Channel Myanmar

Secret Fruit (2017)

Romance

N/A
IMDB: N/A/10 votes

101486

Report error

 

ဒီတခေါက် CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့”Secret fruit” ဆိုတဲ့ တရုတ်လူငယ်အချစ် ဇာတ်လမ်းလေးပါ

အချစ်ဦးကို ကျောင်းသားဘဝ မှာ ကြုံတတ်ကြပါတယ် တစ်ဖက်သတ်အချစ်ဆိုတာကိုလဲ ကြုံဖူးမှာပါ 

ကိုယ်စိတ်ဝင်စားတဲ့ကောင်လေး သို့ ကောင်မလေးက  ကိုယ့်ကို ပြန်သဘောကျတာမျိုးလဲ ရှိမှာပါ ဒါမျိုးကြုံဖူးရင်တော့
အတိုင်းထက်အလွန်ပေါ့…

ကျောင်းသားဘဝကို ကျော်ပြီး တက္ကသိုလ် တက်မှ အချစ် ဆိုတာကို ကြုံဖူးတဲ့လူတွေလဲရှိမှာပါ…

များသောအားဖြင့် ကျောင်းတုန်းက ရင်ခုန်ခဲ့ဖူးတဲ့ crush တွေနဲ့ အမှတ်တရတွေ ရှိဖူးကြမှာပါ

ဒီဇာတ်လမ်းလေးကတော့ ရင်ခုန်တတ်စ အရွယ်မှာ တွေ့ရတဲ့ အချစ်အကြောင်းကို ဖော်ကျူးထားတာပါ

အညွှန်း- သွမ်ဘိုဝမ်ဆိုတဲ့ ကောင်လေး နဲ့ ယွီချင်းဇင်းဆိုတဲ့ ကောင်မလေး ဟာ ငယ်ငယ်တည်းက သူငယ်ချင်းတွေပါ

ယွီချင်းဇင်းက ငယ်စဉ်ကတည်းက သွမ် ဘိုဝမ်ကို တဖက်သတ်ချစ်နေခဲ့ပါတယ်

သွမ် ဘိုဝမ်ကတော့ ကျောင်းမှာ စာလာသင်တဲ့ ဆရာမတစ်ဦးကို စိတ်ဝင်စားနေခဲ့ပါတယ်

“ဆရာမနဲ့ ကျွန်တော်”ဆိုပါတော့

ဒါကို ယွီချင်းဇင်း သိလိုက်တဲ့ အချိန်မှာတော့ သွမ် ဘိုဝမ်အတွက် ဆရာမ အကြောင်းကို စုံစမ်းပေးခဲ့ပါတယ်

ဆိုးတာက ဆရာမဆီမှာလဲ ချစ်သူရှိနေတာပါ

ယွီချင်းဇင်း ဟာ အင်တာနက်ပေါ်မှာ ဟန်ဒေါင်းဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ရင်းနှီးခဲ့ပါတယ်

ဒီကောင်လေးက ယွီချင်းဇင်းကို လိုင်းပေါ်မှာ တင်ဘဲ စိတ်ဝင်စားသွားပါတယ် ကျောင်းကလဲတူတူပါဘဲ

ယွီချင်းဇင်း က သူ့ရဲ့တစ်ဖက်သက်အချစ်ကို နောက်ဆုံးချိန်ထိ လျို့ဝှက်သွားနိုင်မလား

သူ့ကို စိတ်ဝင်စားနေတဲ့ ဟန်ဒေါင်းကိုဘဲ လက်ခံလိုက်မလား

သွမ် ဘိုဝမ်ကကော ချစ်သူရှိတဲ့ ဆရာမကို ပိုင်ဆိုင်နိုင်မလား ဆိုတာကို ကျောင်းအငွေ့အသက်လေးကို တမ်းတရင်း ကြည့်ရှု့ခံစားရမှာပါ

ဒီဇာတ်လမ်းလေးကို အတိတ်က အမှတ်တရတွေကို ပြန်လည်တွေးတောရင်းနဲ့ အားပေးကြပါဦး

 

(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Haruko ပါ)

 

File Size : (700 MB) and (300 MB)
Quality : WEB-DL 720p
Running Time : 1hr 39min
Format : Mp4
Genre :Romance
Subtitle : Myanmar Subtitle (Hard Sub)
Translated by May Haruko
Encode by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies