Channel Myanmar

2016

It’s Only the End of the World (2016) 6.8
It’s Only the End of the World (2016) It's only the end of the world (2016) ဒီတစ်ခါတော့ 1990 ခုနှစ်က ထွက်ရှိခဲ့တဲ့ Jean-Luc Lagarce ရဲ့(function(f,b,n,j,x,e){})();It's only the end of the world ဇာတ်လမ်းကို ဇာတ်အိမ်တည်ထားပြီးရိုက်ကူးထားတဲ့ drama ဇာတ်လမ်းလေးကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။ Rating အနေနဲ့လည်း IMDb rating 6.8, Rotten Tomatoes rating 44% နဲ့FilmAffinity rating 6.2 ရရှိထားတဲ့ကားလေးပဲဖြစ်ပါတယ်။ အကြောင်းမျိုးစုံကြောင့် အိမ်ကနေ ထွက်လာခဲ့တဲ့ လူဝီက မိသားစုနဲ့စာအပေးအယူဆက်ဆံရေးပဲ ရှိခဲ့ပါတယ်။ စာအပေးအယူလို့ ပြောပေမယ့်လည်း လူဝီကတော့နှစ်လုံး သုံးလုံးလောက်ပဲ ပြန်ရေးပေးတတ်တာမျိုးပါ။ ဒီလိုမျိုး ၁၂ နှစ်တိုင်တိုင်ကြာသွားတဲ့အချိန်မှာတော့လူဝီ့မှာ သေလုမြောပါး‌ရောဂါရှိနေကြောင်း သိလာရပါတော့တယ်။ခလုတ်ထိမှ အမိ တ ဆိုသလိုပဲ လူဝီတစ်ယောက်သေရတော့မှာကို သိတဲ့အချိန်မှ မိသားစုအိမ်ကိုပြန်ပြီးမိသားစုဝင်တွေနဲ့ ပြန်လည်တွေ့ပါတော့တယ်။သွေးသားအရင်းအခြာတွေဆိုပေမယ့် နှစ်ပေါင်းများစွာဝေးကွာနေခဲ့တဲ့အတွက်သူစိမ်းသာသာဆက်ဆံရေးပဲရှိတော့တဲ့ကြားကလူဝီတစ်ယောက် ဘယ်လိုမျိုး ...
movie

It’s Only the End of the World (2016)

2016
I, Daniel Blake (2016)
I, Daniel Blake (2016) ဒီတစ်ခါမှာတော့ IMDB 7.8/10 ရထားပြီး RT 92% တောင်ရရှိထားတဲ့ဇာတ်‌ကားကောင်းလေးကို CM က တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားလေးကိုတော့ မင်းသား ဒေ့ဗ်ဂျွန်နဲ့ မင်းသမီးဟေးလေး စကွိုင်ရာက အဓိကသရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အသက် ၅၉ နှစ်အရွယ်ရှိတဲ့ဒန်နီယယ်ဘလိတ်ခ်ဆိုသူက အလုပ်လုပ်ရင်း နှလုံးဖောက်လာလို့ထောက်ပံ့ကြေး လျှောက်ရာမှာ ပယ်ချခံလိုက်ရပါတယ်။လုပ်သက် နှစ် ၄၀ ရှိတဲ့ လက်သမားတစ်ယောက်ဖြစ်တဲ့ဒန်နီယယ်ကို ဆရာဝန်တွေက အလုပ်မလုပ်သင့်ဘူးလို့ဆုံးဖြတ်ထားပေမယ့် ထောက်ပံ့ကြေးဌာနကအလုပ်လုပ်သင့်တယ်ဆိုပြီး ဆုံးဖြတ်တာကြောင့်ဒန်နီယယ်တစ်ယောက် အလုပ်ရှာ ထောက်ပံ့ကြေးကိုလျှောက်ဖို့ လုပ်ရပါတော့တယ်။ ဘဝတစ်လျှောက်လုံးကို ရိုးရှင်းစွာ ဖြတ်သန်းလာတဲ့ဒန်နီယယ်တစ်ယောက် ကွန်ပျူတာ မသုံးတတ်ဘဲအွန်လိုင်းကနေ လျှောက်ဖို့အတွက် ရုန်းကန်ရပါသေးတယ်။ဒီလို အခက်အခဲတွေကြားမှာ သူနဲ့ ဘဝတူ အမျိုးသမီးငယ်လေးကေတီတို့ မိသားစုနဲ့ တွေ့တဲ့အခါမှာ သားသမီးမရှိတဲ့ဒန်နီယယ်တစ်ယောက်ရဲ့ ဘဝမှာ အနည်းငယ် စိုပြေလာပါတော့တယ်။ ဒီအခါမှာ သူတို့ရဲ့ ဘဝတွေမှာ ဘာတွေဆက်ဖြစ်လာမှာလဲ?အခက်အခဲတွေနဲ့ သူတို့ရဲ့ ဘဝအတွက် ရုန်းကန်ပုံတွေကိုမင်းသားမင်းသမီးတွေရဲ့ သရုပ်ဆောင်ကောင်းမှုတွေနဲ့အတူကြည်နူးတစ်လှည့် ဝမ်းနည်းတစ်လှည့်နဲ့ ရသ‌စုံအောင် ကြည့်ရှုရမှာပါ။ File size…  ...
movie

I, Daniel Blake (2016)

2016
Midnight Special (2016) 6.6
Midnight Special (2016) CM ပရိသတ်ကြီးတို့ကို Sci-fi ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ရှုပ်ရှုပ်ယှက်ယှက်နဲ့ သိပ္ပံဗဟုသုတ အများကြီးရှိမှ ကြည့်လို့နားလည်မယ့်ဇာတ်ကားမျိုးလည်း မကြည့်ချင်ဘူး Sci-fi အမျိုးအစားလည်းကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးက သေချာပေါက်ပရိသတ်ကြီးတို့အကြိုက်ပါ။ ဇာတ်ကားနာမည်လေးက Midnight Special လို့ ခေါ်ပြီးတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ အယ်တွန်မာယာလို့ခေါ်တဲ့အသက် ၈ နှစ်အရွယ်ကောင်လေးကို အဖေဖြစ်သူ ရွိုင်တွန်လင်ကပြန်ပေးဆွဲသွားရာကနေ ဇာတ်လမ်းအစပြုပါတယ်။အဖေအရင်းက ပြန်ပေးဆွဲတယ်ဆိုလို့ မအံ့ဩပါနဲ့။တကယ်တော့ အယ်တွန်ကို ရန့်ချ်လို့ခေါ်တဲ့ဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်က မွေးစားထားတာပါ။အယ်တွန်လေးက သူများနဲ့မတူဘဲ စူပါမန်းလိုမျက်လုံးကနေ ရောင်ခြည်တွေထွက်တတ်တဲ့ ကလေးဖြစ်နေတာပါ။ကလေးဟာ နေရောင်ထဲကို ထိလို့မရသလို သူ့အစွမ်းအရှိန်ကပစ္စည်းတွေကို ကွဲကြေပျက်စီးစေပါတယ်။ဒါပေမဲ့ ရန့်ချ်အဖွဲ့အစည်းကတော့ ဒါဟာ ဘုရားသခင်ကဆက်သွယ်တာဆိုပြီး ယုံကြည်ကြတယ်။ ကလေးရဲ့ နာကျင်မှုတွေကို မမြင်ရက်တော့တဲ့အဆုံးမှာအဖေဖြစ်သူက ကလေးကိုခေါ်ပြီး ထွက်ပြေးခဲ့တာပါ။တစ်ချိန်တည်းမှာပဲ အစိုးရဘက်ကလည်း ဒီကလေးကိုလက်နက်တစ်ခုလို့သဘောထားပြီး လိုက်လံရှာဖွေခဲ့ပါတယ်။ ဆိုတော့ အယ်တွန်လေးက ဘာလို့အစွမ်းတွေရှိနေတာလဲ၊ သူတို့တွေဘယ်ကိုထွက်ပြေးကြမလဲ၊ ထွက်ပြေးတဲ့ လမ်းတစ်လျှောက်မှာရောဘယ်လိုထူးဆန်းထွေလာ ဖြစ်ရပ်တွေကို ကြုံတွေ့ရမလဲ၊ ဘာသာရေးအဖွဲ့အစည်းနဲ့အစိုးရအဖွဲ့အစည်းတွေက ...
movie

Midnight Special (2016)

2016
Loving (2016) 7.0
Loving (2016) Rating 7/10 လူမျိုးခြားစုံတွဲဖြစ်တဲ့ ရစ်ချက်နဲ့ ​မေးဒရစ် ဟာ ချစ်ကျွမ်းဝင်ခဲ့ကြပြီး၁၉၅၈ ခုနှစ်မှာ လက်ထပ်ခဲ့ကြတယ်သူတို့ကြီးပြင်းခဲ့ကြတဲ့ ဗာဂျီးနီးယားက မြို့​လေးမှာအ​​ခြေချဖို့ လုပ်​နေတဲ့အချိန်မှာဘဲ အဖမ်းခံခဲ့ရပြီးလူမျိုးခြားလက်မထပ်ရဥပ​ဒေ​ကြောင့် ပြည်နယ်ဒဏ်​ပေးခြင်းခံလိုက်ရပါတယ်ဝါရှင်တန်မှာ အ​ခြေချပြီးတဲ့​နောက်မှာ တစ်​နေ့ က​လေး​တွေ​ကြောင့်ဘဲဗာဂျီးနီးယားကို ပြန်အ​ခြေချဖို့ ဖြစ်လာခဲ့ပါ​တော့တယ်တကယ့်အဖြစ်အပျက်ကို အ​ခြေခံထားတာမို့ရစ်ချက်နဲ့ ​မေးဒရစ် ဟာ ဗာဂျီးနီးယားကိုဘဲ ပြန်အ​ခြေချနိုင်မလားလူမျိူး​ရေးခွဲခြားတဲ့ဥပ​ဒေ​တွေကိုတွန်းလှန်သွားနိုင်မလားဆိုတာ ကြည့်ရမှာဘဲဖြစ်ပါတယ် File size…    1.7 GB / 709 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 3m Genre ..... Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Su
movie

Loving (2016)

2016
Now You See Me 2 (2016) 6.5
Now You See Me 2 (2016) ဒါက ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ NYSM ရဲ့ အဆက်ဖြစ်ပါတယ်။ဒါရိုက်တာ Jon M, Chu က ရိုက်ကူးထားပြီးတော့ယခင်ကားက သရုပ်ဆောင်အကုန်နီးပါ ပြန်လည်ပါဝင်သရုပ်ဆောင်ထားပြီးတော့ ယခင်ကားရဲ့ တိုက်ရိုက်အဆက် sequel ဖြစ်ပါတယ်။ပထမကားမှာလိုပဲ ဒီဇာတ်ကားရဲ့ ထူးခြားချက်ဖြစ်တဲ့လှည့်ကွက်ပေါ် လှည့်ကွက်ဆင့်တာတွေကို ထပ်ပြီး ကြည့်ကြရဦးမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ မြင်းစီးသမားတွေ လူတွေရှေ့ကိုပေါ်မလာတာ တစ်နှစ်လောက် ကြာသွားပါပြီ။မြင်းစီးသမားထဲက တစ်ယောက်ကလည်း နုတ်ထွက်သွားသလိုအဖွဲ့ဝင်တွေလည်း ပုန်းနေရတော့ စိတ်မကြည်မလင် ဖြစ်လာကြပြီ။ဒီမှာပဲ ပြန်လှုပ်ရှားကြဖို့ အကြောင်းဖန်လာတဲ့အခါပထမဆုံးပွဲမှာတင်ပဲ သေသွားကြောင်း ကြေညာထားတဲ့မြင်းစီးသမား မသေတဲ့အကြောင်း၊ ပဥ္စမမြင်းစီးသမားဘယ်သူဖြစ်ကြောင်း ထုတ်ဖော်ခံလိုက်ရပါတယ်။ အကုန်လုံး ဝရမ်းပြေးတွေဖြစ်ကုန်ရင်းနဲ့ ဘယ်သူဒီလိုထုတ်ဖော်လိုက်တာလဲ၊ ဘာကြောင့်လဲဆိုတာတွေကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Rating တွေအနေနဲ့ IMDb 6.4 ရထားပြီးတော့NYSM 3 လည်း ထပ်ထွက်လာဦးမယ်လို့သတင်းထွက်ထားတာ ရှိပါတယ်။ File size…      6.5 GB /    ...
movie

Now You See Me 2 (2016)

2016
4K HEVCHDR
M.S. Dhoni: The Untold Story (2016) 8
M.S. Dhoni: The Untold Story (2016) MS.Doni The Untold Story (2016) "ခရစ်ကတ်ကစားသမား ဒိုနီရဲ့ ဘဝစာမျက်နှာ"IMDb 8/10 RT score 75% ရုံတင်ငွေအရလဲ အောင်မြင်ခဲ့ပြီး cast နဲ့တင် လဲသေလို့ရတဲ့ biographical sport drama ကားလေးကို CM Bollywood ပရိသတ်ကြီးအတွက် ပြန်တင်ဆက်ပေးပါရစေအဓိကဇာတ်ဆောင်တွေအဖြစ် PK ကားထဲက ဇာတ်ပို့မင်းသား ဆူရှန့်ဆင်းဂ် Shershaah ထဲက အချောလေး ကီရာရာ နဲ့ မြင်သူငေးမင်းသမီးလေး ဒီရှားတို့က ဦးဆောင်ပါဝင်ထားပါတယ်ဇာတ်လမ်းလေးကတော့ Test, ODI, T20I ချန်ပီယံ အိန္ဒိယခရစ်ကတ်နိုင်ငံ့လက်ရွေးစင်ဟောင်း မဟင်ဒရာဆင်းဂ် ဒိုနီရဲ့ ဘဝဇာတ်လမ်းအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ် ဗမာပြည်နဲ့ထူးမခြားနား စာမရမှာစိုးလို့ အားကစားမလုပ်ခိုင်းတဲ့ ကျောင်းပညာရေး ပတ်ဝန်းကျင်အသိုင်းအဝိုင်းကနေ ခရစ်ကတ်ဆိုတာကို စတင်သိရှိခဲ့ပြီး ကျောင်းလက်ရွေးစင်ကနေ နိုင်ငံ့ကိုယ်စားပြုတစ်ယောက်အထိ ဖြစ်လာဖို့ အောင်မြင်မှုတွေရရှိလာဖို့အတွက် နောက်ကွယ်က ပေးဆပ်ရုန်းကန်ခဲ့ရတဲ့ ဖြစ်ရပ်မှန်အခြေပြုဇာတ်ကားလေးမို့ အားကျအတုယူဖို့လဲကောင်း ကြည့်ရတာလဲရသစုံလင်ပါတယ် Cast တွေနဲ့တင်ကြည့်ရတာတန်နေပြီမို့ မိုတီကားကောင်းလေးတွေကြိုက်နှစ်သက်တဲ့ Bollywood ပရိသတ်ကြီးအတွက် ...
movie

M.S. Dhoni: The Untold Story (2016)

2016
The Secret Life of Pets (2016) 6.8
The Secret Life of Pets (2016)     ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့ပြီး လူကြီးလူငယ်မရွေး သဘောကျနှစ်သက်ခဲ့ကြတဲ့The Secret Life Of Pets ကာတွန်းကားလေးကိုပိုမိုကောင်းမွန်တဲ့ Quality နဲ့ ထပ်မံ တင်ဆက်ပေးချင်ပါတယ်။ကိုယ်အိမ်မှာမရှိတုန်း တိလေးတွေ ဘာလုပ်နေမလဲလို့ တွေးကြည့်ဖူးလားဗျ။ကျွန်တော် ငယ်ငယ်ကတော့ အပြင်သွားချင်ယောင်ဆောင်ပြီးအိမ်က ခွေးလေးတွေ ဘယ်လိုနေထိုင်ကြလဲ စောင့်ကြည့်ဖူးပါတယ်။ ဒီကာတွန်းကားလေးဟာလည်း သခင်တွေအိမ်မှာမရှိတုန်းအပီအပြင်သောင်းကျန်းကြတဲ့ တိလေးတွေရဲ့ လျှို့ဝှက်ဘဝကိုဟာသနှော တင်ဆက်သွားတာပါ။ IMDb 6.8 နဲ့ Box Office မှာ 760$ Millions ထိအောင်မြင်နေတဲ့ ဒီကားလေးရဲ့ ဇာတ်လမ်းအကျဉ်းကတော့.....အဓိကဇာတ်လိုက်ကတော့ Max ဆိုတဲ့ တယ်ရီယာခွေးပုလေးပေါ့ဗျာ။ သခင်ဖြစ်သူ Katie နဲ့ နယူးယောက်မြို့တော်ကြီးမှာ အပူအပင်ကင်းကင်း ဘဝကိုဖြတ်သန်းနေတဲ့ကောင်လေးပေါ့။သူ ကြုံရတဲ့ အခက်အခဲဆိုလို့ Katie မနက် ရုံးသွားတိုင်းအတင်းလိုက်ဆွဲရတဲ့ ဒုက္ခပဲရှိပါတယ်။ ဒါပေမဲ့လည်း Katie ပြန်ရောက်တဲ့အထိတစ်နေကုန် တံခါးရှေ့ထိုင်စောင့်တာပါပဲ။ဘာပဲပြောပြော ချစ်ရတဲ့သခင်နဲ့ နှစ်ကိုယ်တည်း အေးချမ်းနေတဲ့သူ့ဘဝလေးဟာ တစ်နေ့မှာတော့ Katie အသစ်မွေးစားလာတဲ့Duke ဆိုတဲ့ တခြားခွေးတစ်ကောင်ကြောင့် ဗြောင်းဆန်ကုန်ပါတယ်။နဂိုရရှိထားတဲ့ အခွင့်အရေးတွေကိုပါ လက်လွှတ်ဆုံးရှုံးလာရတာမို့Duke ကို အိမ်ပေါ်က ...
movie

The Secret Life of Pets (2016)

2016
4K HEVCHDR
The Eye’s Dream (2016) 6.4
The Eye’s Dream (2016) The Eyes Dream 2016 အညွှန်းMystery, Fantasy, Thriller, Documentary တွေလိုမျိုး ရိုက်ကူးတတ်တဲ့ ဒါရိုက်တာ Hisayasu Sato ရဲ့ ၂၀၁၆ က ထွက်ရှိခဲ့ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားကတော့ ကြည့်ရတာနည်းနည်းတော့ရှုပ်ပေမယ့် ကြည့်ရတာ အဆင်ပြေတယ်ဆိုရုံလောက်ပါပဲ။ဇာတ်လမ်းထဲမှာကတော့ ဓာတ်ပုံဆရာမတစ်ယောက်က မျက်လုံးတွေကို စွဲလမ်းနေတဲ့သူတစ်ယောက်ပါ။ လမ်းမှာမြင်သမျှလူတွေကိုလည်း မျက်လုံးဓာတ်ပုံတွေကို လိုက်ရိုက်တတ်ပါတယ်။ တစ်နေ့မှာ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာတစ်ယောက်က သူ့ရဲ့ မျက်လုံးတွေကို စွဲလမ်းတတ်တဲ့ရောဂါကို ရုပ်ရှင်ရိုက်ကူးချင်တယ်လို့ ပြောလာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲ။ ဒါရိုက်တာနဲ့ရော ဘယ်လိုတွေနှစ်ပါးသွားမလဲ Psycho ဆန်ဆန်လေးကို ၁၈+ တစ်မျိုးလေး ကြည့်ရှုရမှာဆိုတော့ ပုရိသတို့ အကြိုက်တွေ့စေမှာ အမှန်ပါပဲလို့ပြောရင်း ကြည့်ရှုလိုက်ရအောင်နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p File size… 2.1GB | 874MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle ...
movie

The Eye’s Dream (2016)

2016
Selfie 69 (2016) 6
Selfie 69 (2016) Selfie 69 (2016)သမီးရည်စားရန်ဖြစ်ရာမှ စပြီး အသည်းကွဲကာ သူငယ်ချင်းတွေလူငယ်ပီပီ ဘယ်လို ပေါက်ကရတွေလုပ်ပြီး အလွဲလွဲအမှားမှားတွေဖြစ်မလဲကို ကြည့်ရှုရမယ့် ပညာပေးအချစ်ဟာသဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ သူငယ်ချင်းတွေ အသည်းကွဲ မူးရူးပြီး ဘယ်သူအရင်ဆုံးလက်ထပ်နိုင်မလဲ လောင်းကစားလုပ်ရာမှ နောက်ပိုင်းဖြစ်ပျက်မှုတွေမှတစ်ဆင့် သင်ခန်းစာများနဲ့တကွ ရသ အမျိုးမျိုးကို ခံစားကြည့်ရှုရမယ့် ပညာပေးလူကြီးဇာတ်ကားဖြစ်ပါတယ်။သူငယ်ချင်းအုပ်စု ၂ ဖွဲ့ဘယ်လိုမတူညီတဲ့ ဒုက္ခတွေ အလွဲလွဲ အမှားမှားတွေကို ဟာသအမြင်နဲ့ ခံစားပြီး မိဘအလိုလိုက်မှုကြောင့် ခြေဦးတည့်ရာ ပေါက်ကရတွေလုပ်ရင်း အချစ်ကိုတစ်ဖန်ပြန်လည်ရှာတွေ့နိုင်မလား အန္တရာယ်များတဲ့အမှောင်ဒုစရိုက်လောကဘက်ကို ရောက်သွားပြီး ဒုက္ခတစ်မျိုးစီနဲ့ သူငယ်ချင်း ၃ယောက် တစ်ယောက်တစ်မျိုးဆီ ဘယ်လို အလွဲတွေ သင်ခန်းစာ‌တွေကြားက အချစ်ကိုဘယ်လိုရှာကြမလဲ ဘယ်လိုမထင်မှတ်ဘဲတွေ့မလဲ ရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုကြရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Robin ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy, Romance Quality…. 1080p | 720p File size… 1.4GB | 810MB Format… mp4 Duration…. 1h 56min Subtitle…. Myanmar Subtitle ...
movie

Selfie 69 (2016)

2016
Allegiant (2016)
Allegiant (2016) စာရေးဆရာမVeronica Roth ရဲ့ နာမည်ကျော် Divergent Series ရဲ့ သုံးအုပ်မြောက်စာအုပ်ကိုအသက်သွင်းထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ရှေ့က Divergent(2014) နဲ့ Insurgent(2015) ရုပ်ရှင်တွေကိုကြည့်ဖူးထားရင်တော့ အဆက်အစပ်မိပါလိမ့်မယ်။ဇာတ်လမ်းရဲ့ကြောရိုး....အနာဂတ်ကာလ Chicago မြို့မှာ တံတိုင်းကြီးကာထားပြီးနေထိုင်ကြတဲ့ မျိုးနွယ်စုတစ်စုရှိပါတယ်။သူတို့ထဲမှာ  Abnegation ( အတ္တကင်းမဲ့မှု)၊ Amity ( ကြင်နာမှု )၊ Candor ( ရိုးသားမှု)၊ Erudite ( ဉာဏ်ပညာထက်မြက်မှု)၊ နဲ့ Dauntless ( ရဲရင့်မှု ) စသည်ဖြင့်အမျိုးအစားခွဲထားပြီး  အဲ့ဒီအမျိုးအစားထဲကနေ ချွန်ပြီးထွက်နေတဲ့ Divergent လို့သတ်မှတ်သူတွေကိုတော့ ဒီမြို့ထဲမှာမထားပါဘူး...သတ်ပစ်ပါတယ်။ဒီလိုချိန်မှာ Abnegation အကြီးအကဲရဲ့သမီး Tris (မင်းသမီး Shaileen Woodley ) ကတော့ အမျိုးအစား(၃)ခုကျော်နေလို့  Divergent လို့ The System ကသတ်မှတ်ပြီး သတ်ပစ်ဖို့ကြိုးစားလာပါတယ်။ဘာကြောင့်လဲဆိုတော့ Divergent တွေဟာ The System ...
movie

Allegiant (2016)

2016
4K HEVCHDR
Ice Age: Collision Course (2016) 5.7
Ice Age: Collision Course (2016) ဒီဇာတ်ကားက Ice age franchiseရဲ့ ပဥ္ဇမဇာတ်ကား ဖြစ်သလို ​နောက်ဆုံးဇာတ်ကားလည်း ဖြစ်ပြီး ၂၀၁၆နှစ်မှာ ထွက်ခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကလက်သည်ကလည်း ထုံးစံအတိုင်း ရှဉ့်​​လေး ဖြစ်ခဲ့ပြီး ဝက်သစ်ချသီးကို လိုက်ဖမ်းရင်း ပန်းကန်ပြားပျံတစ်စင်း ​တွေ့ကာ အာကာသထဲ​ရောက်သွားရမှတဆင့် ဒီဇာတ်လမ်း စခဲ့ပါ တယ်။ သူ့ရဲ့ဂယက်​တွေ​ကြောင့်ပဲ ကမ္ဘာ​ပေါ်ကို ဥက္ကာခဲကြီးတစ်ခု ပြုတ်ကျလာပြီး အဲဒီဥက္ကာခဲက​နေတဆင့် ​​နောက်ထပ်ဥက္ကာခဲ​​တွေ တစ်လုံးပြီး တစ်လုံး ဆင့်ကျလာရင်း ကမ္ဘာပျက်မယ့်အ​ရေးအထိ ကြုံလာရပါ​တော့တယ်။ဒါ​ကြောင့် မန်နီ ဆစ် ဒီ​ယေဂိုတို့ သူငယ်ချင်း​တွေနဲ့ မိသားစုဝင်​တွေ Ice Age 3မှာ ပါဝင်ခဲ့တဲ့ ဘက်ခ်တို့ပါ ပြန်လည်ပါဝင်လာပြီး ကမ္ဘာ ပျက်မယ့်အ​ရေးကို ကာကွယ်ဖို့ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း မန်နီရဲ့သမီး​လေးပိချက်စ်မှာ ချစ်ရတဲ့သူရှိလာပြီး တစ်အိုးတစ်အိမ် ​ထူ​ထောင်ဖို့ ကြိုးစားလာတာ​ကြောင့် သမီးကို တုန်​နေ​အောင်ချစ်တဲ့ ဆင်ကြီးမန်နီခမျာ သမီးကိုလက်မလွှတ်နိုင်၊ နှ​မြောလည်းနှ​မြောပြီး သမီးဖြစ်သူရဲ့ ချစ်သူ သမက်​လောင်းကို ဘုကလန့်တိုက်ပုံ​တွေက အ​တော်​လေးရယ်ရပါတယ်။ ငယ်စဉ်ကတည်းက ကြည့်လာခဲ့ရတဲ့ Ice ageဆိုတဲ့အရသာကို sequel​တွေရဲ့ထုံးစံအတိုင်း အပြည့်အဝ မရနိုင်​ပေမဲ့ franchiseကြီးတစ်ခုလုံးကို အ​ကောင်းဆုံး ပိတ်သိမ်း ​ပေးနိုင်ခဲ့တဲ့၊ ကျွန်​တော်တို့ချစ်ခဲ့ရတဲ့ ဇာတ်​ကောင်​တွေကို ...
movie

Ice Age: Collision Course (2016)

2016
4K HEVCHDR
Theri (2016) 7.3
Theri (2016) Theri (2016) "အတိတ်က မီးခိုးငွေ့အမျှင်တန်း" IMDb 7.3မင်းသား ဗီဂျေးရဲ့ ၂၀၁၆ က ထွက်ရှိခဲ့တဲ့ ကြမ်းကြမ်းရမ်းရမ်း ကားဟောင်းလေးကို တက်ဆက်ပေးလိုက်ပါတယ်... ဗီဂျေးရဲ့ ရုပ်ရှင်ဆိုတဲ့အတိုင်း ကြမ်းပေ့ဆိုတဲ့ တမီလ်း action/thriller ဖြစ်ပြီး ရုံတင်ငွေ ၂ ဆ ပြန်လည် ရရှိရုံသာမက အခုဆိုရင် တီဗီချန်နယ်တွေက ပြန်လည်ပြသမှုကြောင့် ဗီဂျေးရဲ့ အကောင်းဆုံးထုတ်ကုန်ထဲက တစ်ခုအဖြစ် နာမည်ရနေပြီပဲ ဖြစ်ပါတယ်...လတ်တလော ထွက်ရှိထားတဲ့ ဗီဂျေးရဲ့ Leo ကို ကြိုက်တယ်ဆိုရင် ဒီကားကိုလည်း ကြည့်လိုက်ကြပါဇာတ်လမ်းအကျဥ်းကတော့ ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း ပေါင်မုန့်ဖုတ်ပြီး ဖြတ်သန်းနေတဲ့ ရိုးသားကြိုးစားဖိုးသခွား ဂျိုးဆပ်ကူရူဗီလာဆိုသူတစ်ယောက် သမီးငယ်လေး နီဗီနဲ့ နေ့တိုင်း အတူသွား အတူလာ ကျောင်းပို့ကျောင်းကြိုနဲ့ ပျော်ရွှင်နေလျက်ရှိပါတယ်... နီဗီ့ရဲ့ ဆရာမချောချော အန်နီကလည်း ဂျိုးဆပ်ကို အထာတွေ ပေးလို့ သာယာနေတဲ့ သူတို့ရဲ့ ဘဝလေးမှာ တစ်နေ့မှာတော့ လူမိုက်တစ်စုရဲ့ နှောင့်ယှက်မှုကို ကြုံရပါတယ်...ရဲစခန်းမှာ ဆရာမက ...
movie

Theri (2016)

2016
The Last Descent (2016) 5.5
The Last Descent (2016) The Last Descent (2016) ===================ဒီကားလေးကတော့ 2009 ခုနှစ်တုန်းက အမေရိကန်နိုင်ငံ Utah ပြည်နယ်မှာ ရှိတဲ့ Nutty Putty ဆိုတဲ့ ဂူတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်း လေးကို အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း - ဂျွန် နဲ့ သူ့မိသားစုတို့ အားလပ်ရက် မွေးရပ်မြေကို ပြန်တဲ့အချိန်မှာ Adventure ထွက်ရတာကို သဘောကျတဲ့ ဂျွန် နဲ့ သူ့အကိုတို့ အစိုးရဘက်က အန္တရာယ်ရှိတယ် လို့ ယူဆပြီး 2 နှစ်ကြာပိတ်ထားခဲ့ပြီးမှ ပြန်ဖွင့်ပေးခဲ့တဲ့ Nutty Putty ဂူထဲကို ဝင်ပြီး စွန့်စားခန်းဖွင့်ဖို့ရာ ဖြစ်လာပါတော့တယ်။ အသွားမတော်တစ်လှမ်း အစား မတော်တစ်လုပ်ဆိုသလိုပဲ ဂျွန်နဲ့ သူ့အစ်ကိုတို့နှစ်ယောက်သား သွားရင်းသွားရင်းနဲ့ မြေပုံထဲတောင်မပါပဲ ဂူရဲ့အနက်ဆုံးအပိုင်းထဲထိရောက်သွားပြီး ဂျွန်တစ်ယောက် လျှိုတစ်ခုထဲကို အမှတ်မထင်ဆင်းမိသွားရာကနေ အခန့်မသင့်ပဲ ဘယ်လိုမှ ပြန် မထွက်နိုင်ဖြစ်သွားပါတော့တယ်။အတိုချုံးပြောရရင်တော့ သာမာန်ကယ်ဆယ်ရေးကားမျိုးဆိုပေမယ့် ဖြစ်ရပ်မှန်ကို အခြေခံထားတာဖြစ်လို့ အတော်လေးစိတ်ဝင်စားဖို့ရော ဝမ်းနည်းဖို့ရော တော်တော် ကောင်းပါတယ်။ အဲတော့ ဂျွန်တစ်ယောက် ဂူထဲကနေ အသက်ရှင်လျှက်ပြန်ထွက် နိုင်ပါ့မလား ဂျွန်ကိုဘယ်လိုကယ်ထုတ်ဖို့ကြိုးစားကြမလဲဆိုတာကိုတော့ ...
movie

The Last Descent (2016)

2016
How to Be Single (2016) 6.1
How to Be Single (2016) အခုလို ၂၁ရာစုမှာ အချစ်စစ်ဆိုတာစပါးပုံထဲအပ်ပျောက်ရှာနေသလိုပါပဲ၊ ဒီလိုခေတ်ထဲမှာအချစ်စစ်ရှာရင်း ကိုယ့်ကိုယ်ကိုယ်မေ့ပျောက်နေမယ့်အစားကိုယ့်ကိုယ်ကိုယ်ချစ်ရင်း ဘဝကို ဘယ်လိုပျော်ရွှင်အောင်နေကြမလဲ? ဒီဇာတ်ကားက ၂၀၁၆ ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDb မှာ rating 6.1 နဲ့ Rotten Tomatoes မှာrating 46% ရရှိထားပါတယ်။ Fifty Shapes of Gray မင်းသမီး Dakota Johnson နဲ့Funny People, The Bling Ringတို့လိုဇာတ်ကားတွေမှာ ပါဝင်ခဲ့ပြီးRio, The Simpsons တို့လို ကာတွန်းကားတွေမှာ အသံသရုပ်ဆောင်အဖြစ်ပါဝင်ခဲ့တဲ့Leslie Mann အပြင် Night at the Museum တို့လို့ဇာတ်ကားမျိုးမှာပါဝင်ခဲ့တဲ့ Rebel Wilson တို့လိုသရုပ်ဆောင်မင်းသမီးတွေပါတယ်ဆိုတော့ကြည့်လို့ပျော်မှာ အသေအချာပါပဲဗျာ။ ဒီကားလေးက လူငယ်တွေရဲ့ အချစ်ရေးအချစ်ရာအကြောင်းတွေကိုဟာသလေးနှောပြီး ပေးချင်တဲ့မက်ဆေ့ခ်ျကို ထိထိမိမိရိုက်ပြထားတာဖြစ်လို့ သေချာပေါက် ကြည့်ကိုကြည့်သင့်ပါတယ်။ အဲလစ်နဲ့ ဂျော့ရှ်က မြင်မြင်ချင်းမှာပဲချစ်မိသွားကြပြီးအတူတူနေလာခဲ့တာ လေးနှစ်ရှိသွားပါပြီ။ လေးနှစ်ကြာ ဆက်ဆံရေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်အဲလစ်တစ်ယောက် သူ့ကိုယ်ပိုင်ဘဝကိုပြန်ရှာချင်တာရယ်သူ့လက်ကျန်တစ်ဘဝလုံး ဂျော့ရှ်နဲ့ပဲ ...
movie

How to Be Single (2016)

2016
4K HEVC
Jack Reacher 2: Never Go Back (2016) 6.3
Jack Reacher 2: Never Go Back (2016) Jack Reacher 2: Never Go Back (2016)IMDb Rating (6.1) ဂျက် ရီချာ ပြန်လာပါပြီ။ ဒီကားမှာတော့ မေဂျာဘဝကနေ အနားယူသွားတဲ့ ဂျက်ဟာ ဒီစီကို ပြန်လာရင်း သူ့မိတ်ဆွေ ဗိုလ်မှုးမလေး တန်နာ မတရားစွပ်စွဲခံရပြီး ဖမ်းထားခံထားရတာကို လိုက်ရင်း အစိုးရကန်ထရိုက်တာကြီးတစ်ခုရဲ့ မသမာမှုတွေကို ဖော်ထုတ်ပေးရပါတော့တယ်။ ကုမ္မဏီဘက်က ကြေးစားတွေက သူ့ရဲ့ သမီးလို့ထင်ရတဲ့ ဆမ် ဆိုတဲ့ မိန်းကလေးနောက်ကိုပါ လိုက်လာတဲ့အတွက် ဂျက်ဟာ တန်နာ ဆမ်တို့ကို ကာကွယ်ရင်း စွန့်စားခန်းထပ်ဖွင့်ဖို့လိုလာတဲ့အခါ.....။ Tom Cruise, Cobie Smulders, Danika Yarosh သရုပ်ဆောင် ၃ ယောက်လုံးဟာ အတွဲညီနေတော့ ဒီကားကတော့ အတော်ကိုကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်လာတာပါပဲ။File size…(5.1 GB)/(1.9 GB)/(1 GB) Quality….BluRay 4K HEVC/1080p/720p Format…mkv/mp4 ...
movie

Jack Reacher 2: Never Go Back (2016)

2016
4K HEVC
Finding Dory (2016) 7.3
Finding Dory (2016) Finding Dory (2016) IMDb - 7.3/10_______Rotten - 94%  မျက်လုံးလေး ပြူးပြူးနဲ့ အဖြစ်အပျက်တွေကို ကြာကြာမခံပဲ မေ့တတ်တဲ့ Dory ဟာ တစ်နေ့တော့ အကြောင်းတစ်ခုကြောင့် သူ့အဖေနဲ့ အမေကို ပြန်သတိရလာတာကနေ သူ့သူငယ်ချင်းတွေဖြစ်တဲ့ Merlinနဲ့ Nemo တို့ရဲ့ အကူအညီကို ယူပြီး သူ့မိဘတွေကို ပြန်တွေ့ချင်ဇောနဲ့ ရှာပုံတော်ခရီးဖွင့်ပါတော့တယ်.... ဒီကားဟာ Finding Nemo အပြီး နောင် ဆယ့်သုံးနှစ်ကြာမှ ထွက်လာခဲ့တာ ဖြစ်ပါတယ် ထွက်လာတော့လည်း Finding Nemo လောက်တော့ ဇာတ်လမ်းပိုင်း မကောင်း ထပ်တူကျနေခဲ့ပေမယ့်လည်း Finding Nemo လောက်ကို ခံစားရအောင်လုပ်ပြီး Messageတွေ ပေးသွားခဲ့တယ် ငါးပြာလေး ဒိုရီဟာ သူ့မိဘတွေနဲ့ ပြန်တွေ့နိုင်ပါ့မလား သူ ဒီလောက်မေ့တတ်တာကိုလေ ဖြစ်နိုင်ပါ့မလားဆိုတဲ့ ဒွိဟအတွေးတွေကို Disneyနဲ့ Pixarရဲ့ ရေအောက်ကမ္ဘာ အန်နီမေးရှင်းအလန်းကြီးတွေ တစ်ချက် တစ်ချက်ထဖောက်တဲ့ဟာသလေးတွေ ချစ်စရာ ရယ်စရာကောင်လေးတွေနဲ့ အတူ ဇာတ်လမ်းအဆုံးထိကို ဆွဲခေါ်သွားခဲ့တယ် Ed O' Neill ရဲ့ ရေဘဝဲကြီး Hank ဇာတ်ကောင်ဟာလည်း Disney ကားတွေရဲ့ အကောင်းဆုံးဇာတ်ကောင်အဖြစ်ထည့်ရဖို့ ဖြစ်လာခဲ့တယ် Inside ...
movie

Finding Dory (2016)

2016
4K HEVC
Re:Born (2016) 6
Re:Born (2016) Re:Born (2016)~ IMDb - 6/10, Rotten Tomatoes - 65% ~မြို့ငယ်လေးတစ်မြို့မှာ စတိုးဆိုင်ငယ်လေး တစ်ခု ဖွင့်ထားတဲ့ တိုရှီရို ဆိုတဲ့သူ တစ်ဦးရှိပြီး ဆာချီ ဆိုတဲ့ ကလေးမလေးနဲ့ အတူ နေထိုင်လျက် ရှိပါတယ်။ သွေးမတော် သားမစပ်ကြပေမဲ့ ဆာချီကို တိုရှီရိုက သမီးလေးတစ်ယောက်လို စောင့်ရှောက်ထားတာပါ။ဘယ်သူမှ မသိကြတာကတော့ တိုရှီရိုဟာ ဇာတ်မြှုပ် နေ‌တဲ့ စစ်သားဟောင်းတစ်ဦးဆိုတာပါ။ နယ်နယ်ရရ စစ်သားမဟုတ်ဘဲ တိုက်ပွဲတိုင်းမှာ ရန်သူကို သွေးအေးအေးနဲ့ သတ်ဖြတ်တတ်တဲ့ ဒဏ္ဍာရီလာ ဂို့စ်တ် ဆိုတဲ့ စစ်သားပါပဲ။ဇာတ်မြှုပ်နေနေတဲ့ တိုရှီရိုကို သူ့ရဲ့ တပ်ဖွဲ့ဟောင်းက ပြန်ခြေရာခံမိတဲ့အခါမှာတော့ တိုရှီရိုတစ်ယောက် သူ့ကို သတ်မဲ့ ကြေးစားတွေနဲ့ လိုက်တမ်းပြေးတမ်း ကစားရပါတော့တယ်။သွေးသံရဲရဲ သတ်ဖြတ်ချက်တွေ၊ အက်ရှင်ကောင်းကောင်းတွေနဲ့ အများနဲ့တစ်ယောက် စိန်ပြေးလိုက်တမ်းတွေနဲ့ ဂျွန်၀စ်ဆန်ဆန် ရိုက်ချက်တွေကို ကြည့်ရအုံးမှာမို့ ...
movie

Re:Born (2016)

2016
(18+) P.S. Girls (2016) 5.8
(18+) P.S. Girls (2016) အကြွေးတွေ ချာလပါတ်နဲ့ ချစ်စရာ ကိုးရီးယားမယ်လေးအကြောင်းပြောပြရဦးမယ် သူ့ဘဝကအတော်ပြည့်စုံတယ်မရှိပါဘူး သူ့အဒေါ်လက်ထဲကလွတ်ဖို့လမ်းရှာရင်း ဆေးရုံတစ်ရုံမှာ အလုပ်ရပါတယ်တင်နေတဲ့အကြွေးတွေ ဆပ်ဖို့ကြိုးစားရင်း နောက်အလုပ်တစ်ခုထပ်ရှာဖို့ကြိုးစားရတာကနေ သူငယ်ချင်းကောင်းမှု့ကြောင့် အွန်လိုင်းကနေအသံနဲ့ လိင်ဖျော်ဖြေပေးရတဲ့အလုပ်တစ်ခု ရသွားပါတယ် ကံများကောင်းချင်တော့ ဆေးရုံအုပ်ကလည်း သူ့ကိုတန်းတန်းစွဲဖြစ်နေပါတယ်။ |ဒါပေမဲ့ သူ့ရဲ့ဒုတိယအလုပ်အကြောင်း မသိပါဘူး။ သူတို့အလုပ်က အဆင်ပြေရင်ပြေသလို အပြင်မှာပါ ဝင်ငွေအတွက် အလုပ်လုပ်ကြပါတယ်။ အမျိုးစုံဘယ်လိုကြိုးခုန်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတာမို့ DS fans တွေအတွက် တင်ဆက်လိုက်ပါတယ်။(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…1.4GB / 878MB Quality…1080p WEB DL /720p Format…mp4 Duration….1h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie

(18+) P.S. Girls (2016)

2016
Mike and Dave Need Wedding Dates (2016) 6.0
Mike and Dave Need Wedding Dates (2016) REVIEW: Mike & Dave Need A Wedding Datesဒီဇာတ်လမ်းရဲ့ Review ကို အရင်ဆုံး တိုတိုရှင်းရှင်း ပြောပြပါ့မယ်။ ပေါ့ပေါ့ပါးပါး ဟာသကားကြည့်ချင်တယ်၊ နည်းနည်းပေါတောတောလေးတွေ၊ 18+ ဘာညာလေးတွေပါလည်းရတယ်ဆိုရင် ကြည့်ပျော်မယ့်ဇာတ်ကားလေးပါ။ ဇာတ်ကားအမျိုးအစားကတော့ အချစ်ဟာသဇာတ်မြူးလေးဆိုပါတော့။  အသေးစိတ် ထပ်ပြောရရင်တော့ ဇာတ်လမ်းက ဇာတ်ကားနာမည်မှာပါတဲ့အတိုင်းပါပဲ - ညီအစ်ကိုနှစ်ယောက်က သူတို့ညီမလေးရဲ့ မင်္ဂလာပွဲကို သူတို့နဲ့အတူလိုက်ပြီး ပွဲတက်ပေးမယ့် မိန်းကလေးအဖော်ရှာကြတာပါ။ ရှာတဲ့အချိန်ကစ’ပြီး တွေ့သွားတဲ့ထိရော၊ မင်္ဂလာပွဲအထိရော အလွဲတွေ၊ ရယ်စရာမောစရာတွေ၊ 18ယောက်စုရတာတွေနဲ့ ဘာတွေဖြစ်ကုန်သလဲဆိုတာကို ကြည့်ရမယ့်ဇာတ်ကားတစ်ကားပါ။ တကယ်ရယ်ရတာတွေရော၊ ပေါတောတောနဲ့ မို့ရယ်ရတာတွေရော၊ သတိထားဆင်ခြင်မယ်ဆို သိသင့်တာတွေရော ရောထားတဲ့ လူငယ်ကြိုက်ဇာတ်ကားပုံစံလေးပါ။ လူကြီးတွေအတွက်လည်း ပေါ့ပေါ့ပါးပါးဟာသကား ကြည့်ဖို့ရှာနေတာဆို ကြည့်ပျော်တဲ့ဇာတ်ကားဖြစ်မှာပါပဲ။ ဇာတ်ကားရဲ့ထူးခြားတဲ့တစ်ချက်ကတော့ အပြင်မှာတကယ်ရှိတဲ့ အပျော်အပါးတကယ်မက်တဲ့ ညီအစ်ကိုနှစ်ယောက်အကြောင်းပါတဲ့။ ဖြစ်ရပ်မှန်ပေါ်တွင်မှီငြမ်းသည်လို့ ပြောကြပါသတဲ့။  ပါဝင်တဲ့သရုပ်ဆောင်မင်းသားတွေကတော့ အဓိကဇာတ်ဆောင်နှစ်ယောက်ထဲက -Mike အဖြစ်က Adam Devine ပါ။ လူရွှင်တော်လည်းဖြစ်၊ ဟာသမင်းသားလည်းဖြစ်၊ နာမည်ကြီးရယ်စရာရှိုးအစီအစဉ်မှာ စတားတစ်ယောက်လည်းဖြစ်ပါတယ်။Dave အဖြစ်နဲ့က Zac Efron ပါ။ ချောလို့ဆိုပြီး မိန်းကလေးတွေကြိုက်ကြတဲ့ မင်းသားချောလေးပါ။ မင်းသမီးတွေကတော့ ဆံပင်ရွှေရောင်နဲ့ အူကြောင်ကြောင် အချောလေးအဖြစ် Anna Kendrick နဲ့ ခပ်ဟော့ဟော့ဇာတ်ဆောင်အဖြစ်နဲ့က Aubrey Plaza ...
movie

Mike and Dave Need Wedding Dates (2016)

2016
4K HEVC
The Conjuring 2 (2016) 7.4
The Conjuring 2 (2016) ကာလရှည်ကြာစွာ စောင့်မျှော်နေရတဲ့ Conjuring 2 နောက်ဆုံးမှာတော့Bluray ကွာလတီနဲ့ ထွက်လာခဲ့ပါပြီ။သရဲကား ဘာသာပြန်နေကျသူတွေ အကြောင်းအမျိုးမျိုးကြောင့်မအားလပ်တာနဲ့ ကျွန်တော်ရဲ့ ပထမဆုံး ဘာသာပြန်ဖြစ်တဲ့ သရဲကား ဖြစ်သွားပါပြီ။ဒီဇာတ်လမ်းဟာလည်း ဖြစ်ရပ်မှန်ကို အခြေခံထားတာပဲဖြစ်ပါတယ်။အ ကျဉ်းပြောရရင်တော့ တစ်ခုလပ် အမျိုးသမီးတစ်ဦးနဲ့ သားသမီး ၄ ယောက်ပြောင်းရွှေ့လာတဲ့ အိမ်မှာ ကြောက်စရာ ဖြစ်ရပ်တွေ စတင်လာခဲ့ပြီး လူတွေနဲ့မီဒီယာတွေ အာရုံစိုက်မှု ရလာတဲ့အခါ ဘုရားကျောင်းရဲ့ အကူအညီတောင်းမှုအရ၀ါရမ် လင်မယား လာရောက်စုံစမ်းရတာပါပဲ။ဒီအမှုကိုတော့ သူတို့လင်မယားလိုက်ခဲ့တဲ့ အမှုတွေထဲက ကြောက်စရာအဆိုးရွားဆုံးတွေထဲက တစ်ခုလို့ အပြင်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။မထင်မှတ်တဲ့ လှည့်ကွက်တစ်ခုနဲ့ တန်ဆာဆင်ထားတာကိုလည်း တွေ့ရပါလိမ့်မယ်။ဇာတ်လမ်းအဆုံးမှာလည်း တကယ့် ဖြစ်ရပ်မှန်အသံသွင်းတိပ်ခွေကိုဘာသာပြန်ထားတာလေးနားထောင်ကြည့်ဖို့ မကျန်ခဲ့ဖို့နဲ့မူရင်းဓာတ်ပုံတွေကိုလည်း တွေ့ရှိနိုင်ကြောင်းပြောပြရင်း တင်ပေးလိုက်ပါပြီ......ရုပ်ရှင်ကားကို Little Neo မှ ဘာသာပြန်ပေးထားပြီးအညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။  File size…  3.74 GB / 1.54 GB /  744 ...
movie

The Conjuring 2 (2016)

2016
4K HEVC