Channel Myanmar
2017
Rosy (2018) 5.1
5.1
IMDB: 5.1/10 144 votes
movie
Rosy (2018)
2017
Furious (2017) 6.3
Furious (2017) CM ပရိတ်သတ်ကြီးအတွက် History/Action အမျိုးအစားIMDB 6.1 ရရှိထားတဲ့ ရရှားဇာတ်ကားလေးကို မိတ်ဆက်ပေးလိုက်ပါတယ် ၁၃ ရာစုမှာ မွန်ဂိုစစ်အာဏာရှင် ဂျင်ဂစ်ခန်ဟာ အာရှနဲ့ ဥရောပ တစ်ခွင်လုံးကို ကျူးကျော်စစ်ခင်းပြီး သိမ်းပိုက်ခဲ့ပါတယ် ရရှားနိုင်ငံဟာလည်း တစ်ခုအပါအဝင်ပါပဲ အဲ့ဒီကာလမှာ ရရှားကောင်လေးကိုလိုဗရတ်က ၁၃နှစ်သား စစ်တပ်ထဲဝင်ချင်တဲ့ သတ္တိခဲလေးပါ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ရန်သူမွန်ဂိုတွေ လက်ချက်နဲ့ ခေါင်းထိပြီး မှတ်ဉာဏ်ထိခိုက်သွားပါတယ် အသက်တွေကြီးလာပြီး စစ်သည်တွေကို လေ့ကျင့်ပေးရတဲ့ စစ်သားကောင်းတစ်ယောက်ဖြစ်လာခဲ့ပေမယ့် တစ်ညအိပ်ပြီး မနက်မိုးလင်းလာတိုင်း ၁၃နှစ်သားမှတ်ဉာဏ်ကိုပဲ ပြန်ပြန်ရောက်သွားပါတယ် ဒီလိုနဲ့ပဲ သူတို့နေတဲ့မြို့လေးကို ဂျင်ဂစ်ခန်ရဲ့ သား ဘာတူခန်က မီးရှို့ဖျက်ဆီးလိုက်တဲ့အခါမှာတော့... နောက်လိုက်စစ်သည် အယောက်နှစ်ဆယ်တည်းနဲ့ ကိုလိုဗရတ်တစ်ယောက် ထောင်သောင်းချီတဲ့ မွန်ဂိုစစ်တပ်ကြီးကို အညံ့မခံ အရှုံးမပေးပဲ ရဲရဲဝံ့ဝံ့ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ခဲ့လဲ မနက်လင်းတိုင်း မှတ်ဉာဏ်တွေ မပျောက်သွားအောင် သူဘယ်လိုကြိုးစားမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး   ***** Russia ကနေ English လို English ကနေ Myanmar ဘာသာပြန်ထားတာဖြစ်တဲ့အတွက်ကြောင့်ဘာသာပြန်လွဲမှားမှုတစ်ချို.ရှိနိုင်ပါတယ်*****   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မေမြတ်သူ ဖြစ်ပါတယ်)   File ...
6.3
IMDB: 6.3/10 1,235 votes
movie
Furious (2017)
2017
Blu-Ray 720p
Ghost Stories (2017) 6.8
Ghost Stories (2017) သရဲပုံပြင်လေးတွေနားထောင်လိုက်ရအောင်ဗျာ။ Andy Nyman အဓိကပါဝင်သရုပ်ဆောင်ထားပြီး Martin Freeman လည်းအားဖြည့်ထားပါတယ်။ IMDB Rating 6.7 နဲ့ Rotten tomatoes 82% ရရှိထားတဲ့ Horror,Drama ကားလေးပါ။ ကြောက်စရာလည်းကောင်းသလို စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ ကိုယ့်ဘဝအတွက်ကိုယ် အပြန်အပြန်အလှန်လှန် မေးခွန်းထုတ်စရာ မေးခွန်းတွေလည်းအများကြီးပါပါတယ်။ ကိုယ်ဘာတွေလိုချင်တာလဲ။ ဘာတွေဖြစ်ချင်တာလဲ။ ဘာတွေလုပ်နေတာလဲ။ ထိုက်တန်ရဲ့လား။ ဘယ်နေရာတွေကပုန်းကွယ် ထွက်ပြေးနေမိလည်း ကိုယ့်ကိုကိုယ် ပြန်ပြီးမေးခွန်းတွေထုတ်ချင်လာမှာသေချာပါတယ်။ အဓိပ္ပါယ်ရှိသလို Horror ကားပီပီသသကြောက်ရလန့်ရအောင် တင်ဆက်ပြထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သဘာဝလွန်ဖြစ်ရပ်အတုတွေကိုဖော်ထုတ်နေတဲ့ Professor Goodman တစ်ယောက်သူရဲ့ Idol တစ်ယောက်ဖြစ်ပြီး နှစ်ပေါင်းများစွာထူးဆန်းစွာပျောက်သွားတဲ့ Professor Cameron ဆီက အဆက်အသွယ်ရပြီး သဘာဝလွန်ဖြစ်ရပ် ၃ခုကို အတုလားအစစ်လားဆိုတာ ဖော်ထုတ်ရင်း နောက်ဆုံးမှာ သဘာဝလွန်ဖြစ်ရပ်တွေက အစစ်အမှန်တွေလား အတုတွေလားဆိုတာ ကြည့်ရမှာပါ။ နောက်ဆုံးပိုင်းမှာ မမျှော်လင့်ထားတဲ့ပုံစံနဲ့ ထူးထူးဆန်းဆန်းဇာတ်သိမ်းထားတာကိုလည်းတွေ့ရမှာပါ။ ဒီကားမှာ ကြောက်ရမှာတွေ တွေးရမှာတွေအများကြီးပါပဲ။   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ)   File Size : (750 MB) and (330 MB) Quality : WEB-DL 720p Running Time ...
6.8
IMDB: 6.8/10 3,550 votes
movie
Ghost Stories (2017)
2017
The Fortune Handbook (2017) 6.8
The Fortune Handbook (2017) Gong ဆိုတာ ဆု​တောင်းတာကို ​ပြောတာပါ။ Xi ဆိုတာ ​ပျော်​ရွှင်​မှုကို ​ပြောတာပါ။ Fa ဆိုတာ ကြွယ်​၀ချမ်းသာခြင်းကို ဆိုလိုတာပါ။ Cai က​တော့ ကံ​ကောင်းခြင်းဆိုတဲ့ အဓိပ္ပာယ်​​ပေါ့။ ဒီဇာတ်​ကား​လေးထဲမှာGong Xi နဲ့ Fa ဆိုတဲ့ နတ်​​တွေက သူတို့ရဲ့ ​နောက်​တစ်​ဆင့်​ဖြစ်​တဲ့ Cai ဆိုတဲ့ ရာထူး​လေးကို လိုချင်​​နေကြတာပါ။ နတ်​ပြည်​​က​ကျောင်းမှာ အတန်းသား​တွေအများကြီး ရှိတဲ့အထဲက Fa ဆိုတဲ့ နတ်​က သူလိုချင်​တဲ့ရာထူးကို ရယူဖို့ လူပြည်​ဆင်းပြီး တလွဲလုပ်​တာကို ဟာသအနေနဲ့ တွေ့ရမှာပဲဖြစ်ပါတယ် လူ့လောကသဘောသဘာဝအကြောင်းကို ဟာသနှောပြီးရိုက်ထားတဲ့ ပညာပေးကားလေးပါပဲ   Qty - DVD rip Gern - Comedy Translator  - Aykayi Encoder - Encoder
6.8
IMDB: 6.8/10 10 votes
movie
The Fortune Handbook (2017)
2017
Hello (2017) 7.0
Hello (2017) သင်ဟာ လူငယ်ဆန်ဆန်နဲ့ အချစ်အလွမ်း အကြမ်း ရသစုံ ကြိုက်တတ်တဲ့သူဆိုရင်ဒီကားလေးကို ကြည့်သင့်ပါတယ် ဒီနှစ်ပိုင်းထွက်ရှိတဲ့ South Indian Romance Action ကားတွေထဲမှာ ဒီကားလေးကို ကျွန်တော်အကြိုက်ဆုံးပါ. . . မနက် 7:30 အချိန်ကို ရောက်တိုင်း ကောင်လေးတစ်ယောက် ကရစ်ရှ်နားမီးပွိုင့်နားက ခုံတန်းလေးမှာ လာထိုင်တတ်တယ်. သူ့ မျက်နှာဟာ လွမ်းရိပ်သန်းနေတယ် တစ်စုံတစ်ခုကိုဖွေရှာနေတဲ့ ရီဝေဝေမျက်ဝန်းတစ်စုံနဲ့. . . အဲ့ဒိအချိန် ရုတ်တရတ် သူ့ ဆီကို ဖုန်းဝင်လာလို့ ကောက်ကိုင်လိုက်တယ် Call Taxi လို့ခေါ်တဲ့ ဖုန်းဆက်ခေါ်လို့ရတဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်ဆီက. . . သူတက္ကစီခေါ်ထားလို့ ဖုန်းဆက်တာဖြစ်တဲ့အကြောင်း ဟိုဘက်က ပြောတယ်သူကလည်း သူမခေါ်ထားကြောင်း ပြန်ရှင်းပြတယ်. . . ရုတ်တရတ်. . .အဲ့ဒ်ီရုတ်တရတ် ခဏလေးမှာ. . .ဖုန်းပြောနေရင်းဖုန်းထဲက တစ်စုံတစ်ခုကို သူကြားလိုက်တယ်. . . သူဟိုးငယ်စဉ်ကတည်းက စွဲလန်းတသ ဖြစ်ခဲ့ရတဲ့ အသံလေး. . . ရိုးသားဖြူစင်လွန်းလှတဲ့ ...
7.0
IMDB: 7.0/10 466 votes
movie
Hello (2017)
2017
Psychic Kusuo (2017) 6.2
Psychic Kusuo (2017) ဆိုင်ကီ ကူဆူအိုဟာ အသက်၁၆နှစ်အရွယ်ရှိတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ပါ... မွေးကတည်းက စိတ်စွမ်းအင်တွေကိုပိုင်ဆိုင်ရရှိထားတဲ့သူ့အနေနဲ့ ဒီလိုဘ၀မျိုးကိုစိတ်ပျက်နေပြီး သာမန်ဘ၀မျိုးနဲ့သာနေလိုသူပါ... ဒါကြောင့်မို့ သူ့ရဲ့စွမ်းအင်တွေကို အခြားသူတွေမသိအောင်နဲ့ သတိမထားမိအောင်လို့ လျှို့ဝှက်ပြီးနေထိုင်နေပါတယ်... ဒါပေမယ့်လဲ ကံမကောင်းစွာနဲ့ မထင်မှတ်ပဲ သူ့အတန်းဖော်တချို့ရဲ့သတိပြုခြင်းကိုခံလာရပြီးနောက်မှာ သူထင်ထားတာထက်ပိုပြီးတော့ သာမန်ဘ၀မျိုးနဲ့နေရတာက ပိုမိုခက်ခဲလာပါတော့တယ်... ကူဆူအိုအနေနဲ့ သူ့ရဲ့အဖိုးတန်လှတဲ့သာမန်ဘ၀လေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါ့မလား... သာမာန်လူတွေထက်ထူးခြားနေတဲ့လူတွေအဖို့ အေးဆေးနေနိုင်ဖို့ဆိုတာ တော်တော်ခက်ခဲတဲ့ အရာလို့ပြောလို့ရပါတယ်.. လူတွေဂရုမစိုက်မိအောင်နေတတ်အောင်ဆိုတာက ပြောရတာလွယ်သလောက်လုပ်ရတာ တော်တော်လေးကိုခက်ပါတယ်.. ဒါကြောင့် ဂျပန်ကားတွေကိုမှကြိုက်တဲ့လူတွေအတွက် ဒီကားလေးကို ကြည့်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်... File Size : (765 MB) and (345 MB) Quality : Blu Ray 720p Running Time : 1hr 37min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Source : Blu Ray 720p Translated by Pone Thone Encoded by Moe ...
6.2
IMDB: 6.2/10 8 votes
movie
Psychic Kusuo (2017)
2017
Baby Driver (2017) 8.1
Baby Driver (2017)
2017
Journey’s End (2018) 6.7
Journey’s End (2018) Journey's End (2018) ဒီတစ်ခေါက်တော့ စစ်ကားကောင်းကောင်းကြိုက်တဲ့ Channel Myanmarပရိတ်သတ်ကြီးအတွက် လောလောလတ်လတ်ထွက်ရှိတာလဲ စစ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းလေးနာမည်ကတော့ Journey's End (2018)ကားလေးပါ။ နာမည်ကျော်" The Space between us "," Hugo "အစရှိတဲ့ဇာတ်လမ်းတွေထဲက သရုပ်ဆောင် Asa Butterfield..." Me before u","Love Rosie!" အစရှိတဲ့ Romanceကားတွေနဲ့ နာမည်ကြီးလာခဲ့တဲ့ မင်းသား Sam Clafin... ဒီလိုနာမည်ကြီးသရုပ်ဆောင်တွေက သူတို့ရိုက်နေကြ Characterတွေကနေခွဲထွက်ကာ ဒီဇာတ်လမ်းထဲမှာပီပြင်အောင်သရုပ်ဆောင်နိုင်သွားတာလဲ ချီးကျူးစရာပါပဲ။ Rating ကပ်စေးနည်းတဲ့ Rotten Tomatoesကတောင် 92%ပေးထားတာမို့ ကြည့်ရှုသင့်တဲ့ကားလေးတစ်ကားဆိုလဲ မမှားပါဘူး။ ရုပ်ရှင်ဝေဖန်ရေးသမားတွေကလဲ Rating တွေရက်ရက်ရောရောပေးထားတာတွေ့ရပြန်ပါတယ်။ ဇာတ်လမ်းလေးကိုမြည်းစမ်းကြည့်ဖို့အတွက် ဇာတ်လမ်းအကျဉ်းလေးလဲ တင်ပြပေးပါရစေ။   Qty - 720p Bluray Duration - 2hr 15min Gern - Drama / War Subtitle - Myanmar Translator - Arkayi Encoder ...
6.7
IMDB: 6.7/10 1,885 votes
movie
Journey’s End (2018)
2017
The Legacy of a Whitetail Deer Hunter (2018) 5.5
The Legacy of a Whitetail Deer Hunter (2018) ဒီဇာတ်လမ်းလေးကတော့ ခုလိုမိုးတွင်းလေးမှာ comedy ပုံစံ ပေါ့ပေါ့ပါးပါးလေးကြည့်လို့ကောင်းတဲ့ ကားအမျိုးအစားလေးပဲဖြစ်ပါတယ်။ IMDB 5.4 ရထားပြီးတော့မှ အဖေနဲ့ သား နှစ်ယောက်ရဲ့ relationship ကိုပုံဖော်ရိုက်ပြထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ သမင်အမဲလိုက်ထွက်တဲ့ ပညာကို ဘိုးဘွားစဉ်ဆက်အမွေအနှစ်တစ်ခုအနေနဲ့ လက်ဆင့်ကမ်းလာတဲ့အရာဖြစ်ပြီး ဘက်ခ် ဆိုတဲ့ လူက 12 နှစ် ရှိပြီးဖြစ်တဲ့ သူ့သား ဂျေဒန်ကို သမင်အအမဲလိုက်တဲ့ အမွေအနှစ်ကို ပေးဖို့ အချိန်ရောက်လာပါတော့တယ်။ အဲ့တော့ ဘက်ခ်ဟာ သူ့သူငယ်ချင်းတစ်ယောက်နဲ့ သူ့သားနဲ့ ၃ယောက်အတူတူ အမဲလိုက်ဖို့ခရီးထွက်ခဲ့ကြပါတော့တယ်။ ဒါပေမဲ့ သူ့သား ဂျေဒန်ဟာ သမင်အမဲလိုက်တာကိုကြိုက်တဲ့ပုံမပေါ်ပါဘူး။ အဲ့တော့ တောထဲမှာ ဒီသားအဖနှစ်ယောက် ဘယ်လိုဓာတ်တည့်အောင်လုပ်မလဲ။ ဒီဂျစ်ကန်ကန်သားကို အဖေက ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ဟာသပုံစံနဲ့ ဖခင်မေတ္တာကို ဖော်ကျူးထားပဲဖြစ်ပါတယ်။   (ဘာသာပြန်သူကတော့ Brilliant Star ပါ)   File Size : (700 MB) and (330 MB) Quality : WEBRip 720p Running Time : 1hr 35min Format ...
5.5
IMDB: 5.5/10 922 votes
movie
The Legacy of a Whitetail Deer Hunter (2018)
2017
Blame (2017) 5.8
Blame (2017) ဒရာမာ ဇာတ်ကားတွေကိုမှကြည့်ချင်ကြတဲ့လူတွေအတွက် ၂၀၁၇ ထွက် Blame ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်… အက်ဘီဂယ်ဆိုတဲ့ ကောင်မလေးဟာ စိတ်ရောဂါသည်လေးတစ်ယောက်အဖြစ် အတန်းထဲမှာလှောင်ပြောင်ခံနေရတဲ့မိန်းကလေတစ်ယောက်ပေါ့… တစ်နေ့တော့ သူတို့အတန်းရဲ့ ဒရာမာ ဆရာမ ခွင့်ယူသွားတဲ့အတွက် ဂျရမီဆိုတဲ့ ဆရာတစ်ယောက် အစားထိုးဝင်ရောက်လာပါတော့တယ်… အတန်းထဲမှာ လူတကာ အနှိမ်ခံ ကောင်မလေးကို အစားထိုးဒရာမာဆရာ ဂျရမီကနေ သနားစိတ်နဲ့ သံယောဇဉ်တွယ်မိရာကနေ… အစားထိုးဆရာကို တစ်ဖက်သတ်ကြိုက်နေပြီး အက်ဘီဂယ်အပေါ်မှာ မနာလိုဖြစ်နေတဲ့ မာလီဆာဆိုတဲ့ ခပ်ဆိုးဆိုး ကောင်မလေးက သူတို့နှစ်ယောက်အပေါ် မစားရတဲ့အမဲ သဲနဲ့ပက်ပါတော့တယ်..။ ၂၀၁၇ ထွက် ကားလေးတစ်ကားဖြစ်ပြီး လူငယ်တွေစိတ်ဝင်စားမယ့်ကားတစ်ကားဖြစ်ပါတယ်…။ Rating တွေအနေနဲ့ကတော့ IMDb – 5.8/10… Rotten Tomatoes – 83%   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zuel Khant Thwin ပါ)   File Size : (799 MB) and (350 MB) Quality : AMZN WEB-DL 720p Running Time ...
5.8
IMDB: 5.8/10 1,242 votes
movie
Blame (2017)
2017
Rendel (2017) 5.1
Rendel (2017) ဒီဇာတ်ကားကိုတော့ ဖင်လန်နိုင်ငံမှာ အခြေတည်ထားပါတယ်။ ဖင်လန်နိုင်ငံမှာ Vala လို့အမည်ရှိတဲ့ ကုမ္ပဏီကြီးဟာ တရားမ၀င်ဆေးဝါးတစ်ခုကို ဖော်စပ်ပြီးတော့ အာဏာပိုင်တွေနဲ့ပူးပေါင်းကာတရားဝင်ဖြန့်ချိဖို့ကြိုးစားနေပါတယ်။ အဲဒီဆေးဝါးကိုစမ်းသပ်စဉ်ကာလမှာလည်း အပြစ်မဲ့ကလေးငယ်ပေါင်းများစွာ ဓားစာခံဖြစ်ခဲ့ရပါသေးတယ်။ ကလေးငယ်တွေတင်မက တခြားဓားစာခံဖြစ်ခဲ့တာတော့ ရမ်မီလို့ခေါ်တဲ့အလုပ်သမားကြီး။ Vala မှာ အဲဒီတရားမ၀င်ဆေးဝါးတွေကို ကြီးကြပ်ရင်းတချို့တ၀က်ပျောက်ဆုံးခဲ့တာကြောင့် သမီးနဲ့ ဇနီးဖြစ်သူအသတ်ခံခဲ့ရသလို သူကိုယ်တိုင်လည်း မသေရုံတမယ် အနှိပ်စက်ခံခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ ဒုစရိုက်အဖွဲ့အစည်းကြီးဖြစ်တဲ့ Vala ကုမ္ပဏီကို တစ်ကိုယ်တည်း လက်စားချေဖို့ကြိုးစားပါတော့တယ်.....။ ဒီဇာတ်ကားက Feratum Film Festival မှာ အကောင်းဆုံးအက်ရှင်ကားစုကိုရရှိခဲ့တဲ့ကားတစ်ကားပါ။ အက်ရှင်ကားကြိုက်တဲ့သူတွေအတွက်တော့ ကြည့်ပျော်လောက်မယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကြိုတောင်းပန်ချင်တာတစ်ခုကတော့ဇာတ်ကားထဲမှာပါတဲ့ အင်္ဂလိပ်စကားပြောတွေက မူရင်းစာဖိုင်ထဲမှာ မပါတဲ့အတွက် သည်းခံပေးကြပါလို့တောင်းပန်ချင်ပါတယ်။   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  ကို မျိုးသန့် ပါ)   File Size : (850 MB) and (380 MB) Quality : Blu-Ray 720p Running Time : 1hr 45min Format : Mp4 Genre : Action, Crime, Fantasy Subtitle : ...
5.1
IMDB: 5.1/10 642 votes
movie
Rendel (2017)
2017
Voodoo Doll (2017)
Voodoo Doll (2017) ဗီယက်နမ်သရဲကားကောင်းကောင်းလေးကို စောင့်ဆိုင်းနေတဲ့CMပရိသတ်ကြီးအတွက် ဇာတ်လမ်းကောင်းလေးတစ်ခုကိုတင်ဆက်ပေးပါရစေ။ ဇာတ်လမ်းလေးနာမည်ကတော့ Voodoo Doll (2017)ပါ။ တချို့သောသရဲကားများလို ဘာကိုခြောက်လို့ခြောက်နေမှန်းမသိ ဖြဲခြောက်နေတာမျိုးမဟုတ်ပဲ ဇာတ်လမ်းဇာတ်အိမ်နဲ့ ကျောရိုးထဲကစိမ့်ပြီးခြောက်ခြားစေမယ့်ကားတစ်ကားလို့ညွှန်းချင်ပါတယ်။ ဇာတ်လမ်းလေးရဲ့ အကျဉ်းကိုလဲ အနည်းအကျဉ်းပြောပြချင်ပါသေးတယ်။ ကျောင်းတစ်ခုမှာ အရမ်းခင်ကြတဲ့သူငယ်ချင်းသုံးယောက်ဟာတစ်နေ့တော့ ဂီတပြိုင်ပွဲတစ်ခုအတွက်ကျောင်းမှာညလုံးပေါက်လေ့ကျင့်ဖို့ဖြစ်လာပါတော့တယ်။ အဲ့လိုလေ့ကျင့်နေတဲ့အချိန် မထင်မှတ်ထားတဲ့ ဖြစ်ရပ်တွေကြောင့် စာသင်ခန်းအုတ်နံရံမှာဖွက်ထားတဲ့ အရုပ်တစ်ရုပ်ကိုရှာတွ့တဲ့အခါ..... အဲ့ဒီအရုပ်ကဘယ်သူ့ကိုကျိန်စာတိုက်ခဲ့တာလဲ? ဘယ်သူကဒီအောက်လမ်းနည်းကိုသုံးခဲ့တာလဲ? ရှာတွေ့တဲ့ကလေးတွေကရော ဘယ်လိုဆက်ဖြစ်မလဲ? အဲ့လိုမေးခွန်းပေါင်းများစွာနဲ့ ရင်တစ်ဖိုဖိုကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါ။ ဇာတ်သိမ်းအထိမငြီးမငွေ့ဆွဲခေါ်သွားနိုင်တဲ့ကားလေးပါ။ မိုးအေးအေးနဲ့ သရဲကားကောင်းတစ်ကားကိုမြည်းစမ်းကြည့်လိုက်ရအောင်လားဗျာ။   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  Aye Mon Kyaw ပါ)   File Size : (700 MB) and (300 MB) Quality : WEBRip 720p Running Time : 1hr 49min Format : Mp4 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Source : 720p WEBRip AAC2.0 H.264-MooMa Translated by Aye Mon Kyaw Encoded by Thanhtike Zaw
IMDB: /10 votes
movie
Voodoo Doll (2017)
2017
1987: When the Day Comes (2017) 8.2
1987: When the Day Comes (2017) ဒီဇာတ်ကားကို လွန်ခဲ့တဲ့နှစ်သုံးဆယ်ကာလက တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်အကြောင်းအရာတွေကို အခြေခံပြီးရိုက်ကူးထားပဲဖြစ်တယ်။ အဲဒီအချိန်တုန်းက တောင်ကိုရီးယားနိုင်ငံဟာ အခုလို ဖွံ့ဖြိုးပြီးနိုင်ငံမဟုတ်သေးဘူး။ စစ်အစိုးရနဲ့ အာဏာပိုင်တွေရဲ့ခေါင်းပုံဖြတ်မှုတွေကို ပြည်သူတွေလည်စင်းခံနေရတဲ့အချိန်၊ အဲဒီလိုဖိနှိပ်ချုပ်ချယ်မှုတွေကို မခံနိုင်တဲ့အဆုံးမှာ ကျောင်းသားတစ်စုဟာ စစ်အစိုးရကိုဆန့်ကျင်တဲ့အနေနဲ့ လမ်းမပေါ်ထွက်ပြီး ဆန္ဒပြတော့တယ်။ အင်အားကြီးသူနိုင်စတမ်းဆိုသလို အဲဒီဆန္ဒပြမှုမှာအနိုင်ရရှိသွားသူကတော့အာဏာပိုင်တွေပါ။ ဆန္ဒပြကျောင်းသားတစ်ဦးဖြစ်တဲ့ အသက်၂၁နှစ်အရွယ် ဆိုးလ်တက္ကသိုလ်ကကျောင်းသား ပက်ဂျွန်ချောအပါအ၀င်ဆန္ဒပြသူအချို့ကို အာဏာပိုင်တွေလက်ဝယ်ဖမ်းဆီးရခဲ့တယ်။ ကျုပင်ခုတ်ကျုငုတ်ပါမကျန်အောင်ရှင်းမယ်ဆိုတဲ့အကြံနဲ့အာဏာပိုင်တွေဟာ အဖမ်းဆီးခံကျောင်းသားပက်ဂျွန်ချောကို နှိပ်စက်နည်းပေါင်းစုံနဲ့နှိပ်စက်ပြီး ဆန္ဒပြမှုနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို စစ်ကြောမေးမြန်းခဲ့တယ်။ ပက်ဂျွန်ချောတစ်ယောက်လည်းနှိပ်စက်မှုပေါင်းစုံကို မခံနိုင်တော့ပဲ နောက်ဆုံးမှာ အသက်ပါဆုံးရှုံးသွားတော့တယ်။ သူ့ရဲ့သေဆုံးမှုဟာ 1987 ဇွန်လမှာ တောင်ကိုရီးယားနိုင်ငံရဲ့သမိုင်းဝင်ဆန္ဒပြမှုကြီးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ ဖိနှိပ်ခံရပုံတွေ မတူညီကြပေမယ့် ပြည်သူတွေအားလုံးရဲ့ တစ်ခုတည်းသောဦးတည်ချက်ကတော့ ဒီမိုကရေစီဖော်ဆောင်ရေး၊ အဲဒီလို ပြည်သူတွေအားလုံးညီညီညွတ်ညွတ် သွေးတွေချွေးတွေနဲ့ပေးဆပ်ခဲ့တာကြောင့်လည်း တောင်ကိုရီးယားနိုင်ငံဟာ ယနေ့အချိန်မှာ ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခု ရပ်တည်နေနိုင်တာဖြစ်ကြောင်းကိုဒီဇာတ်ကားက ကောင်းကောင်းကြီးမီးမောင်းထိုးပြနေတယ်။ ဒီဇာတ်ကားဟာ ဝေဖန်ရေးတွေအကြားမှာ အောင်မြင်ရုံသာမက ငွေကြေးပိုင်းအရလည်း တော်တော်ကြီးကိုအောင်မြင်ခဲ့တဲ့ကားပါ။ $14 သန်းရင်းထားတဲ့ဇာတ်ကားဟာ ပြည်တွင်းဝင်ငွေ $54 သန်းကျော်ရရှိခဲ့တာဟာ တော်တော်ကြောက်စရာကောင်းတဲ့အောင်မြင်မှုမျိုးပါ။ IMDB rating 8 နဲ့ RT rating 88% ...
8.2
IMDB: 8.2/10 485 votes
movie
1987: When the Day Comes (2017)
2017
Let the Sunshine In (2017) 6.1
Let the Sunshine In (2017) Let the Sunshine In ရုပ်​ရှင်​ဇာတ်​ကားဟာ ၂၀၁၇ခုနှစ်​ထွက်​ ပြင်​သစ်​ဒရာမာအချစ်​ဇာတ်​ကား​လေးတစ်​ကားဖြစ်​ပါတယ် ​Imdb rating 6.1 ရရှိထားပြီး Rotten Tomatoes 86% ရရှိထားပါတယ်​ ပါဝင်​သရုပ်​​ဆောင်​ထားသူ​တွေက​တော့ မင်းသမီးကြီး Juliette Binoche , မင်းသား​ Xavier Beauvois,Nicolas Duvauchelle,Alex Descas စတဲ့သူ​တွေဖြစ်​ပါတယ်​. ဇာတ်​လမ်းအကျဉ်းက​တော့ ​ယောက်ျားနဲ့ကွာရှင်းထားတဲ့ ပဲရစ်​မြို့​နေ အနုပညာသည်​ Isabelle တစ်​​ယောက်​ သူမရဲ့အထီးကျန်​ဆန်​တဲ့ဘ၀ကြီးမှာ အ​ဖော်​ပြု​ပေးဖို့ အချစ်​ရှာပုံ​တော်​ဖွင့်​တဲ့ဇာတ်​လမ်း​လေးပါ။ ရှာပုံ​တော်​ဖွင့်​ရင်း ဘယ်​လို​ယောက်ျား​တွေနဲ့ သူ​တွေ့ဆုံမလဲ..... အချစ်​စစ်​ကိုရှာ​တွေ့သွားပါ့မလားဆိုတာ စိတ်​၀င်​စားဖွယ်​ကြည့်​ရှုလိုက်​ပါဦး (18+ ဇာတ်ဝင်ခန်းတွေ အများအပြားပါဝင်နေတာကြောင့် မိသားစုနဲ့ အတူကြည့်ဖို့မသင့်တော်ပါဘူး)   (ဘာသာပြန်သူကတော့ Mary  ဖြစ်ပါတယ်)   File Size : (750 MB) and (380 MB) Quality : Blu-Ray 720p Running Time : 1hr 34min Format : Mp4 Genre : Comedy, Drama, Romance,Adult Subtitle : ...
6.1
IMDB: 6.1/10 2,272 votes
movie
Let the Sunshine In (2017)
2017
The Cured (2017) 5.4
The Cured (2017) ဒီဇာတ်လမ်းကတော့ Drama/Science Ficiton အမျိုးအစားဖြစ်ပြီးတော့ IMDB 5.4 ၊ Rotten Tomatoes 64% ရထားတဲ့ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Zombie ပုံစံလို ဇာတ်လမ်းမျိုးဖြစ်ပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ပြေးလွှားကိုက်ဖြတ်ပြီး ပြီးသွားတာမဟုတ်ပဲ ကိုယ့်ကို အတွေးတစ်ခုနဲ့ကျန်ခဲ့စေနိုင်တဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ The Maze Virus ဆိုတဲ့ ရောဂါပိုးဟာ ပြန့်နှံ့လာခဲ့ပြီး ကူးစက်ခံရတဲ့ လူတွေဟာ Zombie ပုံစံဖြစ်သွားပြီး လူတွေကို လိုက်တိုက်ခိုက်တာနဲ့ အစပြုထားပါတယ်။ ဆရာဝန်တွေဟာ အဲ့ဒီ Virus ကို ပျောက်အောင်ကုနိုင်တဲ့ ဆေးကုထုံးကို တွေ့ခဲ့ပြီး ကူးစက်ခံရသူ ၇၅% ကို ကုသနိုင်ခဲ့ပေမယ့် အဲ့ဆေးရဲ့ အကျိုးရလဒ်ကတော့ ရောဂါပျောက်ကင်းသွားတဲ့သူတွေဟာ သူတို့ ကူးစက်ခံခဲ့ရတဲ့ အချိန်တုန်းက လုပ်ခဲ့သမျှတွေကိုပြန်မှတ်မိနေတာပဲဖြစ်ပါတယ်။ အဲ့တော့ ကျန်နေတဲ့ ၂၅%ကို ဆက်လက်မကုသတော့ပဲ အစိုးရက သုတ်သင်ရှင်းလင်းဖို့အမိန့်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ အစိုးရတွေကို ဆေးကုသမှုခံယူပြီး ပျောက်ကင်းသွားတဲ့သူတွေက အရင် ...
5.4
IMDB: 5.4/10 2,368 votes
movie
The Cured (2017)
2017
Blu-Ray 720p
Lean on Pete (2017) 7.4
Lean on Pete (2017) Lean on Pete ဇာတ်ကားကတော့ စာရေးဆရာ Willy Vlautinရေးသားခဲ့တဲ့ lean on Pete ၀တ္ထုကို အခြေခံပြီး Director - Andrew Haigh က ပြန်လည် ရိုက်ကူးထားသော ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ဆယ်ကျော်သက်ကောင်းလေးတစ်ယောက်ရဲ့ သူ့ပြိုင်မြင်းအပေါ် သံယောဇဉ်ကြီးပုံကို အဓိကဖော်ပြထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ မြင်းပြိုင်ပွဲတစ်ခုက ၁၅နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့ အိုမင်းနေပြီဖြစ်တဲ့ပြိုင်မြင်း lean on peteကို သားသတ်သမားတွေက နှိပ်ဆက်ပြီးတစ်ခြားနေရာကို ပို့တော့မယ်ဆိုတာ သိလိုက်ရချိန်မှာ... သူ့အချစ်တော်မြင်းကို ကယ်ဖို့သူဘာတွေဆက်လုပ်မလဲ... ဘယ်လိုတွေဆက်ဖြစ်သွားမလဲ... စိတ်လှုပ်ရှားစရာအပြည်နဲ့ ရင်သက်ရှူ့မောဖွယ်ခံစားရမယ့် Adventure ,Drama ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(999MB) and (400MB) Quality…Web-Rip 1080p Format…mp4 Duration….02:01:59 Subtitle….Myanmar Subtitle (Hardsub) Translated by OWL Encoded by Naing Aung Latt
7.4
IMDB: 7.4/10 2,502 votes
movie
Lean on Pete (2017)
2017
Disobedience (2017) 6.8
Disobedience (2017) စည်းကမ်းတွေ စည်းမျဉ်းတွေ အများကြီးအများကြီးကြားမှာ ကျွန်တော်တို့မွေးဖွားလာရပါတယ်။ ဟိုဟာမလုပ်နဲ့ ဒီဟာမကိုင်နဲ့ တားမြစ်ချက်တွေ အများကြီးနဲ့ကြီးပြင်းလာခဲ့ရပါတယ်။ အဲဒီတားမြစ်ချက်တွေက ကိုယ်ဖြစ်ချင်နေတာတွေ လုပ်ချင်နေတာတွေကိုမရောက်အောင်တားမြစ်ထားတယ် ဆိုရင် ခင်ဗျားတို့ဘာလုပ်ကြမှာလဲ။ ဒီဇာတ်ကားမှာတော့ တားမြစ်ချက်တွေအများကြီးကြားက ဂျူးဘာသာဝင် မိန်းကလေးနှစ်ယောက်ရဲ့ စည်းမျဉ်းတွေကိုချိုးဖောက်ကြတာကို တွေ့ရမှာပါ။ ဘာသာတရားကိုင်းရှိုင်းတဲ့ အသိုင်းအဝိုင်းမှာကြီးပျင်းလာကြတဲ့ သူတို့ ဒီအသိုင်းအဝိုင်းကို ဘယ်လိုရင်ဆိုင်ကြလဲ ဘယ်လိုအင်အားမျိုးတွေက ဒီလိုဆန့်ကျင်ရဲအောင်တွန်းအားပေးလဲဆိုတာတော့ ဇာတ်ကားကိုကြည့်ရင်း ကိုယ့်ဘာသာကိုယ်ပဲအဖြေထုတ်ကြည့်လိုက်ကြပါတော့။ ခင်ဗျားတို့ရောဘယ်လိုလုပ်ကြမလဲ.. ဒီဇာတ်ကားက IMDB Rating 6.8 ရရှိထားပြီး ကျွန်တော့်အကြိုက်မင်းသမီး Rachel Weisz နဲ့ Rachel McAdam တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ)   File Size : (900 MB) and (390 MB) Quality : Blu-Ray 720p Running Time : 1hr 54min Format : Mp4 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by d3mon Encoded by ...
6.8
IMDB: 6.8/10 2,358 votes
movie
Disobedience (2017)
2017
The Maus (2017) 4.1
The Maus (2017) ဒီကားဟာ Horror အမျိုးအစားဆိုပေမယ့် သရဲတွေမကောင်းဆိုးဝါးတွေနဲ့ ပြူးပြူးပြဲပြဲခြောက်ပြတာမျိုးမဟုတ်ပါဘူး ထူးခြားတာက တစ်ကားလုံးကို လူလေးယောက်ထဲနဲ့ သယ်သွားတာပါ ဇာတ်လမ်းအကျဉ်းကတော့ Horror ကားတွေရဲ့ ထုံးစံအတိုင်း အဲလက်စ်တို့ ချစ်သူစုံတွဲတစ်တွဲ လေဆိပ်ကိုသွားဖို့ တောအုပ်တစ်အုပ်ကိုအဖြတ် ကားပျက်သွားပါတော့တယ် ဖြစ်ချင်တော့ အဲ့တောက မိုင်းတွေပြည့်နေတာကို သူတို့မသိခဲ့ကြပါဘူး အဲ့အကြောင်းကိုမဆက်ခင် ပြောပြချင်တာက၁၉၉၅ ခုနစ်လောက်တုန်းက ခရစ်ယာန်ဆာဘီးယန်းလူမျိုးတွေက အပြစ်မဲ့ မူစလင်ဘော်စနီးယန်းတွေကို မိန်းမနဲ့ကလေးတွေပါမချန် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့စစ်ပွဲဖြစ်ပွားခဲ့ပါတယ် အဲ့စစ်ပွဲမှာ ဒုက္ခသည်ဖြစ်ခဲ့ရပြီး တစ်မိသားစုလုံးအသတ်ခံခဲ့ရတဲ့ ဆယ်မာဟာ ကြီးမားတဲ့ စိတ်ဒဏ်ရာကြောင့် ဆာဘီးယန်းလူမျိုးတွေကို မယုံကြည်နိုင်ပါဘူး တောထဲမှာ ကူကယ်ရာမဲ့နေတဲ့အချိန် ပေါ်လာတဲ့လူနှစ်ယောက်က ဆာဘီးယန်းတွေ သူတို့က ဆယ်မာထင်သလို လူဆိုးတွေလား အဲလက်စ်ထင်သလို ကူညီပေးမယ့်လူတွေလားဆိုတာကိုတော့ အသည်းတထိပ်ထိပ်နဲ့ကြည့်ရှုကြရမှာဖြစ်ပါတယ်   (ဘာသာပြန်သူကတော့ မေမြတ်သူပါ)   File Size : (750 MB) and (350 MB) Quality : NF WEB-DL 720p Running Time : 1hr 29min Format : Mp4 Genre : Drama, ...
4.1
IMDB: 4.1/10 295 votes
movie
The Maus (2017)
2017
Meatball Machine Kodoku (2017) 6.3
Meatball Machine Kodoku (2017) ဒီဇာတ်လမ်းလေးကတော့ ဂျပန် Sci-fic/thriller အမျိုးအစားဖြစ်ပါတယ်။ Rating 6.3 ရထားပြီးတော့မှ အခုလူမှုဘဝ အခြေအနေတွေကို သေချာရိုက်ပြထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လောကမှာ မေတ္တာတရားခေါင်းပါးနေပြီး ငွေကြေးကသာအဓိကဖြစ်နေတဲ့ လူတွေကြားမှာ အနိုင်ကျင့်ခံ အထီးကျန်နေတဲ့ လူတစ်ယောက်အကြောင်းရိုက်ပြထားတာပါ။ လူတွေဟာ အကြင်နာတရားတကယ်ခေါင်းပါးလာပြီး စက်ရုပ်သဖွယ် ဖြစ်လာတဲ့ အခြေအနေမှာ တကယ့် စက်ရုပ်တွေက လူ့လောက ကိုရောက်လာပြီး လူတွေကို သတ်ဖြတ်လာတဲ့အခါမှာတော့ လူသားတွေအတွက် ပျော်ရွှင်ခြင်း ချစ်ခြင်းကို သိလာတာ နောက်ကျသွားပြီလား လူတွေကရော စက်ရုပ်တွေရဲ့လက်ထဲကတေလွတ်မြောက်နိုင်ပါ့မလားဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရမှာဖြစ်မှာပါတယ်   (ဘာသာပြန်သူကတော့ Brilliant Star ပါ)   File Size : (750 MB) and (350 MB) Quality : WEB-DL 720p Running Time : 1hr 40min Format : Mp4 Genre : Action, Comedy, Horror Subtitle : Myanmar Subtitle (Hard Sub) Source : 1080p WEB-DL ...
6.3
IMDB: 6.3/10 123 votes
movie
Meatball Machine Kodoku (2017)
2017
Chappaquiddick (2017) 6.8
Chappaquiddick (2017) ဒီတစ်​​ခေါက်​က​တော့ အ​မေရိကန်​ဇာတ်​လမ်း​ကောင်း​ကောင်း​လေး​တွေကို ကြိုက်​တဲ့သူ​တွေအတွက်​ပဲဖြစ်​ပါတယ်​ ဇာတ်​လမ်းက​တော့ .... Joe Kennedy ရဲ့ အသက်​ရှင်​ကျန်​ခဲ့တဲ့တစ်​ဦးတည်း​သောသား အမတ်​ Ted Kennedy က Chappaquiddick ကျွန်းကို ​လှေပြိုင်​ပွဲအတွက်​သွားရင်​ "Boiler Room Girls" လို့​ခေါ်တဲ့ စည်းရုံးမဲဆွယ်​​ရေးက အမျိုးသမီး​တွေနဲ့ ၁၉၆၉ ဇူလိုင်​လ၁၈ရက်​မှာ ပြန်​လည်​​တွေ့ဆုံပွဲလုပ်​ခဲ့ပါတယ်​ ပွဲပြီးတဲ့​နောက်​မှာ သူ့ရဲ့အစ်​ကိုဖြစ်​သူ Bobby လက်​ထပ်​တုန်းက အတူအလုပ်​လုပ်​​ပေးခဲ့ဖူးတဲ့ Mary Jo နဲ့အတူ ပါတီက​နေထွက်​လာခဲ့တယ်​ လမ်းမှာပဲ မ​တော်​တဆမှုဖြစ်​ပြီး ကားက​ရေထဲထိုးကျသွားခဲ့ပြီး Mary Joလည်း​သေသွားခဲ့ပါတယ်​ လာမယ့်​​ရွေး​ကောက်​ပွဲမှာ အ​ရွေးခံမယ့်​ လွှတ်​​တော်​အမတ်​ Ted ဟာ Mary Jo ​သေတဲ့ကိစ္စနဲ့ပတ်​သတ်​ပြီး ​ဖြေရှင်းရင်း ပြဿနာ​တွေ ရှုပ်​​ထွေးသွားခဲ့ပါတယ်​ အဲ့ပြဿနာ​တွေကို ဘယ်​လို​ဖြေရှင်းမလဲ? Ted က ပြစ်​ဒဏ်​​တွေခံရဦးမှာလား? Ted ရဲ့သမ္မတ​လောင်း​နေရာက​ရော ဘယ်​လိုဖြစ်​မလဲ ဆိုတာစိတ်​ဝင်​တစား​စောင့်​ကြည့်​ရမယ့်​ ဇာတ်​လမ်း​ကောင်းဖြစ်​ပါတယ်​ ဒီဇာတ်​လမ်းကို John Curranက ရိုက်​ကူးထားပြီး​တော့ John Clarke, Kate Mara, Ed ...
6.8
IMDB: 6.8/10 1,696 votes
movie
Chappaquiddick (2017)
2017
Genres
Like Us!