Channel Myanmar

Secretly, Greatly (2013) မြန်မာစာတန်းထိုး

Secretly, Greatly    

N/A 124 min ActionAsian

6.8
IMDB: 6.8/10 1,888 votes

, , ,

4 wins & 1 nomination.

South Korea

18476

Report error

mmbusticket
mv5bztg5mwrmndytmdrmoc00mwq1ltk2nzctmtu3othjmzdinzrixkeyxkfqcgdeqxvynjqxodiznda-_v1_
5446လို့ခေါ်တဲ့မြောက်ကိုရီးယားလျှို့ဝှက်စပိုင်အဖွဲ့အစည်းတစ်ခု
ငယ်ရွယ်တဲ့လူငယ်တွေကို တိုက်ရည် ခိုက်ရည် ဥာဏ်ရည်ပိုင်းတွေအထူးလေ့ကျင့်ပေးထားတယ်
ရည်ရွယ်ချက်ကတော့တောင်ကိုရီးယားကို စပိုင်တွေအဖြစ် စေလွှတ်ပြီး အသီးသီးဇတ်မြုတ်နေစေပြီး
လျှို့ဝှက်တာဝန်တွေအသီးသီးထမ်းဆောင်ဖို့ပဲ ဒီထဲမှာအတော်ဆုံးလို့ခေါ်ရမဲ့ လူငယ်လေးသုံးယောက်
သူတို့က စရိုက်တစ်မျိုးစီနဲ့တောင်ကိုရီးယားထဲမှာ ဇတ်မြုတ်ပြီး အထက်ကအမိန့်တွေကိုစောင့်ရင်း
စပိုင်အဖြစ်နေကြတယ် တစ်နေ့တော့ အထက်က သူတို့၅၄၄၆တပ်ကတပ်ဖွဲ့ဝင်တွေအားလုံးကို suside လုပ်ခိုင်းတယ်
အဲ့ဒီအမိန့်ဟာ သူတို့ ၃ယောက်အတွက် ဘာမှ မခက်ခဲပေမယ့်
မိသားစုအရေးတွေပါဝင်လာတဲ့အခါမှာတော့ ဆန့်ကျင်မှုတွေဖြစ်လာတယ်
ဒွိဟပွားစရာတွေဖြစ်လာတယ် ဒီဇတ်ကားက တခြားစပိုင်ဇတ်လမ်းတွေနဲ့
ခပ်ဆန်းဆန်းကွဲထွက်လာတာက အရူးတစ်ယောက်အဖြစ်သရုပ်ဆောင်ပြီး
စပိုင်လုပ်နေတဲ့သူပါလာတာပါပဲ အခြား ၂ယောက်က အနုပညာသမားတစ်ယောက်
အထက်တန်းကျောင်းသားတယောက်ပါ သူတို့ ၃ယောက်လုံးကိုတော့
ပရိတ်သတ်ကြီးရင်းနှီးပြီးသားတွေဖြစ်မှာပါ အထူးသဖြင့် တည်ငြိမ်သူကွီးတယောက်လို့
လူသိများတဲ့ Kim soo hyun က ဒီဇတ်ကားလေးထဲမှာ အရူးဇတ်ရုပ်ကနေ
ခေါင်းဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်
နောက်ထပ်မင်းသားတွေဖြစ်တဲ့ Park ki woong နဲ့ lee woo hyun ကလည်း
သူ့နေရာနဲ့သူ ပါဝင်သရုပ်ဆောင်ထားကြပါတယ် ဒီဇတ်ကားကို အပိုင်း ၃ပိုင်းခွဲရမယ်ထင်ပါတယ်
ပထမပိုင်းမှာရယ်စရာလေးတွေနဲ့စတင်ရင်းတစ်ယောက်စီရဲ့ မြှုပ်ကွက်လေးတွေကိုတဖြည်းဖြည်းပြ သွားတယ်
ဒုတိယပိုင်းမှာတော့ပရိတ်သတ်တွေကို
မိန်းမောသွားစေမဲ့ အက်ရှင်ခန်းတွေပါလာတယ်
တတိယပိုင်းမှာတော့ messageလေးတွေ ပေးသွားလေရဲ့
ကိုင်း ဒီလောက်ဆိုတော်သင့်ပြီထင်ပါရဲ့ ခံစားကြည့်လိုက်ပါဦးလို့
(ဇာတ်ကားမညွန်းနဲ့ ဘာသာပြန်ကတော့ အေးငြိမ်းသူဖြစ်ပါတယ်ဗျာ)

Download On Pcloud



No links available
No downloads available


Chat Box

Related movies

Like Us!