Channel Myanmar

Adrian Lester

Primary Colors (1998) 6.7
Primary Colors (1998) Primary Colors (1998)~ IMDb - 6.7/10, Rotten Tomatoes - 80% ~70s, 80s ခုနှစ်ပိုင်းက Icon တစ်ယောက်ဖြစ်တဲ့ ဂျွန်ထရာဗိုတာအပြင် Emma Thompson နဲ့ Kathy Bates တို့လို ဝါရင့်သမ္ဘာရင့်မင်းသမီးကြီးတွေလည်း ပါ၀င်ထားပြီး အော်စကာဆုအတွက်ပါ ဆန်ခါတင် ဆုနှစ်ခု၀င်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ထွက် Comedy, Drama အမျိုးအစား အဟောင်းအကောင်းဇာတ်ကားတစ်ကားပါ။အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲအကြောင်းနဲ့ မဲဆွယ်ပုံတွေအကြောင်းကို အသားပေးပြီး ရိုက်ကူးထားတာပါ။ 1996 မှာထွက်ခဲ့တဲ့ အမည်မသိဆောင်းပါးရှင်ရဲ့ နိုင်ငံရေး၀တ္ထုဖြစ်တဲ့ "Primary Colours: A Novel of Politics" ကို ပြန်ရိုက်ထားတာဖြစ်ပြီး အဲဒီ၀တ္ထုကလည်း အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ ၁၉၉၂ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်မှုအကြောင်းရေးသားထားတယ်လို့ဆိုကြပါတယ်။ဇာတ်ကားထဲမှာတော့ ရွေးကောက်ခံအမတ်လောင်းတွေကြားက ညစ်ပတ်တဲ့ကစားကွက်တွေ၊ အချင်းချင်းချောက်ချတာတွေ ပါဝင်ပြီး နိုင်ငံရေးဆိုတာ ...
movie

Primary Colors (1998)

1998
Mary Queen of Scots (2018) 6.3
Mary Queen of Scots (2018) Mary Queen of Scots (2018)~ IMDb - 6.3/10, Rotten Tomatoes - 62% ~1500 ပြည့်နှစ်တွေက စကော့တလန်ဘုရင်မ မယ်ရီနဲ့ အင်္ဂလန်ဘုရင်မ အယ်လိဇဘက်တို့အကြောင်းကို ပြန်လည်ပုံဖော်ထားတဲ့ သမိုင်းကားကောင်းတစ်ကားပေါ့။ တိုင်းပြည်နှစ်ခုရဲ့ ကိုးကွယ်တဲ့ဘာသာ အယူအဆတွေ နိုင်ငံရေးရပ်တည်ချက်တွေ ကွဲပြားပုံနဲ့ နှစ်ဖက်ကောင်စီ၀င်၀န်ကြီးတွေရဲ့ နိုင်ငံရေးအရှုပ်အထွေးတွေကြားက ၀မ်းကွဲတော်စပ်တဲ့ ဘုရင်မ၂ဦးအကြောင်းကို ရိုက်ထားတာပါ။မယ်ရီက ကက်သလစ်ကိုးကွယ်သူဖြစ်ပြီး အယ်လိဇဘက်က ရိုမန်ကက်သလစ်ကိုးကွယ်သူဖြစ်ပါတယ်။ အဲဒီတုန်းက ဘာသာရေးကွဲလွဲချက်တွေပြင်းထန်တဲ့အတွက် ၂နိုင်ငံအမြင်မတူဘဲ စစ်ဖြစ်နိုင်တဲ့အခြေအနေပါ။ ဒါကို မယ်ရီက ၀မ်းကွဲအမ အယ်လိဇဘက်ဆီကနေ ဆက်ခံသူအဖြစ်တောင်းဆိုတဲ့အခါ ဒီအချက်က နိုင်ငံ၂ခုကြားက တင်းမာတဲ့အခြေအနေကို ပိုလှုံ့ဆော်လိုက်တာပါ။မယ်ရီက အသက်၁၅နှစ်မှာ ပြင်သစ်သားနဲ့ အိမ်ထောင်ကျခဲ့ပြီး မုဆိုးမအဖြစ်နဲ့ စကော့တလန်ကိုပြန်လာတာပါ။ အယ်လိဇဘက်က အိမ်ထောင်မရှိ ဆက်ခံသူမရှိတဲ့အတွက် မယ်ရီရဲ့ဖြစ်တည်မှုက အယ်လိဇဘက်ရဲ့အာဏာနဲ့ ထီးနန်းကို ခြိမ်းခြောက်နေခဲ့ပါတယ်။ သံတမန်တွေနဲ့ တွေ့ဆုံပြီး ...
movie

Mary Queen of Scots (2018)

2018
Ballet Shoes (2007) 6.6
Ballet Shoes (2007) "Dream will come true အိပ်မက်တွေ အကောင်အထည်ပေါ်လာမှာပါ "လူမျိုးမတူ လာခဲ့နေရာမတူတဲ့ မိဘမဲ့မွေးကင်းစ ကလေးမလေး သုံးယောက်ကို Sylviaရဲ့ဦးလေးဖြစ်သူက Sylvia ဆီကို ခေါ်လာပါတယ် Sylvia ကိုယ်တိုင်ကလည်း မိဘမဲ့တစ်ယောက်ပါ တစ်ချိန်လုံးခရီးထွက်နေတက်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်ဦးလေးဖြစ်သူရဲ့ အိမ်ကြီးမှာ ကလေးထိန်းNana နဲ့အတူ နေရတာပါ သူမလည်း သူမ ဦးလေးလိုမျိုး ကျောက်ဖြစ်ရုပ်ကြွင်းဗေဒနဲ့ ဘွဲ့ရခဲ့ပေမယ့် ကလေးတွေကြောင့် ရည်မှန်းချက်တွေကို စွန့်လွှတ်ထားရပါတယ် အငယ်ဆုံးကလေးPosy Fossil လေးကို ဘဲလေးဖိနပ်တစ်ရံနဲ့အတူ ပါဆယ်နဲ့ထည့်ပေးလိုက်တဲ့ အချိန်ကတည်းကနေ ဦးလေးပြန်မလာတာ ၁၂နှစ်ရှိပြီဘဏ်မှာ ဦးလေးထားခဲ့ပေးတဲ့ ၅နှစ်စာငွေကလည်း ကုန်ပြီ အိမ်မှာ အဆောင်ငှားထားပေမယ့် အိမ်အိုကြီးကို ပြင်ရတဲ့ စရိတ်က မကာမိဘူး ကလေးတွေကလည်း ရည်မှန်းချက်တွေကိုယ်စီနဲ့ အရွယ်ရောက်လာခဲ့တယ် Sylvia က ကလေးတွေနဲ့ ဝင်ငွေတွက် ကျောင်းတက်ရင်း ဝင်ငွေရမယ့် အနုပညာ ကျောင်းကို ညီအစ်မတွေကို ပို့လိုက်ပါတယ်သူတို့လေးတွေရဲ့ ရည်မှန်းချက်တွေက မြင့်မားလွန်းတာမို့ ရည်မှန်းချက်တွေ အကောင်အထည်ဖော်ပေးဖို့ Sylvia ...
movie

Ballet Shoes (2007)

Doomsday (2008) 6.0
Doomsday (2008) သိပ္ပံ စိတ်ကူးယဉ် အက်ရှင် ကားလေးတစ်ကား ကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ Reaper Virus လို့ခေါ်တဲ့ ဗိုင်းရပ်စ် အကြောင်းရိုက်ကူးထားတာပါ။ ဒီဗိုင်းရပ်စ်ဟာဆိုရင် စကော့တလန်နိုင်ငံမှာ စတင်ပျံ့နှံ့ပြီး လူထောင်ပေါင်းများစွာ သေဆုံး ခဲ့ရပါတယ်။ဗြိတိန် အစိုးရဟာ ဒီကိစ္စကို ထိန်းချုပ်ဖို့ အတွက် အသက်ရှင်ကျန်နေတဲ့ သူတွေကို ရွှေ့ပြောင်းခိုင်းခဲ့ပြီး တံတိုင်းကြီးတစ်ခုကို တည်ဆောက်ခဲ့ပါတယ် ရောဂါကူးစက် ခံထားရသူတွေနဲ့ မကူးစက်ခံထားရသေးတဲ့သူတွေကို ခွဲခြားထားခဲ့ရောဂါကိုထိန်းချုပ်နိုင်ခဲ့ပါတယ် ဒါပေမဲ့ နှစ်ပေါင်း ၃၀ ခန့်ကြာပြီးတဲ့ နောက် လန်ဒန်မှာ နောက်တစ်ကြိမ် ဒီဗိုင်းရပ်စ် ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ ဒီအချိန်မှာ အစိုးရဟာဆိုရင် ယခင်ကူးစက်ခံခဲ့ရတဲ့ နေရာမှာ ဖြေဆေးနဲ့ ပတ်သတ်တာ ရှိနေတယ် ဆိုတာ သတင်း ရရှိခဲ့ပါတယ် အဲ့အတွက် မေဂျာ အီဒင် ဆင်ကလဲယား ဦးဆောင်တဲ့ အဖွဲ့ကို ဖြေဆေးကိစ္စ အတွက် ကမ္ဘာကြီးနဲ့ သီးသန့်ခွဲထားတဲ့ နေရာ ကို စေလွှတ်ပါတော့တယ်….. ဒီလို နှစ်ပေါင်းများစွာ လူသားတွေနဲ့ ကင်းကွာနေတဲ့ ရောဂါ ကူးစက် ခံရတဲ့ ...
movie

Doomsday (2008)

2008