Channel Myanmar

Alex Russell

The Host (2013) 5.8
The Host (2013) CM Fan တွေ အတွက် ဒီတစ်ခါမှာတော့ချစ်စရာကောာင်းတဲ့ မျက်နှာလေးနဲ့မင်းသမီးချောလေး Saoirse Ronan ရဲ့သိပ္ပံအက်ရှင် ရုပ်ရှင်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဂြိုဟ်သားတွေက ကမ္ဘာကိုကျူးကျော်တဲ့ဇာတ်ကားမျိုးကြည့်ဖူးကြမယ်ထင်ပါတယ်။ဒီကားမှာတော့ တခြားကားတွေလိုလက်နက်တွေနဲ့လာကျူးကျော်ကြတာမဟုတ်ဘဲ ဂြိုဟ်သားတွေကလူ့ခန္ဓာကိုယ်တွေကို အပိုင်စီးပြီးလူတွေလိုပဲဆက်ပြီးနေထိုင်ကြတာပါ။ဂြိုဟ်သားတွေဟာ ခန္ဓာကိုယ်ကို အပိုင်စီးရုံမကပဲလူသားတွေရဲ့ ဦးနှောက်မှတ်ဉာဏ်ကိုပါအပိုင်သိမ်းဖျက်ဆီးတာပါတွန်းလှန်နိုင်ဖို့ဆိုတာလဲ လုံး၀ မလွယ်ကူပါဘူးခုခံတဲ့လူတွေကိုလဲ သတ်ပစ်ကြပါတယ်။အဲဒီခုခံသူတွေထဲမှာ မယ်လနီဆိုတဲ့ကောင်မလေးလည်း ပါတာပေါ့။သူ့ခန္ဓာကိုယ်ကို ဂြိုဟ်သားတစ်ယောက်ကအပိုင်စီးလိုက်တဲ့အခါမှာ... File size…  1.59 GB /  664 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h 5m Genre .....  Action , Drama , Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie

The Host (2013)

2013
Jungle (2017) 6.8
Jungle (2017) ဒီကားလေးကတော့ စာရေးဆရာ Yossi Ghinsberg ရဲ့ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို ပြန်လည်ပုံဖော်ပြီးအသက်သွင်းထားတာဖြစ်ပါတယ်ကမ္ဘာပတ်ပြီးခရီးထွက်ရတာကို နှစ်သက်တဲ့ ယိုစီ ( Daniel Radcliffe ) ဟာ တောင်အမေရိကမှာရှိတဲ့ Bolivia နိုင်ငံကိုရောက်လာပြီး သူ့လိုပဲ adventure စွန့်စားခန်းတွေထွက်ရတာနှစ်သက်တဲ့ ကျောင်းဆရာ မားကပ်စ်နဲ့ ဓာတ်ပုံဆရာ ကယ်ဗင်တို့နဲ့ ခင်မင်ရင်းနှီးခဲ့ပါတယ်၃ယောက်အတူခရီးရှေ့ဆက်ကြရင်း La Puz ဆိုတဲ့မြို့လေးမှာ ယိုစီ က ကားလ် လို့ခေါ်တဲ့လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်ကားလ်က ယိုစီ့ကို တောနက်ထဲက အင်ဒီးယန်းလူမျိုးစုတွေရှိတဲ့နေရာကိုသူခေါ်သွားပေးနိုင်ကြောင်းပြောခဲ့တယ် သူကရွှေတွေလိုက်ရှာသူဖြစ်ကြောင်းလဲပြောခဲ့တယ်ကားလ်ခေါ်တဲ့တောနက်ထဲကို ယိုစီ ကယ်ဗင် နဲ့ မားကပ်စ်တို့ ၃ယောက်လိုက်သွားခဲ့ပြီးတော့ မားကပ်စ်ခြေထောက်မှာဒဏ်ရာရခဲ့လို့ လှည့်ပြန်ရမလို ဆက်သွားရမလိုတွေဖြစ်ခဲ့ပါတယ်အချင်းချင်း စိတ်အခန့်မသင့်တွေဖြစ်ကာ လမ်းကိုယ်စီခွဲပြီး ခရီးဆက်ကြရင်း ဒုက္ခတွေတွေ့ကြုံရပြီး ယိုစီတစ်ယောက်ထဲ တောနက်ထဲမှာ ဘယ်လိုအသက်ရှင်ရမလဲ သူ့သူငယ်ချင်းတွေကရော ဘာတွေဖြစ်သွားလဲ သူ့ကိုပြန်လာကယ်မလားဆိုတာကိုကြည့်ရမဲ့ Survivor movie လေးပါ(ဘာသာပြန်သူကတော့ ခင်ပြည့်စုံကျော်ပါ)-----------------------------------------------------------------------------------------------------ဒီကားေလးကေတာ့ စာေရးဆရာ ...
movie

Jungle (2017)

2017
Chronicle (2012) 7.0
Chronicle (2012) Chronicle (2012) IMDb - 7.0/10_____Rotten - 85%    'with great power comes great responsibility' ဒီစကားစုနဲ့အားလုံးမစိမ်းပါဘူး ဒါပေမယ့်အဲ့လိုအစွမ်းတွေရလာတဲ့အခါလက်တွေ့ဆန်ဆန်စဉ်းစားလိုက်ရင် သင်ဟာဂေဟစနစ်ရဲ့အပေါ်ဆုံးနီးပါးကိုရောက်နေပါလိမ့်မယ် အဲ့လိုဆိုရင်တော့ဇာတ်လမ်းကမတူတော့ပါဘူး ဒီကားဟာပုံမှန်ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့မတူတဲ့ဇာတ်လမ်းတစ်ခုပါပဲ အန်ဒရူးဟာကျောင်းမှာလုံးဝအရှုံးသမားဖြစ်သလို အိမ်မှာလည်းအဖေဖြစ်သူအရက်သမားအနိုင်ကျင့်ရသမျှခံနေရတဲ့ ဆယ်ကျော်သက်ကောင်လေးပါ သူ့မှာအသက်ရှင်နေရတဲ့အကြောင်းရင်းဆိုလို့အိပ်ယာထဲ ဗုန်းဗုန်းလဲနေတဲ့သူ့အမေသာရှိပါတယ် ဆေးဖိုးလည်းမတတ်နိုင်အတွက်ရောဂါကဆိုးသထက်သာဆိုးလာပါတော့တယ် အန်ဒရူးနဲ့သူ့ဝမ်းကွဲမတ်တ်နဲ့သူငယ်ချင်းစတိဗ်တို့ဟာ ရုတ်တရတ်မြေအောက်ကရေဒီယိုသတ္တိကြွအရာတစ်ခုကို ပါတီပွဲသွားရင်းတွေ့သွားတဲ့အခါမှာတော့... ကိုယ်ပိုင်အရှုံးသမားဘဝနဲ့စွမ်းအားတွေရောယှက်လာမိရင်း ဘယ်လောက်ထိပြသနာတွေတက်ကြမလဲဆိုတာ...Translated by Linn Kyaw Swar AungEncoded by sithu  
movie

Chronicle (2012)

2012
Only the Brave (2017) 8.0
Only the Brave (2017) ဒီဇာတ်ကားလေးက ၂၀၁ရခုနှစ်ထွက် Rating 8 ရရှိထားတဲ့ Biography/Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။တကယ့်ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ပါဝင်သည့်သရုပ်ဆောင်များဟာလည်း ထိပ်တန်းသရုပ်ဆောင်များ ဖြစ်ပါတယ်။ဇာတ်ကားလေးဟာ ၂၀၁၃ခုနှစ် ဇွန်လ၂၈ရက်တွင်ဖြစ်ပွားခဲ့တဲ့ Yarnell Hill တောမီးလောင်မှုဖြစ်ရပ်မှန်ကို အခြေခံထားတာပါ။Granite Mountain Hotshots မီးသတ်အဖွဲ့ဝင် ၁၉ဦးအသက်ပေးဆပ်ခဲ့ရတဲ့ အမေရိကကန်နိုင်ငံရဲ့ သမိုင်းတွင် တောမီးလောင်မှုကြီးတစ်ခုဖြစ်ပါတယ်။Hotshot ဆိုတဲ့အဖွဲ့အစည်းဟာ စစ်တပ်မှာဆိုရင် အထူးတပ်ဖွဲ့ဝင်တွေလိုပါပဲ။အထူးမီးသတ်တပ်ဖွဲ့ပဲဖြစ်ပြီး သူတို့ရဲ့လေ့ကျင့်မှုတွေဟာလည်း အလွန်ပြင်းထန်ပါတယ်။ဒီဇာတ်ကားမှာအဲဒီဖြစ်ရပ်ဆိုးကြီးမှာ အသက်ပေးသွားခဲ့ကြတဲ့ အထူးမီးသတ်တပ်ဖွဲ့တွေကို ဂုဏ်ပြုရိုက်ကူးထားတာဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်များစွာဖြင့် အားဖြည့်ထားတဲ့အတွက် ကြည့်ရှုရတာတန်စေမယ့်ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို အရသာပျက်သွားမှာရယ် ကိုယ်တိုင်ကြည့်ရှုစေချင်တာရယ်ကြောင့် မရေးပြတော့ပါဘူး။Rating အနေနဲ့ရောတော်တော်မြင့်မြင့်လေးရထားတာဖြစ်ပြီး Biography/Drama ဇာတ်ကားကောင်းဖြစ်တာကြောင့် ကြည့်သင့်တဲ့ဇာတ်ကားလို့ပဲညွန်းချင်ပါတယ်။ File Size : (0.99 GB) and (400 MB) Quality : Blu-Ray 720p Running Time : 2hr 14min Format : Mp4 Genre :Biography, Drama Subtitle : ...
movie

Only the Brave (2017)

2017
Carrie (2013) 5.9
Carrie (2013) Carrie (2013) IMDb - 5.9/10_____Rotten - 50%    ပြီးခဲ့တဲ့ လတွေက ကျနော် Stephen King ဝတ္တုတွေကို ရုပ်ရှင်ရိုက်ထားတဲ့ စာရင်းကို စလေ့လာခဲ့တယ် အဲ့ဒီထဲကနေ တကယ်ကောင်းတဲ့ ရုပ်ရှင်ကားတစ်ချို့ကို ဘာသာပြန်ပြီး CM ကနေ ပြန်တင်ဆက်ပေးဖို့ စိတ်ကူးခဲ့ပါတယ် အဲ့ဒီထဲမှာ Carrie လဲ အပါအဝင်ပါပဲ Carrie ရဲ့ အကြောင်းကရော ဘယ်လိုများလဲ ရုပ်ရှင်ကို ခဏ ကြည့်ရအောင်... ---------------------------------------------------------- တိတ်ဆိတ်တဲ့ ညတစ်ခုမှာ မာဂရက်ဝှိုက် ဟာ ကိုယ်ဝန်အရင့်မာကြီးကနေ ရေမွှာပေါက်ပြီး သူ့အိပ်ခန်းထဲက ကုတင်ပေါ်မှာ ကလေးကို ခက်ခက်ခဲခဲ မွေးထုတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်.. ဘာလို့ သူမ ဆေးရုံမသွားတာလဲ တစ်ယောက်ထဲ မွေးဖွားဖို့ ကြိုးစားတာလဲ ? ကလေးဟာ တော်ရုံနဲ့ ထွက်မလာပါဘူး မာဂရက် ကို အကြီးမားဆုံးသော နာကျင်မှုတွေပဲ ပေးနေပါတယ် မယ်တော်မေရီ ကိုပဲ သူမ တမ်းတ ဆုတောင်းနေရပါတယ်.. ဒီလိုနဲ့ ကလေးကို ခက်ခက်ခဲခဲ မွေးနိုင်ခဲ့တယ် ကလေးကို လှမ်းကြည့်လိုက်ပြီး သူမ ဘေးနားက ကတ်ကြေးချွန်ကိုဆွဲပြီး ကလေးကို ထိုးသတ်ဖို့ လုပ်တယ် ဒါပေမယ့် ...
movie

Carrie (2013)

2013