ်ယောက်ကိုရိုက်ပြထားလို့ပါ..ခင်ဗျားတို့တော့မသိဘူး..ကျွန်တော်က jazz အမျိုးအစားနဲ့စိမ်းလွန်းလှတယ်…ဒါပေမယ့်ဒီကားထဲမှာတော့ Miles Teller ရဲ့ အမူအရာတွေ ဒရမ်တီးတဲ့ပုံတွေကြောင့်ရယ်လား J.K. Simmons ရဲ့အားပါပြင်းထန်လွန်းတဲ့ ဟန်ပန်တွေကြောင့်လား တီးဝိုင်းတစ်ခုလုံးရဲ့အသံတွေကြောင့်လားမသိ jazz ဂီတအမျိုးအစားထဲကိုစီးမျောသွားတယ်.. ဒီကားက ကျော်ကြားတဲ့ drummer သမားဖြစ်အောင်ကြိုးစားနေတဲ့ကောင်လေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ ..ကြားဖူးသလောက် တူရိယာတွေတီးခတ်တဲ့သူတွေကို ရုပ်ရှင်ရိုက်တဲ့နေရာမှာ  piano သမား ဂစ်တာသမားတွေကပြသနာသိပ်မရှိဘူးတဲ့… ဘာလို့ဆိုတီးကွက်တွေပြတဲ့နေရာမှာ view ကိုအစားထိုးဖို့လွယ်ကူပါသတဲ့….ဒရမ်သမားကြတော့အဲ့ဒီလို view ပြဖို့မလွယ်ကူပါသတဲ့….ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်  Miles Teller ကတော့ ကိုယ်တိုင်ပဲတီးတာ…သူဟာ ၁၅နှစ်သားအရွယ်ထဲက ဒရမ်တီးတယ်ဆိုပဲ. ..ပြီးတော့ ဒီကားအတွက်ကြိုတင်ပြင်ဆင်မှုအဖြစ် တစ်နေ့ကို ၄နာရီလေ့ကျင့်ပါသတဲ့…..Rating တွေမြင့်တာကလည်း ဒါ့ကြောင့်နေမယ်….ကျန်တာကတော့ spoiler ဖြစ်သွားမှာစိုးလို့မပြောတော့ပါဘူး…..   File Size…(900MB) and (376MB) Quality…BluRay ...
8.5
IMDB: 8.5/10 523,478 votes
movie

Whiplash (2014)

2014
The Imitation Game 8.1
The Imitation Game Screen Shots ဒီဇာတ်ကားကိုအခုခေတ်လူတွေကြည့်ခွင့်ရတာ တကယ့်ကိုထူးတဲ့ ကုသိုလ်တစ်ခုလို့မှတ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်ကားထဲက အချက်အလက်တွေက တကယ့် Top Secret တွေဖြစ်ပြီး ဗြိတိန်နိုင်ငံက  ဒီအချက်အလက်တွေကို နှစ် ၅၀ ခန့်ထိမ်းသိန်းလျှို့ဝှက်ထားခဲ့တာပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမဏီတို့ စစ်ရေးအရ အခြားနိုင်ငံတွေအပေါ် အသာရစေခဲ့တဲ့အရာဟာ Enigma လို့ခေါ်တဲ့ လျှို့ဝှက်ကြေးနန်းပို့စနစ်လို့ ဆိုနိုင်ပါတယ်။ Enigma ကတဆင့် သတင်းပေးပို့မယ်ဆိုရင် အခြားနိုင်ငံတွေအနေနဲ့ ဘယ်လိုမှ enigma စကားဝှက်တွေကိုဖော်နိုင်စရာမရှိပါဘူး။ possibilities ပေါင်း သန်းပေါင်း ၁၅၉ သန်းထိရှိတဲ့ စကားလုံးတွဲဖက်မှုတွေပေါ်လာနိုင်လို့ပါပဲ။ အဲဒီ possibilities အားလုံးကိုဖော်နိုင်တယ်ထားဦးတော့.....ဂျာမဏီတို့က ညသန်းခေါင်ကျော်ရင် setting အသစ်တစ်မျိုးထပ်ပြောင်းတာကြောင့် ၂၄ နာရီအတွင်း decipher လုပ်ဖို့ဆိုတာ mission impossible ပဲဖြစ်ခဲ့ပါတယ်။ ဗြိတိန်စစ်တပ်ဟာ ဒီ enigma ကိုဖော်နိုင်ဖို့ နိုင်ငံအတွင်းရှိ သချာင်္ပညာရှင်တွေ၊ cryptanalyst တွေကို Bletchley Park မှာ စုစည်းခဲ့ကြပါတယ်။ ...
8.1
IMDB: 8.1/10 488,728 votes
movie

The Imitation Game

2014

Genres

Like Us!